Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anthony LaPaglia
6.8
All Star Superman (2011)
All Star Superman (2011) IMDB: 6.8/10 Rotten Tomatoes: 80% Genre: Action/Sci-fiဒီဇာတ်လမ်းလေးကနည်းနည်းရင်ထဲမှာခံစားရလိမ့်မယ်လို့ကျွန်တော်ကြိုပြောပါရစေ။Animation ထက်ကိုပိုတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကလူဆိုးတွေကိုချနေတဲ့ဇာတ်လမ်းဆိုတာထက် စူပါမန်းရဲ့ စိတ်နေစိတ်ထားကိုရိုက်ပြသွားတာဖြစ်ပါတယ်။ဒေးလီးပလန်းနက်က လယ်သမားသားကလာ့ခ်ကန့်တ်၊ ခရစ်ပတွန်သား ကဲလ်အဲလ်၊ကမ္ဘာကြီးကိုကယ်တင်နေတဲ့သံမဏိလူသား တစ်ယောက်ရဲ့ စိတ်ထားကဘယ်လောက်ထိမြင့်မြတ်ကြောင်းပြသွားတာဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒေါက်တာ လီယိုကွင်တမ်နဲ့သူ့အဖွဲ့တွေနေကို သွားရောက်လေ့လာနေတုန်းမှာ လက်စ်လူသာကြောင့်အဆင်မပြေထဖြစ်ပါတော့တယ်။ လက်စ်လူသာဟာ အဖမ်းခံထားရတဲ့အချိန်ဖြစ်လည်းဖြစ်ပါတယ်။ဒါပေမယ့် လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်လည်းဖြစ်တာကြောင့်လူသားမျိုးနွယ်စုကောင်းကျိုးအတွက် တီထွင်ခိုင်းပါတော့တယ်။စောင့်ကြည့်ရေးကာလမှာ သူဟာ နေလောက်ထိအကွာအဝေးကိုကမ္ဘာကနေလှမ်းထိန်းပြီးဒေါက်တာ ကွင်တနမ်တို့ရဲ့ယာဉ်ကို တိုက်ခိုက်ပါတော့တယ်။ ဒါပေမယ့်လည်း ဒေါက်တာကွင်တမ်တို့ကိုစူပါမန်းကလာကယ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ နေကြောင့် စူပါမန်းရဲ့ဆဲလ်တွေဟာမြန်မြန်ကြီးပြိုကွဲလာပါတယ်။တစ်နည်းပြောရရင်တော့ စူပါမန်းဟာသေတော့မှာဖြစ်ပါတယ်။ဒါပေမယ့်လည်း စူပါမန်းကြီးဟာဘယ်လိုမှသူသေတော့မယ်ဆိုတာကို ထုတ်မပြောခဲ့ပါဘူး။သူပြောခဲ့တာတစ်ယောက်ပဲရှိပါတယ်။ အဲဒါကတော့...သူမသေခင်မှာ သူဘယ်လိုတွေလုပ်သွားလဲ၊ ကမ္ဘာကြီးအတွက်ဘာတွေလုပ်သွားလဲဆိုတာကိုမြင်ရမှာဖြစ်ပါတယ်။ File size… 1.3 GB / 571 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated ...
