Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anna Yamada
6.0
Mountain Woman (2023)
18 ရာစုနှောင်းပိုင်း Tohokuမှာ ဖြစ်ခဲ့တဲ့ အကြောင်းလေးကို ဇာတ်လမ်းဖန်တီး ရိုက်ကူးထားတဲ့ကားလေးပါအထီးကျန်ဆန်လွန်းတဲ့ မိန်းကလေး Rin က အငတ်ဘေးဒဏ်ခံနေသော ရွာတစ်ရွာမှာ နေထိုင်နေတာပေါ့သူမက လူသားတွေ ကွယ်လွန်ပြီး ဝိညာဉ်များ တက်သွားတဲ့ Hayachin Mt. Hayachin ကတော့ အစွမ်းတွေရနေတဲ့နောက်...File size_(1.6GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Fantasy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Y
movie
Mountain Woman (2023)
6.9
Golden Kamuy (2024)
ဂျပန် နာမည်ကြီး ကာတွန်းစီးရီး Golden Kamuy ကိုရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတဲ့ ဇာတ်ကားအသစ်ထွက်ပါပြီ။High and Low ရုပ်ရှင်တွေရဲ့ ဒါရိုက်တာကြီးShigeaki Kubo ပဲရိုက်ကူးထားတာ ဖြစ်ပါတယ်။အက်ရှင် စွန့်စားခန်း အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း**************ဟော့ကိုင်ဒိုနယ်မြေရဲ့ ကိုင်နူလူမျိုးတွေဟာ ရွှေ ကန် ၂၀၀၀၀ ကျော်( ကီလို ၇၀၀၀၀ ကျော်) ကို ဂျပန်နယ်ချဲ့တွေလက်က ကာကွယ်ဖို့စုစည်းထားချိန်မှာပဲ ကိုင်နူလူမျိုးတစ်ယောက်က အားလုံးကိုသစ္စာဖောက်ပြီး ရွှေတွေကို လုသွားပါတယ်။ အဲဒီရွှေတွေကိုဖွက်ထားပြီး ဂျပန်တပ်ဆီမှာ အဖမ်းခံလိုက်ရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီထောင်ထဲမှာပဲ ရွှေတွေရဲ့မြေပုံကို လူ ၂၄ ယောက်ရဲ့ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးပေးလိုက်ပြီး ထောင်က ထွက်ပြေးခိုင်းလိုက်ပါတယ်။ဒီတော့ လူ ၂၄ ယောက်လုံးရဲ့ ဆေးမှင်ကြောင်တွေကိုစုစည်းနိုင်တဲ့သူက နိုင်ငံအသစ်ကြီးထောင်နိုင်လောက်အောင် များတဲ့ရွှေတွေကိုပိုင်မှာဖြစ်တာကြောင့် ဂျပန်ရဲ့ တပ်ဖွဲ့-၇ ကရော အခြားရည်ရွယ်ချက်နဲ့သူတွေကရော ဆေးမှင်ကြောင်သမားတွေကိုလိုက်ရှာပါတော့တယ်။ဆေးမှင်ကြောင်သမားအချင်းချင်းကလည်း လည်သူစားစတမ်းလုနေကြတာမို့ အဲဒီအရှုပ်တော်ပုံထဲကို ရွှေတွေလိုက်ရှာနေတဲ့တပ်သားဟောင်းလေးတစ်ယောက်နဲ့ အိုင်နူမိန်းကလေးတစ်ယောက်တို့ကြားညပ်သွားတဲ့အခါ... File size…2.97GB ...
