Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Annalise Basso
A Creature Was Stirring (2023)
မင်းသမီးချောလေး Annalise Basso ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇာတ်ကားလေးတစ်ကားပါLouisville ဆိုတဲ့ မြို့လေးတစ်မြို့ရဲ့ ခရစ္စမတ်ကာလမှာ နှင်းမုန်တိုင်းတွေအပြင်းအထန်တိုက်နေတဲ့ကြားကနေ ဘာသာရေးယုံကြည်သက်ဝင်တဲ့ မောင်နှမနှစ်ယောက်ဟာ သာသနာပြန့်ပွားရေးအတွက်ခရီးထွက်လာကြရင်းနဲ့ ခိုလုံဖို့အိမ်တစ်အိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြတယ်အိမ်ရှင်ဖြစ်တဲ့ ဖိတ် ဆိုတဲ့ Nurse တစ်ယောက်ဟာ သူ့သမီးနဲ့အတူနေထိုင်တာပေါ့ သူ့ရဲ့သမီးဖြစ်တဲ့ ချမ် မှာ ထူးဆန်းတဲ့ ရောဂါတစ်ခုဖြစ်နေတာကို အမေဖြစ်သူက ကြိတ်ကုနေတာပေါ့ ရောဂါကတော့အဆန်းပဲ Body Temperature တစ်ခုကိုရောက်သွားရင် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားတာပါပဲ ဒါကိုလူသိမခံချင်တဲ့ သားအမိနှစ်ယောက်နဲ့ အိမ်ဖောက်ပြီးရောက်လာတဲ့ မောင်နှမနှစ်ယောက်ကြားမှာ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုတွေဖြစ်ကြဦးမလဲဆိုတာကိုတော့.....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(748 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie
A Creature Was Stirring (2023)
6.4
Alabama Moon (2009)
Alabama Moon (2009) ================= IMDb Rating - 6.4/10ဇာတ်ကားကတော့ လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုကို ရှု့ထောင့်တစ်မျိုး ကနေ တင်ဆက်ပေးတာပါ။ ဒီဇာတ်ကားကို ကလေးသရုပ်ဆောင် ကားအဖြစ်ပုံဖော်ထားပေမယ့်၊ နောက်ခံဇာတ်လမ်းကတော့ ကြည့်ရှု သူပရိတ်သတ်တွေ တွေးတောကြဖို့ပါပဲ။မွန်းနဲ့ သူ့ရဲ့အဖေတို့ဟာ အစိုးရရဲ့ ထိန်းချုပ်ကွက်ကဲမှုအောက်မှာရှိတဲ့ လူ့အဖွဲ့အစည်းကနေ လွတ်မြောက်ဖို့အတွက် သစ်တောထဲမှာ သီးသန့် ကလေးသွားနေကြတာပါ။ ဒီအခါမှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အကြောင်း အရာတွေကိုတော့ မွန်းဆိုတဲ့ ကလေးက ရင်ဆိုင်သွားရပါတယ်။အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လူ့အဖွဲ့အစည်းရဲ့ အခက်အခဲနဲ့ တောထဲမှာ သွားနေကြတဲ့ သားအဖရင်ဆိုင်ရတဲ့ ပြသနာတွေကို ယှဥ်ထိုးပြီးတော့ ရိုက် ကူးသွားတာဖြစ်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာကတော့ ကြည့် ရှုတဲ့ပရိတ်သတ်က ဆက်လက်တွေးတောရမှာပါ။ ဒီဇာတ်ကားနဲ့ပဲ မွန်း အဖြစ် သရုပ်ဆောင် ကလေး သရုပ်ဆောင် Jimmy Bennet ဟာ Young Best Artist ဆုအတွက် Best Performance in a Feature Film - Leading Young Actor ...
movie
Alabama Moon (2009)
2009
Captain Fantastic (2016)
ဘန်နဲ့ သူ့ရဲ့အမျိုးသမီး လက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။ တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေ လက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားလိုစိတ်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ ...
