Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anthony Chan Yau
6.9
The Millionaires’ Express ( 1986 )
ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p ( HEVC ) Format : mp4 Genres ...
movie
The Millionaires’ Express ( 1986 )
7.6
Mr. Vampire ( 1985 )
အားလုံးရင်းနှီးကျမယ့် တရုတ်သရဲကားတစ်ကားဖြစ်မှာပါ.. အလွယ်ခေါ်ရင်တော့ တရုတ်ခုန်ဆွ သရဲပေါ့ ငယ်စဉ်ကထဲက အားလုံးရင်းနှီပြီးသားဇာတ်ကားလေးတကားပါပဲ စုစုပေါင်း ၄ ကားရှိပြီး Bluray Quality Update တွေ အကုန်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ ဇာတ်ကားလေးရဲ့ ရရှိထားတဲ့ IMDb Rate ကတော့ 7.3 ပဲဖြစ်ပါတယ်..မင်ကော်ခေတ်ဦးပိုင်းမှာ သူဌေးကြီးရန်ဟာ ဖုန်းရွှေဆရာရဲ့ သတိပေးချက်အရ နှစ် ၂၀ ကြာတဲ့အခါ အဖေ့ရဲ့အုတ်ဂူကို နေရာပြောင်းဖို့အတွက် ဦးလေးကျိုကို အကူအညီတောင်းခဲ့ပါတယ်။ အုတ်ဂူဖွင့်တဲ့နေ့မှာ သိလိုက်ရတာက သခင်ကြီးရန်ရဲ့ သင်္ချိုင်းရှိရာနေရာဟာ အလွန်ကောင်းတဲ့ ပုစဉ်းရေစက်ချနေရာဖြစ်ပေမဲ့ အရင်တုန်းက မြှုပ်နှံဖို့အကြံပေးခဲ့တဲ့ ဖုန်းရွှေဆရာရဲ့ ယုတ်မာမှုကြောင့် သူ့အလောင်းဟာ နှစ် ၂၀ ကြာတဲ့အထိ မပုပ်မသိုးဖြစ်နေပါတယ်။ဦးလေးကျိုဟာ သံသယဖြစ်မိပြီး အဲ့အလောင်းကို သူနေထိုင်ရာ အလောင်းစံအိမ်ကို ပြန်သယ်သွားပြီး စောင့်ကြည့်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ကျန်းရှီးသရဲဖြစ်သွားပြီး သူဌေးရန်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ခေါင်းဆောင်ကလည်း ပေါ့ပျက်ပျက်နဲ့ပဲ ဦးလေးကျိုကို အချုပ်ခန်းထဲ ဖမ်းဆီးသွားခဲ့ပါတယ်။အဲဒီညမှာပဲ သူဌေးရန်ရဲ့အလောင်းကလည်း ကျန်းရှီးသရဲဖြစ်သွားပြီး စခန်းက လူတွေကို လိုက်လံတိုက်ခိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ထင်ထင်ကို ကာကွယ်ဖို့အတွက် ဝိန်ချိုင်တစ်ယောက် ကျန်းရှီးသရဲကိုက်တာ ခံလိုက်ရပြီး အလောင်းအဆိပ်တက်ပြီး ကျန်းရှီးသရဲဖြစ်သွားနိုင်ချေ ...
