Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aramis Knight
6.8
Rendition (2007)
ဒီတစ်ခါ cm ပရိသတ်ကြီးကို ၂၀၀၇ တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့မင်းသားချော Jake Gyllenhaal နဲ့ သရုပ်ဆောင်မင်းသမီးReese Witherspoon တို့ ဆန်ခါတင်စာရင်း nominationတွေရရှိခဲ့ပြီး ၂၀၀၇ Mill Valley ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံးဇာတ်ကားဆု ရရှိခဲ့ပါတယ်။ဇာတ်ကြောင်းက တောင်အာဖရိက နိုင်ငံတစ်ခုမှာအသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်ဦးက လူစည်ကားရာမြို့တော်ရင်ပြင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ အမေရိကန် စီအိုင်အေအေးဂျင့်တစ်ဦးပါ ဒဏ်ရာရသေဆုံးသွားခဲ့ရပါတယ်။စုံစမ်းစစ်ဆေးမှုတွေမှာ အီဂျစ်နိုင်ငံမှာ မွေးခဲ့ပြီး အမေရိကမှာအခြေချ နေထိုင်နေခဲ့တဲ့ အန်ဝါဆိုတဲ့ ဓာတုဗေဒ ပညာရှင်အင်ဂျင်နီယာတစ်ယောက်ကို ဗုံးတည်ဆောက်ရာမှာကူညီမှုနဲ့ သံသယရှိ ဖမ်းဆီးထားပါတယ်။သူ့ကို ဘယ်လိုမျိုး နှိပ်စက်စစ်မေးကြမလဲ၊ သူကရော အမှန်တကယ်အပြစ်ရှိတဲ့သူတစ်ယောက်လား။စီအိုင်အေ အရာရှိ ဒေါက်ဂလက်စ်အနေနဲ့ရောမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မလား....။ File size…1.62GB , 727MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 2m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Rendition (2007)
Crossing Over (2009)
ဒီတစ်ခါကတော့ IMDb 6.7ရရှိထားတဲ့ Indiana Jonesမင်းသားကြီး Harrison Fordရဲ့ Crime, Dramaကားလေးတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ မင်းသားကြီး Harrison Ford ဟာ Max Brogan ဆိုတဲ့ ရဲတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်ဘဲနေနေတဲ့ လူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ဖမ်းမိတဲ့မိန်းကလေးတစ်ယောက်က သူ့သားလေးကို ကူညီဖို့အကူအညီတောင်းတဲ့အခါ သူက သဘောကောင်းလွန်းနေသူဖြစ်တာကြောင့်ကူညီဖို့ကြိုးစားပါတော့တယ်။တစ်ခုပြောချင်တာက ဒီဇာတ်ကားမှာ Harrison Fordဟာ အဓိကပါဝင်ပေမဲ့ သူ့တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံထဲမှာနေနေကြတဲ့ တခြားနိုင်ငံကလာတဲ့လူတွေရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကိုလဲ ၄, ၅မျိုးခွဲပြီးတစ်ခါတည်း ရိုက်ပြထားပါတယ် ပြီးတော့လည်း ထိုအကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတာမို့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်မျိုးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ ၁၈ယောက်ရှိမှကြည့်လို့ရတဲ့ အခန်းအချို့လဲပါဝင်တာမို့လို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(881 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Crime, Drama Subtitle….Myanmar ...
