Channel Myanmar

Annika Pergament

Maid in Manhattan (2002)
Maid in Manhattan (2002)  ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon 
movie

Maid in Manhattan (2002)

Pixels (2015) 5.6
Pixels (2015) Pixels (2015)ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့  Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီးငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။Review Crd File size…(2.1 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:45:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Pixels (2015)

Wall Street: Money Never Sleeps(2010) 7.0
Wall Street: Money Never Sleeps(2010) Wall Street: Money Never Sleeps(2010)***********************************Shia LaBeouf နဲ့ Michael Douglas  တို့လို ဆရာကြီးတွေအဓိကပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်... ဒီကားကတော့ 2008 ခုနှစ်တုန်းက ငွေကြေးပြဿနာတွေနဲ့ပတ်သက်ပြီးရိုက်ကူးထားတာပါ Gordon Gekko ဆိုတဲ့လူဟာ အမှုတစ်ခုကြောင့် ချောက်ချခံခဲ့ရပြီး ထောင်ကျခံလိုက်ရပါတယ် ...အဲ့ဒီအတွက်သူဟာ သူ့မိသားစုအပေါ် တာဝန်တွေ လစ်ဟင်းသလိုဖြစ်ခဲ့ပြီး သားကိုလည်းဆုံးရှုံးခဲ့ရပါသေးတယ်... အဲ့ဒီအတွက်သူ့ရဲ့သမီးဖြစ်သူ Winnie Gekko ဟာ သူ့ကို စိတ်နာနေခဲ့တာပါ... တစ်နေ့ သူထောင်ကထွက်လာတဲ့နေ့မှာပဲ သူထောင်ထဲမှာရေးခဲ့တဲ့ စာအုပ်အတွက် ဟောပြောပွဲတစ်ခုကို လုပ်ခဲ့ပါတယ် ...ထိုပွဲကို သူ့သမီးရဲ့ချစ်သူ Jacob moore လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်... အဲ့ဒီကနေတစ်ဆင့် သူ့ရဲ့သမက်လာဖြစ်မယ့် Jacob moore ရဲ့ အကူအညီကို ယူပြီးသူ့သမီးနဲ့ဘယ်လို ပြန်အဆင်ပြေအောင် လုပ်မလဲ... သူ့ကို ချောက်ချခဲ့တဲ့လူကိုရော ဘယ်လိုပြန်လက်စားချေရမလဲဆိုတာကိုပါ ကြည့်ရှုရမှာပါ....File Size :(3.06GB)(1.01GB) and (378MB) Quality :BLU-RAY1080P5.1Ch,720p Format…mp4 Duration…02:13:00 Genre :  Drama Subtitle : ...
movie

Wall Street: Money Never Sleeps(2010)

The Yards (2000)
The Yards (2000) Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( ...
movie

The Yards (2000)