movie
Golden Kamuy (2024)
5.5
Missions of Love (2018)
Mission of love (2018)IMDb - 5.5 My Drama List - 6.92009 ခုနှစ်ကနေ 2015 အထိ Nakayoshi manga magazine မှာလစဉ်ရေးသားတင်ဆက်ခဲ့တဲ့ Manga Series ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ ဟိမုရိုယူကီနာကအွန်လိုင်းပေါ်မှာ နာမည်ကျော်တဲ့ စာရေးဆရာမတစ်ယောက်ပဲဖြစ်ပါတယ်။သူက နာမည်ကျော်စာရေးဆရာမဆိုပေမယ့်အချစ်ဝတ္ထုကို တစ်ခါမှမရေးဖူးပါဘူ။တစ်နေ့မှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရအချစ်ဝတ္ထုရေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အချစ်အကြောင်း ဘာတစ်ခုမှမသိတဲ့ယူကီနာတစ်ယောက်ဝတ္ထုရေးဖို့ ကုန်ကြမ်းအဖြစ် အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးဖို့လိုအပ်လာပါတယ်။တစ်ချိန်တည်းမှာပဲ ကျောင်းရဲ့ နာမည်ကြီးကျောင်းသားတစ်ယောက်ဖြစ်တဲ့ခီတမိရှီဂုရဲရဲ့ လျှို့ဝှက်ချက်တစ်ခုကို အမှတ်မထင် သိရှိသွားပါတော့တယ်။အဲဒီလျှို့ဝှက်ချက်ကိုသုံးပြီး ရှီဂုရဲကို သူနဲ့တွဲပေးဖို့ အကြပ်ကိုင်ခဲ့ပါတယ်။ယူကီနာတစ်ယောက် ဝတ္ထုအတွက် မစ်ရှင်တွေတစ်ခုပြီးတစ်ခု စမ်းသပ်ရင်းနဲ့ဘာမှမပြောင်းလဲဘဲ ဝတ္ထုကိုအဆုံးထိရေးနိုင်မလားယူကီနာရဲ့အချစ်ရေးအပြောင်းအလဲ အခက်အခဲတွေကိုစိတ်ဝင်စားစွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် File size… 1.9 GB / 844 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ..... ...
movie
Missions of Love (2018)
6.2
Liverleaf (2018)
Liverleaf (2018) ~ Sound Error FIXED!!! ~ ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ပြန်ကလဲ့စားချေတဲ့ ဇာတ်ကားကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီကားကို မြည်းစမ်းကြည့်သင့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... "နိုဇကိ ဟရုက"ဆိုတဲ့ ကျောင်းသူလေးက သူ့အဖေရဲ့အလုပ်ကြောင့် တိုကျိုကနေ အရမ်းအေးတဲ့ နယ်မြို့တစ်မြို့ကို ရွှေ့ပြောင်းလာခဲ့ရပါတယ်။ မကြာခင်မှာ အလယ်တန်းအောင်တော့မှာဖြစ်ပြီး သူလည်းကြိုးစားနေထိုင်နေပါတယ်။ဒါပေမဲ့ ကလေးအချင်းချင်းကြား အထင်လွဲမှုတွေဖြစ်ပြီး အတန်းတွင်းလူဆိုးအုပ်စုရဲ့ ပစ်မှတ်က သူဖြစ်လာပါတယ်။ ကျောင်းပြီးချင်စိတ်နဲ့ သည်းခံလာခဲ့ပေမဲ့ တစ်နေ့မှာ နိုဇကိရဲ့အိမ်ကို Bully ကောင်တွေက ဓာတ်ဆီလောင်းပြီးတော့ပါ မီးရှို့လိုက်ကြပါတယ်။ဒီဖြစ်ရပ်ကြောင့် ဟရုကရဲ့ မိဘနှစ်ပါးလုံး အရှင်လတ်လတ် မီးလောင်သေဆုံးသွားရပြီး ညီမလေးဖြစ်သူကလည်း တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာနဲ့ အမြဲဆေးကုသနေရပါတယ်။အမြဲသည်းခံလာခဲ့တဲ့ ဟရုကတစ်ယောက် ပြင်းထန်တဲ့ရိုက်ခတ်မှုတွေအပြီးမှာ သူ့မိသားစုကို သတ်ခဲ့ကြတဲ့လူတွေကို ဘယ်လိုပြန်ပြီး ကလဲ့စားချေ တုန့်ပြန်သတ်ဖြတ်မလဲဆိုတာကို ဒီ Psychological, Thriller, Murder ဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
