Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Annie Potts
Ghostbusters II (1989)
1984 မှာထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာတော့ နယူးယော့မြို့တော်ကြီးကို မာ့ရှ်မယ်လို လူသားကြီးရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ အဆောက်အဦးပျက်စီးမှုတွေအတွက် သရဲဖမ်းသမားအဖွဲ့ကိုဖျက်သိမ်းပြီး သရဲဖမ်းတဲ့အလုပ်တွေလုပ်ခွင့်ရပ်ဆိုင်းထားပါတယ်။ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်အကြာမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် သရဲဖမ်းသမားဟောင်းတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုစုံစမ်းကြရင်း နယူးယော့ခ်မြို့အောက်မှု စီးဆင်းနေတဲ့ အကျိအချွဲမြစ်ကြီးကို တွေ့ခဲ့ကြပါတယ်။ ဒီအကျိအချွဲတွေက လူတွေရဲ့ မကောင်းတဲ့စိတ်ကိုတုံ့ပြန်နိုင်ပြီး လူမျိုးစုံရှိနေတဲ့ နယူးယော့ခ်မြို့လည်မှာစီးဆင်းနေတာပါ။ဒီအကျိအချွဲတွေစီးဆင်းနေကြတာကလည်း မန်ဟက်တန် အနုပညာပြတိုက်မှာရှိနေတဲ့ 17 ရာစုနှစ်က မင်းဆိုးတစ်ပါးဖြစ်တဲ့ ဗီဂိုရဲ့ပုံတူပန်းချီကားဆီဖြစ်ပြီး မြို့ထဲမှာလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမျိုးစုံ ကမောက်ကမဖြစ်လာတာကို သရဲဖမ်းသမားတွေ ဘယ်လိုတားဆီးကြမလဲ၊ ဗီဂိုပုံတူပန်းချီကားမှာရော ဘယ်လိုသဘာဝလွန်အစွမ်းတွေရှိနေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.8 GB)/(994 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
Ghostbusters II (1989)
Ghostbusters (1984)
ငယ်ဘဝအမှတ်တရ မူရင်း သရဲဖမ်းသမားများရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက ဝက်ဝက်ကွဲအောင်မြင်လူကြိုက်များခဲ့တဲ့အပြင် Oscar nominations လည်း 2 ခုဝင်ခဲ့ပြီး တခြားဆုတွေလည်းရရှိခဲ့ပါသေးတယ်။ အခုနှစ်ထဲမှာလည်း Ghostbusters: Frozen Empire ဆိုတဲ့ sequel တစ်ကားထပ်ထွက်ထားပါသေးတယ်။ဒီပထမဆုံးရုပ်ရှင်မှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ခေတ်သစ်သိပ္ပံပညာနဲ့ ပေါင်းစပ်ပြီး ရူးသွပ်စွာလေ့လာကြတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းသုံးယောက်၊ သူတို့အလုပ်လုပ်တဲ့ တက္ကသိုလ်ကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါမှာ မီးသတ်ရုံအဟောင်းတစ်ရုံနဲ့ ကားအစုတ်တစ်စီးကိုဝယ်လိုက်ပြီး သရဲဖမ်းသမားများအဖွဲ့ကို တည်ထောင်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့ သူတို့ဖန်တီးထားတဲ့ သရဲဖမ်းကိရိယာတွေကိုသုံးပြီး မြို့ထဲမှာ သောင်းကျန်းနေတဲ့ သရဲတွေကို လိုက်လံဖမ်းဆီးပေးရင်း ဂိုဇာ လို့ခေါ်တဲ့ ရှေးခေတ်ဟစ်တီ ဖျက်ဆီးခြင်းနတ်ဘုရား ပြန်လည် နိုးထလာမဲ့အရေးကို တားဆီးပေးဖို့ဖြစ်လာပါတော့တယ်။ ငယ်ငယ်က ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်ခဲ့ရတဲ့ ဟာသ-ဟော်ရာအမျိုးအစား ရုပ်ရှင်ဖြစ်တာမလို့ ပြန်ကြည့်ပြီး စိတ်အပန်းဖြေလို့ကောင်းမဲ့ ရုပ်ရှင်တစ်ကားပါဗျ။File size…(2.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Comedy, ...
movie
Ghostbusters (1984)
7.6
Ghostbusters: Afterlife (2021)
Ghostbusters: Afterlife (2021) က ၂၀၁၆ က Ghostbusters ရဲ့ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(4 GB)/(1.6 GB )/(999 MB) Quality….BluRay ...
