Channel Myanmar
Antoni Corone
In the Shadows (2001) 5.1
In the Shadows (2001) ဒီဇာတ်ကားက​တော့ hollywood stunt သမား​တွေရဲ့အလုပ်လုပ်ပုံနဲ့ သည်းထိတ်ရင်ဖိုမှုခင်းအ​ကြောင်း ​ရောစပ်ပြီးပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လိုက်က​တော့ Eric O'Bryne လို့​ခေါ်တဲ့ ​ကြေးစားလူသတ်သမားဖြစ်ပြီး​တော့ဝါရင့် Hollywood stunt သမားတစ်​ယောက်ကိုလက်စား​ချေတဲ့အ​နေနဲ့  သတ်ဖို့ တာဝန်ရခဲ့ပါတယ်။ဒါ​ပေမဲ့ သတ်ဖို့ကြိုးစားရင်း stuntသမားနဲ့ ရင်းနှီးပြီး သူလိုချင်ခဲ့တဲ့သာမာန်ဘဝကို ခဏတာ ပိုင်ဆိုင်ပြီး​တဲ့​​နောက်တာဝန်​​ကျေ​အောင်လုပ်ဖို့ အချိန်​ရောက်လာ​တော့ ဘာ​တွေဆက်ဖြစ်မလဲဆိုတာ​ဇာတ်လမ်း​လေးထဲမှာ ဆက်လက်ရှုစားကြည့်ကြပါခင်ဗျာ File size…  2.3 GB / 1.13 GB Quality… WEB-DL  1080p / 720p Format…  mp4 Duration…. 1h 45m Genre ..... Action / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by  Jack
movie
In the Shadows (2001)
The Immigrant (2013) 6.6
The Immigrant (2013)  1921 မှာ Ewa Cybulska နဲ့သူ့အမဟာ သူတိုရဲ့ အမေရိကန်အိပ်မက်ကိုအကောင်အထည်ဖော်ဖိုအတွက် မွေးရပ်ပိုလန်မြေကနေပြီးတော့ New York မြိုကိုထွက်လာခဲ့ပါတယ်။ကံမကောင်းအကြောင်းမလှစွာပဲ Ellis ကျွန်းပေါ်ရောက်တဲ့အချိန်မှာတော့ သူ့အမဟာ နာမကျန်းဖြစ်နေတဲ့အတွက် ညီအမနှစ်ယောက်ခွဲရပါတော့တယ်။ မန်ဟန်တန်ရဲ့လမ်းမတွေပေါ်မှာသွားစရာနေရာမရှိချိန် နာမကျန်းဖြစ်လိုသီးသန့်ထားခံထားရတဲ့သူ့အမ Magda ကို ကယ်တင်ဖို ကြံရာမရဖြစ်‌နေချိန်မှာ Ewa ဟာBruno Weiss ရဲ့အကူအညီကိုရယူပြီး Bruno ရဲ့ ပြည့်တန်ဆာလုပ်ငန်းထဲ ဝင်ရောက်ရပါတော့တယ်။ပြင်သစ်မင်းသမီးချော Marion Cotillard , Joker မင်းသားJoaquin Phoenix နဲ့ Hawkeye မင်းသား Jeremy Renner တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၀၀ နှစ်အစောပိုင်းကာလများဆီကimmigrants တွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်...... File size…1.24GB / 562MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
The Immigrant (2013)
The Truman Show (1998) 8.2
The Truman Show (1998) The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Dramaသင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား?ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်.... ဒါပေမယ့်အောင်မြင်ပါ့မလား?Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် ...
