Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anson Mount
5.5
Hick (2011)
ချစ်စရာမင်းသမီးချောလေး Chloe Grace Moretz ငယ်စဉ်ကပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2011 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Hick ဖြစ်ပြီး IMdb Rating 5.5အထိရရှိထားပါတယ်။ဒရာမာ ဟာသအမျိုးအစားဖြစ်ပြီးအိမ်နဲ့ဝေးနေတဲ့အိမ်ပြေးလေးတွေအတွက်ပိုကြည့်ကောင်းမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။နယ်မြို့လေးမှာ မိဘဖြစ်သူတွေနဲ့အတူနေထိုင် လူလီဆိုတဲ့ကောင်မလေးတစ်ယောက်က တစ်နေ့မှာတော့ အိမ်ကမိဘတွေရဲ့ဖိအားတွေကြောင့်အိမ်ပေါ်ကဆင်းလာခဲ့ပြီး သူ့အိပ်မက်ဖြစ်တဲ့လက်စ်ဗီးဂက်စ်ကိုသွားဖို့တစ်ယောက်တည်း ကားလမ်းမကြီးပေါ်လမ်းလျှောက်ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမှာလမ်းကြုံခေါ်ပေးမဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး ကားကြုံလိုက်စီးခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီလူကထူးဆန်းနေတဲ့အတွက် လူလီတစ်ယောက်ချက်ချင်းဆင်းပြေးလာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမကြီးပေါ်မှာဆက်လျှောက်လာခဲ့ပြီးကားကြုံထပ်လိုက်စီးခဲ့ပါတယ်။ဒါပေမယ့်ဒီတစ်ခေါက်တော့ လမ်းကြုံတင်ခေါ်ပေးတဲ့သူက အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် သူနဲ့အဆင်ပြေခဲ့ပြီး သူ့ရဲ့ လက်စ်ဗီးဂက်စ်ကိုသွားတဲ့ခရီးစဉ်မှာ ဘယ်လိုစွန့်စားခန်းတွေထပ်မံကြုံတွေ့သွားရဦးမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 740MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Hick (2011)
6.5
Last Night (2010)
ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရောwriter အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီးလာတဲ့ Sam Worthington, မင်းသမီးချော Keira Knightleyတို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာတစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည်သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည်သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။File size…1.25GB / 587MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie
Last Night (2010)
4.4
Urban Legends: Final Cut (2000)
Urban Legends: Final Cut (2000) =========================Urban Legends: Final Cut ဟာ Urban Legends ဇာတ်ကား တွဲတွေရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကျော် ရုပ် ရှင်ကျောင်းတစ်ကျောင်းဖြစ်တဲ့ အယ်လ်ပိုင်းတက္ကသိုလ်ကျောင်းသူ အေမီမေဖီးလ်ဟာ ကျောင်းကိုတင်သွင်းရမယ့် Thesis ဇာတ်ကား အတွက် ပါးစပ်ရာဇဝင်တွေထဲကပုံစံအတိုင်း လူသတ်မှုတွေ ကျူး လွန်တဲ့ လူသတ်သမားအကြောင်းရိုက်ဖို့စိတ်ကူးရပြီး အကောင်အ ထည်ဖော်ဖြစ်ခဲ့ပါတယ်။ဇာတ်ကားစတင်ရိုက်ကူးချိန်ကစလို့ သူ့သူငယ်ချင်းတွေ ရိုက်ကူးရေး အဖွဲ့ဝင်တွေဟာ ရုပ်ရှင်ထဲကလိုနည်းလမ်းတွေနဲ့ တစ်ဦးပြီးတစ်ဦး သေဆုံးလာခဲ့ချိန်မှာတော့ ဒီအမှုတွေရဲ့နောက်ကွယ်က လက်သည်ကို ကိုယ်တိုင်ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း သွေးထွက် သံယိုပြကွက်တွေ လှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုခံစားရမယ့် old but gold တစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.8 GB) / (900 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery Translator.......Alias Encoder..........SWM
