Channel Myanmar

Anthony Grasso

Stepmom(1998) 6.9
Stepmom(1998) Stepmom(1998)**************ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာကဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေတစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေသရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်းအမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကိုဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြားဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။File Size :(1.9GB) and (823MB) Quality : BLU-RAY 1080P, 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Stepmom(1998)

I’m Thinking of Ending Things(2020) 7.0
I’m Thinking of Ending Things(2020) I'm Thinking of Ending Things(2020)IMDb...7.0,,,,Rotten...84%မကြာခင်သေးခင်ကမှ Netflixမှာပြသသွားတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ I'm Thinking of Ending Things နဲ့ မိတ်ဆက်ပေးပါရစေ။ချစ်သူဖြစ်တဲ့ Jake နဲ့ပြတ်ဆဲဖို့ အကြောင်းတွေ ခေါင်းထဲမှာ တချိန်လုံးရှိနေတဲ့ မိန်းမငယ်လေး Lucy ၊ဘာလို့ ပြတ်ဆဲချင်တယ်ဆိုတာကိုလည်း သူမကိုယ်သူမ ရေရေရာရာ မသိပါဘူး။ဂျိတ်ရဲ့မိဘတွေနဲ့ ညစာအတူစားဖို့ သွားတဲ့လမ်းမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်နေသလိုသူမရဲ့ခေါင်းထဲမှာလည်း အတွေးမုန်တိုင်းတွေ တိုက်ခတ်နေပါတယ်။ညစာစားပြီးတဲ့နောက်မှာတော့ ဂျိတ်နဲ့ပတ်သတ်ပြီး သိချင်တာတွေ နားမလည်နိုင်တာတွေ ပိုတိုးလာပါတော့တယ်။Jake က ဘယ်လိုလူမျိုးလဲ Jake ရဲ့တည်ရှိမှုက Lucyအပေါ်ဘယ်လိုသက်ရောက်နေလဲဆိုတာ ဆက်လက်ကြည့်ရှုကြည့်လိုက်ကြပါဦး...ဒီကားကကြည့်ရင်းနဲ့တွေးစရာတွေများပြီး ပေးချင်တဲ့ message တွေလည်းကောင်းမွန်တာကြောင့် IMDb..ရော Rt ရော လတ်ဆတ်နေတာကြောင့်လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်....File Size :(1.04GB) and (388MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : ...
movie

I’m Thinking of Ending Things(2020)