movie
The Truman Show (1998)
4K HEVC
Sunlight Jr. (2013) 5.6
Sunlight Jr. (2013) မလီဆာနဲ့ရစ်ချီတို့ဟာ လက်မထပ်ပဲအတူနေချစ်သူတွေဖြစ်ပြီးအညံ့စားမိုတယ်လေးတစ်ခုမှာငှားနေကြပါတယ်။ မလီဆာက စတိုးဆိုင်အရောင်းစာရေးလုပ်ပြီး ရစ်ချီကတော့ မတော်တဆမှုကြောင့် ဘီးတပ်ကုလားထိုင်ကမထနိုင်ပဲ တောက်တိုမယ်ရပစ္စည်းလေးတွေပြင်တာ၊အစိုးရကပေးတဲ့ မသန်စွမ်းထောက်ပံ့ကြေးလေးတွေနဲ့ရပ်တည်နေရတာပါ။မလီဆာကိုယ်ဝန်ရှိလာချိန်မှာတော့ ရောက်လာမယ့်ရင်သွေးလေးအတွက် နှစ်ယောက်သားအပျော်ကြီးပျော်နေခဲ့ပေမယ့် ယိုင်နဲ့နဲ့သူတို့ဘ၀လေးကို ပြိုလဲစေမယ့် ဖြစ်ရပ်တွေကြုံလာရတဲ့အခါ..။ Naomi Watts နဲ့ Matt Dillon တို့လိုထိပ်သီးသရုပ်ဆောင်ကြီးတွေအပြိုင်ကြဲထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.35GB)/(640MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Sunlight Jr. (2013)
Reservation Road (2007) 6.6
Reservation Road (2007)  Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားကဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီးသူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျသွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူးတွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူးတွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်းပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန်ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန်တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့ကကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက်ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့...... File size…1.83GB / 908MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Reservation Road (2007)
Bad Boys II (2003) Bad Boys 2 6.6
Bad Boys II (2003) Bad Boys 2 Bad Boys 2 (2003)==============IMDb Rating - 6.6/10Bad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက်ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန်တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီးတပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကိုခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)  File size…(13 GB)/(1.5 GB ) / (1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM,Ka Naung Translated ...
movie
Bad Boys II (2003) Bad Boys 2
2003
4K HEVC
Wild Things (1998) 6.6
Wild Things (1998) Wild Things(1998)ပထမဆုံးအနေနဲ့ ဒီကားမှာ sexခန်းတွေ၊ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ၊ homosexualအခန်းတွေ ဖောဖောသီသီ ပါဝင်တာကြောင့် မိသားစုနဲ့လုံးဝမကြည့်ဖို့တစ်ချက်သတိပေးပါရစေ။18နှစ်မပြည့်သေးသူတွေ အရွယ်မရောက်သေးတဲ့လူတွေလဲမကြည့်သင့်ပါဘူးဇာတ်လမ်းမှာအဓိကဇာတ်ကောင် ငါးယောက်ပါပါတယ်။ သူတို့ကတော့...1.ဆမ်လွမ်ဘာဒိုဘလူးဘေးအထက်တန်းကျောင်းက ကျောင်းဆရာလေးဆမ်က ရုပ်ချောသဘောကောင်းတဲ့ဆရာလေးမို့ လူချစ်လူခင်ပေါပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပေါ့။ အထူးသဖြင့် ကျောင်းသူလေးတွေအတွက်ကတော့ ဆမ်ဟာသူတို့ရဲ့ပုံပြင်ထဲကမင်းသားလေး။2. ကယ်လီဗန်ရိုင်ယန်ကယ်လီကတော့ ဘလူးဘေးအထက်တန်းကျောင်းရဲ့ A list စာရင်းဝင် ခပ်ဟော့ဟော့ သူဌေးသမီးလေး။ သူလေးကလဲ ကျောင်းဆရာကို အသေအကျေ crushနေတဲ့ ကောင်မလေး။ တစ်နေ့မှာတော့ ကယ်လီတစ်ယောက် ကျောင်းဆရာရဲ့အိမ်ကို ကားသွားဆေးပေးရင်း သူ့ကိုကျောင်းဆရာက မုဒိမ်းကျင့်ပါတယ်ဆိုပြီး ရိုးသားကြိုးစားတဲ့ ကျောင်းဆရာလေးကိုစွပ်စွဲလာပါတော့တယ်။3.ဆူဇန်မာရီတိုလာဆူဇီလို့ခေါ်ကြတဲ့ ဒီကောင်မလေးကတော့ ကယ်လီလိုပဲ ခပ်လန်းလန်းကောင်မလေးဆိုပေမယ့် ကယ်လီလိုတော့ မချမ်းသာရှာဘူး မွေးစားမိခင်နဲ့အတူ မြို့စွန်ရပ်ကွက်မှာနေရတဲ့ကောင်မလေး။အဲ..