Channel Myanmar

Anson Paul

A Ranjith Cinema (2023) 5.9
A Ranjith Cinema (2023) A Ranjith Cinema 2023 (ဟာသ) Imdb -5.8/10ဘဝကရိုလာကိုစတာစီးသလိုဖြစ်ချင်ရင်တော့ ဒီကားလေးကြည့်သင့်ပါတယ် Netflix ကနေထုတ်လွှင့်ထားတဲ့ Prankတွေ ဗီဒီယိုတွေရိုက်တင်ပြီး ပျော်စေပြက်စေသဘောမျိုးနဲ့ လူကြည့်များအောင်နည်းလမ်းစုံသုံးကြတဲ့ပရိုဂရမ်ကြောင့် ဘဝတွေကဘာတွေဖြစ်သွားကြတယ်ဆိုတာကို တင်ဆက်ထားတာပါဘဏ်ကိုအနုကြမ်းဝင်စီးနေကြတဲ့ ဓားပြတစ်ဖွဲ့.. သေနတ်ကိုယ်စီနဲ့ ဘဏ်ထဲကလူတိုင်းကို ခြိမ်းခြောက်ပြီး ကြမ်းပေါ်ဝပ်ခိုင်းထားတယ် သေနတ်တွေနဲ့ဆိုတော့ လူတွေကမတတ်သာဘဲ ခိုင်းသမျှလုပ်နေရင်း လုံခြုံရေးကဝင်ကယ်လို့ ဓားပြတွေရဲစခန်းရောက်သွားလေရဲ့ ဒီတော့စုံစမ်းစစ်ဆေးရင်းပေါ်လာတာကတော့ တီဗီမှာထုတ်လွှင့်ဖို့ prank တစ်ခုပါတဲ့လေ ဓားပြတွေကလည်း သရုပ်ဆောင်တွေဖြစ်ပြီး သေနတ်တွေကလည်းအတုပေါ့ဒီလိုနဲ့တရားရင်ဆိုင်နေချိန် နောက်ထပ် prank တစ်ခုထပ်လုပ်ကြပြန်တယ် အဲဒါကတော့ လူခေါင်းတစ်ခေါင်းကို အိတ်ထဲထည့်ပြီး အိတ်ခဏကိုင်ထားပါဆိုပြီး ရဲဖမ်းအောင်လုပ်တာပါ ဖြစ်ချင်တော့ ဒီ prank အလုပ်ခံရတဲ့လူက ဆန်နီ ..ဆန်နီကအဲဒီနေ့မှာ သိန်းထောင်ချီမြတ်မဲ့မီတင်တစ်ခုကိုသွားနေတဲ့လမ်းမှာပေါ့ ကံဆိုးချင်တော့ကားပျက်ရာကနေ ဒီ prank နဲ့တိုးပြီး မီတင်ရော ငွေတွေပါလက်လွှတ်လိုက်ရတယ် ဒီ prank ကြောင့် ဆန်နီနဲ့အတူ တခြားနစ်နာသူလည်းရှိပါတယ် အဲဒါကတော့ပြည်သူ့ရှေ့နေတစ်ယောက်ပါ ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဇာတ်ရှိန်မြင့်အောင်ခေါ်သွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Zwe ~ Alex ~ ...
movie

A Ranjith Cinema (2023)

2023
Rahel Makan Kora (2023) 7.9
Rahel Makan Kora (2023) Rahel Makan Kora (2024) "ချစ်ခြင်းတရားမှာ သက်သေတည်" IMDb - 8.1/10ရင်ကိုနွေးစေမဲ့ မလေယာလမ်းစကားပြော မိသားစုဒရာမာ အိန္ဒိယရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ဂါတမီဆိုတာ ဇွဲကောင်းမှု စိတ်အားထက်သန်မှုနဲ့အတူ စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးလေးတစ်ယောက်။မိသားစုကြီးရဲ့တာဝန်ကို အပြည့်အ၀ယူထားပြီး အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပေမဲ့ မှန်တာကို ရဲရဲဝင့်၀င့်ထောက်ပြရဲတဲ့ အာဂသတ္တိခဲမလေး။အသားယူတတ်တဲ့ အလုပ်ရှင်တွေကို ငြိမ်ခံမနေဘဲ တုံ့ပြန်တာကြောင့် အလုပ်အမျိုးမျိုးပြောင်းလုပ်နေရတဲ့သူ။ကိုရာကတော့ မိခင်နဲ့အတူ သားမိနှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်။မိခင်ဖြစ်သူကတော့ ရပ်ကွက်ရဲ့ အော်ကြောလန် အမှန်တရားဘက်တော်သားကြီးပေါ့။မိခင်ဖြစ်သူက ဂါတမီလေးကိုတွေ့တော့ သဘောအကျကြီးကျပြီး စိတ်ထဲမှာ သားတော်မောင်နဲ့ကြိတ်ပြီး သဘောတူနေလေရဲ့။ ဒါပေမဲ့ ဂါတမီနဲ့ ကိုရာတို့မှာကလည်း အရင်ဆုံဖူးသား ဇာတ်လမ်းလေးရှိနေတဲ့အခါမှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2GB / 902MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Rahel Makan Kora (2023)