movie
All Star Superman (2011)
Summer of Sam (1999)
ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်နဲ့ စိတ်ကူးယဉ် ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၇၇ ခုနှစ်တုန်းက နယူးယောက်မှာ ဆမ်ရဲ့သားလို့ အမည်ခံတဲ့ ကွင်းဆက်လူသတ် သမားတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ လူခြောက်ယောက်ကိုသတ်ခဲ့ပြီးပါပြီ။ ဆမ်ရဲ့သားဟာ .၄၄ ပြောင်းဝအကျယ် ရှိတဲ့ သေနတ်တစ်လက်နဲ့ ကားပေါ်မှာ ချိန်းတွေ့နေတဲ့ အတွဲတွေကို ပစ်ခတ်လေ့ရှိပါတယ်။ဆမ်ရဲ့သား ဆိုတဲ့ လူသတ်သမားက ဒီဇာတ်ကားမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပေမယ့် လူသတ်သမားရဲ့အကြောင်းကို အလေးထားရိုက်ပြထားတာတော့မဟုတ်ပါဘူး။ ဒီလူသတ်သမားကြီးစိုးနေတဲ့အချိန်မှာ ပြည်သူတွေ ဘယ်လိုနေကြလဲဆိုတာကို ပိုပြီး အသားပေး ရိုက်ထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ဆမ်ရဲ့သား လူတွေပြန်စသတ်တဲ့အချိန်မှာ ရစ်ချီဆိုတဲ့ ကောင်လေးဟာ သူ့အရင်နေခဲ့တဲ့ ရပ်ကွက်ကိုပြန်ရောက်လာပါတယ်။ ရစ်ချီရဲ့ ပန့်ခ်ပုံစံအဝတ်အစားတွေ ခပ်ကြောင်ကြောင်အပြုအမူတွေကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်း ဗင်နီ ကလွဲလို့ တခြားသူတွေက သူ့ကိုသဘောမကျကြပါဘူး။ ကြောက်စိတ်တွေများနေကြတဲ့ ရပ်ကွက်ကသူတွေဟာ ရစ်ချီကို လူသတ်သမားလို့ သံသယဝင်လာကြတဲ့အခါမှာတော့... File size…(3 GB)/(1.7 ...
movie
Summer of Sam (1999)
7.4
Holding the Man (2015)
Holding the Man (2015) ================= IMDb Rating - 7.4/10Holding the Man ဟာ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ Australian romantic drama ဇာတ်ကားတစ်ကားဖြစ်ပြီး Timothy Conigrave ရဲ့ ကိုယ်ရေးမှတ်တမ်းကိုအခြေခံရိုက်ကူးထား တာပါ။ဇာတ်လမ်းကတော့ ကိုယ်ရေးမှတ်တမ်းဖြစ်တဲ့အတိုင်းစာရေးသူ တီမိုသီနဲ့သူ့ဘ၀လက်တွဲဖော်John Caleo တို့ရဲ့ ဆယ့်ငါးနှစ်တာ ဘ၀ဖြတ်သန်းမှုပါပဲ။ အစောပိုင်းခေတ်ကာလ ရေုးရိုးစွဲတွေ လိင် တူနှစ်သက်မှုကို ဘာသာရေး၊လူမှုရေး အစရှိတဲ့စံနှုန်းတွေနဲ့ နှိုင်း ချိန်အကဲဖြတ်ကြတဲ့ အချိန်မှာ သူတို့ရင်ဆိုင်ရတဲ့အခက်အခဲတွေ၊ အနိမ့်အမြင့်အတက်အကျတွေကို သီချင်းတွေအများကြီးနဲ့ မြူးကြွ သွက်လက်စွာတွေ့မြင်ရမယ့် biopic မဆန်တဲ့ဇာတ်ကားတစ်ကား လည်းဖြစ်ပါတယ်။ဇာတ်ကားဟာထွက်ရှိစဉ်ကတည်းက ရီဗျူးကောင်း ရလဒ်ကောင်း တွေရရှိခဲ့ပြီး အကောင်းဆုံး LGBT ဇာတ်ကားတွေစာရင်းမှာ အချိန်တို အတွင်းနေရာယူနိုင်ခဲ့ပါတယ်။မင်းသားနှစ်ယောက်ရဲ့ကြားက chemistry မိနေမှုနဲ့ performance တွေကိုလူတွေက အထူးချီးကျူးကြပါတယ်။ ခံစားကြည့်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.6 GB) / (700 MB) Quality............BLU-RAY 1080p / 720p Duration.........2Hr 07Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, History Translator.......Alias Encoder..........SWM
movie
Holding the Man (2015)
2015
6.9
Annabelle: Creation (2017)
၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီးအခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်းကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီးဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက်အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်းအန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကိုယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီးမိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့်ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလိုလှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ဂျန်နစ္စက ယာတောအိမ်ကြီးကပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေမိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။နောက်တော့ တစ်ယောက်ပြီးတစ်ယောက်အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်ကဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်ကဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ ...