ကယ်လီက ကျောင်းဆရာမုဒိမ်းကျင့်တာခံရပါတယ် စွပ်စွဲလိုက်တော့ တစ်မြို့လုံးမယုံကြည်နိူင် ဖြစ်နေကြချိန်မှာ ဆူဇီကလဲ ဒီကျောင်းဆရာဟာ သူ့ကိုလဲ ဒီလိုပဲကျင့်ခဲ့ဖူးကြောင်း အရင်တုန်းကပြောရင် ဘယ်သူမှမယုံမှာစိုးလို့ မပြောခဲ့တာဖြစ်ကြောင်း ထပ်ပြီးထုတ်ပြောလာပါတယ်။ ဒီအချိန်မှာ ကျောင်းဆရာလေးကတကယ်ပဲ မုဒိမ်းကျင့်တယ်လို့ တချို့တွေယုံလာကြပါတယ်။4,5. စုံထောက်ရေးဒူကတ် နဲ့ ဂလော်ရီယာသူတို့ကတော့ ကျောင်းဆရာလေးဆမ်ရဲ့အမှုကိုအဓိက ကိုင်တွယ်ကြမယ့်သူတွေပါ။ သူတို့နှစ်ယောက်ထဲက စုံထောက်မလေး ဂလော်ရီယာကလဲ ကျောင်းဆရာကိုကြိတ်ကြွေနေပါသေးတယ်။ဒါကတော့ဇာတ်လမ်းရဲ့ ...
movie
Wild Things (1998)
1998
Cape Fear (1991) 7.3
Cape Fear (1991)  သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင်တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက်ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည်အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီးဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှုကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေလွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီးလက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစုအပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p  / 720p Format…mp4 Duration….2h 8m Genre …..  ...
movie
Cape Fear (1991)
The Exorcist: Believer(2023) 6.7
The Exorcist: Believer(2023) The Exorcist: Believer(2023)************************* ဇာတ်လမ်းအကျဉ်းဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီးဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ....ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကိုကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ...
movie
The Exorcist: Believer(2023)
4K HEVC
Green Zone (2010) 6.8
Green Zone (2010)  ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53%ရထားပြီး အီရတ်နဲ့ အ​မေရိကန်ကြား စစ်​ရေးတင်းမာမှု​တွေဖြစ်ခဲ့တဲ့၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်း​မီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာ​ဖွေ​ထောက်လှမ်း​ရေးအဖွဲ့​​ခေါင်း​ဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်း​ကြောင့် ရှာ​ဖွေမှု​တွေ​နေရာအနှံ့လုပ်​​နေခဲ့တာပါ။ဒါ​ပေမဲ့ သတင်း​ရတဲ့​နေရာ​တွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မ​တွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာ​နေရတဲ့​နောက် ​ထောက်လှမ်း​ရေးကရ​တဲ့ သတင်းက တစ်ခုခုလွဲ​နေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်း​ရင်းမြစ်အ​ကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက​ ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့​နောက်ဆက်တွဲကိစ္စ​တွေကိုပါ ​ဖြေရှင်းဖို့အ​ရေးကြုံလာပါ​တော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်​နေမလဲ။ ဘယ်​လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်​နေမလဲ။ မတည်ငြိမ်မှု​တွေဖြစ်​နေတဲ့ အီရတ်​မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲ​တွေကို ရင်ဆိုင်​ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။  File size…2.31GB / 968MB Quality…Blu-Ray  1080p 5.1CH  / 720p Format…mp4 Duration….1h 55m Genre ..... Drama , Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Green Zone (2010)
[18+] Striptease (1996)
[18+] Striptease (1996) Striptease (1996)ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ ...
