Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arak Amornsupasiri
7.1
4 Kings (2021)
4 Kings (2021) ဒီတစ်ခေါက် တင်ဆက်ပေးမယ့်ကားလေးကတော့ 90 ခုနှစ်ဝန်းကျင်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လေးခုကြားမှာဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်ရပ်မှန်အကြောင်းရိုက်ကူးထားတဲ့ကားလေးပါ။ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်နဲ့ အဖေတစ်ခု သမီးတစ်ခု အခြေအနေကို ရောက်သွားခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကျောင်းသားဟောင်း ဘီလီရဲ့ မှတ်ဉာဏ်ကနေ ပြန်လည်ဖော်ပြရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။အဖေနဲ့သမီး ဆက်ဆံရေးက သိပ်မကောင်းပေမဲ့ ကျောင်းသားလူဆိုးဂိုဏ်းကြောင့် သမီးဖြစ်သူ ထိခိုက်ဒဏ်ရာ ရသွားတဲ့အခါမှာ ဘီလီက သူနဲ့ သူ့သူငယ်ချင်းရဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်အမှတ်ရသွားခဲ့ပါတယ်။အဲဒီခေတ်အခါတုန်းက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို မျှော်လင့်ချက်ကင်းမဲ့ပြီး အနာဂတ်မရှိတဲ့ နေရာလို့ သတ်မှတ်ထားကြတာပါ။ အမေက နောက်အိမ်ထောင်ပြုပြီး ပထွေးဖြစ်သူ အမုန်းခံနေရတဲ့ ဘီလီအတွက် စိတ်ထွက်ပေါက်ဆိုလို့ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ကျောင်းနေဖက် ရဲဘော်ရဲဘက်တွေကို ကာကွယ်ဖို့ ဘာမဆိုလုပ်ခဲ့ပြီး ပြဿနာတွေ အများကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင်း အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့အခါ ...ယနေ့ထိတိုင် သူပေးဆပ်နေရတဲ့ ဘဝသင်ခန်းစာ ဖြစ်ရပ်မှန်အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ 4 ...
movie
4 Kings (2021)
2021
5.5
Postman (2023)
ခေတ် ၄ ခေတ် ရဲ့ စာချွန်ရှင် (၂၀၂၃)စာတိုက်ကနေပို့တဲ့စာတစ်စောင် လူတွေအချင်းချင်း ဆက်သွယ်နေတဲ့စာရွက်တစ်ရွက်ဟာ သာမန်စာရွက်ဖြူတစ်ရွက်ပဲမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ စိတ်ခံစားချက်တွေ ပါဝင်နေတဲ့စာတစ်စောင်ပါပဲ။ဒိုဟာ ၉၀ ခုနှစ်နှောင်းပိုင်းက စာပို့သမားလေးတစ်ယောက်၊ ငယ်ငယ်ထဲက စာပို့ရတာနဲ့ ပေးစာရေးတဲ့စာရွက်ကို သဘောကျလွန်းတာကြောင့် ဆန္ဒအလျောက် စာပို့သမားဖြစ်လာတဲ့သူတစ်ယောက်ပေါ့။ ဒီလိုနဲ့ဒိုတစ်ယောက် မတူညီတဲ့အချိန်ကာလ ၄ ခုဖြစ်တဲ့ ကျောက်ခေတ်၊ မြန်မာယိုးဒယားစစ်ပွဲကာလက ဘန်ချလဘ်ရွာ၊ သူကိုယ်တိုင်ရောက်ရှိနေတဲ့ ၉၀ ခုနှစ်နှောင်းပိုင်းက တုံယမ်ကွန်းစီးပွားရေးပျက်ကပ်ကာလ၊ နောက်ဆယ်စုနှစ်ပေါင်းများစွာအကြာက အနာဂတ်ကာလကို စာပို့ရဖို့ဖြစ်လာပါတော့တယ်။ဘာသာစကားဆိုတဲ့အရာတောင် မဖြစ်လာသေးတဲ့ကျောက်ခေတ်ကဒူအက်၊ ကံဆိုးပြီးတော့ အင်းဝမြန်မာစစ်ပွဲထဲမှာ ပါဝင်ဖို့ဖြစ်လာတဲ့ မွေးလာကတည်းက ကံခေလွန်းတဲ့ မောင်ကံဆိုး ဒူအီ၊ အနာဂတ်ကာလမှာ ရာသီဥတုကဖောက်ပြန်နေပြီး အာဏာရှင်ဦးနှောက်ဆေးတာခံနေရတဲ့နေရာက ထွက်ပြေးဖို့ လှေလက်မှတ်ဝယ်ဖို့ငွေစုနေတဲ့ဒေး၊ နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး စာပို့သမား ဒိုဒီလူ ၄ ယောက် မတူညီတဲ့ခေတ်ကာလ မတူညီတဲ့ဘဝဇာတ်ခုံမှာ ဘယ်လိုကပြဖျော်ဖြေသွားမလဲဆိုတာ အချစ်မေတ္တာ၊ အမုန်း၊ သံယောဇဉ်၊ သစ္စာတရား အစရှိသဖြင့် ရသစုံလင်အောင် ခံစားရမှာမလို့ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie
Postman (2023)
2023
6.5
Khun Pan 2 (2018)
Khun Pan 2 (2018) ============== ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Khun Pan 1 ရဲ့ sequel ဖြစ်တဲ့ Khun Pan 2 ကို ပြန်လည်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။Khun Pan 1 မှာ တုတ်ပြီး ဓားပြီး သေနတ်ပြီး တောပုန်းဓားပြကြီး အဟာဝီရလူနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူစွမ်းကောင်းရဲအရာရှိကြီး ခွန်ဖန်ရဲ့ တောပုန်းဓားပြရေစက်ကတော့မဆုံးနိုင်အောင်ပါပဲ။ဒီ Khun Pan 2 မှာလည်း မြေပြန့်အလယ်ပိုင်းမှာသောင်းကျန်းနေတဲ့ တောပုန်းဓားပြ “ဖိုင်” နဲ့ “ဘိုင်” ဦးဆောင်တဲ့ “ရှပ်နက်ဝတ် တောပုန်းဓားပြဂိုဏ်း” ကိုနှိမ်နင်းဖို့အကြောင်းဖန်လာပြန်ပါတော့တယ်။ ဒီတစ်ခေါက်စစ်ဆင်ရေးမှာရော လူစွမ်းကောင်းကြီး ခွန်ဖန်တစ်ယောက် အောင်ပန်းဆွတ်နိုင်မှာလား .. မထင်မှတ်ထားတဲ့ဘယ်လိုအတွေ့အကြုံထူးတွေ ကြုံတွေ့ရဦးမှာလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါတော့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Action, Fantasy Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. ...
movie
Khun Pan 2 (2018)
2018
8.2
Khun Pan 3 (2023)
Khun Phan 3 (2023)ခွန်ဖန် အဖြစ် Ananda Everingham ဆီယာမဟေဆွန် အဖြစ် Mario Maurer ဆီယာဒမ် အဖြစ် Tono Phakin khamwilaisakခွန်ဖန်ဆိုကတည်းက khun phan 1&2 ကိုအားလုံးကြည့်ပြီးကြမယ်လို့ထင်ပါတယ်ဒီ khun phan 3 မှာကတော့ ခွန်ဖန်ဟာ နိုင်ငံရေးအခြေနေမတည်ငြိမ်သေးပေမဲ့ သူ့မွေးရပ်မြေကိုတာဝန်ပြောင်းဖို့တောင်းဆိုခဲ့ပြီး ပြန်သွားခဲ့ကာ သူ့မိန်းမနဲ့အတူနေထိုင်ခဲ့ပါတယ်သူပြန်နေတဲ့ကာလမှာ ဆီယာဒမ်နဲ့ဆီမဟေဆွန်ဆိုတဲ့တောပုန်းဓားပြတွေသောင်းကျန်းနေလို့ သူ့ကို ရဲအရာရှိကြီးတစ်ယောက်က တာဝန်ပြန်လာထမ်းဆောင်ဖို့ ပြန်ခေါ်ခဲ့ပါတယ်ခွန်ဖန်တာဝန်ပြန်လာထမ်းဆောင်ပြီး ဆီယာဒမ်နဲ့ဆီယာမဟေဆွန်ကိုဖမ်းဖို့ ခရီးထွက်လာတဲ့အချိန်မှာ ဘာအခက်အခဲတွေနဲ့ကြုံရမလဲဆီယာဒမ်နဲ့ရော အရင်ကဘာအငြိုးတွေရှိခဲ့လို့ ဆီယာဒမ်က သူ့ကိုသတ်ချင်နေပါသလဲဆိုတော့ မှော်အစွမ်းတွေနဲ့ဘယ်လောက်တောင်ကြမ်းနေမလဲ ဇာတ်ကားထဲကြည့်လိုက်ရအောင်နော်ဇာတ်ကားကတော့ ပြောစရာမလိုလောက်အောင် ကောင်းလွန်းပါတယ် လုံးဝလက်မလွှတ်သင့်တဲ့ကားလေးပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။Genre..... Action, Fantasy, Thriller Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 2h 36min Subtitle…. Myanmar ...
