Channel Myanmar

Anne Heche

Six Days Seven Nights (1998) 6 days , 7 Nights 5.9
Six Days Seven Nights (1998) 6 days , 7 Nights Six Days, Seven Nights (1998)ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။ File ...
movie

Six Days Seven Nights (1998) 6 days , 7 Nights

1998
Superman: Doomsday (2007) 6.9
Superman: Doomsday (2007) Superman: Doomsday (2007) IMDB: 6.9/10 Rotten Tomatoes: 57%Superman: Doomsday (2007) ရုပ်ရှင်ဟာ DC Comics Book တစ်ခုဖြစ်တဲ့ The Death of Superman ကိုအခြေခံကာ ရိုက်ကူးထားတဲ့ DC Animation ဖြစ်ပါတယ်။ဇာတ်ညွှန်းစူပါမန်းရှိတဲ့ ကမ္ဘာဟာငြိမ်းချမ်းပါတယ်။ စူပါမန်းဆိုတာ နှိုင်းယှဉ်လို့မရနိုင်တဲ့ စံပြု ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ခုလိုမျိုး အနှိုင်းမဲ့တဲ့လူတောင်မှ နေဝင်ချိန်ဆိုတာရှိလာတတ်ပါတယ်။ လက်စ်လူသာဟာသူ့ရဲ့ထုံးစံအတိုင်း လက်စ်ကော်ပိုရေးရှင်းကိုအကြောင်းပြပြီး တစ်ဖက်မှာ မှောင်ခိုလုပ်ငန်းတွေကိုလုပ်နေပါတယ်။တစ်ရက်မှာတော့ လက်စ်ကော်ပိုရေးရှင်းက သိပ္ပွံပညာရှင် အချို့ဟာမြေအောက်မှာ လုပ်ငန်းတစ်ခုဆောင်ရွက်နေရင်း ပြင်ပကမ္ဘာကလာတဲ့ ယာဉ်ပျံတစ်စီးကိုတွေ့ခဲ့ပါတယ်။ အဆိုပါယာဉ်ပျံထဲမှာပါနေတဲ့အရာဟာ Doomsday ဖြစ်ပြီး မြင်မြင်သမျှကို ဖျက်ဆီးမယ့်လူတစ်ယောက်ဖြစ်ပါတယ်။ နောက်ဆုံးတော့ Doomsday ကိုတိုက်ခိုက်နိုင်မယ့် တစ်ဦးတည်းသောသူက စူပါမန်းဖြစ်လို့လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ....File size…    1.2 GB /  654 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Superman: Doomsday (2007)

You’re Killing Me (2023)
You’re Killing Me (2023)  ဇာတ်လမ်းရဲ့အစမှာတော့ Melissa Brown ဆိုတဲ့ကောင်မလေးတယောက်ပျောက်ဆုံးသွားတာနဲ့ ရဲတွေက ‌ကောင်မလေးရဲ့အထက်တန်းကျောင်းမှာစုံစမ်းစစ်ဆေးရေးတွေပြုလုပ်နေကြပြီး သဲလွန်စတွေမရလို့အခက်တွေ့နေကြပါတယ်၊Eden ဆိုတဲ့ကောင်မလေးက Penbrook College ကိုသူငယ်ချင်းဖြစ်သူ Zara နဲ့အတူ ငယ်စဉ်ကထဲကသွားတက်ဖို့ဆန္ဒရှိနေသူတယောက်ပါ၊Zara ကဂီတမှာထူးချွန်သူဖြစ်လို့ ကျောင်းကို Scholarship နဲ့အတူဝင်ခွင့်ရခဲ့ပါတယ်၊Eden ကလည်း Scholarship ကိုရဖို့ စောင့်ဆိုင်းစာရင်းထဲမှာရောက်နေပြီဆိုပေမယ့် သေချာပေါက်ရဖို့အတွက်ဆို ထောက်ခံစာကောင်းကောင်းရဖို့လိုအပ်နေပါတယ်၊အဲ့ဒီလိုကနေ ကျောင်းကအမတ်တယောက်ရဲ့သားဖြစ်သူ Schroder ကိုချဉ်းကပ်ပြီးသူ့အ‌‌ဖေရဲ့ထောက်ခံစာကိုရနိုင်ဖို့ကြိုးပမ်းပါတော့တယ်၊ဒီလိုနဲ့ Eden တယောက် Schroder နဲ့ရင်းနှီးမှုရအောင် သူငယ်ချင်းဖြစ်သူ Zara နဲ့အတူ Schroder ရဲ့ပါတီကိုသွားခဲ့ကြပါတယ်၊ပါတီမှာ မထင်မှတ်ပဲ Schroder ရဲ့သူငယ်ချင်းဖြစ်သူ Gooch ရဲ့ဖုန်းထဲကနေ Melissa ပျောက်သွားခြင်းက Schroder တို့နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သက်သေဗီဒီယိုကိုတွေ့လိုက်ရပါတယ်၊အဲဒါနဲ့ပဲ Eden တယောက် အဲ့ဒီသက်သေကို ရဲလက်ကိုအပ်နိုင်ဖို့ကြိုးစားပါတယ်၊Schroder တို့ကလည်း Eden တို့ကိုအိမ်ကနေထွက်ခွင့်လုံးဝမပေးပဲ ဖုန်းကိုပြန်ယူနိုင်ဖို့ကြိုးစားပါတော့တယ်၊"Eden တို့သက်သေကိုရဲလက်ထဲအပ်နိုင်ပါ့မလား"၊"Melissa တယောက်ကကောဘာဖြစ်သွားတာလဲ"၊"Schroder တယောက်ဘယ်လိုပြစ်မှုတွေကိုဆက်ပြီးကျူးလွန်အုံးမှာ‌လဲ" စတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် File size…(1.3 GB)/(580 ...
movie

