Channel Myanmar

Anthony O'Donnell

The Edge of Love (2008) 6.1
The Edge of Love (2008)  Peaky Blinders မင်းသားကြီး Cillian Murphy နဲ့Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDbRating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာနဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာစိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင်မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက်ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့်ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကိုလိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်ကမလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေးအယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ...
movie

The Edge of Love (2008)

Vera Drake (2004)
Vera Drake (2004) ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Vera Drake (2004)

Scoop (2006) 6.6
Scoop (2006) Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie

Scoop (2006)

Match Point (2005) 7.6
Match Point (2005) Match point(2005) ============== IMDb Rating - 7.6/10 Directed by Woody Allenဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ‌ပြေးမြင်မိကြမှာပဲ။ သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။ Match Point ကတော့ ကွဲလွဲတယ်ပြောရမှာမယ်။တခြားအယ်လန်ကားတွေက နာမည်ကြီးအနုပညာသမားတစ်ချို့ကို သိမှ သူသရော်တာကို နားလည်မှာတို့ ဘာတို့ ပါတတ်ပေမဲ့ ဒီရုပ်ရှင်ကတော့ ဒါမျိုးကင်းတယ်။ မသိရင် စုံထောက်ကားလိုလိုပါပဲ။ Genresအရ Romance/Dramaပေမဲ့ ကြည့်ပြီးတဲ့သူတွေက Psychological Thriller ကားလို့ ဆိုကြတယ်။သို့ပေမဲ့ သရော်တာလည်း မကင်းပါဘူး၊ ဟာသတစ်စက်မှ မနှောဘဲ သရော်သွားတာကလွဲလို့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူ့ THEMEကတော့ ကံပါပဲ။ ကံကိုTHEME အဖြစ်သုံးပြီး စောင်တလွဲလောကကြီးရဲ့မတရားလှတဲ့ ကံကိုသရော်သွားခဲ့တယ်။ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ် " ကျုပ်မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက ...
movie

Match Point (2005)

[James Bond] Skyfall (2012) 7.7
[James Bond] Skyfall (2012)  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်....https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++James Bond ဇာတ်ကားတွေ ထွက်ရှိခဲ့တာ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (1962) ကနေ အခုနောက်ဆုံးထွက် Spectre (2015) ထိ (၂၄) ကားရှိပါတယ်။၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Skyfall ဟာ ၂၃ ကားမြောက်ဇာတ်ကားသလို  James Bond ရုပ်ရှင် နှစ်ငါးဆယ်ပြည့်အနေနဲ့ ထွက်ရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာတစ်၀န်းမှာ ၁.၁ ဘီလီယမ် ဒေါ်လာရရှိခဲ့တဲ့အတွက် အအောင်မြင်ဆုံး James Bondရုပ်ရှင်ပါ။ အဲဒီရုပ်ရှင်ဟာ ဒီနေ့အချိန်အထိ ကမ္ဘာတစ်၀န်းမှာ ရောင်းအကောင်းဆုံး ရုပ်ရှင်တွေထဲမှာ နံပါတ်ကိုးနေရာက ရပ်တည်နေပါတယ်။ IMDb Rating(7.8/10) နဲ့ ...
movie

[James Bond] Skyfall (2012)

HEVC 1080p 5.1