Channel Myanmar

Anne Clausen

Sophie Scholl: The Final Days (2005)
Sophie Scholl: The Final Days (2005)  ဒီဇာတ်ကားလေးဟာ ဂျာမနီရဲ့ နာဇီဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အကျော်ကြားဆုံးအမျိုးသမီးသူရဲကောင်းဖြစ်တဲ့ ဆိုဖီရှိုးရဲ့ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကိုအခြေခံရိုက်ကူးထားတာပါဆိုဖီရှိုးဟာ "နှင်းဆီဖြူ"လို့ခေါ်တဲ့ကျောင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းရဲ့ ရဲရင့်လှတဲ့အဖွဲ့ဝင်တစ်ယောက်ပါ သူမဟာ သူမ၏အစ်ကိုဖြစ်သူ"ဟန်စ်ရှိုး"နဲ့အတူ နာဇီဆန့်ကျင်ရေးလက်ကမ်းစာစောင်တွေကို တက္ကသိုလ်ကျောင်းဝန်းထဲမှာဖြန့်ဝေခဲ့လို့အဖမ်းခံခဲ့ရပါတယ်ဒီဇာတ်ကားဟာ ဇာတ်ကားနာမည်အတိုင်း သူမဘဝရဲ့နောက်ဆုံးနေ့ရက် 6 ရက်အကြောင်းကိုရိုက်ကူးထားတာပါ ဒီဇာတ်ကားထဲမှာ သူမတို့မောင်နှမ နာဇီဆန့်ကျင်ရေးစာစောင်တွေဖြန့်ဝေတာကစလို့ အဖမ်းခံရပုံ,တရားရုံးတွင်ရင်ဆိုင်ရပုံနဲ့ နောက်ဆုံး 1943 မြူးနစ်မြို့မှာ ပြစ်ဒဏ်စီရင်ခံရပုံအထိကိုရိုက်ကူးပြထားပါတယ်ခံယူချက်တွေအပေါ်မှာ ဘယ်တော့မှတွေဝေမှုမရှိတဲ့သူမ, အဖွဲ့သားတွေအပေါ်ကိုလည်း သေတဲ့အထိသစ္စာမဖောက်ခဲ့တဲ့သူမ, သေဒဏ်ချမှတ်ခံရချိန်မှာလည်း တုန်လှုပ်မှုမရှိတဲ့သူမ အဲဒီ"ဆိုဖီရှိုး"ဆိုတဲ့ သူမ အသက်ရှင်ခဲ့ရတဲ့နောက်ဆုံးနေ့ရက်တွေကိုခံစားကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Drama, History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Sophie Scholl: The Final Days (2005)