You’re Killing Me (2023)

Frankie Meets Jack (2023)
Frankie Meets Jack (2023)  Frankie meets Jack ဆိုတဲ့ဇာတ်ကားလေးကတော့ 2023 မှာထွက်ရှိခဲ့တဲ့ဇာတ်ကားလေးဖြစ်ပြီး Romance နဲ့ Comedy အမျိုးအစားဖြစ်ပါတယ် ။လက်ထပ်တော့မယ့်စုံတွဲတွေအတွက်ဆောင်းပါးတွေရေးပေးရတဲ့ဖရန်ကီနဲ့တိရိစ္ဆာန်ဆရာဝန်ဖြစ်တဲ့ဂျက်တို့ရဲ့ဇာတ်လမ်းလေးပါ။ဖရန်ကီက သူမကြာခင်ကမှဂေဟာကနေ ခေါ်မွေးထားတဲ့ခွေးလေးကို လမ်းလျောက်ခေါ်သွားရင် မတော်တဆဖြစ်သွားတဲ့အချိန် ဂျက်ကသူ့ခွေးတွေကိုဝင်ကယ်ပေးခဲ့တာပါ သူတို့အချင်းချင်းဟာကံတရားက စီမံထားပေးတဲ့ဖူးစာဖက်တွေလို အချင်းချင်းသဘောကျမိကြပေမယ့် ဂျက်ဆီမှာစေ့စပ်ထားတဲ့သတို့သမီးလောင်းရှိနေခဲ့ပါတယ်။ ဖရန်ကီနဲ့ဂျက်တို့ ပျော်ရွှင်စွာပေါင်းဖက်ပြီး ဇာတ်သိမ်းနိုင်ကြပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာသိရမှာပဲဖြစ်ပါတယ်။ File size…(699 MB) Quality…. 720p Format…mp4 Duration….01:24:00 Genre...Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Frankie Meets Jack (2023)

Girl in Room 13 (2022) 5.4
Girl in Room 13 (2022) (၂၀၂၂) ထွက် Girl in Room 13 အမည်ရ Crime drama ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး မူးယစ်ဆေးသုံးစွဲမှုတွေ၊ လူကုန်ကူးမှုတွေ ပါဝင်ပတ်သက်နေသလို မိခင်မေတ္တာကို အလေးပေးပြသထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဂရေ့စ်က မူးယစ်ဆေးဖြတ်ဖို့ ပြန်လည်ထူထောင်ရေးဌာနမှာ နှစ်ကြိမ်တိတိ ဆေးတက်ဖြတ်တဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ဘဝသူပြန်လည်ထူထောင်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပါ။ သူ့ကိုယ်သူတောင် မယုံကြည်ခဲ့တဲ့အချိန်တွေမှာ သူ့ကိုယုံကြည်ပေးခဲ့တဲ့ အမေတစ်ယောက်ရှိနေတာကြောင့်လည်း သူ့ဆုံးဖြတ်ချက်တွေက ပိုခိုင်မာခဲ့တာပေါ့။ဒါပေမဲ့ ကံကြမ္မာကဂရေ့စ်ကို မျက်နှာသာမပေးခဲ့ပါဘူး။ ဘဝကိုတစ်ကပြန်စဖို့ ကြိုးစားနေခဲ့တဲ့ဂရေ့စ်ကို ဆေးစွဲနေတဲ့ရည်းစားဟောင်းက ပြန်ပေးဆွဲပိတ်လှောင်ထားခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ လိင်ကျွန်အဖြစ်ရောင်းစားဖို့ပါ ကြံစည်ခဲ့ပါတယ်။ဂရေ့စ်ဆေးပြန်စွဲပြီး ထွက်ပြေးသွားတယ်လို့ အားလုံးကထင်နေကြပေမဲ့ ဂရေ့စ်အမေကတော့ ဂရေ့စ်အပေါ်ယုံကြည်ပြီး အရာအားလုံးနဲ့တိုက်ခိုက်ပြီး သမီးဖြစ်သူကိုလိုက်ရှာဖို့ ရေကုန်ရေခမ်းကြိုးစားခဲ့ပါတယ်။ရာဇဝတ်မှုတွေ၊ မှုခင်းတွေပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့ အတက်အကျတွေများပြီး သည်းထိတ်ရင်ဖိုဆန်ဆန် ကြည့်ရှုရမဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / ...
movie