movie
Annabelle: Creation (2017)
2017
4K HEVC
5.8
Happy Feet Two (2011)
ဒီတစ်ခါမှာတော့ ချစ်စရာပင်ဂွင်းလေးတွေရဲ့ Happy Feet Two ဆိုတဲ့ ၂၀၁၁ ခုနှစ်ထွက် Family/Comedy ကာတွန်းကားလေးကို CM version နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Feet 1 ရဲ့ Sequel ဖြစ်ပြီး ၁ ကိုမကြည့်ထားရင်တောင်မှ ဒီတိုင်း ၂ ကို စီးမျောကြည့်ရှုလို့ ရနိုင်မှာပါ။ ၁ မှာတုန်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့သလို ၂ မှာတော့ မိသားစု အသင်းအဖွဲ့စိတ်ဓာတ်က ဘယ်လောက်အရေးကြီးပုံနဲ့ အခက်အခဲတွေကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲပစ်တတ်ဖို့ လိုပုံတွေကို တင်ပြထားခဲ့ပါတယ်။ ၂ က ၁ လောက် မအောင်မြင်ခဲ့ပေမဲ့ တခြားသာမန်ကာတွန်းတွေနဲ့ ယှဉ်ရင်တော့ သီချင်းလေးတွေ အကအလှလေးတွေနဲ့ မျက်စိပသာဒဖြစ်စရာမို့ အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ကာတွန်းကားလေးဖြစ်မှာ။အသံသရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Elijah Wood ...
movie
Happy Feet Two (2011)
6.7
Autumn in New York(2000)
Autumn in New York(2000)*************************နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်းဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာအစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီးအသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကိုသူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားကအချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size : (1.9GB) and (808MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:43:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie
Autumn in New York(2000)
Innocent Blood (1992)
IMDB 6.2/10 ရထားတဲ့ Innocent Blood (1992)ဆိုတဲ့ Comedy/Horror သွေးစုတ်ဖုတ်ကောင်ကားလေးပါ.. စွဲမက်ဖွယ် ပြင်သစ် မင်းသမီး Anne Parillaud (La Femme Nikita)က သွေးစုတ်ဖုတ်ကောင်မလေးအဖြစ်၊ Anthony LaPaglia (Without a Trace)က ရဲအရာရှိ ဂျိုးအဖြစ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး Robert Loggia (Big) က Sallie The Sharkအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပါတယ်..ဇာတ်လမ်းအကျဉ်း မာရီက ဆိုးသွမ်းတဲ့ယောကျ်ားတွေကိုပဲ အရောဝင် သွေးသောက်တတ်တဲ့၊ တစ်ကိုယ်တော် လှုပ်ရှားတတ်တဲ့ သွေးစုတ်ဖုတ်ကောင်မလေးပါ.. တစ်နေ့မှာတော့ သွေးစုတ်ဖို့ သားကောင်ရှာရင်း သူကိုက်လိုက်မိတဲ့ သားကောင်က မြို့ထဲက အဆိုးတကာ့အဆိုးထွဋ်ခေါင်ဆိုတဲ့ Sallie The Shark ဖြစ်နေခဲ့ပြီး.. ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ သွေးစုတ်ဖုတ်ကောင်အစွမ်းတွေကို ရရှိသွားတဲ့ ဆယ်လီက တခြားလူတွေကိုပါ သွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းပြီး မြို့ကို သိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့.. ကိုယ်ဇာတ်ကိုယ်မနိုင်ဘဲ ဆယ်လီ့ကို လက်စသိမ်းနိုင်ဖို့အရေး မာရီက အမျိုးမျိုးကြိုးစားရပါတော့တယ်.. ဒီလိုနဲ့ ဆယ်လီ့ကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိဂျိုးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြရာမှာတော့.. သွေးစုတ်ဖုတ်ကောင်နဲ့ လူသားရဲအရာရှိတို့နှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. ရဲအရာရှိဂျိုးတစ်ယောက် ...