movie
Ghostbusters: Afterlife (2021)
4K HEVC
6.8
Ghostbusters (2016)
Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie
Ghostbusters (2016)
2016
4K HEVC
6.3
Ghostbusters: Frozen Empire (2024)
Ghostbusters: Frozen Empire (2024)IMDb Rating (6.3) / Rotten Tomatoes (83%)သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ။ Ant Man မင်းသား Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို့ ပါဝင်ထားပါတယ် သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။ဇာတ်လမ်းအကျဉ်းသရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ...
movie
Ghostbusters: Frozen Empire (2024)
4K HEVC
7.9
Toy Story 2 (1999)
ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ ဇာတ်ကားလေးပါ။အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်က မတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန် အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေ ရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်း သိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ် နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ် ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။ အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချ တာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက် လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 2.1GB / 1GB Quality…4k HEVC / BluRay 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit ...
movie
Toy Story 2 (1999)
1999
4K HEVC
8.2
Toy Story 4 (2019)
ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီးကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင်ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာမိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာနှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင်ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာအရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ်အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကိုရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ဒီတစ်ခေါက်မှာလည်း အန်ဒီဟာဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေပေးပစ်လိုက်တာကနေ စတင်ပါတယ်။ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့်သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့အရုပ်လေးတွေ ရှိတတ်ပါတယ်။အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော်ဝုဒီလည်း ပါနေတာပေါ့။ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကိုဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာအားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာဖော့ကီကို ...
movie
Toy Story 4 (2019)
2019
4K HEVC
8.3
Toy Story (1995)
ဒီဇာတ်ကားက Toy Story ဇာတ်ကားတွဲတွေရဲ့ ပထမဆုံးဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ကျွန်တော်တို့ ချစ်ရတဲ့ကောင်းဘွိုင်လေးဝူဒီတို့တသိုက်နဲ့ အာကာသရိန်းဂျားကြီးဘတ်ဇ် စတွေ့ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ အန်ဒီဆိုတဲ့ ကောင်လေးရဲ့ အရုပ်တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ မွေးနေ့ပွဲလို ခရစ္စမတ်လို နေ့တွေ ရောက်တိုင်း လက်ဆောင်တွေထဲမှာ သူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ်တွေ ရောက်လာမှာကို အမြဲတမ်း စိုးရိမ်နေခဲ့တာပါ။အရုပ်အသစ်တွေကြောင့် အန်ဒီ သူတို့ကိုအချစ်လျော့သွားမှာကို စိုးရိမ်နေကြတာပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့မွေးနေ့တစ်ခုအရောက်မှာ သူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ရောက်လာပါတော့တယ်။အဲဒါကတော့ နောက်ဆုံးထွက်ထားတဲ့ အာကာသရိန်းဂျား ဘတ်ဇ် လိုက်ရီးယားပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ထုံးစံအတိုင်း အန်ဒီက အသစ်ရတဲ့ အရုပ်အသစ်ကို ပိုသဘောကျနေတဲ့အချိန် အရင်က အန်ဒီအကြိုက်ဆုံးအရုပ်လေး ဖြစ်ခဲ့တဲ့ ကောင်းဘွိုင်လေးဝူဒီက ဘတ်ဇ်ကို မကျေမနပ်ဖြစ်ရာကနေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။နေရာလုဘက် ဖြစ်နေတဲ့ သူတို့၂ယောက်ကို ဘယ်လိုကိစ္စမျိုးက နားလည်မှုရသွားစေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကို မတည့်တဲ့ကြားထဲကနေ ဘယ်လိုပုံစံမျိုးနဲ့ အချင်းချင်းရိုင်းပင်းပြီး ကူညီဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 1.9GB / 976MB Quality…4k HEVC / WEB DL 1080p ...
movie
Toy Story (1995)
1995
4K HEVC
6.7
Lamp Life (2020)
Lamp Life (2020)=============IMDb Rating - 6.7/10 ဒီတစ်ခေါက်က ကလေးရော လူကြီးရောအကြိုက် toy story က အသစ်ထပ်ထွက်တဲ့ကာတွန်းဇာတ်လမ်းတိုလေးနဲ့ မိတ်ဆက်ပေးမယ်နော်။ ကစားစရာအရုပ်ကလေး ဘိုတစ်ယောက် မီးအိမ်ဘဝကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ အကြောင်းကိုရိုက်ကူးထားတာပါ . . .Toy story 1,2,3,4 ထွက်ရှိထားပြီး လူကြိုက်များတဲ့ ကာတွန်းကားကောင်းတွေထဲက lampရဲ့အပိုင်းတိုးလေးမို့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) Quality – 1080p WebRipDuration - 10minSubtitle – Myanmar HardsubFormat – Mp4Genre : Animation, Short, AdventureSource : 1080p.WebRipTranslator – ParrisEncoder – SWM
movie
Lamp Life (2020)
2020