Liverleaf (2018)
2018
7.2
The Master Plan (2021)
မိဘမဲ့ ငယ်သူငယ်ချင်း ကောင်လေး၂ယောက်ရှိလေသည်...မာကိုတိုနဲ့ ကီဒါ.. သူတို့ရဲ့ ကမ္ဘာငယ်လေးထဲကို နောက်ထပ်မိဘမဲ့ ကောင်မလေးတစ်ယောက် ယို့ချီ ဝင်ရောက်လာပြီး အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်ကျောင်းပြီးတော့ မင်းသား ၂ယောက်က ကားဝပ်ရှေ့တစ်ခုမှာ အတူဝင်လုပ်ကြတယ် တစ်နေ့မှာ ကားဝပ်ရှော့မှာ ခွေးတိုက်မိလို့ ကားလာပြင်တဲ့ မင်းသမီးချော လီဆာလေးကို မာကိုတိုတစ်ယောက်စွဲလမ်းသွားချိန်မှာတော့... မာကိုတိုတစ်ယောက် ဂုဏ်အဆင့်အတန်း ဩဇာ ငွေကြေး အရာရာမှာမိုးနဲ့မြေလို ကွာနေတာမို့ အောက်လမ်းနည်းတွေနဲ့ ကြိုးစားရုန်းကန်ခဲ့တယ်အချစ်ဆုံးသူငယ်ချင်း ကီဒါကလည်း မြေအောက်ဂိုဏ်းဝင်တစ်ယောက် အဖြစ်ခံပြီး မာကိုတိုရဲ့ ခရစ္စမတ် အကြိုညမှာလုပ်မယ့် လက်ထပ်ခွင့်အစီအစဥ်ကြီးကို တစ်စိုက်မတ်မတ် ပါဝင်ကူညီခဲ့တယ် ဆယ်နှစ်ကြာသွားချိန်မှာတော့ စီစဥ်ထားတဲ့ညဟာ ရောက်ရှိလို့လာခဲ့တယ် သူတို့ရဲ့ သူငယ်ချင်းမလေး ယို့ချီဟာ ဘယ်နေရာကိုရောက်နေလဲ ဘာဖြစ်လို့ မာကိုတိုကရော လီဆာကို တန်းတန်းစွဲဖြစ်နေရသလဲဆိုတာ plot twist အကြီးစားလေးနဲ့ ကြည့်ရှုခံစား ကြေကွဲရမှာဖြစ်ပါကြောင်း...ဒီဇာတ်ကားလေးမှာ သူငယ်ချင်းတွေရဲ့ချစ်ခြင်း မေတ္တာနဲ့ ၃ပွင့်ဆိုင် ချစ်ဇာတ်လမ်းလေး ခေါင်းစဉ်အတိုင်း သူငယ်ချင်း၃ယောက်ရဲ့ ကမ္ဘာငယ်လေး ဘယ်ပုံဘယ်နည်းနဲ့ ပျက်သုဉ်းသွားရလဲဆိုတာကို ...
movie
The Master Plan (2021)
6.8
What She Likes (2021)
What she likes (2021)Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့... ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ...
movie
What She Likes (2021)
6.6
Unlock Your Heart – Open (2021)
Open / Unlock your heart / Hiraite (2021)ယခုတင်ဆက်ပေးမှာကတော့ 2021ကထွက်ရှိခဲ့တဲ့ ကျောင်းသားdrama ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါပဲအာအီ ဆိုတဲ့ စာတော်ပြီး ချစ်စရာကောင်းတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်... ကျောင်းမှာ ပေါ်ပြူလာ အဖြစ်ဆုံးမိန်းကလေးက မထင်မရှား အတန်းဖော်ကောင်လေး တာတိုအဲကို ကြိတ်ခွက်ရှ်နေပါတယ် ကောင်လေးကလည်း အနေအေးသူဆိုတော့ ချဥ်းကပ်ရခက်နေတယ်တစ်နေ့မှာ တာတိုအဲက စာတစ်စောင်ကို ဖတ်ပြီး သိမ်းလိုက်တာကို မြင်သွားပါတယ် တစ်ကူးတက ညဘက်ကျောင်းထဲထိ ခိုးဝင်ပြီး စာကို ခိုးဖတ်လိုက်တဲ့အခါ သူ့ခွက်ရှ်မှာ လျှို့ဝှက်ရည်းစားရှိနေတာကို သိသွားချိန်မှာတော့ ခွက်ရှ်ရည်းစားဖြစ်တဲ့ မီယူကီကို ချဥ်းကပ်ရင်း ပြတ်စဲသွားအောင် မသိမသာ အကြံတွေထုတ်ရပါတော့တယ်သူဘယ်လိုအကြံတွေထုတ်မလဲ အောင်မြင်နိုင်မလား တာတိုအဲကရော သူ့လိုပဲအနေအေးတဲ့ မီယူကီကို ပစ်ပြီး အာအီနောက် ပါသွားမလားဆိုတာ မိုးအေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ )File ...