movie
[18+] Striptease (1996)
1996
MobKing (2023) 6.5
MobKing (2023) ၂၀၂၃ မေလကမှအသစ်ထပ်မံထွက်ရှိလာတဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် မိုက်ခ်ဝှိုက်ဟာသိပ်မကြာခင်ထောင်ကလွတ်တော့မယ့်သစ္စာရှိဂန်းစတားတစ်ဦးဖြစ်ပါတယ်။မိန်းမနဲ့သမီးနဲ့အတူပျော်ရွှင်စရာမိသားစုတစ်ခုထူထောင်တော့မယ်ဆိုတဲ့စိတ်နဲ့ထောင်ကလွှတ်လာတဲ့ မိုက်ခ်ဝှိုက်တစ်ယောက် မနာလိုသူတစ်ဦးရဲ့ချောင်းမြောင်းလုပ်ကြံမှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ မိမိအားလုပ်ကြံသူမှာ မိမိသစ္စာရှိရှိလုပ်ကိုင်ပေးခဲ့တဲ့ဂိုဏ်းအဖွဲ့ကဖြစ်နေမှန်းသိလိုက်တဲ့အခါ မိုက်ခ်ဝှိုက်တစ်ယောက် ပုန်းရှောင်ရမလား၊ပြန်လည်ခုခံရမလား ဆိုတဲ့ဘေးကျပ်နံကျပ်အ‌ခြေအနေကိုရောက်ရှိလာပါတယ်။ မိသားစုရဲ့အသက်ဘေးကိုပါစိုးရိမ်လာရတဲ့အခြေအနေမှာ မိုက်ခ်ဝှိုက်တစ်ယောက်ဘာလုပ်မလဲဆိုတာကို ယခု ဒီ Mobking ဆိုတဲ့ရုပ်ရှင်လေးမှာစောင့်စားကြည့်ရှုကြပါအုံးခင်ဗျာ။ File size…(1.25 GB)/(555 MB)/(310 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:29:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM 
movie
MobKing (2023)
We Own the Night(2007)
We Own the Night(2007)  ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB)  / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre...  Drama / Crime / ...
movie
We Own the Night(2007)
Act of Valor(2012) 7.0
Act of Valor(2012)   Act of Valor (2012) ကော်စတာရီကာရဲ့ဟိုတယ်တစ်ခုမှာCIA အေးဂျင့်၂ယောက်တည်းခိုနေတယ်...ဒီသတင်းကိုဘယ်ကဘယ်လိုရတယ်မသိ..အကြမ်းဖက်သမားများရောက်ရှိလာပြီးအမျိုးသားအေးဂျင့်ကိုတော့နဖူးကိုကျည်တစ်တောင့်ပစ်ကျွေးပြီးအမျိုးသမီးအေးဂျင့်ဖြစ်သူကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်....ဒီနောက်မှာတော့အမျိုးသမီးအေးဂျင့်ကိုပြန်လည်ခေါ်ယူဖို့မရိန်းစစ်သားတွေကိုအမေရိကန်တို့စုစည်းခဲ့တယ်...အေးဂျင့်အမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သူဟာတကယ့်ထိပ်သီးဒုစရိုက်ခေါင်းဆောင်ဖြစ်နေတဲ့အပြင်ခေတ်မှီလက်နက်ကြေးစားလက်နက်ကိုင်စစ်သည်တို့အပြည့်နဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်...ဒီအမှုမှာမူးယစ်ရာဇာတွေအကြမ်းဖက်သမားတွေနဲ့တကယ့်ကိုကြောက်စရာအရှုတ်အထွေးကြီးပါပဲ...