Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anne Hathaway
5.5
Bride Wars (2009)
IMDB: 5.5Rotten Tomatoes: 10%Genre: Comedy/Romanceဇာတ်ကားကောင်းကြည့်ချင်တယ်ဆိုရင်Rating အပေါ်ကိုပဲမမှီခိုနဲ့ဆိုပြီးကြားဖူးတယ်။တကယ်လည်း မှန်တယ်လို့ကျွန်တော်လက်ခံပါတယ်။Bride Wars (2009) ကသက်သေပါပဲ။တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီးမင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်အချစ်တော်တွေမလို့ကြည့်ရတာ တော်တော်လေးကိုတန်ပါတယ်။ ဇာတ်ညွှန်း သူငယ်ချင်းနှစ်ယောက် "အမ်မာ နဲ့ လစ်ဗ်" ဆိုပြီးရှိတယ်။နှစ်ယောက်လုံးရဲ့ အိမ်မက်လည်း ဇွန်လထဲ ပလာဇာဟိုတယ်ကြီးမှာမင်္ဂလာဆောင်ဖို့ အမ်မာရဲ့ကောင်လေးက လဖက်ချ်ချာ၊လစ်ဗ်ရဲ့ကောင်လေးက ဒန်နီယယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကလည်းနှစ် ၂၀ တောင်ရှိနေပြီမလို့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘာနဲ့မှဖျက်လို့မရခဲ့ပါဘူး။ဒါကတော့ အထင်ပေါ့လေ။ ဒီလိုနဲ့ နှစ်ယောက်ဟာရှေ့ဆင့်နောက်ဆင့်ပဲကောင်လေးတွေရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံရပြီး မင်္ဂလာဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ဇွန်လထဲ ပလာဇာဟိုတယ်မှာပဲဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမယ့်လည်း ဇွန်လအတွက် ပွဲချိန် သုံးခုစာပဲကျန်ပါတော့တယ်။ကံဇာတ်ဆရာ ရွဲ့တော့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကတိုက်တိုက်ဆိုင်ဆိုင် ရက်သွားတူနေပါတော့မယ်။ကဲ အဲဒီမှာ အချစ်ဆုံးသူငယ်ချင်းကနေ၊ အမုန်းဆုံးသူငယ်ချင်းတွေဘယ်လိုများဖြစ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦး။အမ်မာ အဖြစ်မင်းသမီး Anne Hathaway (မကြာနု)လစ်ဗ်အဖြစ် မင်းသမီး Kate Hudsonဒန်နီယယ်အဖြစ် မင်းသား Steve Howeyဖလက်ချ်ဂျာအဖြစ် မင်းသား Chris ...
movie
Bride Wars (2009)
2009
5.8
Song One (2014)
သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီးကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင်တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင်Johnny Flynn တို့ပဲဖြစ်ပါတယ်။ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာသီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာအဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီးလမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကိုစောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင်သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 26m Genre ...
movie
Song One (2014)
5.8
Passengers (2008)
cm ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ MysteryRomance Thriller ဇာတ်လမ်းလေး တစ်ခုကတော့ Passengers ဆိုတဲ့ဇာတ်ကားလေးပါ။ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway နဲ့Patrick Wilson တို့ခေါင်းဆောင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကြောင်း ပြောရရင် ကမ်းခြေတစ်ခုအနီးမှာ လေယာဉ်ပျက်ကျမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ အဲဒီမတော်တဆမှုမှာ အသက်မသေဘဲရှင်ကျန်ရစ်တဲ့ ခရီးသည် ငါးဦးကို ကလဲရာဆိုတဲ့ စိတ်အထူးကုဆရာဝန်မလေးက အဖွဲ့လိုက် ဆွေးနွေးကုသမှု အကြံပေးနေတာပါ။ဒီငါးဦးထဲမှာမှ အဲရစ်ဆိုတဲ့ ကောင်လေးက တခြားသူတွေနဲ့ မဟုတ်ဘဲကလဲရာနဲ့ တစ်ဦးချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုပြန်ပါတယ်။သူတို့နှစ်ဦးကြားမှာ စစတွေ့ဆုံကတည်းက အဲရစ်က ကလဲရာကိုသဘောကျမိပြီး ကလဲရာဘက်ကတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာကြောင့်ဒါကိုမသိကျိုးကျွံ နေဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဆရာဝန်မလေးနဲ့တွေ့ဆုံဆွေးနွေးနေတဲ့ ကျန်လေးဦးမှာ တစ်ယောက်ပြီး တစ်ယောက်ပျောက်ဆုံးကုန်ကြတဲ့အခါ လူနာတွေအတွက် စိတ်ပူမိတဲ့ ကလဲရာတစ်ယောက် လေကြောင်းလိုင်းဘက်က သူနဲ့ တွေ့ဆုံမေးမြန်းရာမှာလည်းကျေနပ်စရာ အဖြေမရပါဘူး။ဒီပဟေဠိကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနဲ့ သူမကိုယ်တိုင် ...
