Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anne Le Ny
Le Torrent (2022)
မုန်တိုင်းတိုက်မယ့် သောကြာနေ့ညတစ်ညမှာ အလဇန္ဒားက ဇနီးသည် ဂျူးလီယက် အိမ်ထောင်ရေးဖောက်ပြန်နေတာကို သိရှိသွားပြီး စကားအကြီးအကျယ်များ၊ ရန်ဖြစ်ကြကာ မိန်းမလုပ်သူကိုအိမ်ပေါ်ကနှင်ချလိုက်ပါတယ်။ ဂျူးလီယက်က ညဘက်ကြီးထွက်သွားပြီး သိပ်မကြာခင်မှာပဲ လျှိုမြောင်ထဲကို ပြုတ်ကျကာ သေဆုံးသွားပါတော့တယ်။ဒီလိုနဲ့ အချိန်ခဏအကြာ မုန်တိုင်းတိုက်လာတဲ့အခါ တောင်ကျရေနဲ့အတူ သူမရဲ့ အလောင်းက စီးမျောသွားပါတော့တယ်။ ရဲတွေကရှာဖွေရေးလုပ်နေတဲ့အချိန်မှာပဲ ဂျူးလီယက်ရဲ့ ဖခင်က သူတို့အိမ်ကိုရောက်ရှိလာကာ အလဇန္ဒားက အချို့အရာတွေကို လိမ်လည်နေမှန်း ရိပ်မိလာတဲ့အတွက် လိုက်လံစုံစမ်းပါတော့တယ်။ ဒီလိုနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအမျိုးအစားကတော့ Thriller/ Crime ဖြစ်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.2 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw
movie
Le Torrent (2022)
7.0
Declaration of War (2001)
'ချစ်ခြင်းဖြင့်ဖွဲ့သီသော'CM ပရိတ်သတ်ကြီးရေ ဇာတ်လမ်းထဲက မိဘတစ်ယောက်ရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှုသူကိုကူးစက်လာအောင်အထိ ရိုက်ပြတဲ့ဇာတ်လမ်းမျိုးမြည်းစမ်းကြည့်လိုပါသလား။ မိဘတွေဟာ သားသမီးအပေါ်ဘယ်လိုပေးဆပ်ကြောင်း မိနစ် ၁၀၀ လောက် ကောင်းကောင်းကြီးတွေ့ကြုံလိုပါသလား။ ဒါဆိုရင်တော့ ဒီရုပ်ရှင်လေးနဲ့ကိုယ်တိုင်ခံစားကြည့်ပါလို့ပြောပါရစေ။ဇာတ်ကားနာမည်က စစ်ကြေညာစာတမ်းတဲ့ ဒါပေမယ့် ဘယ်စစ်ပွဲမှလည်းမတိုက်သလို သတ်တာပုတ်တာလည်းတစ်ခုမှမပါပါဘူး။ ရှိတ်စပီးယားရဲ့ရိုမီယိုနဲ့ဂျူးလိယက်ဟာ အချစ်အတွက်မိဘတွေကိုစစ်ခင်းခဲ့ကြသလိုပဲ (တင်စားပြောတာဟ) ဒီတစ်ခေါက် IMDB 7 ရရှိထားပြီး ၂၀၁၁ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ထဲက ရိုမီယိုနဲ့ဂျူးလိယက်တို့ဟာလည်း သူတို့သားလေးအတွက် Brain Tumor နဲ့စစ်ခင်းရင်း မေတ္တာဆိုတာဘာလဲနဲ့ သစ္စာတွေ ယုံကြည်မှုတွေဆိုတဲ့ စကားလုံးတွေကိုနောက်ခံတေးဂီတကောင်းကောင်းနဲ့ ဆွတ်ပျံ့ဖွယ်ဖော်ကျူးထားတာကိုရှုစားရမှာပဲဖြစ်ပါတယ်။ တင်ပြပုံကောင်းသလို ပိုပြီးအံ့သြဖို့ကောင်းတာက ဒီရုပ်ရှင်ထဲကမင်းသားမင်းသမီးဟာ အပြင်မှာတကယ့်လင်မယားတွေဖြစ်ပြီး ဒီရုပ်ရှင်ထဲကအဖြစ်အပျက်တွေဟာလည်း တကယ့်လက်တွေ့ဘဝက သူတို့ရဲ့ကင်ဆာရောဂါရှင်သားဦးလေးနဲ့အတူ ဘဝဖြတ်သန်းခဲ့ရပုံဖြစ်ရပ်မှန်တွေကိုရိုက်ပြထားတာဖြစ်ပါတယ်။ဒီတော့ အများကြီးမညွှန်းတော့ဘူး။ တစ်ခုပဲသတိပေးချင်တာက ပြင်သစ်ရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း အသံက ရုတ်တရက်ဆောင့်ဆောင့်ထွက်လာတတ်တာလေးတစ်ခုပါပဲ။ကျွန်တော်ကတော့ Alex666 ပါ။ ရှုစားလိုက်ကြပါဦး။ File size…(1.6 GB)/(800 Mb) Quality….Blu-Ray 1080p / ...