Girl in Room 13 (2022)

The Vanished (2020) 5.7
The Vanished (2020) ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာအားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေးလပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက်အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီကလိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်းဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါသူတို့ရဲ့သမီးလေးဖြစ်တဲ့ တေလာဟာထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာအထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက် ပေါ်လ်တို့သိရှိလိုက်ရတာကတော့သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက်လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားက သားသမီးဇောကြောင့်သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။မထင်မှတ်တဲ့ လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့်psychological thrillerကားကောင်းတစ်ကားဖြစ်လို့လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့The Mist (2007) ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။ File size…  1.6 GB /  730 MB Quality… WEB-Dl 1080p / 720p Format… mp4 Duration…. 1h 55 m Genre .....  ...
movie

The Vanished (2020)

2020
What Remains (2022) 6.8
What Remains (2022) ဒီဇာတ်ကားလေးကတော့ ခွင့်လွှတ်ခြင်းရဲ့ စွမ်း‌အားကြီးမားပုံကို မီးမောင်းထိုးပြထားတဲ့ကားလေးပါ။ မြို့ငယ်လေးတစ်မြို့က သင်းအုပ်ဆရာတစ်ယောက်ဖြစ်တဲ့ မာရှယ်ဆိုသူရဲ့ အမျိုးသမီးကို ထရွိုင်ပါကာက မတော်တဆသတ်လိုက်မိပါတယ်။ ဒါပေမယ့် မာရှယ်ဟာ သင်းအုပ်ဆရာတစ်ယောက်ဖြစ်နေသည့်အလျောက် သည်းခံခွင့်လွှတ်ပေးခဲ့ပြီး ရုံးတော်မှာ ထရွိုင်ပါကာကို ပြစ်ဒဏ်လျှော့‌ပေါ့ပေးအောင်တောင် ကာကွယ်ထွက်ဆိုပေးခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူ ဆမ်မြူရယ်ကတော့ အမေတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတာတောင် သည်းခံခွင့်လွှတ်ပေးခဲ့တဲ့ ဖခင်ဖြစ်သူရဲ့လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေရပါတယ်။ တစ်နေ့မှာတော့ ထရွိုင်တစ်ယောက် ထောင်ကလွတ်လာပြီး မာရှယ်တို့သားအဖရဲ့ မျက်စိရှေ့ကိုပြန်ရောက်လာတဲ့အခါမှာတော့ သူတို့အကြားမှာဘာဆက်ဖြစ်ကြမလဲ ထရွိုင်ပါကာကရော သူလုပ်မိခဲ့တဲ့အပြစ်တွေအတွက် ဘယ်လိုပေးဆပ်မလဲ ဆမ်မြူရယ်ကရော နားလည်ခွင့်လွှတ်ပေးနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။ File size…(1.3 GB)/(740 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

What Remains (2022)

Supercell (2023) 4.9
Supercell (2023) Supercell (2023) ============လတ်တလော အသစ်ထွက်ရှိလာတဲ့ထဲကမှ Best Cinematography Award အပါအဝင် ဆုသုံးဆုထိ ရရှိထားတဲ့ action and adventure ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။သိပ္ပံပညာရဲ့ နက်ရှိုင်းမှုတွေ၊ သဘာဝတရားကြီးရဲ့ ဆန်းကြယ်မှုတွေကို သည်းထိပ်ရင်ဖို ကြည့်ရှု့သွားရမှာဖြစ်ပြီး လေ့လာမှတ်သားစရာတွေ လည်း ပါဝင်နေတာဖြစ်လို့ ဇာတ်လမ်းကြည့်ရင်း win-win အခြေအနေ တစ်ခုကို ရရှိစေမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဝီလီယမ်ဘရိုဒီဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးတစ်ယောက်က ဆုံးပါးသွားပြီဖြစ်တဲ့ သူ့ရဲ့ဖခင်ဖြစ်သူ ဘေလ်ဘရိုဒီ တစ်ဖြစ်လဲ ဒဏ္ဍာရီလာမုန်တိုင်းမုဆိုးတစ်ဦးရဲ့ အဆုံးမရှိတဲ့ အိပ်မက်တွေ နောက်ကို လိုက်ဖို့ ကြိုးစားတဲ့ စွန့်စားခန်းတစ်ခုပါပဲ။ အဲဒီစွန့်စားခန်းမှာ အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်တဲ့ မုန်တိုင်းတွေ၊ လေဆင်နှာမောင်း တွေ တစ်လုံးပြီးတစ်လုံး ကြုံတွေ့ရပြီး အသက်ရှင်ကျန်ရစ်နိုင်ဖို့ ကြိုးပမ်း အားထုတ်မှုတွေကို သည်းထိပ်ရင်ဖို တွေ့မြင်သွားရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.2 GB) / (495 MB) / (296 MB) Quality............WEB-DL 1080p / ...
movie