movie
Mr. Vampire ( 1985 )
6.2
Twinkle, Twinkle, Lucky Stars (1985)
ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie
Twinkle, Twinkle, Lucky Stars (1985)
5.8
Behind the Yellow Line (1984)
Behind The Yellow Line (1984)ကြိတ်မှိတ်ပြီး အစောကြီးအိပ်ခဲ့မိတဲ့ မနေ့ညက နာရီပြန်၂ချက်ကြီး အိပ်မက်မပြီးသေးခင် ကိုယ်လန့်နိုးလာခဲ့တယ်။ စီးကရက်ကို မီးညှိရင်း အိပ်မက်ကို ပြန်တွေးကြည့်တော့ နိုးလာမှ ကိုယ့်မှာ ပိုနာကျင်ရပြန်တာပါပဲ။ ဘဝတွေက အိပ်မက်ထဲမှာတောင် ဝေးမြဲဝေးဆဲ။ ဒီလို ဆွေးမြေ့မြေ့ညမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ကိုယ်ဟာ ကြည့်မယ်တွေးထားပြီး မကြည့်ဖြစ်သေးတဲ့ ရုပ်ရှင်တစ်ကားကို ကောက်ဖွင့်မိလိုက်တယ်။ ကြည့်မယ်လုပ်ထားမိတာကလည်း ထွေထွေထူးထူး အကြောင်းကြောင့်မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ လတ်စလီချောင်နဲ့ မက်ဂီချောင်ပါတဲ့ ရုပ်ရှင်မို့ Trailer ကြည့်ကြည့်ရာက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ်ထင်လို့ စိတ်ပြေလက်ပျောက်ရှိချင်တဲ့အခါ ကြည့်ဖို့သိမ်းထားလိုက်တာပါပဲ။ တော်တော်တောင်ကြာပါပြီ။ မနေ့ညကတော့ ကိုယ်ကြည့်ဖြစ်ခဲ့တယ်။ရုပ်ရှင်ဖွင့်လိုက်တယ်ဆိုရင်ပဲ လတ်စလီချောင်သရုပ်ဆောင်တဲ့ အူကြောင်ကြောင်စာကြမ်းပိုးလေး ဇာတ်ရုပ်ကို ကိုယ်မြင်ရတော့တာပါပဲ။ အူကြောင်ကြောင်နဲ့ လမ်းလျှောက်တာတောင် ဗရုတ်သုတ်ခဖြစ်နေတတ်တဲ့ကောင်ပေါ့။ ဒီလိုသာ မင်းဘေးမှာပြောမိခဲ့ရင် "သူများကိုပြောပြန်ပြီ သူကရော ဘာထူးလို့လဲ"လို့ မင်းပြောမှာ ကိုယ်ပြေးမြင်မိသေးတယ်။ ဟောင်ကောင်အချစ်ဟာသကားတွေရဲ့ ...
movie
Behind the Yellow Line (1984)
1984
5.7
[18+] 3 Days of a Blind Girl (1993)
1993 ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဓိကဇာတ်ဆောင်ဖြစ်သူက ဒေါက်တာဂျက်အင် လိုခေါ်တဲ့ နှလုံးအထူးကုဆရာဏန်တစ်ယောက်ရဲ့ ဇနီးဖြစ်သူပါအမျိုးသမီးလေးဟာ မျက်လုံးခွဲစိတ်မှုကြောင့် သုံးရက်တာ မျက်စိမမြင်ရ ဖြစ်နေပါတယ်...ဖြစ်ချင်တော့ ယောက်ျားဖြစ်သူကလဲ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ခရီးထွက်ဖို ဖြစ်လာရပြီးအိမ်ကြီးမှာ အမျိုးသမီးလေးနဲ့ အိမ်ဖော် မေ ဆိုသူပဲရှိနေတဲ့အချိန်ပါ...အဲ့အချိန်မှာ ခင်ပွန်းဖြစ်သူရဲ့မိတ်ဆွေလို့ဆိုတဲ့ လူတစ်ယောက် အိမ်ကိုရောက်လာတဲ့အချိန်မျှော်လင့်မထားတဲ့ ဖြစ်ရပ်ဆိုးကြီးကို ကြုံရပါတော့တယ်...လူချမ်းသာဆရာ၀န်တစ်ယောက်နဲ့လက်ထပ်ပြီး လိုလေသေးမရှိ ဘဝကိုခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဖြတ်သန်းလာရတဲ့ အမျိုးသမီးလေးတစ်ယောက်ယခုလို ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံတွေ့ပြီးနောက်ပိုင်းမှာရဲရင့်တဲ့အမျိုးသမီးတစ်ဦးအဖြစ်ပြောင်းလဲသွားပုံကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ...(အမြင်မတော်တဲ့ဇာတ်ဝင်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ အဆင်မပြေပါဘူး။) File size…(1.3 GB) and (900 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Chuck Chuck
movie
[18+] 3 Days of a Blind Girl (1993)