Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anthony Molinari
6.9
Bad Boys for Life (2020)
Bad Boys for Life (2020)===================IMDb Rating - 7.1/10Bad Boys ရုပ်ရှင်တွေကို ရုပ်ရှင်ချစ်သူအတော်များများ သိကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အက်ရှင်ခပ်မြူးမြူး တွေပါပဲ။ အခုလည်း ဆရာကြီးနှစ်ယောက် အသက်ကြီးမှ တကြော့ ပြန်လာပါပြီး။ အခုချိန်မှာဆို မားကတ်စ်ကလည်း အဘိုးဖြစ်လာပြီး အငြိမ်းစားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ မိုက်ခ် (ဝယ်လ်စမစ်) တော့ လူ ပျိုကြီးအဖြစ် သေတဲ့အထိ လူဆိုးဖမ်းချင်နေတုန်းပါပဲ။ ဒါပေမယ့် သူ တို့ရဲ့အတိတ်က ရန်ငြိုးက သူတို့ကို အေးအေးဆေးဆေးအနားယူခွင့် မပေးလာပါဘူး။ မိုက်ခ် နဲ့အတူ တရားသူကြီး၊ရှေ့နေ၊သတင်းပေး၊ ရဲ အရာရှိ စတဲ့သူတွေအကုန် လုပ်ကြံခံလာရပါတယ်။ ဒီတော့ နောက်ဆုံး မှာ Bad Boys ကြီးနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် ဆိုးကြ ကြမ်း ကြပါတော့တယ်။ ဇာတ်လမ်းရယ် အက်ရှင်တွေရယ် အကုန်အဆင်ပြေ တာမို့ ကြည့်ရတာ ကျေနပ်ကြမှာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်ပါ။ File size…(6.7 GB)/(2 GB ...
movie
Bad Boys for Life (2020)
2020
4K HEVC
6.6
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020
4K HEVC
Lola (2024)
ခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ "Lola" ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ဒီထဲမှာ မိဘနဲ့ သားသမီးကြား နားလည်မှုတွေ စိတ်ဒဏ်ရာတွေ၊ လူငယ်တွေကြားက ချစ်ခြင်းမေတ္တာ၊ကူညီရိုင်းပင်းမှုတွေနဲ့ လောကဓံရဲ့ ရိုက်ခတ်မှုတွေ၊ အခက်ခဲတွေနဲ့ ကြုံလာတဲ့အခါ ဆုံးဖြတ်ချက်က အရေးပါပုံတွေကို ခေတ်ဆန်ဆန်လေးနဲ့ မပျင်းရအောင် ရိုက်ကူးပြသပေးထားတာဖြစ်လို့ ခုပဲ ခံစားကြည့်ရှုလိုက်ရအောင်နော်မင်းသမီးလေးရဲ့ နာမည်ကတော့ ရုပ်ရှင်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ Lolaပါ...Lolaကတော့ 'ယောက်ျားလေးဖြစ်ပေမယ့် သူ့အစ်မလို မိန်းကလေးဖြစ်ချင်နေတဲ့ မောင်လေးဖြစ်သူ Arlo' ကို မငြိုငြင်ချစ်ပေး မောင်လေးစိတ်ချမ်းသာအောင် ခေတ်လူငယ်ပီပီ supporting အပြည့်ပေးတဲ့အစ်မတစ်ယောက်ပေါ့.. ဒါပေမဲ့ အမေဖြစ်သူကေတာ့ lolaလိုမဟုတ်ဘဲ ဘာသာရေးလည်းအယူသီးပြီး သားဖြစ်သူအဲ့လိုဖြစ်နေတာကို ရွံစရာလို့ ခံယူကာ lolaကိုပါ အပြစ်သားတစ်ယောက်လိုဆက်ဆံနေတဲ့အခါမှာေတာ့ သူတို့ရဲ့မိသားစုဘဝဟာ toxicဆန်နေပါတော့တယ်အဲ့လို Toxic ဖြစ်နေတဲ့ မိသားစုကနေ မောင်လေးကို ကယ်ထုတ်နိုင်ဖို့အတွက် အလုပ်ကြိုးစားပိုက်ဆံတွေစုရင်း lolaတစ်ယောက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူတို့မောင်နှမနှစ်ယောက် ဒီလို toxic family ...
movie
Lola (2024)
6.3
Jack Reacher 2: Never Go Back (2016)
Jack Reacher 2: Never Go Back (2016)IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။File size…(5.1 GB)/(1.9 GB)/(1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 ...
movie
Jack Reacher 2: Never Go Back (2016)
2016
4K HEVC
6.6
Jason Bourne (2016)
Jason Bourne (2016)IMDb Rating (6.6) / Rotten Tomatoes (54%)++++++++++++++++++++++Jason Bourne2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum ...
movie
Jason Bourne (2016)
4K HEVC
6.7
Angels & Demons (2009) Angels and Demons
တလောကလုံးကို ကိုင်လှုပ်ခဲ့တဲ့ Dan Brown ရဲ့ စာအုပ်တွဲအစကတော့ Angels & Demons ဆိုတဲ့ ဒီရုပ်ရှင်ကားရဲ့ စာအုပ်ပါပဲ။ဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီးသူ့ရှေ့ကထွက်ခဲ့တဲ့ The Da Vinci Code (2006) ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။နာမည်ကျော်လျှို့ဝှက်ဂိုဏ်း Illuminati ဂိုဏ်းနဲ့ သန့်ရှင်းသောမြို့တော်(ဗာတီကန်စီးတီး) တို့ကိုအကြောင်းပြုလို့သမိုင်းအချက်အလက်စုံစုံလင်လင်နဲ့ တင်ဆက်ထားတာမလို့ ဝတ္ထုကိုရိုက်ကူးထားတယ် မထင်ရဘဲသမိုင်းနဲ့ချီလာတဲ့ အဖြစ်အပျက်တစ်ခုလို သည်းထိတ်ရင်ဖို ခံစားရမှာပါ။ File size…(3.6 GB)/(2 GB)/ (1 GB) Quality….BluRay DS4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:18:37 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung
movie
Angels & Demons (2009) Angels and Demons
2009
5.5
The Last Deal (2023)
The Last Deal (2023) ===============ဗင့်စ်က ဆေးရောင်းတဲ့သူပါ။ စိုက်ပျိုးရေးသမားတွေဆီက ဝယ်လိုက် ပစ္စည်းမှာတဲ့သူတွေဆီ သွားပို့လိုက်နဲ့ အလုပ်ဖြစ် နေတာပေါ့။ ဒါပေမဲ့ ကယ်လီဖိုးနီးယားမှာ ဆေးခြောက်က တရားဝင်ဖြစ်သွားတဲ့အခါ ဗင့်စ်တို့လို အရောင်းအဝယ်သမား တွေ ပြဿနာတက်ပါတော့တယ်။ လုပ်ငန်းလိုင်စင်လည်း မရဘဲ အရာရှိတွေကို လာဘ်ထိုးပြီး ခိုးရောင်းနေရတော့ ဗင့်စ် က သူဒီလုပ်ငန်းကိုကြာကြာလုပ်နိုင်တော့မှာမဟုတ်မှန်း နားလည်သွားပါတယ်။ဒါကြောင့် နောက်ဆုံးအနေနဲ့ သူ့ဘော်ဒါနဲ့အတူ ပိုက်ဆံချေးပြီး ဆေးဝယ်လိုက်တဲ့အခါ အလိမ်ခံလိုက်ရပြီး ပစ္စည်းတွေပါပါ သွားပါတယ်။ အဲဒီမှာပဲ သူ့အကြွေးရှင်က ဗင့်စ်နဲ့သူ့ဘော်ဒါကို လိုက်ဖမ်းတဲ့အခါ ရဲတိုင်လို့လည်းမရတဲ့ ဗင့်စ်တို့ ဘယ်လိုဖြေ ရှင်းကြမလဲဆိုတာ ကြည့်ရှုရမဲ့ crime thriller ကားလေးဖြစ် ပါတယ်။ အိပ်ရာပေါ်ကအခန်းနဲ့ ဝတ်လစ်စားလစ်အခန်းတချို့ ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့ မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.29 GB) / (540 MB) / (310 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator.......EL Encoder..........SWM
movie
The Last Deal (2023)
2023
8.7
Everything Everywhere All at Once(2022)
Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ ...
movie
Everything Everywhere All at Once(2022)
4K HEVC
7.8
Tenet (2020)
Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။အရမ်းကောင်းပါတယ်၊ ကြည့်ပါ။နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာအချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကိုသွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ...