movie
Innocent Blood (1992)
6.7
Empire Records (1995)
Empire Records (1995)~ IMDb - 6.7/10, VUDU - 4.5/5 ~Empire Records ဆိုတဲ့ ဆိုင်တစ်ဆိုင်မှာ ဆယ်ကျော်သက်အလုပ်သမားလေးတွေနဲ့ သက်လတ်ပိုင်းမန်နေဂျာတစ်ယောက်ဟာ ပျော်ရွှင်လွတ်လပ်စွာ အလုပ်လုပ်ကြပါတယ်။ တစ်ညမှာ မန်နေဂျာ Joe Reeves ဟာ ဆိုင်က Lucas ဆိုတဲ့ကောင်လေးကို ညဆိုင်ပိတ်ဖို့မှာပြီး ထားခဲ့ပါတယ်။ Lucas ဟာ သူတို့ဆိုင်ဟာ Music Town ဆိုတဲ့ Industry တစ်ခုအောက်ကိုရောက်တော့မယ့်စာချုပ်တစ်ခုကို တွေ့တဲ့အခါမှာ ဒါကိုကယ်တင်နိုင်ဖို့ ရှိတဲ့ပိုက်ဆံ 9000 ကို Casino ရုံမှာ သွားပွားပါတော့တယ်။ ဒါပေမယ့်အကုန်ရှုံးပြီး ပိုခက်ခဲတဲ့အခြေအနေတစ်ခုကိုရောက်သွားပါတယ်။လွတ်လပ်တဲ့ သူတို့ရဲ့ဆိုင်လေးကို အုပ်ချုပ်သူအသစ်ရဲ့အောက်မှာ တင်းကျပ်တဲ့စည်းကမ်းတွေဖြစ်လာမယ့်အရေးကို မလိုလားတာကြောင့် သူတို့ဟာ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ၊ 24 နာရီတစ်ရက်တာကို ရိုက်ပြထားတဲ့ဒီဇာတ်ကားထဲမှာ လူငယ်တွေဟာကိုယ်ရေးကိုယ်တာ ပြဿနာမျိုးစုံတွေနဲ့အတူ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို 1990 ဝန်းကျင် ...
movie
Empire Records (1995)
1995
7.0
The Client(1994)
The Client(1994) အညွှန်း*********************IMDb...7.0,,,, Rt.. 80% ဒီကားဟာ အတော်လေးနာမည်ကြီးခဲ့တဲ့ကားဖြစ်ပြီး ကျွန်တော်တို့ရဲ့ Men In Blackထဲက ဘိုးတော်ကြီးTommy Lee Jonesလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်.... ညီအစ်ကိုနှစ်ယောက်ဟာ တောထဲမှာ ဆော့ကစာနေရင်းရှေ့နေတစ်ယောက် သေကြောင်းကြံတဲ့အမှုမှာ မျက်မြင်သက်သေဖြစ်သွားခဲ့ပါတယ်။ဒီရှေ့နေသတ်သေမှုဟာ လွှတ်တော်အမတ်တစ်ယောက်ပျောက်ဆုံးမှုနဲ့ ပတ်သက်နေတဲ့အတွက်အဲဒီရှေ့နေမသေခင် နောက်ဆုံးမြင်လိုက်ရတဲ့ ကလေးနှစ်ယောက်ထဲကအကြီးကောင် Markဟာမီဒီယာတွေနဲ့ မာဖီးဟားအဖွဲ့ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ ဒါ့အပြင် အမတ်လောင်းပျောက်ဆုံးမှုကိုလိုက်နေတဲ့ ရှေ့နေကြီးRoyအတွက်လည်း မြို့တော်ဝန်ဖြစ်ရေးအတွက်ဒီအမှုနိုင်ဖို့က အရေးပါနေတာကြောင့် မျက်မြင်သတ်သေMarkကို မေးခွန်းတွေ အစ်အောက်ဖို့ ကြိုးစားပါတယ်။ဒီတော့ လူလည်လေးMarkဟာ မပြောသင့်တာတွေပြောရင် အသတ်ခံရမယ်လို့မာဖီးယားတွေခြိမ်းခြောက်ခံထားရတဲ့အတွက် အခြေအနေအရပ်ရပ်ကို ရှောင်ရှားနိုင်ဖို့အတွက်ရှေ့နေတစ်ယောက် ငှားရမ်းပါတော့တယ်။ ဒီတော့ Markနဲ့ ရှေ့နေတွေကြား ဘာဆက်ဖြစ်မလဲ၊မာဖီးယားတွေလက်ထဲက ဘယ်လိုရှောင်ရှားမလဲ၊ လွှတ်တော်အမတ်ပျောက်ဆုံးမှုနဲ့ရောဘယ်လိုပတ်သက်နေလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်..File Size : (2.38GB)(812MB) and (262MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Crime ...