movie
Passengers (2008)
5.5
Serenity (2019)
တစ်ချိန်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲခန့်ချောမင်းသားကြီး Matthew McConaughey နဲ့ဒရာမာဇာတ်ကားပေါင်းများစွာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချော Anne Hathaway တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ..ဒရာမာ လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ဇာတ်ကားဖြစ်ပြီးတော့ဇာတ်လမ်းအစအလယ်အဆုံး ကြည့်ရှုသူပရိသတ်ရဲ့အာရုံကိုဖမ်းစားထားနိုင်မဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ ပလိုင်းမောက်မြို့ရဲ့နာမည်ကြီးငါးဖမ်းသမားဘိတ်ကာဒေးလ်ကို တွေ့ရမှာဖြစ်ပြီး သူ့ဘ၀ကတော့ ငါးမျှားလိုက် သူတို့ဆီကိုလာတဲ့ခရီးသွားတွေကိုငါးမျှားဖို့လှေနဲ့ တင်ခေါ်ပေးသွားလိုက် အရက်သောက်လိုက်သူနဲ့အရင်ဘ၀ကတည်းက ရန်သူတော်ဖြစ်လာခဲ့သလားတောင်ထင်ရတဲ့ တူနာငါးကိုမရမက ဖမ်းဖို့ကြိုးစားလိုက်နဲ့အချိန်ကုန်ငွေတွေကုန်ပြီး လည်ပတ်နေခဲ့ပါတယ်။သူသုံးနေတဲ့ လှေကလည်းဘဏ်ချေးငွေနဲ့ ဝယ်ထားတဲ့အတွက်သူတစ်ဝက် ဘဏ်တစ်ဝက် ပိုင်နေသလိုပါပဲ။ဒါပေမယ့်တစ်နေ့မှာတော့ သူ့ရဲ့ပျင်းစရာကောင်းတဲ့ဘ၀ကြီးထဲကိုသူ့ဇနီးဟောင်းရောက်လာခဲ့ပြီး သူနဲ့ရထားတဲ့သားနဲ့သူ့ကိုနှိပ်စက်နေတဲ့ လက်ရှိယောက်ျားကို ပင်လယ်ထဲခေါ်သွားပြီးသတ်ပေးဖို့ ပိုက်ဆံတွေအများကြီးကမ်းလှမ်းပြီး တောင်းဆိုလာတဲ့အခါမှာတော့ သူ့ဇနီးဟောင်းတောင်းဆိုတဲ့အတိုင်းလုပ်ပေးလိုက်မလား ပိုက်ဆံတွေကိုရောလက်ခံလိုက်မလားဒါမှမဟုတ် လူသားတစ်ယောက်ပီသစွာနဲ့ပဲငြင်းလိုက်မလားဆိုတာတွေအပြင်တခြားမထင်မှတ်ထားတဲ့လှည့်ကွက်တွေအများကြီးကိုပါ တွေ့ကြုံခံစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB/888MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 46m Genre ….. Drama , Mystery Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie
Serenity (2019)
6.3
Mothers’ Instinct (2024)
The idea of youထဲက လန်ဒန်ဘွိုင်းလေးရဲ့ မမကြီးAnne Hathaway ရဲ့ crime dramaလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါတော့ ချစ်တတ်တဲ့မမ မဟုတ်ဘဲအချစ်ကြီးလွန်းတဲ့ မိခင်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့တွေ့မြင်ရမှာပါ။စီလင်းတို့လင်မယားနှစ်ယောက် ခက်ခက်ခဲခဲကြိုးစားပြီးတော့မှ မက်စ်ဆိုတဲ့သားငယ်လေးကိုမွေးလာတာပေါ့။ ဖြစ်ချင်တော့ မက်စ်လေးကိုမွေးအပြီးမှာ စီလင်းတစ်ယောက် ချို့ယွင်းမှုတစ်ခုရှိနေတာသိလိုက်ရပြီး မက်စ်လေးဟာ သူ့ဘဝရဲ့တစ်ယောက်တည်းသောကလေးဆိုတာ သိလိုက်ရချိန်မှာတော့ ကလေးရူးရူးနေတဲ့စီလင်းတို့မက်စ်လေးကို ပိုးလိုဥထားကြတာပေါ့။စီလင်းတို့အိမ်ဘေးမှာရှိနေတာကတော့စီလင်းရဲ့သူငယ်ချင်း အဲလစ်တို့လင်မယားဖြစ်ပြီးတော့သူတို့မှာလည်း သီအိုဆိုတဲ့သားငယ်လေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာပေါ့။စီလင်းနဲ့ အဲလစ်တို့ခင်မင်ကြသလိုပဲ မက်စ်လေးဟာလည်းသီအိုရဲ့ကစားဖော်ဖြစ်နေခဲ့တာပေါ့။ဒီလိုသာယာနေတဲ့ မိသားစုနှစ်ခုရဲ့အလယ်ကိုကံကြမ္မာဆိုးဝင်လာပြီးတော့ မက်စ်လေးကိုခေါ်ဆောင်သွားရာကစလို့ စီလင်းတစ်ယောက်တစ်စစနဲ့ပြောင်းလဲသွားတဲ့အခါ...