Supercell (2023)

2023
Vanished: Searching for My Sister (2022)
Vanished: Searching for My Sister (2022)   ဗမာကားတွေထဲမှာ ရဲမြဝင်းတို့အဖွဲ့က နောက်ဆုံးမှရောက်လာတတ်သလိုမျိုးပဲ ညီမဖြစ်သူရဲ့လူပျောက်မှုကို အိစိအိစိ လိပ် speed နဲ့ကိုင်တွယ်နေတဲ့ မူရိကားစုံထောက်တွေကြောင့် စိတ်မရှည်တော့တဲ့အစ်မဖြစ်သူက ကိုယ်တိုင်ဝင်အမှုလိုက်တဲ့ကားလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ကေလာနဲ့ဂျေဒါဟာ အမြွှာညီမနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ခက်ခဲတဲ့ငယ်ဘဝကြောင့် အစ်မဖြစ်သူဂျေဒါက ကေလာ့ကို အလိုလိုက်သည်းညည်းခံတဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ညီမဖြစ်သူကေလာက သူ့သမီးလေးကိုလာထားပြီး မပြောမဆိုပျောက်သွားတဲ့အခါမှာတော့ ဂျေဒါခေါင်းမီးတောက်ရပါတော့တယ်။ သူ့ညီမက ကိုယ်ကျင့်တရားပိုင်းမှာ သိပ်ပြီးယုံကြည်ရလောက်တဲ့သူမဟုတ်ပေမဲ့ သမီးဖြစ်သူကိုထားပြီး အကြာကြီးထားမသွားဖူးတာမို့ တစ်ခုခုမှားနေပြီဆိုတာကို ဂျေဒါကသိခဲ့ပါတယ်။ စုံထောက်တွေကလည်း သူ့အမြင်မှာ အရမ်းကိုစိတ်အေးလက်အေးနိုင်နေတာမို့ ဂျေဒါ့အနေနဲ့ သူ့ညီမကိုရှာဖွေဖို့ အမှုထဲကိုကိုယ်တိုင်ဝင်ပါခဲ့ပါတော့တယ်။ ဒီဇာတ်ကားက Thriller အမျိုးအစားပေမဲ့ သိပ်ပြီးခြောက်ခြားစရာမကောင်းဘဲ Detective ဆန်တာမို့ လက်ကိုင်ပြီးကြည့်စရာမရှိတဲ့သူတွေလည်း တစ်ယောက်တည်းကြည့်လို့ရပါတယ်ခင်ဗျာ။File size…(1.81GB)  / (`779MB) / (421MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Action / Crime / Horror Subtitle….Myanmar ...
movie

Vanished: Searching for My Sister (2022)

Birth (2004) 6.5
Birth (2004) Birth (2004)***************Db 6.2 / Rotten Tomatoes 39%မင်းသမီးကြီး Nicole Kidman ရဲ့ ငယ်ရွယ်နုပျိုတဲ့အလှကို အပြည့်အဝခံစားရမယ့်ဇာတ်ကားလေးတစ်ကားကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်Nicole ရဲ့ ဆံပင်တိုတို မိန်းမအရမ်းမဆန်ဘဲ ရင့်ကျက်တည်ကြည်တဲ့အလှကဇာတ်ကားကြည့်နေရင်း လှလိုက်တာ လှလိုက်တာလို့ရေရွတ်မိလောက်အောင်ပါပဲဇာတ်လမ်းလေးကတော့ ခင်ပွန်းသေးဆုံးပြီး နှစ်အနည်းငယ်အကြာမှာဇနီးဖြစ်သူဟာ နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီနောက် ဇနီးဖြစ်သူရဲ့မိခင်ပါတီကို အသက်တစ်ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက် ရောက်လာပြီး သူဟာ သေဆုံးသွားတဲ့ခင်ပွန်းဖြစ်ကြောင်းသူ့မိန်းမကို ဒုတိယအိမ်ထောင်မပြုဖို့အကြောင်း ပြောပါတော့တယ် ဆိုတော့ဒီကောင်လေးဟာ တကယ်ပဲ လူဝင်စားလေးလား ဇနီးဖြစ်သူကရောသားအရွယ်ဒီကောင်လေးဟာ ခင်ပွန်းပြန်ဝင်စားတာလို့ ယုံကြည်သွားမှာလားတကယ်ယုံကြည်သွားရင်ရော သူတို့ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Drama / Mystery ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.Drama / Mysteryလို့သတ်မှတ်ထားပေမယ့် အိုင့်အတွက်တော့Romance မှ Romanceစစ်စစ်ပါ🤧 ပြီးတော့ ဒီဇာတ်ကားက ဇာတ်လမ်းသရုပ်ဆောင် ဘာတစ်ခုမျှ အပြစ်ပြောစရာမရှိ ကြည့်လို့တကယ်ကောင်းရဲ့သားနဲ့ underrated ဖြစ်ခဲ့လို့ တကယ်နှမြောမိပါတယ်ကဲ ဒီဇာတ်ကားက တကယ်ပဲ underrated ...
movie

