Channel Myanmar

Anthony Beninati

Clueless (1995) 6.8
Clueless (1995) IMDB Rating(6.8) / Rotten Tomatoes (79%)Clueless (1995)ဆယ်ကျော်သက်အချစ်ဇာတ်မြူ းလေးပါ။ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေ၊ ကျောင်းသားအချစ်ဇာတ်လမ်းတွေ ကြိုက်တတ်သူတွေအတွက်တော့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။၁၉၉၅ ခုနှစ်ဝန်းကျင်က အမေကန်မှာရှိတဲ့ အထက်တန်းကျောင်းသားတွေရဲ့ သဘာဝတွေကို ထင်ဟပ်ပြထားပါတယ်။ နောက်ပြီး Clueless ဆိုတာ ခေတ်အဆက်ဆက် အကောင်းဆုံးဆယ်ကျော်သက်ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့သလို၊ ဇာတ်လမ်းထဲမှာ သုံးခဲ့တဲ့ ဗန်းစကားတွေကလည်း အတော်နာမည်ကြီးခဲ့ပါတယ်။လူချမ်းသာရပ်ကွက်က လိုတိုင်းတရနေတဲ့ အထက်တန်းကျောင်းသူကောင်မလေး၊ ဈေးဝယ်ထွက်ဖို့နဲ့ ဖက်ရှင်ကျကျဝတ်စားဖို့ကို အလေးပေးတတ်သူ၊ ပါတီတွေတက်ပြီး ပျော်ပျော်ပါးပါး အလှပြချင်သူ။ ပါတီတက်ရတာကို ကြိုက်တဲ့ အလန်းစားကောင်မလေး ဖြစ်ပေမဲ့ တကယ်ချစ်တဲ့သူကျမှ သူ့ရဲ့အပျိုစင်ဘဝကို ပေးမယ်လို့ ဆုံးဖြတ်ထားသူ။အဲဒီလိုကောင်မလေးနဲ့ စာတော်ပြီးအလုပ်ကြိုးစားတဲ့၊ ပါတီတက်ရတာ ဝါသနာမပါတဲ့၊ သဘောမနောကောင်းတဲ့ တက္ကသိုလ်ကျောင်းသားလေးတို့ အချစ်စစ်ကို ဘယ်လိုရှာတွေ့သွားကြမလဲ?အချစ်နဲ့ ဟာသကို ရောနှောပြီး လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ မှုံနေအောင်လှတဲ့ မင်းသမီးချော Alicia Silverstone ...
movie

Clueless (1995)

1995