Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Antoni Pawlicki
6.0
Pilecki’s Report (2023)
ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါသူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့်ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာသူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံမြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင်ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့်သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်းလည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့်ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း ...
movie
Pilecki’s Report (2023)
5.7
Where the Devil Can’t Go, He Sends a Woman 2 (2023)
ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ...
movie
Where the Devil Can’t Go, He Sends a Woman 2 (2023)
5.3
The Legions (2019)
The Legions (2019)================IMDb Rating - 5.3/10ရုရှားဇာဘုရင်ရဲ့အုပ်ချုပ်မှုအောက်နေ ပိုလန်နိုင်ငံကြီးကိုလွတ်မြောက်ဖို့အတွက် ပိုလန်စစ်သည်တွေရဲ့ကြိုးပမ်းအားထုတ်ခဲ့တဲ့ တစ်ကယ့်သမိုင်းကြောင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ်။ အင်အားသုံးဆလောက်ကွာတဲ့ မားသားရုရှားစစ်တပ်ကြီးကို ပိုလန်စစ်သည်တော်တွေရဲ့ရွပ်ရွပ်ချွံချွံရင်ဆိုင်တိုက်ခိုက်ခဲ့ပုံတွေ၊စစ်ပွဲအတွင်းကချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးတွေ၊ အသုံးချခံ FAလေးတစ်ယောက်ရဲ့ရင်နာစရာအဖြစ်အပျက်လေးတွေကို တွေ့မြင်ရပါလိမ့်မယ်။ ပိုလန်ရုပ်ရှင်ပွဲတော်မှာဆုနှစ်ဆုရခဲ့တဲ့ ဒီသမိုင်းကြောင်းနောက်ခံဇာတ်လမ်းလေးကို ခံစားကြည့်ရှု အကဲဖြတ်လိုက်ကြရအောင်လား…….ဇာတ်ကားကြာချိန် ၂ နာရီ ၂၀ မိနစ်ထိရှိတာကြောင့် တဝကြီးလည်း ကြည့်ရှုခံစားရစေမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေး Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 20minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, History, RomanceSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie
The Legions (2019)