Birth (2004)

Wild Card (2015) 5.6
Wild Card (2015) Wild Card (2015)2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ action ဇာတ်ကားကောင်းဖြစ်ပြီး F&F နဲ့ Transporter တွေရဲ့ အက်ရှင်မင်းသား Jason Statham က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။နစ်ဝိုင်းလ်က လပ်စ်ဗီးဂတ်မှာ မနေချင်ဘဲ နေနေရတဲ့သူဖြစ်ပြီး လောင်းကစားကို အလွန်အကျူး စွဲလန်းနေပုံပါပဲ။ငါးနှစ်စာ လွတ်လပ်ပျော်ရွှင်စွာနေရဖို့အတွက် ဒေါ်လာငါးသိန်းရှာပြီးရင် ထွက်သွားတော့မယ်လို့ တကြော်ကြော်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ လောင်းကစားနွံက မရုန်းထွက်နိုင်သေးပါဘူး။ ဒါပေမဲ့ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့သူဟာ အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး အလွတ်တမ်း သက်တော်စောင့်လည်း လုပ်လိုက် လောင်းကစားလုပ်လိုက်နဲ့ ဘဝကို မွဲမွဲတေတေဖြတ်သန်းနေသူပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်း ဟော်လီကို ဂန်းစတားတစ်ယောက်က မုဒိန်းကျင့်ပြီး ရိုက်နှက် နှိပ်စက်လိုက်တာကြောင့် ဟော်လီက ကလဲ့စားချေပြန်ချေဖို့ သူ့ကိုအကူညီတောင်းလာတဲ့အခါ …ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : ...
movie

Wild Card (2015)

2015
Donnie Brasco (1997)
Donnie Brasco (1997) IMDb Rating(7.7) / Rotten Tomatoes (88%)ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ရုပ်နဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးလှတဲ့ Johnny Depp နဲ့ အော်စကာလျာထားစာရင်းကိုးကြိမ်ဝင်ခဲ့ပြီး တစ်ကြိမ်ရရှိ၊ ရွှေကမ္ဘာလုံးဆု ၁၈ ကြိမ်လျာထားခံခဲ့ရပြီး (လေးဆုရရှိ)ခဲ့၊ BAFTA , Emmy Eward စတဲ့ဆုပေါင်းမြောက်များစွာပိုင်ရှင် မင်းသားကြီး Al Pacino (Godfather Trilogy) တို့က အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ်ပါဝင်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးတော့ အကောင်းဆုံး Gangster ရုပ်ရှင်တွေ၊ Organized Crime Thrillers တွေအကြောင်းပြောမယ်ဆိုရင်ချန်လှပ်ထားလို့မရတဲ့ အထင်ကရဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။Donnie Brasco ဟာ ၁၉၇၀ ဝန်းကျင်၊ နယူးယောက်ခ်က Bonanno ဒုစရိုက်မိသားစုထဲစိမ့်ဝင်ထောက်လှမ်းခဲ့တဲ့ အက်ဖ်ဘီအိုင် သူလျှိုအေးဂျင့် Pistone (Johnny Depp) ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအလွတ်သဘောအခြေခံထားတာဖြစ်ပါတယ်။ဘရက်စကိုဟာ အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့တစ်ယောက်ဖြစ်တဲ့ Lefty Ruggiero (Al Pacino) ကြီးကိုချဉ်းကပ်ပြီး သူ့ရဲ့ယုံကြည်မှုအားပေးထောက်ခံမှုတွေကိုရအောင်ကြိုးစားရင်းနဲ့ မာဖီးယားဂိုဏ်းထဲကို အတွင်းကျကျနေရာယူနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ဒုစရိုက်သမားဖြစ်ပေမယ့် သူ့အပေါ်တကယ်နှစ်နှစ်ကာကာသံယောဇဉ်ကြီးရှာတဲ့ Lefty နဲ့ညီရင်းအစ်ကိုလို ဆက်ဆံရေးခိုင်မာနက်ရှိုင်းလာခဲ့တဲ့ အလုပ်တာဝန်နဲ့ ကျင့်ဝတ်တွေစောင့်ထိန်းရမယ့် စည်းတွေကြားဗျာများလာတဲ့အခါ...။Action,Crime ...
movie