movie
Tenet (2020)
4K HEVC
7.8
Licorice Pizza (2021)
ကဲ ‘Licorice Pizza’ လာပါပြီ။ ဒီရုပ်ရှင်ဟာ ၂၀၂၂ အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုတို့ဆန်ကာတင်ထားပါပြီ။ဒီရုပ်ရှင်အကြောင်း မပြောခင် ခေါင်းစဉ်လေးကို အရင်ရှင်းပြရမယ်ထင်ပါတယ်။ ‘Licorice Pizza’ ဆိုတာ ဗန်းစကားပါ။ အနက်ရောင် ဗီနိုင်းသား ဓာတ်ပြားတွေကို ဆိုလိုတာပါ။ Licorice ဆိုတာ သကြားလုံး သကြားချောင်းအနေနဲ့ထုတ်တဲ့ အနက်ရောင် မာမာစေးစေး စားစရာလေးတွေက ယူထားတာပါ။ ပြီးတော့ ဓာတ်ပြားတွေကလည်း ပီဇာ အသေးစားပုံစံဆိုတော့ ‘Licorice Pizza’ ဆိုပြီး နာမည်တွင်လာတာပေါ့။ဒါရိုက်တာကတော့ ပေါလ် သောမတ် အန်ဒါဆန် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်ကတော့ ၁၅ နှစ်အရွယ် သရုပ်ဆောင်ပေါက်စ စီးပွားရေးသမားလေး ဂယ်ရီ ဗယ်လင်တိုင်းနဲ့ သူချစ်မိနေတဲ့ ၂၅ နှစ်အရွယ် မမ အလန်နာ ကိန်းတို့ ...
movie
Licorice Pizza (2021)
7.5
Spider-Man: Far From Home (2019) MCU
Spider-Man: Far from Home (2019) IMDb - 7.5/10_____Rotten - 91% (function(f,b,n,j,x,e){})();Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း…သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်……(ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ) File size…(5.7 GB)/(2.1 GB)/(1 GB) Quality….IMAX 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie
Spider-Man: Far From Home (2019) MCU
2019
4K HEVC IMAX
5.7
The Forever Purge 2021
Purge ရုပ်ရှင်တွေကို အတော်များများတော့ ရင်းနှီးကြမှာပါ။ အမေရိကန်နိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ ဓလေ့တစ်ခုရှိတယ်ဗျာ။ နှစ်စဉ်နှစ်တိုင်းတစ်နှစ်ကို တစ်ရက်တိတိ သန့်စင်ရေးနေ့ဆိုပြီး ခွင့်ပြုပေးတယ်။ အဲဒီနေ့မှာတစ်နိုင်ငံလုံးကလူတွေကို ဘယ်ရာဇဝတ်မှုနဲ့မှအရေးမယူပါဘူး။ လူပဲသတ်သတ် ကြိုက်တာလုပ်လို့ရပါတယ်။ အဲဒီလိုနေ့မှာ သတ်ဖို့ကြိုးစားတဲ့သူတွေ၊အသက်ရှင်ဖို့ ကြိုးစားတဲ့သူတွေ အစုံပေါ့။ ဒီရုပ်ရှင်ကတော့ လေးကားမြောက်ပါ။ အရင် Purge တွေထက် ပိုဆိုးသွားပါပြီ။ ၂၄ နာရီပြည့်တာတောင်တစ်နိုင်ငံလုံးကို အရင်လိုတားလို့မရတော့ဘူး forever purge ဆိုတဲ့ လှုပ်ရှားမှုပေါ်ပေါက်လာပါပြီ။ ပိုဆိုးတာက စတင်လိုက်တဲ့သူတွေက လူဖြူကြီးစိုးရေး အစွန်းရောက်မျိုးချစ်တွေ ဖြစ်နေတာကြောင့် မက္ကဆီကိုသားတွေ အခြားနိုင်ငံသားတွေအားလုံးကို ဦးတည်သတ်ဖြတ်လာပါတော့တယ်။ ဒီလူသတ်ကောင်တွေကြားထဲကနေ အမေရိကန်တွေနဲ့ မက္ကဆီကိုသားတွေ ပူးပေါင်းပြီး ဘယ်လိုအလွတ်ရုန်းရမလဲဆိုတာ File size…(1.8 GB) and (1 Gb) Quality….web 1080p and 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
The Forever Purge 2021
7.4
Wrath of Man (2021)
Wrath Of Man (2021) Web-Dl 720p & 1080p Web rip x264အကြည်ရပါပြီ --------------------------------(ခဏနေ 1080p ထပ်တင်ပေးပါ့မယ်)ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီးအစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်းဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့်သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။...Translated by : ...