movie
Khun Pan 3 (2023)
6.4
Friday Killer (2011)
Friday Killer (2011)2010တုန်းက ထွက်ခဲ့တဲ့ Saturday Killerရဲ့ ပြီးခါနီးနားမှာ Pae Uziအကြောင်း အရိပ်အမြွက်ပါခဲ့ပြီး ဒီ Friday Killer မှာတော့ Pae Uzi အကြောင်းကို အဓိကရိုက်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ ကျွမ်းကျင်သေနတ်သမားဖြစ်တဲ့ Pae Uzi ဟာ ထောင်ကထွက်ထွက်ချင်းမှာပဲ ဓားနဲ့ထိုးခံခဲ့ရပါတယ်။ ဓားဒဏ်ရာနဲ့ ဆေးရုံရောက်သွားချိန်မှာ Pae Uzi သိလိုက်ရတာက သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။သမီးဖြစ်သူ ရဲမေ Dao အရွယ်ရောက်တဲ့အထိ ကိုယ့်သမီးမှန်း မသိခဲ့ရတဲ့ Pae Uzi က သူ့သမီးအိမ်ကို သွားရောက်လေ့လာတဲ့အချိန် ကံဆိုးစွာပဲ Dao ရဲ့ ဖခင်ကို သတ်လိုက်မိပါတယ်။Dao ကတော့ Pae Uzi ကို အဖေရင်းမှန်းမသိဘဲ ဖခင်လို့ထင်ထားတဲ့သူ သေသွားရလို့ Pae Uzi ကို အငြှိုးကြီးကြီးနဲ့ လိုက်လံဖမ်းဆီးရင်း …သေနတ်သမားဖခင်နဲ့ ရဲဖြစ်သူသမီးကြားမှာ ...
movie
Friday Killer (2011)
2011
6.1
Saturday Killer (2010)
Saturday Killer (2010)ဘန်းပလာမာရဲ့ နာမည်ကျော်ကြေးစားလူသတ်သမားဖြစ်တဲ့ ဘဲကြီး Tee Rifle ဟာ သူ့ကိုယ်သူလူဖြစ်ရှုံးတဲ့သူလို့ သတ်မှတ်ထားသူပါ။ ဘာလို့လဲဆိုတော့ သူက စွမ်းဆောင်ရည်မရှိဘဲ ပန်းသေနေလို့ပါပဲ။ပန်းသေနေတဲ့ ဘဲကြီး Tee Rifleက တစ်နေ့မှာတော့ Chris ဆိုတဲ့ မိန်းမလှလေးကို မြင်မြင်ချင်းကြွေသွားခဲ့ပါတယ်။ Chris ကတော့ သူ့အဖေကိုသတ်သွားတဲ့သူကို ပြန်လက်စားချေချင်နေတဲ့သူပေါ့။အချစ်ကပေးတဲ့ အားဆေးလို့ပဲဆိုရမလား?Tee Rifleကတော့ Proကျကျ လူသတ်ရင်း Chrisအတွက် ဇွဲမလျှော့ဘဲ သူ့ညီလေးရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့အရေး အဖြစ်မရှိတဲ့ စာကလေးငှက်လိုဘဝကနေ ကြီးထွားလာတဲ့ နဂါးကြီးဖြစ်အောင် ကြိုးစားမယ့်နည်းမျိုးစုံကို Saturday Killer ဆိုတဲ့ ဇာတ်လမ်းလေးမှာ ဟာသအနှောလေးတွေနဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Khine Khine Wai ပါ။)File Size : 1.3GB, 532MB, 308MB Quality ...
movie
Saturday Killer (2010)
2010
6.4
By the Time It Gets Dark (2016)
By the Time It Gets Dark (2016)~ IMDb - 6.4/10, RT - 90%, Meta - 73% ~By the Time It Gets Dark ကို ကိုယ်ပိုင်အမြင်အရပြောရမယ်ဆိုရင်တော့ ယုန်တွင်းထဲ လိုက်ဝင်သွားတဲ့ အဲလစ်လိုပါပဲ...။ယုန်တွင်းထဲမှာတော့ ၁၉၇၆ ခုနှစ်တုန်းကာလ ထိုင်းနိုင်ငံရဲ့ ကျောင်းသားသပိတ်ရှိနေပြီး လိုက်ပြတဲ့ ယုန်လေးကတော့ ဒီကားရဲ့ အဓိကဇာတ်ဆောင်လို့ ပြောလို့ရလောက်မယ့် ဒါရိုက်တာ မိန်းမငယ်လေးပေါ့...။ အဲဒီယုန်လေးနောက် အပြေးလိုက်ရင်း အပိုင်းအစတွေ အမှတ်တရတွေကို လိုက်ပါခံစားကြည့်ရမယ့် ရုပ်ရှင်ချစ်သူတိုင်းကတော့ အဲလစ်လေးတွေပါပဲ။ ငါတို့အားလုံးသည် အဲလစ်များသာပေါ့။အံ့ဖွယ်ကမ္ဘာထဲက အဲလစ် (Alice in Wonderland) နဲ့မတူမှာဆိုလို့ ယုန်တွင်းထဲရှိနေတာဟာ Wonder (အံ့ဖွယ်တွေ) မဟုတ်ဘဲ Massacre (လူမဆန်စွာ သတ်ဖြတ်ခံရခြင်း)တွေ ဖြစ်နေတာပါပဲ။ဒီဇာတ်ကားကို ...
movie
By the Time It Gets Dark (2016)
2016