Donnie Brasco (1997)

13 Minutes (2021) 4.6
13 Minutes (2021) 13 Minutes (2021) အညွှန်း*********************သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ လေဆင်နှာမောင်းကျရောက်တဲ့အခါ ပြည်သူတွေဘယ်လောက်အထိဒုက္ခရောက်နိုင်သလဲဆိုတာ အဓိကဇာတ်အိမ်တည်ထားပါတယ်။လေဆင်နှာမောင်းမဖြစ်ခင်ကတော့ ဒါကိုပေါ့ပေါ့တန်တန်သဘောထားပြီး ရေဒီယိုနဲ့တီဗီက သတိပေးချက်တွေကို အလေးမထားတတ်ကြတာ လူတွေရဲ့ထုံးစံပါပဲ။ တကယ်တမ်းလေဆင်နှာမောင်းကြီးတိုက်ခိုက်လာတော့ အကာအကွယ်တွေရှာဖွေပြင်ဆင်ဖို့က ၁၃မိနစ်ဆိုတဲ့အချိန်အတွင်းမှာ ဖြစ်နိုင်ပါ့မလားဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောမှာတော့ အဓိက မိသားစု(၄)ခုကို အခြေခံထားပြီး ဒီမိသားစု(၄)ခုရဲ့ အိမ်ထောင်ရေးအခက်အခဲတွေကိုပါတင်ဆက်ထားတာမို့ ပညာပေးဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Seiji က ရေးပေးထားပါတယ်) File Size          :  (1.8GB), (913MB) & (459MB) Quality            : 1080p BluRay, 720p BluRay & 480p Format            : mp4 Duration         : 1hr ...
movie

13 Minutes (2021)

13 Minutes(2021) 6.0
13 Minutes(2021) 13 Minutes(2021) အညွှန်း***********************သတိပေးချက်တွေဟာ ကြေငြာတိုင်းလည်း အမြဲတကယ်ဖြစ်မလာတဲ့အခါမှာ လူတွေကပေါ့ဆလာတတ်ကြပါတယ် .....မုန်တိုင်းလှန့်တာတွေနဲ့ခဏခဏကြုံရလေ့ရှိတဲ့ နယ်မြို့လေးတစ်မြို့အကြောင်းပဲဖြစ်ပါတယ် ...ရာသီဥတုဖောက်ပြန်မှုတွေမကြာခဏဖြစ်လေ့ရှိတဲ့ ဒေသဖြစ်တာကြောင့် မြို့ခံတွေဟာမိုးလေဝသသတိပေးချက်တွေကိုလည်း သိပ်ပြီးအလေးထားလေ့မရှိကြပါဘူး ...တစ်နေ့မှာတော့ လေဆင်နှာမောင်းအကြီးစားတစ်ခုဝင်ခါနီးမှာ တီဗီသတင်းတွေရေဒီယိုတွေကနေတစ်ဆင့် အရေးပေါ်ကြေငြာချက်ထုတ်ပါတယ်...လေဆင်နှာမောင်းကလည်းတကယ်တိုက်သွားပါတယ် Recommend ပေးချင်တာကတော့ လေဆင်နှာမောင်းတိုက်တဲ့ဇာတ်ဝင်ခန်းတွေက အတော်ကိုရင်ဖိုစရာကောင်းပါတယ်...မိုးလေဝသနောက်ခံပညာပေးရုပ်ရှင်ဆိုပေမယ့်မြို့ခံမိသားစုတွေကြားထဲက Family drama လေးတွေလည်းပါလို့မပျင်းရပါဘူး...အန္တရာယ်တွေကနေလွတ်အောင်ပြေးရတဲ့ စွန့်စားခန်းဆန်ဆန်vibe တွေကြိုက်နှစ်သက်တဲ့သူတွေကြိုက်နှစ်သက်မယ့် ဇာတ်ကားပါပဲ....  File Size : (2.03GB)(0.9GB) and (343MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Ye Encoded by Phyo Pyae  
movie