movie
Wrath of Man (2021)
2021
7.0
Black Mass(2015)
Black Mass(2015)အညွှန်း********************(အလန်းစားကားမို့ 1080p5.1ch ပါပြုလုပ်ပေးထားပါတယ်....)IMDb...7.0,,,,Rottten...73%ဘော်စတွန်မှာနေတဲ့သူတွေဆိုရင် ဂျိမ်းစ်ဘော်လ်ဂျာကို မသိတဲ့လူမရှိဘူးတဲ့... သူဟာဘော်စတွန်မြို့တောင်ပိုင်းမှာ ကြီးပြင်းတယ် သူ့မှာ ဘီလီဆိုတဲ့ညီတစ်ယောက်ရှိတယ် သူ့ကို ဘော်စတွန်မြို့တောင်ပိုင်းက လူတွေတော်တော်များများချစ်ကြတယ် ဒါပေမဲ့ ဒီကောင်ကလူဆိုး လူမိုက် လူပေ လူတေ သူ့ဘဝရဲ့အရေးအကြီးဆုံး တန်ဖိုးအထားဆုံးက သစ္စာတရားပဲ ငယ်ငယ်တုန်းက ခင်ဗျားတို့တွေ ကိုယ့်ကို နာမည်ပြောင်လာခေါ်ရင် စိတ်ဆိုးရန်ဖြစ်တတ်ကြတယ်မလား.. .ပြောင်ကြီးတို့ ခေါလေးတို့... ဒီဘော်လ်ဂျာဆိုတဲ့ဘဲလည်း သူ့ကိုနာမည်ပြောင်လာခေါ်ရင် မကြိုက်ဘူး... ဒါပေမဲ့ သူက ရန်တော့မဖြစ်ဘူး... သတ်တာ... ဇာတ်ကားက အရမ်းကြမ်းပါတယ်..ကလေးသူငယ်နဲ့ သွေးသံရဲရဲကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တဲ့အပြင် Johnny Depp နဲ့ Benedict Cumberbatch အဓိကသရုပ်ဆောင်ထားလေတော့ဒီကားကိုနင်းကန်ကြည့်သင့်ပါတယ်..စပွိုင်လာလုပ်လို့မကောင်းတဲ့ကားမျိုးမို့ ဒီလောက်ပဲပြောပါရစေ....ဇာတ်ကားတစ်ကားလုံး အစကနေအဆုံးထိ ဘာတွေဖြစ်မလဲ စိုးတထိတ်ထိတ်နဲ့ ကြည့်ရတဲ့ကားမို့လူမိုက်အကြမ်းစားကားတွေသဘောကျတဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း... File Size :(2.16GB)(1.04GB) and (451 MB) Quality :Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Biography, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded ...
