Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Annisa Hertami
6.8
Kisah Tanah Jawa: Pocong Gundul (2023)
ဒီဇာတ်ကားကတော့ ကျောတချမ်းချမ်းနဲ့ စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမယ့် အင်ဒိုနီးရှားနိုင်ငံသရဲကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ခေတ်နောက်ပြန်ဆွဲနိုင်စွမ်းရှိပြီး အတိတ်ကိုအချိန်ခရီးသွားရင်း အဖြစ်အပျက်တွေကို မြင်နိုင်စွမ်းရှိတဲ့Hao ဟာ မထင်မှတ်ဘဲ ပျောက်ဆုံးသွားတဲ့ ကျောင်းသူလေးSari ကို ပြန်လည်ရှာတွေ့အောင် ကြိုးစားခဲ့ပါတယ်။ကျောင်းတက်ရင်း ရုတ်တရက် ကျောင်းဝန်းထဲမှာ ပျောက်ဆုံးသွားတဲ့ Sari ကို ဟောင်က သူ့အစွမ်းအစနဲ့ရှာဖွေတဲ့အခါကျောင်းသူလေးကို ပြန်ပေးဆွဲသွားခဲ့တဲ့ သင်္ချိုင်းဖုံးမှာရစ်ပတ်နေတဲ့ ခေါင်းပြောင်တစ္ဆေကြီးပိုချောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ဟောင်ရဲ့လုပ်ရပ်တွေကို မနှစ်မြို့တဲ့ ခေါင်းပြောင်တစ္ဆေကြီးပိုချောင်ဟာ ဟောင်နောက်ကိုလိုက်လာပြီး ဒုက္ခပေးဖို့ကြိုးစားပါတော့တယ်။ ဒီအခါမှာတော့ ဟောင်နဲ့သူ့ကောင်မလေးရီဒါတို့ကြားမှာ ရင်တုန်စရာ အဖြစ်အပျက်တွေက ဆက်တိုက်ဖြစ်ပျက်လာခဲ့ပြီး ဟောင်က ပိုချောင်ရဲ့အတိတ်ကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ့ရဲ့ဇစ်မြစ်နဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဆယ်နှစ်တကြိမ် လူတွေကိုဒုက္ခပေးနေတဲ့ခေါင်းပြောင်တစ္ဆေကြီးကို ဟောင်တယောက် ဘယ်လိုပညာပေးသွားနိုင်မလဲဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေ၊ သည်းထိတ်ရင်ဖိုစရာတွေနဲ့ အင်ဒိုနီးရှားရိုးရာပုံပြင်တွေကို ပေါင်းစပ်ပြီးကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ File size…1.26GB / 487MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Horror Subtitle….Myanmar Subtitle ...
movie
Kisah Tanah Jawa: Pocong Gundul (2023)
8.2
Andragogy (2023)
Andragogy (2023)မျက်မှောက်ခေတ်မှာ မြင်ရတွေ့ရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေထဲတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ဒုက္ခပေးပုံအဖုံဖုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မီဒီယာတွေကြောင့် လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပြီး အင်ဒိုနီးရှားဇာတ်ကားဆိုပေမယ့် ဇာတ်အိမ်ခိုင်ခန့်မှုက တော်တော်ကို ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ ပညာရေးစနစ်၊ မိသားရေးရာ ပြဿနာ စတဲ့ အရာတွေကို ဇာတ်အိမ်လုံးတစ်ခုတည်းမှာ အကုန်လုံးကို စုပြုံထည့်ပြီး ပြသထားတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ အစပ်အဟပ်တည့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သာမန်ပြဿနာလေးတစ်ခုကို လိုင်းပေါ်တင်လိုက်ရာကနေ ပြဿနာက တဖြည်းဖြည်းနဲ့ ကြီးလာခဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ လိုင်းပေါ်က နာမည်တအားကြီးနေတဲ့ အုန်းသီးကိတ်ဆိုင်မှာ ဆရာမ ပရာနီက ဝယ်ယူရင်း ကြားဖြတ်ဝင်တဲ့သူနဲ့ ရန်ဖြစ်မိခဲ့တာပါ။ ဒါပေမဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာက ဆရာမ ပရာနီဖြစ်တဲ့အတွက် လိုင်းပေါ်က လူတွေဟာ ဆရာမ ပရာနီကိုပဲ အပြစ်တင်ကြပါတယ်။ ဒါကြောင့် ဆရာမ ပရာနီရဲ့ ပတ်ဝန်းကျင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာရပါတယ်။ အဲဒီအတွက် ဖြေရှင်းချက် ဗီဒီယိုတစ်ခုကို ပရာနီက ပြန်တင်ပြီး ဖြေရှင်းခဲ့ပေမယ့် တစ်ဖက်လူကလည်း ပြန်လည်ဖြေရှင်းခဲ့တာကြောင့် သံသရာက မဆုံးနိုင်ဘဲ တိုင်ပတ်နေပါတယ်။ အဲဒီလိုကနေ ...
