Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Annabelle Dexter-Jones
7.0
Holy Motors (2012)
ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို၂၀၁၂ ကထွက်ရှိထားတဲ့ Holy Motors ဆိုတဲ့ Drama &Fantasy အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားကို ဒါရိုက်တာ Leos Carax ကရိုက်ကူးပုံဖော်ထားပြီး rating 7/10 အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ မင်းသား Denis Lavant နဲ့ မင်းသမီးEdith Scob တို့ပါဝင်သရုပ်ဆောင်ထားပြီးမင်းသား Denis Lavant ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ရရှိထားပြီး မင်းသမီး Edith Scob ကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးရရှိထားရုံသာမက ဒီဇာတ်ကားကအခြား အကောင်းဆုံးရုပ်သံတေးဖြတ်ဆု အကောင်းဆုံး ဒါရိုက်တာဆု စတဲ့အကယ်ဒမီဆုပေါင်း ၂၉ ဆုအထိဆွတ်ခူးရရှိထားပြီးဆန်ကာတင်စာရင်း ၇၁ အခုအထိချိတ်ခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်..ဇာတ်လမ်းအစမှာ မစ္စတာအောစကာတစ်ယောက်မိုးလင်းပြီးဆိုတာနဲ့ မစ္စဆီလင်းနဲ့ အတူတူ ထူးဆန်းဖွယ်ချိန်းဆိုမှုကိုးခုကို အကောင်အထည်ဖော်ဆောင်ရွက်ကြပုံနဲ့စတင်ထားပါတယ် ချိန်းဆိုမှုတစ်ခုဆီမှာ မတူညီနဲ့ဇာတ်ရုပ်တစ်မျိုးစီ မတူညီတဲ့ဘဝတစ်ခုစီကို သရုပ်ဆောင်ရမှာဖြစ်ပါတယ် ဒီလိုနဲ့ မစ္စဆီလင်းနဲ့ မစ္စတာအောစကာတို့နှစ်ယောက် ဒီထူးဆန်းဖွယ်ချိန်းဆိုမှု ကိုးခုကိုပြီးမြောက်အောင်လုပ်ဆောင်နိုင်ပါမ့လား..ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါဦး...ဒီဇာတ်ကားမှာ မစ္စတာအောစကာအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Denis Lavant ...
movie
Holy Motors (2012)
6.8
Under the Silver Lake (2018)
Under the Silver Lake (2018)IMDb Rating (6.5)ငွေရောင်ကန်ရဲ့ အောက်မှာတဲ့ ဇာတ်ကားနာမည်က လန့်စရာကြီး သတ်တော့မယ်..ဖြတ်တော့မယ်။Crime, Drama ဆိုတော့ ခြောက်ခြားစရာဘာညာထင်ချင်စရာ...ဒါပေမယ့် မဟုတ်ပါဘူး။ဒီ ၂၀၁၈ ထွက် Ultimate Spider-man မင်းသား Andrew Garfield ပါဝင်သရုပ်ဆောင်ထားတဲ့ Under the Silver Lake ဇာတ်ကားလေးကA24 က ထုတ်တဲ့ရုပ်ရှင်ဆိုတော့ သိသာထားလိုက်တော့။ပုံမှန် Crime, Drama တွေနဲ့ပုံစံမတူဘဲ လူတော်တော်များများက Psycho(ဆိုက်ကို) ကားလို့ခေါ်ကြတဲ့ကားမျိုးဖြစ်နိုင်ပါတယ်။နည်းနည်းလည်းကြောင်တောင်တောင်နိုင်သလိုပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲကလို လူတိုင်းမြင်နေကြားနေတဲ့ သတင်းတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာ လူတချို့ပဲသိနိုင်မယ့် ထူးခြားတဲ့ လျှို့ဝှက်သတင်းစကားတွေကို ထည့်သွင်းထားသလိုမျိုး ဒီဇာတ်ကားထဲမှာ တချို့လူတွေပဲ ခံစားနားလည်နိုင်မယ့်ခံစားမှုမျိုးတွေ သတင်းစကားတွေ အများကြီးပါနေတာတော့ အသေအချာပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လူတိုင်းမြင်နေကြပေမယ့် လူတိုင်းမသိကြတဲ့လျှို့ဝှက်ချက်တွေကိုတော့ ကိုယ်တိုင်ရှာကြည့်ကြပါတော့။လူသိပ်မသတ်ပေမယ့် ကြမ်းခန်းရမ်းခန်းနည်းနည်းပါတဲ့ R-rated ဇာတ်ကားဖြစ်တဲ့အတွက် ...