movie
Captain Fantastic (2016)
5.9
Ladyworld (2019)
လူငယ်ဆန်ဆန်ကားလေးတွေကိုကြည့်ချင်သူများအတွက်တင်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးကတော့ လူငယ်တွေကိုစဉ်းစားစရာတစ်ခုကျန်ရစ်စေမယ့်ကားတစ်ကားဆိုရင်လည်းပိုမှန်မှာပါဒီကားလေးကတော့ မိန်းကလေးတစ်စုထူးဆန်းတဲ့အိမ်ကြီးထဲရောက်သွားပြီးအခက်အခဲပေါင်းစုံတွေ့ဆုံရပြီးလူငယ်တွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းစိတ်သဘောထားကွဲလွဲကြပြီးသူတို့အချင်းချင်းပြဿနာတက်ကြရာမှအိမ်ကြီးထဲကနေလွတ်မြောက်နိုင်ကြမလားဆိုတာစိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖစ်ပါတယ် File Size : ( 877 MB , 319 MB)Quality : WEB-DL 720pRunning Time : 1 hr 33 minFormat : Mp4Genre : ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Lwin May Thu Encoded by Moe Myint Lwin
movie
Ladyworld (2019)
2018
6.5
Oculus (2013)
လက်မလွှတ်သင့်တဲ့HorrorMovieထဲမှာOcculusကတစ်ကားအပါအဝင်ဖြစ်ပါတယ်။ကြည့်ရင်းကြည့်ရင်းနဲံ့ကြောက်သထက်ကြောက်လာရမယ့်ဇာတ်လမ်းပါ။ထင်ယောင်ထင်မှားဖြစ်တာလား?သရဲတကယ်ခြောက်တာလား?ဆိုတာကိုဇာတ်လမ်းကြည့်ရင်းအဖြေရှာရမယ့်ကားပါ။ကြောက်စိတ်ဆိုတာ.....ထင်ယောင်ထင်မှားဖြစ်တာကနေအစပြုတာများပါတယ်။မှန်ထဲမှာရှိတဲ့ ပုံရိပ်ဟာ ပုံရိပ်ယောင်ပါ။ပုံရိပ်ယောင်ကနေမှန်ကြည့်နေတဲ့လူကိုပူးကပ်လာလေမလားလို့ စိတ်ကူးယဉ်ဖူးပါသလားတကယ်ကို ပူးကပ်လာခဲ့တဲ့အခါဘာတွေဆက်ဖြစ်လာမှာလဲ?သရဲပူးကပ်နေတဲ့မှန်ကလူကိုဘယ်လိုများခြောက်လှန့်မယ်လို့ထင်ပါသလဲ?သရဲပူးကပ်နေတဲ့မှန်ကိုသိပ္ပံနည်းကျနဲ့ ဖြေရှင်နိုင်မယ်လို့ ထင်ပါသလား?
movie
Oculus (2013)
2013
3.0
Slender Man (2018)
Horror ပရိသတ်တွေအတွက် Slender Man ဆိုတဲ့စကားလုံးက စိမ်းမနေလောက်ဘူးထင်ပါတယ်။Thin Man နဲ့မတူတာကတော့ Thin Man က Supernatural ဇာတ်လမ်းတွဲထဲမှာပါဝင်နေတာဖြစ်ပြီးတော့ Slender Man ကတော့ အပြင်လောကမှာ ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။သူ့ကို အမျိုးမျိုးပြောကြပေမယ့် အခြေခံအားဖြင့်ကတော့ အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားတဲ့ ပုံမှန်ထက် အများကြီး ပိန်ပိန်ရှည်ရှည် မျက်နှာဗြောင်နဲ့ လူတစ်ယောက်ပုံစံနဲ့ဖော်ညွှန်းတတ်ကြပါတယ်။သူဟာလူတွေကို ဖမ်းခေါ်သွားတတ်ပြီး စိတ်ညို့တတ်ပြီးတော့ ရူးအောင်လုပ်တတ်တယ်လို့ ပြောကြပါတယ်။သူအဓိကပစ်မှတ်ထားတာက ကလေးတွေနဲ့ လူငယ်တွေများတယ်လို့သိရပါတယ်။တကယ်တန်းတော့ Slender Man က Blogger တစ်ယောက်ရဲ့လက်ဆော့ချက်နဲ့ ဖြစ်လာတဲ့ သရဲတစ်ကောင်ပါ။အဲဒါကိုမှစိတ်ဝင်စားသူတွေကထပ်ဖြည့်ရင်း Slender Man ဆိုတာဖြစ်လာပါတော့တယ်။အဲဒီလိုထပ်ဖြည့်လိုက်ရင်း Supernatural ဇာတ်လမ်းတွဲထဲက Thin Man လို တကယ်ဖြစ်လာနိုင်မလား ကျွန်တော်ကတော့ မပြောတတ်ပါဘူးဗျာ။ဒီဇာတ်ကားရဲ့ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်ကောင်မလေး လေးယောက် Slender Man ကိုဖိတ်ခေါ်မိရင်း ဘာတွေဖြစ်ကြတယ်ဆိုတာကိုရိုက်ပြထားတဲ့ အကြောင်းလေးပါ။Horror ကားကောင်းကောင်းတောင့်တနေသူတွေအတွက် အရမ်းကြီးကောင်းတယ်လို့ပြောမရပေမယ့် ...