movie
The Client(1994)
7.7
Elvis (2022)
Elvis (2022)သမိုင်းတလျှောက် အအောင်မြင်ဆုံး အဆိုတော်တွေထဲ တစ်ယောက်ဖြစ်တဲ့ အဲလ်ဗစ်ပရက်စ်လီအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆင်ပေးထားပါတယ်။ မင်းသားကြီး တွမ်ဟန့် နဲ့ မင်းသား အော်စတင်ဘတ်တလာတို့ အဓိက သရုပ်ဆောင်ထားပြီး ဒါရိုက်တာ၊ ဇာတ်ညွှန်းကတော့ The Great Gatsby ရဲ့ ဇတ်ညွှန်းဆရာကြီး Baz Luhrmann ပဲဖြစ်ပါတယ်။ အဲလ်ဗစ်ရဲ့ ငယ်ဘဝကနေသေဆုံးသွားတဲ့အချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ အောင်မြင်မှုတွေ အခက်အခဲတွေ သမိုင်းတွေ အကြောင်းကို သီချင်းတွေနဲ့အတူ အကောင်းဆုံးရိုက်ကူးထားတာပါပဲ။ Bohemian Rhapsody လို အရသာမျိုးကောင်းကောင်းခံစားရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size…2.6GB | 1.4GB | 554MB Format… mp4 Duration…. 2h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Elvis (2022)
7.2
Nitram (2021)
Nitram (2021) =========== IMDb Rating - 7.2/10 , Rotten Tomatoes - 90%1996မှာ ဩစတေးလျက ပေါ့အာသာ သမိုင်း၀င်ဆိုက်မှာ လူ၃၅သေဆုံးပြီး ၂၃ယောက် ဒဏ်ရာရခဲ့တဲ့ အစုအပြုံလိုက် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လူတစ်ယောက်တည်းကသတ်တဲ့ လူသတ်မှုတွေထဲ ဩစတေးလျသမိုင်းရဲ့ အဆိုး ရွားဆုံးလူသတ်မှုဖြစ်ခဲ့ပြီး ကမ္ဘာ့အဆိုးဆုံးလူသတ်မှုတွေထဲကလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဩစတေးလျရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကိုလည်း တင်းကြပ်လိုက်ရပါတယ်။ ဒီဥပဒေကို ပြည်သူတွေကလည်း လိုလိုလားလား လက်ခံ လိုက်ကြပါတယ်။ လက်နက်လက်၀ယ်ကိုင်ဆောင်ထားသူ ၆သိန်းလေးသောင်းဆီက ဩစတေးလျအစိုးရဟာ လက်နက်တွေ ပြန်လည်သိမ်းယူ ဖျက်ဆီးခဲ့ပါတယ်။ အဆိုးရွားဆုံး လူသတ်မှုကြီးကို ကြုံထားရတာမို့ ဘယ်ပြည်နယ် ဘယ်နယ်မြေကမှ ဒါကို စောဒက မတက်ခဲ့ကြပါဘူး။ဒီလူသတ်မှုကို ကျူးလွန်ခဲ့တဲ့သူကတော့ Martin John Bryant ဆိုတဲ့ ဩစတေးလျသားပါ။ ဒီပြစ်မှုအတွက် Martinဟာ ၃၅သက်၃၅ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ထပ်တိုး ၁၆၅၂နှစ်ပါ ချမှတ်ခံခဲ့ရပါတယ်။ဒီရုပ်ရှင်ရဲ့နာမည် "Nitram"ဟာ သူ့နာမည် Martinကို နောက်ပြန်ရေးထားတာပါပဲ။Martinဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ရှိနေသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျောင်းမှာ ကလေးတွေ ...