13 Minutes(2021)

I Know What You Did Last Summer (1997) 5.7
I Know What You Did Last Summer (1997) I know what you did last summer (1997) ========================အထက်တန်းကျောင်းပြီးသွားတဲ့ နွေရာသီကာလတစ်ခုမှာပေါ့...  သူငယ်ချင်းတစ်သိုက် ပါတီတွေလုပ်ကြတယ်။ ပျော်ကြတယ်။ မူးကြတယ်။ ကား လျှောက်ပတ်မောင်းကြတယ်။သူတို့ ကြိုမသိလိုက်တာက နောက်တစ်ချိန်မှာဖြစ်လာမယ့် သူတို့ရဲ့ အိပ်မက်ဆိုးတွေဟာ အဲဒီနွေညမှာပဲ စတင်ခဲ့တယ်ဆိုတာပဲ။ကားလျှောက်ပတ်မောင်းရင်း လူတစ်ယောက်ကို တိုက်မိတယ်။ ရဲတွေနဲ့ မပက်သက်ချင်၊ ဖြစ်လာမယ့် အရှုပ်အရှင်းတွေကိုလည်း ရင်မဆိုင်ချင်ကြတဲ့အဆုံးမှာတော့ အလောင်းဖျောက်ပစ်ဖို့ ကြိုးစားကြတယ်။ဒါကို သူတို့က မတော်တဆဖြစ်တာပါလို့ ကိုယ့်စိတ်ကိုယ် ပြန်ချော့တယ်။ဒါပေမယ့် တိုက်ခံရတဲ့သူဟာ မသေသေးဘူး။ သူတို့ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲချလိုက်မှ ဒါဟာ လူသတ်မှုဖြစ်သွားတာပဲ။ဒီကိစ္စကို ဘယ်သူ့မှမပြောကြေး၊ သေတဲ့အထိ လျှို့ဝှက်ထားကြမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သစ္စာဆိုခဲ့ကြတယ်။ ဒါပေမယ့် နောက်နှစ် နွေရာသီကာလမှာ စာတစ်စောင်ရောက်လာတယ်။" မင်းတို့ မနှစ်နွေရာသီတုန်းက ဘာလုပ်ခဲ့လဲ ငါသိတယ် " ဆိုပြီးတော့ပေါ့။ အတိတ်ရဲ့ တစ္ဆေဟာ သူတို့ကို ပြန်ခြောက်ခဲ့ပြီ။~~~~ ~~~~ ~~~~ ~~~~ ~~~~ ~~~~နာမည်ကြီး လူသတ်ကားတစ်ကားဖြစ်တဲ့ ...
movie

I Know What You Did Last Summer (1997)

1997
My Friend Dahmer (2017)
My Friend Dahmer (2017) My Friend Dahmer (2017)ဒီဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံက နာမည်ကျော် ကွင်းဆက်လူသတ်သမား ဂျက်ဖရီ ဒါးမားရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းနာမည်အတိုင်းပဲ ဂျက်ဖရီ ဒါးမားရဲ့ သူငယ်ချင်း ဂျွန် ဘက်ဒါ့ဖ် ရေးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ် အခြေခံပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်လမ်းကတော့ ဒါးမား လူမသတ်ခင် အချိန်ကို ရိုက်ကူးထားခဲ့တဲ့ ဒါးမားရဲ့ဘဝဇာတ်ကြောင်းပါ။ ဒီဇာတ်လမ်းက စိတ္တဇလူသတ်သမားရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် သွေးထွက်သံယိုတွေတော့ ပါမှာ မဟုတ်ပါဘူး။IMDb - 6.2/10 ရထားပြီး Rotten Tomatoes - 87% ပါ။spoiler alert ===========ဒါကတော့ ဒီဇာတ်လမ်းရဲ့နောက်ဆက်တွဲသတင်းပါ။ ဒါးမားဟာ လူငယ်အမျိုးသား (၁၇)ယောက်ကို သတ်ခဲ့တာပါ။ သတ်ပုံကတော့ ဒီလူငယ်တွေကို ခေါ်လာပြီး ဦးနှောက်ထဲကို ဆေးထိုးသတ်ခဲ့တာပါ။ ပြီးရင် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ပြီး တချို့ကိုတော့ စားခဲ့ပါတယ်။ ခေါင်းခွံတွေကိုတော့ ဆေးရည်စိမ်ပြီး သိမ်းထားခဲ့တယ်လို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။ ဒါးမားကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ၁၆ ကြိမ် ကျခံစေခဲ့ပါတယ်။ ဒါပေမယ့် ထောင်ကျနေစဉ်အတွင်းမှာပဲ ထောင်သားတစ်ယောက် သံတုတ်နဲ့ ရိုက်သတ်လို့ သေဆုံးခဲ့ရပါတယ်။My Friend ...
movie

My Friend Dahmer (2017)