movie
Urban Legends: Final Cut (2000)
2000
5.8
Straw Dogs (2011)
1971 က နာမည်တူဇာတ်ကားကိုပဲ ပြန်လည်ဖန်တီးထားတဲ့သည်းထိပ်ရင်ဖို ဒရာမာဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။The Legend of Tarzan The Northman စတဲ့ဇာတ်ကားတို့နဲ့နာမည်ကြီးလာခဲ့တဲ့Skarsgård မိသားစု၀င်တယောက်ဖြစ်တဲ့Alexander Skarsgårdနဲ့ Hairspray, Sonic thehedgehog, Enchantedစသဖြင့် ကျရာဇာတ်ကောင်အတော်များများမှာသရုပ်ဆောင်နိုင်တဲ့James Marsdenတို့ကပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘလက်ဝါးတား မစ္စစပီဆိုတာက အမေရိကန်နိုင်ငံရဲ့တောင်ဘက်ကမြို့လေးတမြို့။ Redneck လို့ခေါ်ကြတဲ့ရှေးရိုးစွဲလူဖြူတွေအများစုနေထိုင်ကြတယ်။ဒီနေရာကိုပြောင်းလာတာက ဒေးဗစ် ဆန်မနာဆိုတဲ့ရုပ်ရှင်စာရေးဆရာနဲ့မင်းသမီးငယ်ငယ်ချောချောလေး အေမီ ကိတ်စ်တို့လင်မယားနှစ်ယောက်ပါ။အေမီကိတ်စ်ရဲ့ဇာတိဖြစ်တဲ့ဘလက်၀ါးတားမြို့လေးကလူတွေကအပြင်လူကိုသိပ်ပြီး မကြိုဆိုတတ်သလိုမြောက်ပိုင်းကလာတဲ့သူဌေးလိုလိုပညာတတ်ဆရာကြီးတွေကိုကြည့်မရဘူး။ ဒီလိုအချက်တွေနဲ့သွားညီနေတဲ့ဒေးဗစ်တယောက်က မြို့ရဲ့အချောလေး အေမီကိုမှပိုင်ဆိုင်သွားခဲ့တော့မျက်စိစပါးမွှေးစူးစရာဖြစ်နေခဲ့တယ်။အထူးသဖြင့်ကတော့ ချာလီဆိုတဲ့အေမီရဲ့ရည်းစားဟောင်းနဲ့သူ့ရဲ့သူငယ်ချင်းလက်သမားအဖွဲ့နဲ့ တွန် ဟက်ဒွန်ဆိုတဲ့ဘုကလန့်အရက်သမားနည်းပြဟောင်းတို့ရဲ့မျက်စိထဲမှာပါပဲ။ဒီခပ်ထန်ထန် ဘီယာလက်ကမချ သေနတ်တကားကားနဲ့သူ့ကိုကြည့်မရတဲ့မြို့ခံတွေအကြား မြို့သားကြီးဒေးဗစ်တယောက်ဘယ်လိုရှင်သန်ရမလဲ။ သူတို့ကိုမကြိုဆိုတဲ့ဒီမြို့မှာသူတို့ဆက်ရောနေသင့်ရဲ့လား။ချာလီရဲ့ အေမီအပေါ်မပြတ်နိုင်သေးတဲ့ မျက်၀န်းတွေအောက်နဲ့ဒေးဗစ်နဲ့အေမီတို့ရဲ့ခပ်တင်းတင်းအိမ်ထောင်ရေးတို့အကြားဘယ်လိုဆက်ဖြစ်ဦးမှာလဲ။သူတို့သုံးယောက်ရဲ့အရှုပ်တော်ပုံတွေက နောက်ဆုံးမှာတော့ဘယ်လိုပြီးဆုံးသွားမလဲဆိုတာကိုStraw dogs ဆိုတဲ့ဒီဇာတ်ကားလေးမှာရှူစားပေးပါဦး............. File size…2.06GB / 828MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Straw Dogs (2011)
7.0
Boiler Room (2000)
မင်းသာကြီး Vin Diesel, Giovanni, Ben Affleck တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၀ ခုနှစ်က ဇာတ်လမ်းဟောင်းတစ်ပုဒ်ပါဒီဇာတ်လမ်းမှာ လောဘသားတို့ရဲ့ အတောမသတ်နိုင်မှုတွေကို မြင်တွေ့ကြရပါလိမ့်မယ်၊ ပညာရေးမှာ ဘယ်လိုမှ မဖြစ်မြောက်နိုင်မှန်း ကိုယ့်ကိုယ်ကိုယ်သိသွားတဲ့ ဆက်ဟာ ကောလိပ်ထွက်လိုက်ပြီး တရားမဝင်ကာစီနို အလုပ်လုပ်ရင်း ငွေရှာပါတယ်တစ်နေ့မှာ သူ့ကာစီနိုကို လာတဲ့ ပွဲစားတစ်ယောက်နဲ့ ဆုံမိပြီး သူ့လုပ်ငန်းမှာ အလုပ်လုပ်ဖို့ ' ဖြစ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီကုမ္ပဏီဟာ တခြားကုမ္ပဏီတွေလို့ ရိုးသားဖြူစင်နေလှတယ်တော့ မဟုတ်ပါဘူး ။ မရှိတဲ့ စတော့ရှယ်ယာတွေကို လိမ်ရောင်းပြီး ရိုက်စားတဲ့နေရာတစ်ခုပါ။ဇ,ရှိပြီးသား ဆက်တစ်ယောက် ဒီလိုနေရာကို ရောက်လာချိန်မှာတော့......File size…(3.13GB) / (1.29GB) / (622MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Drama / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act ...