2023
Solo (2017) 7.1
Solo (2017) Solo 2017-------------------------Solo (2017) ဟာ IMDb 7.1/10 ရထားတဲ့ Anthology Type Netflix Movie ဖြစ်ပါတယ်ဒီဇာတ်ကားမှာ ဇာတ်လမ်းတို လေးခုပါဝင်ပြီးတော့ဇာတ်လမ်းတစ်ခုချင်းစီမှာ အရှင်သီဝရဲ့ personality တစ်ခုချင်းစီရဲ့ ပုံရိပ်ကို ထင်ဟပ်ပြသထားတာပဲဖြစ်ပါတယ်Water Air Fire Earth ဆိုတဲ့ element လေးခုကိုပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်ချစ်ရသူဇနီးသည်ရဲ့ အမှတ်တရတွေကို တစ်သက်လုံးထမ်းပိုးရင်း နေထိုင်သွားတဲ့ ရှေခါဘာသာမတူတဲ့ချစ်သူနဲ့ ခက်ခက်ခဲခဲ ကြိုးစားပေါင်းဖက်ခဲ့ရပြီးမှ ဟန်းနီးမွန်းကာလမှာမှ သေကွဲကွဲရတဲ့ ဒေါက်တာထရစ်လော့အဖေကို သတ်ခဲ့တဲ့လူကို ပြန်လိုက်ရှာရင်း လက်စားချေဖို့ကြိုးစားခဲ့တဲ့ ဂိုဏ်းစတား ရှီဗာအရမ်းချစ်ရတဲ့ကောင်မလေးကို မဆုံးရှုံးချင်လို့ စိတ်လိုက်မာန်ပါပြုမူမိတဲ့ ဗိုလ်လေးရူဒရာလူငယ်လေးယောက်ရဲ့ အချစ်နဲ့ဘဝမှာ အနိမ့်အမြင့်အတက်အကျ နာကျင်မှုနဲ့ ဒေါသ ရောပြွမ်းမှုတို့ကိုကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးခုလုံးမှာ Dulquer Salmann တစ်ယောက်တည်းကပဲအဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာBejoy Nambiar က ရိုက်ကူးတင်ဆက်ထားပါတယ် Translated by : Jerrica Encoded by ...
movie

Solo (2017)

2017
Thambi (2019) 6.9
Thambi (2019) (Unicode)ဒီတစ်ခါတော့ နာမည်ကြီးလူသိများတဲ့ တမီးလ်(Tamil)မင်းသားKarthiနဲ့ ကျောင်းအုပ်ဆရာမကြီးအဖြစ်သိကြတဲ့ မင်းသမီးJyotikaတို့ရဲ့ 'မောင်လေး' အမည်ရဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။နည်းနည်းလေး အာရုံပေးချင်ပါတယ်.... လှည့်စားချင်ပါတယ်....ဇာတ်လမ်းအကျဉ်းအရ ပထမဦးဆုံး မြင်ရတာတော့... ဆေးသမား လူငယ်တစ်ယောက် ကားပေါ်မှာ သူငယ်ချင်း အချင်းချင်း စကားများရာကနေ သံတုတ်နဲ့ ရိုက်ခံလိုက်ရတယ်။သေသလား၊သတိလစ်သွားသလာတော့ အတိအကျမသိနိုင်။ဒုတိယအနေနဲ့ မြင်ရမှာတော့ မောင်တစ်ယောက်ကို သတိရနေတဲ့ အစ်မတစ်ယောက်ရဲ့ ပူဆွေးသောကကို မြင်ရတယ်။မိသားစု လေးယောက် ရှိတယ်။ အဖေရယ်၊အမေရယ်၊မောင်လေးရယ်၊ အစ်မရယ်။အဖေဟာ ဝန်ကြီးတစ်ယောက်ပဲ။ ပျောက်နေတဲ့သား၊ အိမ်ထောင်မကျသေးတဲ့ သမီးဆိုတဲ့ နာမည်ဆိုးနဲ့ အတိုက်အခံပါတီက တိုက်ခိုက်တယ်။ပျောက်နေတဲ့သားကိုတောင် မရှာနိုင်၊မထိန်းသိမ်းနိုင်တာ ပြည်သူကို ဘယ်လို စောင့်ရှောက်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ သူရဲ့ ဂုဏ်ပုဒ်ကို ထိခိုက်လာတယ်။ပြီးတော့ အိမ်ထောင်မကျသေးတဲ့ သမီးရှိနေတာလည်း အိန္ဒိယယဉ်ကျေးမှုအရ အားနည်းချက်တစ်ခု ဖြစ်နေတယ်။လတ်တလောမှာ ...
movie

Thambi (2019)

2019