Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anne Stedman
Hall Pass Nightmare (2022)
ကယ်ရီနဲ့ဂျပ်စတင်တို့စုံတွဲဟာ လက်ထပ်သက်တမ်းကြာပြီး လူတိုင်းအားကျရတဲ့စုံတွဲဖြစ်ပါတယ် သက်တမ်းကြာလာတဲ့စုံတွဲတွေရဲ့ထုံးစံအတိုင်း တကယ်တမ်းကျသူတို့အိမ်ထောင်ရေးဟာခြောက်သွေ့စပြုနေပါပြီ ဒီလိုနဲ့ ကယ်ရီ့သူငယ်ချင်းနှစ်ယောက်က သူမကို'' Hall Pass''ထားကြည့်ဖို့ အကြံပေးကြတယ်Hall Passဆိုတာ စုံတွဲတွေအကြားမှာ နှစ်ဦးသဘောတူနားလည်မှုယူပြီး တခြားနှစ်သက်ရာအပြင်လူတစ်ယောက်နဲ့အပျော်တမ်းအိပ်ခွင့်ပေါ့ တချို့ကနာမည်ကြီးဆယ်လီအိုင်ဒေါတွေနဲ့Hall Passအဖြစ်နေချင်ကြတယ် ဒီလိုနဲ့ကယ်ရီအလုပ်ခရီးထွက်ရာက ဘားတစ်ခုမှာ သူ့အိုင်ဒေါရော့ခ်စတား''ဒန်တေး'' နဲ့ဆုံမိပါတော့တယ်ဒန်တေးရဲ့ပရိတ်သတ်အကြီးစားဖြစ်တဲ့ကယ်ရီဟာ ဒန်တေးနဲ့ရင်းနှီးလာပြီးအဖွဲ့ကျသွားရာကနေ နှစ်ယောက်သားခဏတာငြိတွယ်သွားကြပါတော့တယ် ကယ်ရီဟာ လက်ထပ်ပြီးသားမို့လို့ ငြင်းခဲ့ပေမဲ့ ကယ်ရီ့ကိုစွဲလမ်းသွားတဲ့ ဒန်တေးဟာ ကယ်ရီ့ကိုရနိုင်ဖို့ ဘယ်လ်ိုတွေဆက်ပြီး လှုပ်ရှားသွားမလဲဆိုတာ..... File size…(800 Mb) Quality….WEB-DL 720p Format…mp4 Duration….01:30:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C an dy
movie
Hall Pass Nightmare (2022)
6.8
50 First Dates(2004)
50 First Dates(2004)သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်....ကျွန်တော်တို့ဘဝမှာ မိုက်မဲခြင်းရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် .....ဘာလို့ဆိုနှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ......... ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်...တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်....အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်.....သူအောင်မြင်ပါတယ်...နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်....နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်...ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ... ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်.... နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ..... ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ...ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ.... " ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘဝဟာ သူမပါ.... အားလုံးအတွက်ရင်ဆိုင်နိုင်တယ်...နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ...." ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ်File Size…(850MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder… ...
movie
50 First Dates(2004)
2004