movie
Andragogy (2023)
2023
5.0
Anak Titipan Setan (2023)
Anak Titipan Setan (2022) ==========================ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ ၂၀၂၂ မှာထွက်ရှိထားပြီး ဂျာရန်ပီနိုရန်နတ်ဆိုး (ခ) မြင်းခေါင်းနတ်ဆိုးအကြောင်းကိုရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖို အင်ဒိုနီးရှားကားခေး Anak Titipan Setan ဆိုတဲ့ကားလေးနဲ့ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းမိခင်ဆာရီတစ်ယောက် ဘာအကြောင်းပြချက်မှမရှိပဲ သားဖြစ်သူ ဇီကာကို ဆုံးရှုံးသွားတဲ့အပြင် ယောကျာ်းဖြစ်သူကပါ သတ်သေသွားတာကြောင့် သူ့ဘဝကို စိတ်ကုန်နေတုန်း ယောက္ခမဖြစ်သူ နတ်ဆိုးဂျာရန်ပီနိုရန်နဲ့ အပေးအယူလုပ်ထားတာကို သိရှိသွားပါတယ်မိမိဥစ္စာချမ်းသာဖို့အတွက် နတ်ဆိုးဆီ ၁၀နှစ်တစ်ခါ မိမိသွေးသားကို ယဇ်ပူဇော်ဆက်သမယ်ဆိုတဲ့ ကတိနဲ့ သဘောတူခဲ့တဲ့ ယောက္ခမအကြောင်းကိုသိသွားပြီးနောက် ဆာရီတစ်ယောက် ယဇ်ပူဇော်ပသလို့မရအောင်နှောင့်ယှက်ပါတော့တယ်ပေးခဲ့တဲ့ ကတိကိုမတည်တဲ့ ဆာ့ရီယောက္ခမ နတ်ဆိုးရဲ့ အသက်နှုတ်ခြင်းကိုခံရပြီးနောက် အငယ်ဆုံးသမီးဖြစ်သူ ပူထရီ အိမ်ကိုပြန်ရောက်လာပါတော့တယ် ပူထရီတစ်ယောက် အိမ်ပြန်ရောက်ပြီးနောက် ဘယ်လိုဖ့စ်ရပ်တွေဆက်ဖြစ်လဲ ဘယ်လိုသည်းထိတ်ရင်ဖိုကြောက်မက်ဖွယ်ရာတွေကိုရင်ဆိုင်ရမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထာသူကတော့ DB ပါ )File size_(600MB) Quality_ 720p Format_mp4 Duration_01:48:00 Genre_ Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB
movie
Anak Titipan Setan (2023)
7.6
Check the Store Next Door 2 (2022)
Check the Store Next Door 2 (2022)Comedy, Drama, Romance ရုပ်ရှင်ကောင်းကောင်းလေးနဲ့ chill ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ပါ။ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နာတာလီဆိုတဲ့ ကောင်မလေးဟာ ဘာလီမှာ ကားဘီးပေါက်နေရင်း အာဝင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ အာဝင်လည်း ဘီးပေါက်နေတဲ့ နာတာလီ့ကို ကူညီပေးရင်း သူတို့ နှစ်ယောက် ရင်းနှီးသွားခဲ့ပါတယ်။ ဒီလိုကနေ သူတို့ ချစ်သူတွေဖြစ်သွားကြပြီး ၂ နှစ်လောက် လက်တွဲလာခဲ့ကြပါတယ်။ အဲဒီနောက် သူတို့လည်း လက်ထပ်ပြီးကြတော့ ဘဝတစ်ခုကို ထူထောင်ဖို့ လုပ်ကြပါတယ်။ သို့သော် သာမန်လူတန်းစား အာဝင်တို့မိသားစုနဲ့ လူချမ်းသာ နာတာလီတို့ မိသားစုကြား မတူညီတာတွေ များကြသလို၊ စိတ်ဒဏ်ရာကိုယ်စီတွေနဲ့မို့ အချစ်တစ်ခု ဆက်ပြီး ရှင်သန်ဖို့ရာ ရုန်းကန်ကြရပါတော့တယ်။ Drama အမျိုးအစားဖြစ်တာမို့ အများကြီး ညွှန်းမနေတော့ပါဘူး။ ဇာတ်လမ်းအချိုးအကွေ့တွေကို ဝမ်းသာတစ်လှည့် ဝမ်းနည်း တစ်လှည့်နဲ့ ကြည့်ရှုလိုက်ပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ...
movie
Check the Store Next Door 2 (2022)
2023
7.4
Ghost Writer 2 (2022)
Ghost Writer 2 (2022)(၂၀၁၉)ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost Writer ကားလေးရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဖြစ်ပါတယ်။ ပထမကားနဲ့ ဆက်စပ်မှုရှိပေမယ့် သပ်သပ်စီကြည့်ရင်လည်း အင်မတန်ကြည့်ကောင်းပါတယ်။ဇာတ်လမ်း ကတော့ ကိုယ်တွေ့သရဲအကြောင်းအရာကို ရေးသားလိုက်ရာမှာ စာရေးဆရာမ နာရာရဲ့စာအုပ်ဟာ တော်တော် လေးပေါက်သွားပြီး နှစ်အတော်ကြာ ရောင်းအားအကောင်းဆုံး (best seller) ဖြစ်သွားပါတယ်။နာရာကိုယ်တိုင် ကတော့ လေးနက်တဲ့စာပေကိုရေးသားချင်ပေမယ့် ထုတ်ဝေသူကတော့ သရဲနဲ့ပက်သက်တဲ့အကြာင်းကိုသာ ရေး ခိုင်းနေတဲ့အတွက် နာရာအတွက် သရဲတစ္စေတွေကို စိတ်ကုန်နေချိန်ပါ။ အဲ့အချိန်မှာပဲ နာရာနဲ့ ပက်သက်သူ တစ်ယောက်ဟာ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့အတွက် သရဲတွေကို စိတ်ပျက်နေတဲ့နာရာဟာ သရဲတွေနဲ့ မဖြစ် မနေ ဆက်ဆံဖို့ဖြစ်လာပါတယ်။မဖြစ်မနေဆက်ဆံတာဖြစ်တဲ့အတွက် ဖြစ်ရပ်တွေဟာလည်း သူမဖြစ်ချင်တာတွေ ထပ်မံကြုံတွေ့လာတဲ့အချိန်မှာတော့ ...Ghost Writer(၂၀၁၉)လိုပဲ ခြောက်ခြားစရာတွေ၊ ဆွတ်ပျံ့ကြည်နူး စရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့်နှက်နေတဲ့ အင်ဒိုနီးရှား ...
movie
Ghost Writer 2 (2022)
2022