movie
Under the Silver Lake (2018)
2018
Bad Things (2023)
Bad Things (2023)တကယ်တမ်း ကျွန်တော့်အမြင်မှာ ဒီကားက Psychological Thriller ပိုဆန်နေတဲ့အပြင် ဇာတ်လမ်းကလည်း အပြနှေးပါတယ်။ ဒါကြောင့်ပဲ Jump scare တွေ၊ တစ်ချိန်လုံး ခြောက်လှန့်နေမှ ကြိုက်တဲ့သူမျိုးအတွက်ဆိုရင် နည်းနည်းပျင်းဖို့ကောင်းတယ်လို့ ခံစားမိပါလိမ့်မယ်။ဆောင်းတွင်းကြီး ဟိုတယ်တစ်ခုမှာ ဖြစ်တာကို ဇာတ်လမ်းတည်ထားတာမို့ တစ်ချက်တစ်ချက် The Shining ရုပ်ရှင်က vibe လည်း ရနေပါတယ် နည်းနည်း မှီငြမ်းထားတယ် ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းတွင်းတစ်ခုမှာ ရူသီဟာ အဘွားဖြစ်သူဆီကနေ အမွေရတဲ့ စွန့်ပစ်ဟိုတယ် အဟောင်းကြီးကို ရောင်းဖို့အတွက် ရည်းစားဖြစ်သူ ကယ်လ် ၊ သူငယ်ချင်းဖြစ်သူ မက်ဒီရယ်၊ အကြုံလိုက်လာတဲ့ ဖရန်တို့နဲ့အတူ မြို့လေးဆီကို လာခဲ့ပါတယ်။ ဟိုတယ်မှာကလည်း ဘယ်သူမှမရှိတာမို့ ရူသီတို့တွေ လွတ်လွတ်လပ်လပ်နေကြရင်း၊ ဟိုတယ်တွေက သရဲဇာတ်လမ်းတွေကို ပြောပြကြရင်း အေးဆေး အချိန်ကုန်ဆုံးနေခဲ့ပါတယ်။ ဒါပေမယ့် ဖရန် တစ်ယောက် တကယ်မရှိတာတွေကို ဟိုဟိုဒီဒီ မြင်လာပြီးတော့ ဘယ်လိုတွေ ခြောက်လှန့်ခံရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှု့လိုက်ပါဦး။အညွှန်း ...
movie
Bad Things (2023)
2023
The Meyerowitz Stories (New and Selected)(2017)
"The Meyerowitz Stories" ဆိုတဲ့ဇာတ်ကားလေးကတော့ နွေးထွေးတဲ့ မိသားစုအကြောင်း၊ အနုပညာနဲ့ ရှုပ်ထွေးလှတဲ့ လူ့ဘဝအကြောင်းတွေကို သရုပ်ဖော်ထားတဲ့ နွေးနွေးထွေးထွေး ဟာသကားလေးပဲ ဖြစ်ပါတယ်တော်လှတဲ့ ပန်းပုဆရာဖြစ်ပေမယ့် အပြစ်လည်း သိပ်မကင်းလှတဲ့ သူတို့ အဖေအပေါ် မာယာဝစ် မွေးချင်းသားတွေနဲ့အတူ သူတို့ ဘယ်လိုခံစားကြရတယ်ဆိုတာ တူတူခံစားကြည့်လို့ ရပါတယ်ဒီကားလေးကတော့ မိဘနဲ့ သားသမီးတွေအကြား ဆက်ဆံရေးတွေကို သေချာ စူးစမ်းလေ့လာထားတဲ့ ရင်ထဲ ထိဖွယ် ဟာသ ဇာတ်ကားလေးဖြစ်ပါတယ်မိသားစု တစ်ခုမှာ ဘယ်လို အတက်အကျတွေ ရှိတယ်ဆိုတာရယ် ခဏတာ ရယ်မောချင်တာရယ်အတွက်ကတော့ ဒီကားလေးက လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.. File size…2.31GB / 892.6MB Quality…Web-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
The Meyerowitz Stories (New and Selected)(2017)
6.2
Ravage (2020)