movie
Boiler Room (2000)
6.7
MK Ultra (2022)
MK Ultra (2022)~ IMDb - 6.7/10, Rotten Tomatoes - 98% ~( * အချို့သော ဇာတ်ဝင်ခန်းများသည် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ * )စိတ်ကိုထိန်းချုပ်စေခိုင်းခြင်း (mind control) ဆိုတာ စိတ်ကူးယဉ်ရုပ်ရှင် ဇာတ်လမ်းတွေအတော်များများမှာ ထည့်ရိုက်လေ့ရှိတဲ့ အကြောင်းအရာတစ်ခုပါ။စိတ်က ခန္ဓာကိုယ်ကို မောင်းနှင်တယ် ဆိုတဲ့စကားရှိပြီး မိမိသာ တခြားသူတစ်ယောက်ယောက်ရဲ့စိတ်ကို ထိန်းချုပ်ကိုင်တွယ်နိုင်လိုက်မယ်ဆိုရင် ကိုယ်ဟာ အဲဒီလူရဲ့ ခန္ဓာကိုယ်၊ အဲဒီလူ လုပ်သမျှကို လိုသလို အသုံးချ စေခိုင်းနိုင်ပြီ ဆိုတဲ့သဘောပဲ မဟုတ်လား။ စိတ်ကူးယဉ်ဆိုတာကလည်း လက်တွေ့ကနေ ဆင့်ပွါးဖြစ်တည်လာတဲ့အရာမို့ "စိတ်ကို ထိန်းချုပ်ခြင်း" ဆိုတဲ့ စကားလေးအပေါ် အခြေခံလို့ အင်အားကြီးနိုင်ငံတွေနောက်ကွယ်မှာ သို့လော သို့လော ဖြစ်စရာတွေ၊ အခုထိ ဖော်ထုတ်လို့မရတဲ့ လျှို့ဝှက်ချက်တွေ တပုံတပင်ကြီး ရှိနေမယ်ဆိုလျှင်ရော...?MK Ultra ...
movie
MK Ultra (2022)
2022
6.5
Safe (2012)
Safe (2012)မိုင် လို့ခေါ်တဲ့ တရုတ်မလေးက တစ်ခါမြင်ထားလိုက်ရင် ဘယ်တော့မှ မမေ့တော့အောင်အထိကို မှတ်ဉာဏ်တအားကောင်း လွန်းတဲ့သူပါ။ ဒီလို ဉာဏ်ကောင်းတဲ့အတွက်လည်း ဒုစရိုက်ဂိုဏ်းအချို့နဲ့ လုပ်ငန်းရှင်အချို့က မိုင်ကို အပြိုင်အဆိုင် အလို ရှိနေကြပါတယ်။တစ်ရက်မှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတစ်ယောက် က မိုင်ကို ပြန်ပေးသွားပြီး သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီကို ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ လုခ်ရိုက် က ရုရှားမာဖီယားတွေ နဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိလိုက်တာကြောင့် မာဖီယားတွေက လုခ် ရဲ့ ဇနီးသည်ကိုသတ်ပြီး လက်စားချေသွားပါတယ်။ ဇနီးသည်ဆုံးရှုံးလိုက်ရတဲ့ လုခ်လည်း အရက်သမားလုံးလုံးဖြစ်ပြီး အိမ်ခြေယာမဲ့အနေနဲ့ လေလွင့်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်ကြီး က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး သိပ်မကြာခင်မှာပဲ ရုရှားမာဖီးယားတွေက မိုင့်ကို ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။အခွင့်အရေးရတုန်း မာဖီးယားတွေလက်ကနေ ပြေးလာတဲ့ မိုင် နဲ့ လုခ်တို့ ...