movie
Slender Man (2018)
2018
6.1
Bedtime Stories 2008
အိပ်ရာဝင်ချိန်ဆိုတာ လူသားတိုင်းရဲ့တစ်နေ့တာမှာအငြိမ်းချမ်းဆုံးအနားယူတဲ့အချိန်လေးပါ အိပ်ရာဝင်ချိန်မှာ ယုံတမ်းပုံပြင်များကိုနားထောင်ပြီးတော့ ကျွန်တော်တို့အိပ်စက်ခဲ့ရပါတယ်.... အခုလည်း Disney ရဲ့အိပ်ရာဝင်ပုံပြင်လေးကို ကြည့်ပြီးတော့ ဒီညအိပ်မက်တွေကို ကိုယ်စိတ်ကြိုက်ဖန်တီးပြီးတော့ ပေါက်တတ်ကရတွေမက်လိုက်ရအောင်.... ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ခဲ့ဖူးတယ် ။ ပုံပြောကောင်းတဲ့ အစ်ကိုကြီးအစ်မတွေဆီကနေ တစ္ဆေသူရဲပုံပြင်တွေ အဘိုးအဘွားတွေဆီကလည်း “ တို့တွေခေတ်တုန်းက ဘယ်လို၊ တို့ငယ်ငယ်တုန်းက ဘယ်လို” စသဖြင့်ပေါ့ဗျာ နားထောင်ခဲ့ဖူးကြပါတယ် ။ အပြောကောင်းတဲ့သူတွေနဲ့ဆို သူတို့ဇာတ်လမ်းလေးမှာ စီးမျောရင်း အချိန်တွေကုန်မှန်းတောင် မသိခဲ့ဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ စကီတာ ဆိုတဲ့ ဦးလေးလူပျိုကြီး တစ်ယောက် သူ့တူလေးနဲ့ သူတူမလေးကို သူတို့အမေခရီးသွားတုန်း တစ်ပတ်လောက် ညဖက်တွေမှာ ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းပေါ်လာတယ်။ သူကလည်း လူပျိုကြီးဆိုတော့ ကလေးမထိန်းတတ် အိပ်ရာဝင်ပုံပြင်ပြောရတော့မယ်ဆိုတော့ ပုံပြင်စာအုပ်ထဲက ဇာတ်လမ်းတွေကိုလည်း သူမကြိုက်ဘူး။ ဒါနဲ့ပဲ သူရဲ့အကြောင်းကို ရာဇ၀င်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေနဲ့ရောပြီး ပေါက်တက်ကရတွေ လျောက်ပြောတော့တာပဲ။ သူကပြောလိုက် သူ့တူလေးတူမလေးတွေလည်းက ဇာတ်လမ်းပြင်ပြောလိုက်နဲ့ လုပ်နေကြတာပေါ့။ ဒီလိုနဲ့ ထူးထူးဆန်းဆန်း ...
movie
Bedtime Stories 2008
2008
6.1
Ouija: Origin of Evil (2016) IMDb - 6.1/10_____Rotten - 82% ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်..၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး၂. သချိုင်းမြေပေါ်မှာ မကစားရ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ.. 2016 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားသစ်ကတော့ ပထမဇာတ်ကားထက် နှစ်ငါးဆယ်လောက်စောတဲ့အချိန်ကို နောက်ကြောင်းပြန်ရိုက်ကူးထားတာဖြစ်ပြီး ပထမကားရဲ့ အဓိကလှည့်ကွက်ပိုင်ရှင် Doris ရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်... အဲဒီကားမှာ ဖခင်မရှိတော့တဲ့ Doris ဟာ ...
movie
Ouija: Origin of Evil (2016)
2016