ဒါပေမယ့် ကယ်ထုတ်တဲ့စစ်ဆင်ရေးဟာ ထင်သလောက် မလွယ်ကူတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဟာအမေရိကန်နိုင်ငံအတွက် စက်တင်ဘာ-၁၁ရက် အရေးအခင်း ထက်ပိုဆိုးတာတွေ ကြုံလာနိုင်ကြောင်း သိရှိလာရတဲ့အခါမှာတော့…..။ကိုင်းမရိန်းတပ်သားတွေဘယ်လိုအစီအစဉ်တွေဆွဲကြလဲ....သူတို့အကုန်လုံးအသက်ပျောက်သွားနိုင်လား...အောင်မြင်ကြပါ့မလား...CIA အေးဂျင့်အမျိုးသမီးကိုရောကယ်တင်နိုင်ပါ့မလား....ထင်ထားတာထက်တိုက်ပွဲတွေကြမ်းနေမလား...ခံစားကြည့်လိုက်ပါဦးဗျို့...စစ်ကားကြိုက်သူတို့အဖို့နင်းကန်ကြည့်သင့်ပါကြောင်း.......  File Size :(2.5GB) (1.1 GB) and (327 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:41:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae
movie
Act of Valor(2012)
2012
Out of Time (2003) 6.5
Out of Time (2003)    မီယာမီနားက ဘန်ယန်ကီးမြို့မှာ ရှိတဲ့ ရဲဋ္ဌာနအသေးလေးရဲ့ ခေါင်းဆောင်ဖြစ်သူ ဝှစ်လော့ခ် တစ်ယောက်က အိမ်ထောင်ရေးအဆင်‌မပြေမှုကြောင့် အန်မာရိုင်း ဟယ်ရီဆန်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးနဲ့ ကြိတ်ပုန်းခုတ်နေသူပါ အန်မာရိုင်းမှာလည်း ခရစ် ဟယ်ရီဆန်ဆိုတဲ့တရားဝင်ယောက်ျားတစ်ယောက်ရှိပါတယ် ဝှစ်လော့ခ်တို့ ရဲဋ္ဌာနမှာလည်း မူးယစ်ဆေးဝါးအမှုကဖမ်းဆီးရမိတဲ့ ဒေါ်လာငါးသိန်းနီးပါးကိုသိမ်းထားပါတယ် ‌ဝှစ်လော့ခ်တစ်ယောက် တိတ်တိတ်ပုန်းချစ်သူ အန်မာရိုင်းရဲ့ကင်ဆာကို ကုပေးဖို‌ ငွေအလွဲသုံးစားလုပ်ရင်း ဘယ်လိုမထင်မှတ်ထားတဲ့ထောင်ချောက်ထဲ ဘယ်လိုကျသွားမလဲဆိုတာ ကြည့်ရှုလိုက်ပါ ဟယ်ရီဆန်တို့ရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ ဝှစ်လော့ခ်တစ်ယောက် သားကောင်မဖြစ်ရအောင် ဘယ်လိုကြိုးစားရုန်းထွက်သွားမလဲဆိုတာ ရှုစားလိုက်ပါFile size…(2.42GB/(1.09GB)/(531GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Crime   / Drama /  Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin 
movie
Out of Time (2003)
Brothers by Blood(2021) 6.0
