Channel Myanmar

Anne Lambton

The Edge of Love (2008) 6.1
The Edge of Love (2008)  Peaky Blinders မင်းသားကြီး Cillian Murphy နဲ့Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDbRating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာနဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာစိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင်မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက်ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့်ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကိုလိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်ကမလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေးအယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ...
movie

The Edge of Love (2008)

American History X(1998) 8.5
American History X(1998) American History X (1998) IMDb 8.5/10 Rotten Tomatoes 83% လူငယ်ဆိုတဲ့အရွယ်က ဂျူ ံမှု န့်ဖြူ ကလေးတွေနဲ့ နှယ်ထားပြီး ပုံသွင်းတဲ့ အရုပ်လုပ်သမားလက်ထဲက ပုံစံတုလေးတစ်ခုလိုပါပဲ။ဝယ်ယူမယ့်သူရဲ့ခိုင်းစေမှု အလိုက် ကျေးရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။မျောက်ရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။ဆိုလိုချင်တာက အရာရာကိုဖြေးညင်းစွာနဲ့ လိုက်ပါပုံသွင်းရင်း မိမိစိတ်သဏ္ဍာန်နဲ့ ရုပ်ပိုင်းဆိုင်ရာတွေက ဖြစ်တည်လာတဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှု အလိုက် ဘဝအရုပ်ပုံဖော်ဖန်တီးထုဆစ်သူရဲ့ လက်ဖဝါးထဲက အရုပ်ကလေးလိုမျို း ပြောင်းလဲသွားကြတာမဟုတ်ပါလား။ရော့ခ်အပြင်းစား သီဆိုသူတွေရဲ့ ဖက်ရှင်တွေခေတ်ထလာချိန်မှာ လူငယ်တွေကလည်း ဂျင်းဘောင်းဘီတွေအကောင်းတွေကို တမင်ဖြဲပြီး ဝတ်ခဲ့ကြတယ်။ဆံပင်ရှည်ထားပြီး ဂစ်တာကိုကျောမှာလွယ်ခဲ့ကြတယ်။ပစ္စည်းမဲ့လူတန်းစားအသားပေးဝတ္ထု တွေ ဇာတ်လမ်းတွေခေတ်စားတုန်းကဆိုရင် အဲဒီခေတ်ကလူငယ်တွေက ပုဆိုးအပြဲ ။ဖိနပ်မြီးတိုနဲ့ ရုပ်ဝါဒရဲ့အလေးပေးမှု တွေကို တွန်းလှန်ပြသလိုမျို းပေါ့။ထိုနည်းနှင်နှင်နဲ့ နေထိုင်ခြင်းကသာ မှန်ကန်တဲ့ လူဘဝနေနည်းစစ်စစ်။စလို့ ဟစ်ကြွေးခဲ့ကြသလိုမျိုူ းပါပဲ။လူငယ်ဆိုတာ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှု အလိုက် မျောပါကြသူတွေကများပါတယ်။မှားတယ်မှန်တယ်ဆိုတာထက် ။အနိုင်ယူလိုစိတ်။တွန်းကန်လိုစိတ်နဲ့။ထင်ပေါ်ကိုးကွယ်လိုမှု ကို အလွန်အမင်းလိုချင်ကြတဲ့ ...
movie

American History X(1998)

1998