movie
Crossing Over (2009)
6.8
Centurion: The Dancing Stallion (2023)
Centurion: The Dancing Stallion (2023) ============================ IMDb rating - 6.8/10ဒီနေ့မှာတော့ မက္ကစီကန်ရဲ့မြင်းအကပြိုင်ပွဲတွေကိုကြည့်ရင်း ပရိတ် သတ်တွေအားလုံး ကြက်သီးထသွားစေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်း ကောင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ... အဲလစ်စီယာကတော့ မြင်းစီးရတာကိုအရမ်းကိုစိတ်အားထက်သန်တဲ့ သူပါ။ မြင်းစီးလိုက်ရင်သူ့ရဲ့ဘဝပြဿနာတွေထဲကနေ လွတ်မြောက် သွားတယ်လို့ ခံစားရတဲ့သူပေါ့။ သူကအရည်အချင်းရှိပြီး ဒီနှစ်မှာတော့ မြင်းအကပြိုင်ပွဲမှာဝင်ပြိုင်ဖို့ မြင်းကောင်းရှာရင်း စန်ကျူရီယန်ဆိုတဲ့ မြင်းဖြူလေးတစ်ကောင် သူ့ဆီကိုရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံတ ရားကမျက်နှာသာမပေးချင်တော့ သူ့မှာသွေးကင်ဆာရောဂါခံစားခဲ့ရပြီး သူစိတ်အားထက်သန်တဲ့မြင်းစီးတဲ့ဝါသနာနဲ့ ဝေးရာမှာနေခဲ့ရပါတော့ တယ်။ ဒီတော့ အဲလစ်စီယာတို့ရဲ့ ဟောလ်မွေးမြူရေးခြံကိုဂုဏ်ဆောင် ပေးနိုင်မယ့် မြင်းစီးသမားလေး ဒန်နီက ပြည်နယ်မြင်းအကပြိုင်ပွဲမှာ အဲလစ်စီယာရဲ့ကိုယ်စားပါဝင်ယှဉ်ပြိုင်ပေးပါတော့တယ်။ဒီဇာတ်လမ်းလေးက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပြီး အဲလစ်စီယာ ဒန်နီနဲ့ မြင်းဖြူလေး စန်ကျူရီယန်တို့ကြားက ဆက်နွှယ်မှုကို စိတ်ဝင်စား ဖွယ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ei Po ဖြစ်ပါတယ်)File Size..........(1.83 GB) / (725 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Ei Po Encoder..........SWM
movie
Centurion: The Dancing Stallion (2023)
2023
8.5
The Dark Knight Rises (2012)
The Dark Knight Rises (2012) IMDb Rating (8.4) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight ...
movie
The Dark Knight Rises (2012)
2012
4K HEVC IMAXHDR
5.7
Valentine’s Day (2010)
[Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie
Valentine’s Day (2010)
6.2
Runt (2021)
လူ့အသိုင်းအဝိုင်းမှာ ဘောင်မဝင်တဲ့ခံစားချက်၊ သက်တူရွယ်တူတွေကြားမှာ အဖက်လုပ်ခြင်းမခံရတဲ့ ခံစားချက်ဆိုတာ လူတိုင်းမှာ အနည်းနဲ့အများတော့ ရှိတတ်ပါတယ်ဒီဇာတ်ကားကတော့ ကျောင်းရဲ့အပယ်ခံလိုဖြစ်နေတဲ့ ကျောင်းသားတွေရဲ့အကြောင်းပါ ဖခင်ဆုံးပါးပြီး မိခင်ရဲ့ဝင်ငွေတစ်ခုထဲနဲ့ ကျားကန်နေရတဲ့ ပညာရေးမှာထူးချွန်သူ"ကယ်ဗင်" မိဘတွေက ဆေးသမားဖြစ်နေလို့ ငယ်စဉ်ကတည်းက စောင့်ရှောက်ရေးဂေဟာတွေမှာ ကြီးပျင်းလာခဲ့ရသူ "ဆက်စလီ"ဘယ်သူမှအပေါင်းအသင်းမလုပ်ချင်ကြတဲ့ သူတို့၂ဦးဟာ ဘဝချင်းတူတော့ ရင်းနှီးလာကြတယ်၊ ခင်မင်လာကြတယ် ထိုမှတဆင့် မေတ္တာမျှလာကြတယ် ဒါပေမဲ့ မိန်းကလေးက လက်ရောက်စော်ကားခြင်း ခံရတယ်၊ ယောကျာ်းလေးက ကျောင်းလူမိုက်တွေ နှိပ်စက်တာကို အလူးအလဲခံရတယ် ဒါပေမဲ့ သူတို့ဘက်မှာ ရပ်တည်မဲ့သူဆိုတာ မရှိပါဘူး မျက်နှာမွဲ၊ငွေမွဲတဲ့သူတို့အတွက် ကျောင်းဆိုတာငရဲပါပဲဒါပေမဲ့ လူဆိုတာခံနိုင်ရည်ရှိတဲ့အတိုင်းအတာဆိုတာ ရှိကြစမြဲပဲလေ နည်းမျိုးစုံနဲ့ဖိနှိပ်ခံရပြီး သည်းမခံနိုင်တဲ့ အဆုံး သူတို့အစွမ်းကုန်ပေါက်ကွဲပါတော့တယ် အဲ့ဒီ ပေါက်ကွဲမှုကို ဒီဇာတ်ကားထဲမှာ လှလှပပနဲ့ တစ်ဆင့်ချင်း ခံစားနိုင်အောင် ရိုက်ကူးပြထားတယ် ဘာကြောင့်များ ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ ဘယ်လိုကြောင့်များ ဒီလိုလုပ်ရက်တာလဲဆိုတာ ကြည့်နေရင်းနဲ့ အတွေးထဲကို အလိုလိုဝင်လာအောင် ရိုက်ကူးပြထားပါတယ် Western countryတွေရဲ့ High school lifeကိုရိုက်တိုင်း သူတို့ရဲ့Socailကျမှု၊ လွတ်လပ်မှု၊ ပါတီပွဲတွေနဲ့ အချိန်ပြည့် ...
movie
Runt (2021)
6.6
Ender’s Game (2013)
Ender's Game (2013) IMDb - 6.6/10_____Rotten - 62% Ender's Game (2013)ကတော့ ၁၉၈၅ ခုနှစ် ထုတ် စိတ်ကူးယဉ် သိပ္ပံ ဝတ္ထု ကို ရုပ်ရှင် ပြန်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ၂၀၈၆ ခုနှစ်မှာ ကမ္ဘာကို Formics လို့ခေါ်တဲ့ ဂြိုလ်သားတွေက တိုက်ခိုက်လာပါတယ်။ အဲ့ဒီစစ်ပွဲမှာ လေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဂြိုလ်သားတွေရဲ့ အားနည်းချက်ကိုသိလိုက်ပြီး သူတို့ကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ လူသားတွေ အနိုင်ရခဲ့ပေမယ့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာ လေတပ်အဖွဲ့ကနေပြီး လူကြီးတွေအစား လူငယ်တွေကို လေ့ကျင့်ပေးပြီး Formics တွေပြန် ပြီးတိုက်ခိုက်လာရင် ကာကွယ်နိုင်အောင်ဖြစ်ပါတယ်။ လေ့ကျင့်ပေးရာမှာလည်း Simulation တွေ ဂိမ်းတွေ အပေါ် အခြေခံပြီး လူငယ်တွေကို ရွေးချယ်တာဖြစ်ပါတယ်။ နှစ်ငါးဆယ် ကြာသွားပြီးတဲ့အချိန်မှာ Formics တွေရဲ့ဂြိုလ်ပေါ်မှာ စစ်တပ်အင်အား အဆမတန် တိုးပွားလာကို လူတွေက သတိထားမိပြီး သူတို့ နောက်တစ်ကြိမ် ကမ္ဘာကို လာပြီး ရန်မစရဲအောင် သူတို့ ရဲ့ ဂြိုလ်အထိ လိုက်ပြီး တိုက်ခိုက် နှိမ်နင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အဲ့ဒီမှာ Ender Wiggin လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက် ကို Colonel Hyrum Graff ...
movie
Ender’s Game (2013)
2013