movie
Black Mass(2015)
6.9
The Call of the Wild (2020)
စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ နာမည်ကျော်စာအုပ်ကိုရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။ခေတ်ကတော့ ၁၉ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ။မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ် ပါဝင်ထားပါတယ်။အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ ဘက်ခ်ဆိုတဲ့ဧရာမခွေးကြီးတစ်ကောင်ပါပဲ။ဘက်ခ်ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်။စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်းသခင်မဲ့သွားချိန်မှာ အဘိုးကြီး တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါရော။အဲဒီအဘိုးကြီးနဲ့အတူ ဘက်ခ်ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကိုစွန့်စားခန်းတွေထွက်ရင်းသူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ဒီရုပ်ရှင်ဟာ တိရစ္ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ။ File Size : ( 933 MB , 340 MB) Quality : WEB-Rip 720p Running Time : 1 hr 40 min Format : Mp4 Genre : Adventure , Drama , Family Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The Call of the Wild (2020)
6.3
Central Intelligence (2016)
[Unrated Version BluRay ကိုပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။] Datshin Review : Central Intelligence (2016) Action , Comedy , Crime . Storyline . တစ်ချိန်တုန်းက ကျောင်းမှာ Bully လုပ်ခံခဲ့ရတဲ့ Bob တစ်ယောက် ထိုအချိန်ထဲကပျောက်သွားပြီး နောက်နှစ်ပေါင်းများစွာကြာမှ ကျောင်းသားဟောင်းတွေတွေ့စုံပွဲကို CIA Agent အဖြစ်ပြန်လည်ရောက်ရှိလာပြီး ကျောင်းတုန်းကခင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ Calvin ကိုသူ့ရဲ့ Top Secret Case ထဲကိုအတင်းဆွဲသွင်းပြီး ထိုပြဿနာတွေကိုဖြေရှင်းကြတဲ့အကြောင်းဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတာပါ။ . Review . Central Intelligence….. ဒီဇာတ်ကားကို Trailer တွေစပြကတည်းကကြည့်ချင်ခဲ့တာ။ အကြောင်းအမျိုးမျိုးကြောင့် ရုံမှာသွားမကြည့်ခဲ့ရပေမဲ့ အခုအခွေတွေထွက်လာတော့ကြည့်တဲ့အခါမှာ တော်တော်ရီရတဲ့ဇာတ်ကားတစ်ကားဆိုတာတွေ့ပါတယ်။ ဒီဇာတ်ကားက Comedy ကြီးသက်သက်ကို ဒီတိုင်းပြရင်တောင် ဒီလောက်ရီရမှာမဟုတ်ပဲ အခုလို CIA Agent တစ်ယောက်ကသူငယ်ငယ်တုန်းကခင်ခဲ့တဲ့ ငယ်သူငယ်ချင်းကို သူ့Case ထဲအတင်းဆွဲသွင်းပြီး ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေပါလုပ်တာကြောင့် ကြည့်ရှုတဲ့လူကိုတော်တော် Entertain ဖြစ်စေတာအမှန်ပါပဲ။ ဒါပေမဲ့လဲ Central Intelligence မှာဇာတ်လမ်းကတော့ ...
movie
Central Intelligence (2016)
2016
6.9
Black Mass (2015)
ဘော့စတွန်တောင်ပိုင်းကဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။IMDB rating 6.9ရထားတဲ့ကားလေးဖြစ်ပါတယ်။ဘော့စတွန်တောင်းပိုင်းမှာကြီးစိုးနေတဲ့ဝင်းတဟေးဂိုဏ်းရဲ့ဘယ်လိုလုပ်ခဲ့တာတွေ လူတွေဘယ်လိုသတ်ခဲ့တာတွေ FBIနဲ့ဘယ်လိုပေါင်းပြီးလုပ်တာတွေကိုရို်က်ထားတာပါ။ဘော့စတွန်လူမိုက်ဘုရင်ဂျိမ်းဝှိုက်တီဘောင်ဂျာရဲ့ညီကမြို့ လွတ်တော်အမတ် FBIကကော်နယ်လီ ညီကဒုစရိုက်လောကကိုမလုပ်ပေမယ့် ကော်နယ်လီတို့ကတော့ဘော့စတွန်မှာစိတ်ကြိုက်ချယ်လှယ်တော့တာပဲ။ဇာတ်ဆောင်တွေကတော့ ဂျက်စပဲရိုးလို့လူသိများတဲ့ Jonny DeppDr.Strange ဒါမှမဟုတ် ရှားလော့ခ်ဟုမ်းလို့လူသိများတဲ့ Benedict ၊Fifty shade of Greyဇာတ်ကားထဲကမင်းသမီး Dakota၊နောက်တစ်ယောက်ကလက်တလော၂၀၁၈မှာထွက်ထားတဲ့ Gringoဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ Joel Edgerton တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်ဒီလိုနာမည်ကြီးဇာတ်ဆောင်တွေပါဝင်ထားတဲ့အတွက်အရမ်းညွှန်းတော့ပါဘူးတကယ့်ဇာတ်ကားကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ) File Size : (950 MB) and (399 MB) Quality : Blu-Ray 720p Running Time : 2hr 3min Format : Mp4 Genre : Biography, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-BLOW Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie
Black Mass (2015)
2015
6.7
Gangster Squad
Gangster Squad (2013)_____IMDb - 6.7/10 ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie
Gangster Squad
2013