Tower Heist(2011) 7.0
Tower Heist(2011) Tower Heist(2011) အညွှန်း ************************ IMDb...7.0 နာမည်ရင်းတွေသာမသိရင်နေမယ် ..ဟာသလေးတွေနဲ့ပရိတ်သတ်ကို ရင်ထဲ တစ်ခုခုချန်ချန်သွားတတ်တဲ့ ဒီသရုပ်ဆောင်ကြီး (၂)ဉီး Eddie Murphy ,Ben Stiller ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ဒီကားက ဓားပြတိုက်တဲ့ကားစာရင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သလို ဝင်ငွေလည်းစံချိန်တင်ခဲ့ပါတယ်... ဂျော့ရှ် ကိုဗက်ခ်စ် ဆိုတဲ့ လူတစ်ယောက်ဟာ နယူးယောက်မြို့ရဲ့ နာမည်အကြီးဆုံး "The Tower" ဆိုတဲ့ အဆောက်အဦမှာ အလုပ်လုပ်တဲ့ အရည်အချင်းရှိ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီ တာဝါ မှာရှိတဲ့ တိုက်ခန်းတွေက New York မှာဈေးအကြီးဆုံးဖြစ်ပြီးတော့ တကယ့်ကျိကျိတက် သူဌေးတွေပဲ နေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဂျော့်ရှ်ဟာ စပ်စပ်တယ်...ထက်မြက်တယ်....သနားကြင်နာတတ်တဲ့စိတ်လည်းရှိတယ်.... ဒါ့ကြောင့် တာဝါမှာရှိတဲ့အလုပ်သမားတွေကလည်း သူ့ကို အားကိုးကြတယ်... တစ်နေ့တော့ ဒီတာဝါမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့  အာသာရှောကို ငွေကြေးမသာမှုနဲ့ FBI ကဖမ်းဆီးသွားပါတယ်.... အဲ့ဒီနောက် ဂျော့ရှ်မထင်မှတ်ထားတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့သလို့ သူလုံးဝမမျှော်လင့်ထားတဲ့ဟာတွေလည်းသိလာခဲ့တယ်... အာသာရှောဟာ ပင်စင်လစာတွေပါ အလွဲသုံးစားလုပ်သွားတဲ့အပြင်  အောက်ခြေအလုပ်သမားတွေရဲ့ ရင်းနှီးမြှုတ်နှံငွေတွေပါ ဖျောင်သွားတာမျိုးပေါ့... တစ်ချို့အလုပ်သမားတွေဆို ကွကိုယ်သတ်သေတဲ့အထိဖြစ်သွားတယ်... အဲ့ဒီနောက် ဂျော့ရှ်ဟာ အကြီးအကျယ်ပေါက်ကွဲပြီးတော့ အာသာရှော ပိုင်တဲ့ penthouse ကို သူကိုယ်တိုင်ဉီးဆောင်ပြီး ဓားပြတိုက်ဖို့ကြံကြပါတော့တယ် ...
movie

Tower Heist(2011)

The Silence (2019) 5.4
The Silence (2019) နှစ်ကထွက်ရှိခဲ့တဲ့ Quiet Place လို Horror ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေ အရှာဖွေကောင်းမှုနဲ့ နှစ်ပေါင်းများစွာပိတ်မိနေတဲ့အသားစားသတ္တဝါမျိုးစိတ်တစ်ခုကို လူ့လောကထဲဝင်ခွင့်ပေးမိသွားပါတယ်။အစပိုင်းဘာမှန်းသေချာမသိသေးပေမဲ့ တမြို့ပြီးတစ်မြို့လူတွေပိုးစိုးပက်စက်သေဆုံးကာမြို့ပျက်တွေဖြစ်လာတော့ ဒီသတ္တဝါတွေရဲ့အကြောင်း သဘာဝကိုသိလာကြပါတယ်။ဒီကောင်တွေကအမြင်အာရုံမရှိဘဲ အကြားအာရုံနဲ့လှုပ်ရှားပြီး အသံလေးနည်းနည်းကြားလိုက်တာနဲ့အာ့မှာရှိတဲ့ဘယ်လိုသတ္တဝါမဆို အရိုးပဲကျန်တဲ့အထိအမဲဖျက်ကြတော့တာပါပဲ။ရိုက်ကူးချက်တွေကြည့်ကောင်းပြီး horror ကားပီသစွာခံစားရမှာပါအဓိကဇာတ်ဆောင်မိသားစုဟာ ဒီလိုကပ်ဘေးဆိုးကြီးကနေအသက်ရှင်ကျန်နိုင်မလား။အဖြေရှင်းစရာနည်းလမ်းရောရှိရဲ့လားဆိုတာ ဆက်ကြည့်လိုက်ပါဦး။Quiet Place လိုHorror ကားလေးတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ)File Size : (1.40 GB) , (700 MB) and (350 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 1hr 30min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEBRip.DDP5.1.x264-NTG Translated by Thura Zarni Aung Encode by ...
movie

The Silence (2019)

2019