Brothers by Blood(2021) Brothers by Blood(2021)အညွှန်း*****************************ဒုစရိုက်မှုတွေများပြားလှတဲ့ဖီလာဒဲလ်ဖီးယားမြို့နေ အိုင်းရစ်မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့ သားဖြစ်သူ၈နှစ်သားပီတာက မိမိညီမဖြစ်သူရဲ့မတော်တဆသေဆုံးမှုကြောင့် စိတ်ဒဏ်ရာရခဲ့သလို မိသားစုလည်းပြိုကွဲခဲ့ရပါတယ်။ကြီးပြင်းလာတဲ့အချိန်မှာတော့ အကိုဝမ်းကွဲဖြစ်သူ မိုက်ကယ်က ဂိုဏ်းကိုဆက်လက်ဦးဆောင်နေပြီးအီတလီမာဖီးယားတွေနဲ့ စားကျက်လုရင်း ငြိကြပါတော့တယ်။ အကိုဝမ်းကွဲမိုက်ကယ်ရဲ့ တဇောက်ကန်းလုပ်ရပ်တွေအကြောင့်အခြေအနေတွေက ပိုဆိုးလာသလို၊ ပီတာ့ အနေနဲ့ မိမိဖခင်သေဆုံးခဲ့ရတဲ့ အဖြစ်မှန် ကိုသိရှိလာရမှာဖြစ်ပြီး၊ နောက်ဆုံးမှာ ပီတာ့အနေနဲ့ အန္္တရယ်တောထဲကိုဝင်ရောက်ဖြေရှင်းဖို့ဖြစ်လာတဲ့အခါမှာတော့....ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ အက်ရှင်ကားကြိုက်သူတို့ကြည့်သင့်ပါကြောင်း....(ဒီဇာတ်လမ်းရဲ့ အညွန်းနဲ့ ဘာသာပြန်သူရေးသားပေးသူကတော့ Chokoပဲဖြစ်ပါတယ်။) File Size : (1.6GB) and (870 MB) Quality : WEB-DL.HEVC 1080p 5.1, 720p Format…mp4 Duration…01:45:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Choko Encoded by Phyo Pyae 
movie
Brothers by Blood(2021)
HEVC 1080p 5.1
The Specialist (1994) 5.6
movie
The Specialist (1994)
1994
Fair Game (1995) 4.3
movie
Fair Game (1995)
1995
Ace Ventura: Pet Detective (1994) 6.9
Ace Ventura: Pet Detective (1994) The mask ဇာတ်ကားနဲ့သိကြတဲ့ ဟာသမင်းသားကြီး jim carry ရဲ့ ဟာသကားကောင်းလေးပါ Ace venture လို့ခေါ်တဲ့ တိရိစ္ဆာန်ပျောက်ဆုံးမှု့တွေကိုပဲ သီးသန့်လိုက်စုံစမ်းပေးတဲ့ လူတစ်ယောက် စုံစမ်းထောက်လှမ်းရာမှာတော်သော်လည်း ပြောင်ချော်ချော် မျက်နှာပေးကြောင့် လူတွေသိပ်ကြည့်မရတဲ့လူတစ်ယောက် ပမာမခန့်လုပ်ရပ်တွေနဲ့ ဒုရဲအုပ်လိုလူမျိုးကိုတောင် ပြန်လှောင်ရဲတဲ့လူတစ်ယောက် အဲ့လိုလူတစ်ယောက် ဘောလုံးအသင်းရဲ့ လာဘ်ကောင် လင်းပိုင်ပျောက်ဆုံးမှု့ကို လိုက်လံ စုံစမ်းသောအခါ လူသတ်မှု့၊ မိန်းမချော ၊ မထင်မှတ်ထားတဲ့တရားခံ စတဲ့ အလှည့်အပြောင်းများစွာနဲ့ ဇာတ်ကားဆုံးသည်အထိ ရယ်မောရင်း ခံစားသွားရမယ့် စုံထောက်ဟာသကားကောင်းလေးပါ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကြည့်ရှု့လိုက်ပါဦး။ IMDB rating 6.9  အထိ ရထားတဲ့ ဇာတ်ကားပါ။File Size         : 620 MB Quality           : Blu ray 720P Running Time : 1hr 26 minute Format           : ...
movie
Ace Ventura: Pet Detective (1994)