မူရင်း French versionမှာကလည်း လူကြိုက်များသလိုဝတ္ထုကလည်းအောင်မြင်ထားတဲ့ ဒီရုပ်ရှင်လေးကိုAnne Hathaway ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ပေါင်းစပ်လို့ပဟေဠိအဖြေညှိလိုက်ကြပါစို့လား။ File size…1.13GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD
movie
Mothers’ Instinct (2024)
6.6
The Idea of You (2024)
Trailer မှာကတည်းက hit ဖြစ်နေတဲ့ မင်းသမီးချော Anne Hathaway နဲ့ မင်းသား Nicholas Galitzine တို့ရဲ့ အချစ်ဇာတ်လမ်းလေး လာပါပြီ။အသက် ၄၀ အရွယ် အိမ်ထောင်ကွဲ။ သမီးတစ်ယောက်မိခင်ဖြစ်သူ Solene ဟာ တစ်နေ့တော့ သူ့သမီးနဲ့ သူငယ်ချင်းတွေကို Coachella ပွဲ လိုက်ပို့ရင်း Hayes ဆိုတဲ့ နာမည်ကျော် လူငယ်အဆိုတော်အဖွဲ့က ၂၄ နှစ်အရွယ် ကောင်လေးနဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပါတယ်။ခဏတာ အမှတ်မထင် တွေ့ဆုံမှုလို့ ထင်ခဲ့ပေမဲ့ အဆိုတော်ကောင်လေးဘက်က လက်မလျှော့ဘဲ Solene ရှိရာ နောက်ကို မရမက လိုက်လာခဲ့ချိန်မှာ အချစ်တစ်ခု ပေါက်ဖွားလာပါတော့တယ် ....အသက်အရွယ်က အလွန်ကွာခြားပြီး လူသိခံလို့ မဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။ File size…(5.3 GB)/ (2.4 GB)/(970 ...
movie
The Idea of You (2024)
4K HEVC
7.7
Brokeback Mountain (2005)
BrokeBack Mountain (2005) ===================== IMDb Rating - 7.7/10Crouching Tiger, Hidden Dragon (2000)လို အနောက်နိုင်ငံတွေမှာ ရှေးဦးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ တရုတ်သိုင်းရုပ်ရှင်ရဲ့ ဒါရိုက်တာ.... Director ... Ang Leeက ရိုက်ကူးပြီး သရုပ်ဆောင်အနုပညာမှာ မှော်ဝင် စားလွန်းတဲ့ လူလွန်မသားသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Hearth Ledger နဲ့ Jake Gyllanhaal တို့က Mian Castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Nominee 8ခုဝင်ထားပြီး အော်စကာသုံးခုရထားတဲ့ Ang Leeကို အော်စကာ ရစေခဲ့တဲ့ကားလည်း ဟုတ်ပါတယ်။ Homophobia တွေမနှစ်မြို့လောက်မယ့် LGBTကားဆိုတာ ကိုတော့ သတိချပ်စေချင်ပါတယ်။ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ Hearth Ledgerနဲ့ Jake တို့ဟာ Homo တွေမဟုတ်ပေမယ့် Homoတွေရဲ့ခံစားချက်တို့ကို ကောင်းကောင်းကြီး ပြ သွားနိုင်ခဲ့သလို Real World က သူတို့ကြားက ရင်းနှီးမှုကြောင့်လည်း ဒီကား ဟာ ပိုအသက်ဝင်တယ် ဆိုကြပါတယ်။ချစ်သူနဲ့လက်ထပ်ဖို့ စရိတ်စကရအောင် Brokebackတောင်ပေါ်မှာ အလုပ် လုပ်မယ့် Ennis Del ...