Swing Low ( 2019 ) Thriller ကား ကြိုက်တဲ့CM ပရီတ်သတ်တွေအတွက် ဒီဇာတ်လမ်းက ကြည့်ရတာ အဆုံးထိစိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားမယ့် ဇာတ်ကားကောင်းဖြစ်ပါတယ် သဘာဝပတ်ဝန်းကျင်အလှတွေ ရှားပါးမျိုးစိတ် သတ္တဝါပုံတွေကို ရိုက်ကူးရတာ ဝါသနာပါတဲ့ ဟာပါဆိုက် ဆိုတဲ့ ဓါတ်ပုံဆရာမ တစ်ယောက်က လူသူမရှိတဲ့ ဝါချီတူမီတောင်ကြားကို ရှားပါးမြွေမျိုးစိတ်ကို ရှာရင်း ရောက်လာခဲ့ပါတယ် အဲ့ဒီတောထဲမှာ မြွေမျိုးစိတ် အနီရောင်မျိုးကို ရှာရင်း မထင်မှတ်ဘဲ တောထဲမှာ လူအုပ်စု တစ်စုက တခြားလူတစ်ယောက်ကို ရက်ရက်စက်စက် သတ်နေတာ တွေ့ခဲ့ပါတယ် သူမ ဟာ မြင်မြင်ချင်းထိတ်လန့်တုန်လှုပ်သွားပေမယ့် စိတ်ကိုပြန်ထိန်းပြီး ထိတ်လန့်ဖွယ် မြင်ကွင်းကို အမိအရ ဓါတ်ပုံရိုက်ခဲ့ပါတယ် အဲ့ဒီ့နောက် အနီးဆုံးက ရဲစခန်းရှိရာကိုပြေးပြီး တိုင်ဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမယ့် ကံမကောင်းစွာပဲ သူမဟာ တောထဲက လူအုပ်စုဆီကို ပြန်ရောက်သွားပါတော့တယ် အဲ့ဒီ့ကနေ သူမ ဘယ်လိုမျိုး လွတ်အောင် ကြိုးစားနိုင်မလဲ လူသူကင်းဝေးတဲ့ တောကြီးထဲမှာ မိန်းကလေး တစ်ယောက် လူအုပ်စု ဆီကနေ လွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ် ဒီဇာတ်ကားက ၂၀၁၉ ကမှ ထွက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File Size - 912 mb Quality ...
movie
Ravage (2020)
2019
6.0
Josie & Jack(2019)
Josie & Jack (2019) အညွှန်း******************************* လောကကြီးမှာ ပညာတတ်တဲ့သူတွေ ရူးမိုက်တဲ့ လုပ်ရပ်တွေကို လုပ်ပြီဆိုရင်...တခြားသူတွေ ဘယ်လိုမှ လိုက်လို့မမှီပါဘူး..... ဒီဇာတ်ကားမှာလည်း...ကောလိပ်တစ်ခုရဲ့ ရူပဗေဒပညာရှင် ပရော်ဖက်ဆာ ဂျိုးဆပ် ရေဘန် ဟာ…ကမ္ဘာလောကကြီးဟာ လူသားတွေရဲ့ပရောဂကြောင့်ပျက်ဆီးနေရတာဆိုပြီးတော့...လူ့အဖွဲ့အစည်းတစ်ခုလုံးကို မျက်မုန်းကျိုးနေသူ တစ်ယောက်ပဲဖြစ်ပါတယ်…. သူ့ရဲ့နာကျည်းချက်ဟာ ဘယ်လောက်ထိ ကြီးမားသလဲဆိုရင်....မိခင်ဆုံးပါးသွားပြီးတဲ့နောက် ရွေးချယ်စရာမရှိဘဲ ဖခင်ဖြစ်သူ ရေဘန်နဲ့ အတူလာနေရတဲ့ ကလေးနှစ်ယောက်လုံးကို အပြင်ကျောင်း လုံး၀မထားဘဲ....အိမ်ထဲမှာပဲ သီးသန့်နေစေခဲ့ပါတယ်... ဒီလိုနဲ့ပဲ ရေဘန်ရဲ့ သားနဲ့သမီးဖြစ်သူ.ဂျက်ခ် နဲ့ ဂျိုဆီ ဟာ ပြင်ပလောကနဲ့ ကွာခြားလွန်းတဲ့ ပတ်၀န်းကျင်မှာ…အရွယ်ရောက်လာကြပါတော့တယ်... သာမန်ကလေးဘ၀ရဲ့ ပျော်ရွှင်မှုတွေ...မိဘမေတ္တာတွေကို မခံစားခဲ့ရတဲ့ ဂျက်ခ် နဲ့ ဂျိုဆီ…ဘယ်လိုလူမျိုးတွေ ဖြစ်လာကြမလဲ....အရာရာ ချုပ်တည်းလွန်းတဲ့ ဖခင်နဲ့ ..... ဆယ်ကျော်သက် လူငယ်နှစ်ယောက်ကြားမှာ.... ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာကို ကိုယ်တိုင်ပဲဆက်လက်ခံစားကြည့်ကြပါဦးခင်ဗျာ..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်....File Size : (850MB) and (380 MB) Quality : WEB-DL ...
movie
Josie & Jack(2019)