movie
Declaration of War (2001)
6.9
Stillwater (2021)
Stillwater (2021)IMDb- 6.9ကဲ ဇာတ်ကားကောင်းတွေ စုပြုံထွက်ရင် သိပ်ပျော်တယ် ဗဲရီးဟက်ပီးဆိုတဲ့ cm ပရိသတ်ကြီးရေမင်းသားကြီး Matt Damon ရဲ့ crime, drama, thriller လေးကိုလည်း လက်မလွှတ်တမ်း အားပေးကြပါဦးဗျကြိုတင်ပြောချင်တာက ဒီကားဟာ စကားအသုံးအနှုန်းတွေ R အဆင့်သတ်မှတ်ထားလို့ ကလေးသူငယ်တွေ၊ လူကြီးတွေနဲ့ကြည့်ဖို့ သိပ်အဆင်ပြေမယ်မထင်ပါဘူးဇာတ်လမ်းအကျဉ်းကတော့ဖခင်ဖြစ်သူဟာ ကိုယ်ရဲ့ အရပ်ဒေသမဟုတ်တဲ့ တစ်နယ်တစ်ကျေးမှာကိုယ်နဲ့ ကွဲကွာနေရတဲ့ သမီးဖြစ်သူအတွက်သူမကျူးလွန်ထားတဲ့ အမှုကို မကျူးလွန်ကြောင်း သက်သေပြဖို့လူမျိုးခြားတွေ လူမျိုးရေးခွဲခြားသူတွေကြားရုန်းကန်ဖြေရှင်းဖို့ ကြိုးစားရင်းပြဿနာတွေ ကြုံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ဘာသာပြန်တွေကတော့ Thar Htet, Yoon Sandi Aung, Jimx, Amelia တို့ပဲ ဖြစ်ကြပါတယ်။File size…2.24GB Quality….WEB-DL 1080p Format…mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... Augsut
movie
Stillwater (2021)
2021
8.5
The Intouchables (2011)
(Unicode)မင်းသားကြီးမော်ဂန်ဖရီးမန်းပါဝင်ထားတဲ့ ‘Driving Miss Daisy’ ဇာတ်ကားရဲ့ Spin off အဖြစ်ထွက်ရှိထားတဲ့ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မီလံနာသူဌေးကြီးဖီးလစ်ဟာ လေထီးခုန်ရင်း မတော်မဆဖြစ်ပြီး ကျောရိုးမကြီးထိသွားတာကြောင့် သူ့လက်ကျန်တစ်ဘဝလုံးကို ဝှီးချဲပေါ်မှာပဲကုန်ဆုံးရတော့မှာပါ..ဒရစ်ကတော့ လူမည်း ထောင်ထွက်လူမိုက် များပြားလှတဲ့မောင်နှမတစ်စုနဲ့ မိခင်တို့အတွက် ဝမ်းစာကို အစိုးရထောက်ပံ့ငွေနဲ့ပဲဖြေရှင်းရုန်းကန်နေရသူ...တစ်နေ့ ဖီးလစ်ရဲ့လူနာစောင့်အလုပ်ခေါ်တဲ့နေရာကို ဒရစ်တစ်ယောက် ယောင်ချာချာနဲ့ရောက်လာပြီးနောက်မှာတော့...သံဃောဇဉ်ဆိုတာ ဆွေရယ်မျိုးရယ်မှမဟုတ်ပဲနဲ့ လူတစ်ဦးနဲ့တစ်ဦး စိတ်ရင်းနဲ့ဆက်ဆံတဲ့အခါ သူ့အလိုလိုပေါက်ဖွားလာတာမျိုးပါ...နူးညံ့လှပတဲ့ဘာသာစကားနဲ့အတူ တကယ့်ကိုရင်ထဲထိတဲ့ဇာတ်ကားလေးမို့ကြည့်ရှုလိုက်ပါလို့တိုက်တွန်းရင်း... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်…… (Zawgyi)မင်းသားကြီးမော်ဂန်ဖရီးမန်းပါဝင်ထားတဲ့ ‘Driving Miss Daisy’ ဇာတ်ကားရဲ့ Spin off အဖြစ်ထွက်ရှိထားတဲ့ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မီလံနာသူဌေးကြီးဖီးလစ်ဟာ လေထီးခုန်ရင်း မတော်မဆဖြစ်ပြီး ကျောရိုးမကြီးထိသွားတာကြောင့် သူ့လက်ကျန်တစ်ဘဝလုံးကို ဝှီးချဲပေါ်မှာပဲကုန်ဆုံးရတော့မှာပါ..ဒရစ်ကတော့ လူမည်း ထောင်ထွက်လူမိုက် များပြားလှတဲ့မောင်နှမတစ်စုနဲ့ မိခင်တို့အတွက် ဝမ်းစာကို အစိုးရထောက်ပံ့ငွေနဲ့ပဲဖြေရှင်းရုန်းကန်နေရသူ...တစ်နေ့ ဖီးလစ်ရဲ့လူနာစောင့်အလုပ်ခေါ်တဲ့နေရာကို ဒရစ်တစ်ယောက် ယောင်ချာချာနဲ့ရောက်လာပြီးနောက်မှာတော့...သံဃောဇဉ်ဆိုတာ ...
movie
The Intouchables (2011)
2011