movie
Brokeback Mountain (2005)
2005
8.6
Interstellar (2014)
Interstellar (2014) IMDb - 8.6/10_____Rotten - 72% Won 1 Oscar. Another 43 wins & 148 nominations 2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်… 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background musicတွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် ...
movie
Interstellar (2014)
2014
BluRay DS4K HEVC
7.0
Becoming Jane (2007)
IMDb rating - 7 Rotten Tomatoes - 58%“ငါတို့တွေ အတူမရှိနိုင်ရင် ဘဝက ဘာအဓိပ္ပါယ်ရှိမှာလဲ” ဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာပေမယ့် စာရေးဆရာမဖြစ်ချင်တဲ့ဂျိမ်းအော်စတန်တစ်ယောက်။ သူ့အမေက မိသားစုငွေကြေးကြပ်တည်းနေလို့ သူဌေးမကြီးရဲ့ တူနဲ့လက်ဆက်ပေးချင်နေပါတယ်။ ဒါပေမဲ့ ဂျိမ်းက အိမ်ထောင်မပြုရဖို့အရေး ဆန့်ကျင်နေတုန်းမှာလန်ဒန်ကနေ တွမ်လက်ဖွိုင်းဆိုတဲ့လူတစ်ယောက်ရောက်လာပါတယ်။ စစတွေ့ကတည်းက အဆင်မပြေခဲ့တဲ့နှစ်ယောက်ကအချိန်ကြာလာတဲ့အမျှ သံယောဇဉ်တွေတွယ်မိလာပါတော့တယ်။ ဒီလိုနဲ့ ဂျိမ်းက အချစ်ကိုပဲရွေးချယ်သွားမလားမိသားစုကိုငဲ့ညှာပြီး မိဘသဘောတူတဲ့လူနဲ့ပဲ လက်ထပ်သွားမလား... UK စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Jane Austen ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Alice in wonderland မှာWhite Queen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Anne Hathawayနဲ့X-manမှာ Professor Charles အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား James McAvoy အပြင် Harry Potter ထဲကProfessor McGonagall ဖြစ်တဲ့ Maggie Smithတို့ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Benni ပဲဖြစ်ပါတယ် File size… 1.3 GB / 620 ...
movie
Becoming Jane (2007)
2007
7.1
Nicholas Nickleby (2002)
အင်္ဂလိပ် စာရေးဆရာကြီး Charles Dicken ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ period comedy-dramaဖြစ်ပြီး နာမည်ကြီးတွေ ဖြစ်တဲ့ Christopher Plummer,Jamie Bell, Anne Hathaway, Charlie Hunnam တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းက သူ့နာမည်အတိုင်းပဲ Nicholas Nickleby ဆိုတဲ့ လူငယ်လေးရဲ့ ဘဝကို ဖွဲ့နွဲ့ပြီး တင်ဆက်ထားတာပါ။Nicholas တစ်ယောက်သူ့အဖေသေဆုံးပြီး နောက်ပိုင်းမှာ မိခင်နဲ့ ညီမ ဖြစ်သူကိုခေါ်ပြီး သူတို့ဦးလေးရှိတဲ့ London မြို့ကို အကူအညီရလိုရငြား လာခဲ့ကြပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဦးလေးရဲ့အကူအညီနဲ့ အလုပ်ကိုယ်စီ ရသွားကြပါတယ်။Nicholasဟာ Squeers ဆိုတဲ့ ကျောင်းအုပ်ရဲ့ ကျောင်းမှာ ဆရာအဖြစ် လုပ်ကိုင်ရင်း Squeers မိသားစုရဲ့ ကျောင်းသားကလေးသူငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ၊ Smike ဆိုတဲ့ မသန်စွမ်းကောင်လေးကို ဆိုးဆိုးဝါးဝါး ရိုက်နှက်မှုတွေကို ကိုယ်တွေ့မြင်လာရပါတယ်။ဒီလိုနဲ့ ...