John Q (2002) 7.1
John Q (2002) John Q (2002)_____IMDb - 7.1/10   JOHN Qဆိုတဲ့ဒီကားကို တကယ်တော့ အညွှန်းတောင်သိပ်လိုမယ်မထင်ပါဘူး...  မိဘတို့ရဲ့ မေတ္တာကိုအပြည့်အဝဖော်ကျူးထားတဲ့ကားမို့ တစ်ခါကြည့်ဖူးရုံနဲ့ တော်တော်များများရဲ့နှလုံးသားကို အပြည့်အဝသိမ်းပိုက်ပြီး ထာဝရနီးပါးအမှတ်ရနေနိုင်တဲ့ကားဖြစ်ပါတယ်... ဇာတ်ကားကောင်းဖြစ်သည့်အပြင် ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel ကအဓိက သရုပ်ဆောင်ထားတော့ 1080P,720Pတို့ဖြင့် တင်ဆက်ပေးထားပါသည်..... မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအညွှန်းကိုတော့ အနည်းငယ်ပြောပြပါမည်... ဘဝက မွဲတေ၊ ဘဏ်ကတောင် ကားကို လာသိမ်းသွားတဲ့ အဖြစ်၊ အိမ်တောင်မှ ပေါင်ထားရပြီး ဘယ်နေ့ အသိမ်းခံရမယ် မသိ၊ အလုပ်ကလည်း Full time ကနေ Part time အဆင့်ကို လျော့ကျ၊ ဒီလောက်မွန်းကြပ်တဲ့ ဘဝထဲမှာမှ တစ်ဦးတည်းသော သားလေးက နှလုံးရောဂါနဲ့ နှလုံး အစားထိုးကုသမှ ရတော့မယ့် အဖြစ်၊ အာမခံကလည်း ဒီလောက်ထိတော့ အကာအကွယ်မပေးနိုင်ဘူးဆိုပြီး ညစ်ပတ်... ဒီလိုအြခေအနေမျိုးမှာ ရုပ်ရှင်ကြည့်ပရိသတ်တွေဆိုရင်ရော ဘယ်လိုလုပ်မလဲ... ဒီလိုမွန်းကြပ်တဲ့ အခြေအနေဆိုးတွေကြားမှာ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကြူးရင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ရိုက်ပြသွားတဲ့ Denzel Washinton ရဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ...
movie

John Q (2002)

2002
The Best of Enemies(2019) 6.8
The Best of Enemies(2019) The Best of Enemies(2019)IMDb...6.8  " မဖြစ်နိုင်ဘူးဆိုတဲ့အဖြေတစ်ခုကိုကျွန်မဘယ်တော့မှလက်မခံနိုင်ဘူး...ဒါကျွန်မရဲ့အဖြေမဟုတ်ဘူး... ကျွန်မတို့အားလုံးကထွက်တဲ့သွေးရောင်တွေဟာအကုန်အတူတူပဲမဟုတ်လား...ဒီတော့ကျွန်မယုံကြည့်ချက်အတိုင်းဆက်လုပ်တယ်...." ဒါကတော့လူမည်းအမျိုးသမီးဖြစ်သူမစ္စအေယုံကြည်ပြုမူပြောဆိုလှုပ်ရှားခဲ့တဲ့စကားပေါင်းများစွာထဲကအချို့ပါ.... ဒီကားက အမေရိကားမှာလူဖြူလူမည်းကြောင့်ပြည်တွင်းစစ်ဖြစ်ပွားပြီးခဲ့သော်လည်းတောင်ပိုင်းသားတွေကလူမည်းတွေကိုမတူမတန်သလိုနှိမ်ချချင်နေကြတုန်းကာလတစ်ခုကိုအခြေခံရိုက်ကူးထားခဲ့တာပါ။လူမည်းတွေကလည်းသူတို့ရဲ့လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေရချိန်လည်းဖြစ်ပြီးဒီတစ်ကြိမ်မှာတော့အစိုးရကျောင်းတွေကိုလူဖြူလူမည်းမခွဲခြားပဲနှစ်မျိုးလုံးတက်ရောက်နိုင်တဲ့ပူးတွဲကျောင်းတွေအဖြစ်ပြုလုပ်ပေးဖို့တောင်းဆိုရင်းဖြစ်ပေါ်လာတဲ့ဖြစ်ရပ်မှန်အဖြစ်တွေကိုသရုပ်ဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ဒီကားကတကယ်စိတ်ခွန်အားတွေရရှိစေသလိုဇာတ်ကားကလည်းစိတ်ဝင်စားအောင်ရိုက်ကူးထားပါတယ်.... ဒိုင်ယာလော့တွေကလည်းခမ်းနားသလိုသရုပ်ဆောင်တွေကလည်းဝါရင့်သရုပ်ဆောင်တွေမို့လို့အသက်ပါလွန်းပါတယ်.... ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1.1 GB) and (440MB) Quality : Web-Dl 720p, Format…mp4 Duration…02:13:00 Genre :  Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae
movie


2019