Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arath Aquino
6.5
The Great Seduction (2023)
လူ့လောကရဲ့ နိဗ္ဗာန်ဆိုတာက ဂုဏ်တွေ ပကာသနတွေ ငွေကြေးတွေနဲ့ပြည့်နှက်နေတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးအားလုံးအတူတူပျော်ရွှင်စွာ နေထိုင်နိုင်ကြတဲ့နေရာလေးတစ်ခုကိုဆိုလိုတာပဲဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဆန်တာမာရီယာဆိုတဲ့ ကျွန်းမြို့လေးကို အဲ့လိုနိဗ္ဗာန်လေးတစ်ခုလို့တင်စားထားပါတယ်။အဲ့ဒီမှာ နေထိုင်တဲ့လူတွေက အချင်းချင်းချစ်ခင်ကြပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ခဲ့ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ သူတို့အနီးအနားကမြို့မှာ ငါးတွေကိုဖမ်းပြီးထုပ်ပိုးရောင်းချတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ခဲ့တဲ့အချိန်မှာ သူတို့အတွက်ငါးတွေရော အလုပ်အကိုင်တွေရောမရှိတော့ပါဘူး။ဒီလိုနဲ့ပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေခဲ့တဲ့ နေရာကနေ အမေရိကားကိုပြောင်းရွှေ့တဲ့ လူတွေကပြောင်းရွှေ့ကုန်ကြပြီး အခုအချိန်မှာတော့ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးလေးတွေနဲ့ပဲအသက်ဆက်နေရပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဆန်တာမာရီယာကိုအရမ်းချစ်တဲ့ဂါမန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူတို့မြို့လေးကိုအဖက်ဆယ်ဖို့အတွက်အကြံရသွားပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီစက်ရုံကိုသူတို့ မြို့လေးမှာလဲလာဖွင့်ခိုင်းဖို့ပါပဲ။ဒါပေမယ့် အဲ့လိုဖွင့်ဖို့အတွက်သူတို့မြို့မှာ ဆရာဝန်တစ်ယောက်လိုအပ်နေပါတယ်။စီးပွားပျက်ကပ်ဆိုက်နေတဲ့ မြို့တစ်မြို့မှာ နေချင်တဲ့ဆရာဝန်ဆိုတာက မရှိသလောက်ကို ရှားတဲ့အတွက်ဆရာဝန်ရှာဖို့ကြိုးစားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကံကောင်းပြီးတော့ သူတို့မြို့ကို တစ်လတာ တာဝန်လာထမ်းဆောင်တဲ့ဆရာဝန်တစ်ယောက် ရောက်လာခဲ့ပါတယ်။အဲ့ဒီဆရာဝန်ကို သူတို့နဲ့ရေရှည်လက်တွဲပြီး နေထိုင်အောင်လို့ဆရာဝန်ရဲ့အကြိုက်တွေကိုပဲ တစ်မြို့လုံးကလိုက်လျောပြီး ဟန်ဆောင်နေထိုင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မြို့သူမြို့သားတွေနဲ့ဆရာဝန်ကြားမှာ သံယောဇဉ်တွေဖြစ်လာတော့ ဆက်ပြီးလိမ်ညာနေဖို့ကခက်ခဲလာတော့ပါတယ်။ဒီလိုနဲ့သူတို့ကြားမှာဘာတွေဆက်ဖြစ်ကြမလဲဆန်တာမာရီယာမြို့လေးကရော အရင်လိုပြန်လှပလာပြီး နိဗ္ဗာန်ဘုံလေးတစ်ခုပြန် ဖြစ်လာနိုင်ပါ့မလားဆိုတာကို ကြည့်ရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…1.18GB / 467MB Quality…NF WEB-DL 1080p 5.1 ...
movie
The Great Seduction (2023)