movie
Nicholas Nickleby (2002)
6.5
Eileen (2023)
Eileen (2023)~ IMDb - 6.6/10, RT - 85%, Meta - 71% ~မမလေး အန်းဟဲသားဝေးရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။Lady Macbeth ရုပ်ရှင်ရဲ့ဒါရိုက်တာ William Oldroyd ရဲ့ လက်ရာဖြစ်ပြီး အဓိကသရုပ်ဆောင်ကတော့ Last Night in Soho ထဲက မင်းသမီး Thomasin McKenzie ပါပဲ။ ရုပ်ရှင်ကတော့ အစပိုင်းမှာ Family ...
movie
Eileen (2023)
2023
4K HEVC
6.1
She Came to Me (2023)
She Came to Me (2023)~ IMDb - 6.1/10, Rotten Tomatoes - 47% ~လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေး Anne Hathaway ရယ်၊ Tom Holland's Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလောဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်။ဒီဇာတ်လမ်းကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချော ကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မလေးကတ်ထရီနာနဲ့ ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ...
movie
She Came to Me (2023)
2023
7
One Day (2011)
One Day (2011)~ IMDb rating - 7/10 ~One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ...
movie
One Day (2011)
2011
6.9
The Devil Wears Prada (2006)
The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Pradaဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ...
movie
The Devil Wears Prada (2006)
6.3
Ella Enchanted (2004)
Ella Enchanted (2004)ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် ...
movie
Ella Enchanted (2004)
2004
6.5
(18+) Don Jon (2013)
IMDb (6.5) / Rotten Tomatoes (80%)မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်....လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။ အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ...အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ...အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ " အပြာကားစွဲတဲ့ စိတ်ရောဂါ "တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ...
movie
(18+) Don Jon (2013)
2013
1080p HEVC
6.9
Armageddon Time (2022)
ဒီဇာတ်ကားကို Universal ကုမ္ပဏီက ရိုက်ကူးထားတာဖြစ်ပြီး Anthony Hopkins, Anne Hathawayတို့လို နာမည်ကြီးတဲ့ Castတွေအပြင် Succession series မှ Jeremy Strongနဲ့ The Black Phoneနဲ့ The Devil All The Timeမှာပါဝင်ခဲ့တဲ့ ကလေးသရုပ်ဆောင် Banks Repeta လည်း ပါဝင်ပါတယ်။ ဥရောပမှ အမေရိကန်ကိုရွေ့ပြောင်းလာတဲ့ မိသားစုအကြောင်း ဖြစ်ရပ်မှန် Dramaဇာတ်လမ်းဖြစ်ပြီး RT 75%နဲ့ Metacritic 75% ရထားပါတယ်။Paul Graff ဆိုတဲ့ ကျောင်းသားလေးတစ်ယောက် ကျောင်းနဲ့ မိသားစုကြားမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ လူငယ်ဘဝမှာ ဖြစ်တတ်တဲ့ ဆုံးဖြတ်ချက်အမှားတွေအကြောင်း အသားပေး ရိုက်ကူးထားတာဖြစ်ပါတယ်။ ၆တန်းကျောင်းသားလေးဖြစ်တဲ့ Paulဟာ ကျောင်းစာကို စိတ်မပါဘဲ စိတ်ထင်ရာလျှောက်လုပ် တတ်တဲ့ ကလေးတစ်ယောက်ပါ။ ပန်းချီပညာကိုတော့ ဝါသနာ ထုံပြီး အားနေရင် ပန်းချီပဲဆွဲချင်နေသူလေးပါ။ ဒီလိုနဲ့ တစ်နေ့ အတန်းထဲက ကျောင်းလူမိုက် ဂျိုနသန်ဒေးဗစ်ဆိုတဲ့ ကလေးနဲ့ အဖွဲ့ကျပြီး မကောင်းတဲ့လမ်းမှားထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လုနီးပါးဖြစ်လာလို့ သူ့ရဲ့မိဘတွေ အဘိုးအဘွားတွေက Paul လမ်းမှန်ပြန်ရောက်ဖို့အရေး ကြိုးစားရပါတော့တယ်။ File size…(1.35GB) ...