movie
Safe (2012)
2012
7.6
Doctor Strange in the Multiverse of Madness (2022)
IMDb Rating (7.3)ဒေါက်တာစထရိန့်ဂျ် ရုပ်ရှင်အသစ်စက်စက်လာပါပြီ။ ဇာတ်လမ်းကတော့ ဝန်ဒါဗီရှင် ဇာတ်လမ်းတွဲကနေ စတာပါ။ ဝန်ဒါဗီရှင် စီးရီးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်နိုင်ပါပြီ။ဝန်ဒါဗီရှင်စီးရီးအပြီး စကားလက်ဝစ်ချ်(ကြက်သွေးရောင်စုန်းမ) ဖြစ်သွားတဲ့ ဝန်ဒါဟာ မှော်ပညာတွေကို စွန့်လွှတ်ပြီး တစ်ယောက်တည်း နေထိုင်နေပါပြီ။ ဒါပေမဲ့ အပြိုင်စကြဝဠာတွေကို ကူးသန်းဖို့ ပေါ်တယ်တံခါး ဖွင့်နိုင်စွမ်းရှိတဲ့ အမေရိကချားဗက်စ်ဆိုတဲ့ ကလေးမလေးနဲ့ ဒေါက်တာစထရိန့်ဂျ်တို့ တွေ့ဆုံတဲ့အခါ၊ ကလေးမလေးကို နတ်ဆိုးတစ်ကောင်က လိုက်ဖမ်းနေကြောင်း သိလိုက်ရတာမို့ ဒေါက်တာစထရိန့်ဂျ်ဟာ ဝန်ဒါမက်ဆီမော့ဖ်ကို အကူအညီတောင်းလာပါတော့တယ်။အဲဒီကနေ အပြိုင်စကြဝဠာတစ်လျှောက် ရန်သူတွေ တိုက်ပွဲတွေ စတင်လာပါတော့တယ်...။WEB-DL Quality ကို 4K IMAX HDR နဲ့ပါ တင်ဆက်ထားပါတယ်။(HDR Version ကိုတော့ HDR Support လုပ်တဲ့ ခေတ်ပေါ်ဖုန်းတချို့..Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပြီး ရိုးရိုး Device တွေကတော့ 4K HEVC SDR ကိုသာ ဒေါင်းလုတ်လုပ်ကြပါ။)File size… (5.2 ...
movie
Doctor Strange in the Multiverse of Madness (2022)
4K HEVC IMAXHDR
Injustice 2021
Injustice ရဲ့ ဇာတ်လမ်းကို ဂိမ်းထဲမှာ ကာတွန်းစာအုပ်ထဲမှာရင်းနှီးပြီးသား လူတွေလည်း ရှိမှာပါ။DC Comic ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွေထဲက တစ်ခုုပါပဲ။DC ရဲ့ နတ်ဘုရားအစွမ်းနဲ့ လူသားဆန်တဲ့ စူပါမန်းတစ်ယောက် လူသားဆန်လွန်းသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ။ပထမဆုံးအကြိမ် လူသတ်မိလိုက်ပြီးနောက်မှာ ဘာတွေဖြစ်လာမလဲ။ငြိမ်းချမ်းရေးကို အကြမ်းဖက်ရယူမလား ငြိမ်းချမ်းစွာရယူမလား ဂျက်စတစ်လိ မန်ဘာတွေ ရွေးချယ်ဖို့ကြုံလာတဲ့အခါ ဘယ်ဘက်ကိုရွေးကြမလဲ။လူတိုင်းဟာ ဒုတိယအခွင့်အရေးနဲ့ တန်မတန်ဆိုတာကို ဘယ်လိုဖြေကြမလဲပေါ့။ဒီ ကာတွန်းဟာ မူရင်း injustice လောက် မပြည့်စုံပေမယ့် ကျောရိုးချင်း တူတာမို့ အပမ်းဖြေဖို့အတွက် လုံလောက်မှာပါ။ File size… 1.1 Gb / 500 Mb Quality….BluRay 1080p / 720p Format…mkv Duration….01:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Mr. Anderson
movie
Injustice 2021