movie
Nitram (2021)
2021
7.7
Road to Perdition (2002)
Road to Perdition (2002)==================IMDb Rating - 7.7/10Directed By Sam Mendes ဟိုးတစ်နှစ်က1917နဲ့ အတော်အောင်မြင်ခဲ့တဲ့၊ 2000ခုနှစ်မှာ American Beautyနဲ့ Best Directorဆုရခဲ့တဲ့၊ လက်ရှိဂျိမ်းစ်ဘွန်း ကားတွေရဲ့ ဒါရိုက်တာဖြစ်တဲ့ ရိုက်သမျှ အကုန်အောင်မြင်ခဲ့တဲ့ Sam Mendesကြီးရဲ့ လက်ရာဟောင်းပါပဲ။Castတွေနဲ့က Tom Hanks,JuDe Law, လက်ရှိဂျိမ်းစ်ဘွန်းမင်းသား Daniel Craigနဲ့ တစ်ချိန်က မင်းသားကြီး Paul Newmanတို့ပါပဲ။ဇာတ်ကြောင်းကတော့ 1930၀န်းကျင်က အမေရိကန်ဂန်းစတားတွေ အကြောင်း သူတို့ရဲ့ အရှုပ်တော်ပုံတွေအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို မြစ်ဖျားခံထားပြီး နာမည်ကျော်ဂန်းစတားကြီး အယ်ကပုန်းနဲ့တောင် နည်းနည်း ချိတ်ဆက်နေတယ်။Sam Mendesကားကို စီနီမာတိုရပ်ဖီ အတော်လှပါတယ်လို့ ပြောရမှာက မိကျောင်းမင်းရေခင်းပြသလိုပါပဲ။ အစကနေ အဆုံး ရုပ်ရှင်ဓာတ်ပုံပညာသုံးထားတာ တွေဟာ ပစ်ကြွေချင်စရာကောင်းအောင် လှတယ်။ဒီရုပ်ရှင်က အဖေနဲ့သားဆက်ဆံရေးကြောင့် သူ့ခေတ်သူ့အခါက တစ်ချို့က Godfatherနဲ့ နှိုင်းခဲ့ကြပါတယ်။ နှိုင်းရလောက်အောင် မဟုတ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့ မှတ်ကျောက်တင် နိုင်ခဲ့တဲ့ ဂန်းရုပ်ရှင်ကားတစ်ကားလို့ဆိုနိုင်တယ်။ ဂန်းကားကောင်းကောင်းတွေ မထွက်တဲ့ ဒီဘက်နှစ်တွေအတွက် အဆာပြေစေနိုင်မယ့် ကားဟောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung မှဖြစ်ပါတယ်။)A fantastic read File Size - (1.9 GB ...