movie
Armageddon Time (2022)
6.3
The Princess Diaries (2001)
မင်းသမီးချော Anne Hathaway ရဲ့ ငယ်ရွယ်စဉ်က အလှတွေကို တစ်ဝကြီးမြင်ရမယ့် တောင်းဆိုမှုများတဲ့ ကားဟောင်းကောင်းလေးတစ်ကား လာပါပြီ။၂၀၀၁ ခုနှစ်က ထွက်ရှိထားပြီး ငယ်ငယ်က Hollywood မူဗီတွေရဲ့ vibe ကို အပြည့်အဝပေးစွမ်းတဲ့ ကားလေးပါ။မီယာဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုက လူမသိသူမသိနေရာလေး တစ်ခုမှာ အမေတစ်ခု သမီးတစ်ခု နေထိုင်ရင်း ဘဝကို အသက်ဆက်နေသူပါ။ ရှာမှရှားတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးနဲ့အတူ ကျောင်းသွားရင်း ကျောင်းရဲ့ ဘူလီခံ စတိုင်လ်မကျု ရုပ်ဆိုးမလေးပေါ့၊ဒါပေမဲ့ တစ်နေ့ သူဟာ ဂျနိုဗီယန် နိုင်ငံရဲ့ နန်းတက်မင်းသမီးတစ်ပါးပါဆိုပြီး အဘွားဖြစ်သူ ဘုရင်မကြီး ရောက်လာတဲ့ သတင်းနဲ့အတူ သူ့ဘဝကြီးဟာ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါတော့တယ်။ဒီတော့ သာမန်ဘဝနဲ့ပဲ ဖြတ်သန်းချင်တဲ့ မီယာနဲ့ မြေးဖြစ်သူကို တော်ဝင်မျိုးနွယ်စုထဲ ဇွတ်တွေ သွပ်သွင်းချင်တဲ့ ဘွားဘွားတို့ ဘယ်လို အတိုက်အခံတွေဖြစ်ကြမလဲ ကြည့်ရှုလိုက်ကြပါဦး File size…(2.03GB/(1.03MB)/(686MB) Quality….Webrip 1080p / ...
movie
The Princess Diaries (2001)
5.8
The Princess Diaries 2: Royal Engagement (2004)
၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Princess Diaries ပထမကားအပြီးမှာ နန်းတွင်းရေးရာတွေ သင်ယူရင်း နန်းတက်ဖို့ပြင်ဆင်နေပြီဖြစ်တဲ့ မင်းသမီးလေးအကြောင်းကို ထပ်ချပြဖို့ The Royal Engagement အမည်ခွဲနဲ့ နောက်ထပ် တစ်ကားထပ်ထွက်ခဲ့ပါတယ်။မင်းသမီ မီယာတစ်ယောက် သူက မင်းသမီးဆိုတာ စသိခဲ့ရတုန်းက မဖြစ်ချင်လို့ အတွင်တွင်ငြင်းခဲ့ပေမယ့် အခု တော်ဝင်ဘဝကို လက်ခံပြီး နိုင်ငံအုပ်ချုပ်မယ် ဖြစ်သွားပြန်တော့လည်း အနှောင့်အယှက်တွေက ရှိလာပြန်ပါတယ်.ဒါကတော့ အိမ်ထောင်မရှိတဲ့ မိန်းမဟာ ဂျနိုဗီယာဘုရင်မ လုပ်လို့မရဘူးဆိုတဲ့ ဥပဒေပါပဲ။ ဘုရင်မမှ လုပ်ချင်သပဆို တစ်လအတွင်း ကြင်ယာရှာဖို့ပါ ပါလီမန်က ချမှတ်လိုက်တော့ မီယာတစ်ယောက် ဘာတွေဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ကြပါဦးFile size…(1.87GB/(1017MB)/(518MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Comedy / Family / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
The Princess Diaries 2: Royal Engagement (2004)
8.5
The Dark Knight Rises (2012)
The Dark Knight Rises (2012) IMDb Rating (8.4) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight ...
movie
The Dark Knight Rises (2012)
2012
4K HEVC IMAXHDR
1
2
Next