movie
Road to Perdition (2002)
2002
6.9
Legend of the Guardians: The Owls of Ga’Hoole(2010)
Legend of the Guardians: The Owls of Ga'Hoole(2010)(Zawgyi)အမိုက်စား အက်ရှင် Animation ကားမို့ BLU-RAY1080P5.1CH ပါတင်ဆက်ပေးထားပါတယ်..... ယခုတင်ဆက်ပေးတဲ့ Animation ကားလေးကတော့ Legend of the Guardians:The Owl of Ga'hoole (2010) ကားလေးပဲဖြစ်ပါတယ်။Old but Gold လို့ပြောရမယ့် ဒီကားလေးကတော့ 2010 ကထွက်ရှိခဲ့တာဖြစ်ပြီး Imdb Rating 6.9/10ရရှိထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြလိုပါသေးတယ်။ဆောရန်နဲ့ ကလတ် ဆိုတာအသိုက်တစ်ခုထဲမှာ မွေးဖွားလာတဲ့ ဇီးကွက်ပေါက်လေး နှစ်ကောင်ပါ။ တစ်ကောင်က စိတ်ထားနူးညံ့သူဖြစ်သလို အခြားတစ်ကောင်က စိတ်ထားကြမ်းတမ်းသူပါ။စိတ်ထားခြင်းလားလားမှမတူတဲ့သူတို့ညီအကိုနှစ်ယောက် တစ်နေ့တော့ အသိုက်ကနေ ထွက်ကျပြီးအိမ်ကနေခွဲခွာခဲ့ရပါတော့တယ်။မပျံနိုင်သေးတဲ့ဇီးကွက်ပေါက်လေးတွေကိုစုဆောင်းကာ ကျွန်အဖြစ်ခိုင်းစားနေတဲ့ သန့်စင်သူများဆိုတဲ့ဇီးကွက်တိုင်းပြည်ကိုသူတို့ရောက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဘယ်လိုဆက်ဖြစ်မယ်၊ဘယ်လိုတွေဆက်ရင်ဆိုင်ရမယ်ဆိုတာ စိတ်ဝင်စားစွာဆက်လက်ကြည့်ရှုရမှာပါ။စိတ်ဓါတ်ခွန်အားတွေအများကြီးပေးစွမ်းနိုင်တဲ့ဒီကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon ...
movie
2010
6.4
Happy Feet (2006)
Happy Feet (2006) Won 1 Oscar. Another 19 wins & 26 nominations IMDb - 6.4/10_____Rotten - 76% Happy Feet ကို 90Kids တွေ မှတ်မိအုံးမှာပါ သီချင်းမဆိုတက်ပေမယ့် အက ကျွမ်းကျင်တဲ့ ပင်ဂွင်း ငှက်ကလေး ရဲ့ စွန့်စားခန်း ခရီးစဉ်တစ်ခုကိုပေါ့ ဒီ Animation ရုပ်ရှင်ဟာ လူတော်တော်များများကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး အသိပညာတွေ ပေးပါတယ် ကျနော် ကိုယ်တိုင် ဒီဇတ်ကားရဲ့ နောက်ဆုံးတစ်နေရာမှာ ရင်ထဲ ဆို့နင့်ပြီး မျက်ရည်ကျလောက်အောင် ဝမ်းသာမိဖူးတယ် (ငယ်ငယ်တုန်းကပါ) :D ဇတ်လမ်းလေး အစ မှာတော့ ပင်ဂွင်းတွေ ဟာ ဖူးစာဖက် ရရှိဖို့ သီချင်းအဆိုကောင်းရပါတယ် ပင်ဂွင်းမ ကို ပိုးပန်းဖို့ ပင်ဂွင်းအထီးတွေက သီချင်းဆိုပြရတယ် မကြိုက်ရင် ပင်ဂွင်းမ ချေတာ ခံရမှာ ဖြစ်ပြီး အသံ ပါဝါ ကောင်းကောင်း နဲ့ ခံစားချက် ကောင်းကောင်းနဲ့ ညို့ငင်စွာ သီချင်းဆိုတက်တဲ့ ဘဲကြီး (ပင်ဂွင်းအထီး) တွေကတော့ စော်ကြည်ဘဲ တွေပါပဲ.... ဒီလိုနဲ့ နာမည်ကျော် အဆိုကောင်း အသံကောင်းတဲ့ ပင်ဂွင်း အထီး နဲ့ ...
movie
Happy Feet (2006)
2006