movie
Unlock Your Heart – Open (2021)
5.1
Suicide Forest Village (2021)
Suicide forest village (2021)Ju On:The Grudge sequelsတွေနဲ့ Howling Village(2017)Ox-head village (2022)တို့ရဲ့ directorရိုက်ကူးတဲ့ နောက်ထပ်ရွာတစ်ကားဖြစ်တဲ့ horrorရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရွာ၃ရွာကို ခုနှစ်အလိုက် အစဉ်အတိုင်းကြည့်ရင် ပိုပြီးကြည့်ရပြေပါလိမ့်မယ်။ဖူဂျီတောင်ပတ်လည်ကတောတွေထဲမှာ suicide forestလို့ခေါ်တဲ့ သစ်ပင်ပင်လယ်ကြီးရှိပါတယ်။ ဒီသစ်ပင်ပင်လယ်ထဲရောက်သွားတဲ့သူတိုင်း ပြန်မထွက်နိုင်ဘဲ ကျိန်စာမိပြီး ကိုယ့်ကိုယ်ကိုသတ်သေကာ သေဆုံးရတယ်လို့ ယုံတမ်းစကားတွေ ဂျပန်မှာရှိခဲ့ပါတယ်။ ဇာတ်လမ်းအစမှာတော့ အခိနလို့ခေါ်တဲ့ကောင်မလေးက ဒီတောထဲကိုသွားပြီး liveလွှင့်နေတာပါ။ လွှင့်နေရင်းနဲ့ သူ့ကိုတိုက်ခိုက်ခံရပြီး လဲကျကာ တကယ် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ဟိဘိခိ ဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေကိုစိတ်ဝင်စားပြီး ဝါသနာတူတဲ့လူတွေပါတဲ့ဂရုထဲကိုလည်း ဝင်ထားပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မရဲ့အိမ်မှာ suicide forestထဲက ကျိန်စာသင့်သေတ္တာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီသေတ္တာကိုကိုင်မိတဲ့သူတိုင်း ကျိန်စာသင့်ပြီးသေဆုံးရမယ်လို့ ဆိုပါတယ်။သူတို့မိသားစုတွေ ဒီသေမင်းတမန် သေတ္တာကိုဘယ်လိုမျိုးကိုင်တွယ်ကြမလဲ။ သူတို့နဲ့ ဒီsuicide forestထဲကရွာက ဘယ်လိုမျိုးပတ်သက်နေခဲ့ပြီး ဘယ်သူတွေ ဘယ်နည်းလမ်းနဲ့သေဆုံးကြဦးမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ပြီး ကြောက်လိုက်ရအောင်ပါ။( ...
movie
Suicide Forest Village (2021)
Little Love Song (2019)
Little Love Song (2019)ဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်ရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတာလောက် ကောင်းတာရှိပါဦးမလား။ အဆင့်ကောင်းကောင်းရဖို့ ကိုယ်ပျော်ရွှင်တဲ့အရာတွေက အရေးမပါတော့ဘူးလား။ သီချင်းတွေကြောင့် လူတွေ ပျော်ရွှင်ရတယ် ဝမ်းနည်းရတယ် ပြောင်းလဲလာရတယ်။ နောက် ခံစားချက်တွေကို ဖော်ပြလို့ရတယ်။ ဒါကြောင့် ဘဝမှာ သီချင်းတွေကလည်း အရေးပါတဲ့နေရာမှာ ရှိနေမှာပါပဲ ဒီတစ်ခါမှာတော့ Little love song ဆိုတဲ့ ဂျပန်လူငယ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုကီနာဝ ကျွန်းငယ်လေးက အထက်တန်းကျောင်းသားလေး လေးယောက်ဟာ သီချင်းတွေကို ချစ်ကြပြီး အတူတကွ Band လည်းထောင်ထားကြပါတယ်။ သူတို့သီချင်းတွေက အရမ်းကောင်းလွန်းလို့ တစ်ကျောင်းလုံးက ကျောင်းသူကျောင်းသားတွေကလည်း အရမ်းကို ကြိုက်ကြပါတယ်။ သီချင်းဆိုလိုက်တာနဲ့ တစ်ကျောင်းလုံးမှာ အားပေးသံတွေနဲ့ ဆူညံနေလို့ ကျောင်းရုံးခန်းကိုလည်း ခဏခဏရောက်ကြတဲ့အဖွဲ့ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အသုံးပြုနေကျ စတူဒီယိုက ဦးလေးနီမာဟာ သူတို့ကို တိုကျိုအသံသွင်းရုံတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်တဲ့အခါမှာ သူတို့လေးယောက်ဟာ တိုကျိုကို သွားရဖို့ အကြောင်းပေါ်လာပါတော့တယ်။ဒီသတင်းကြောင့် သူတို့ဟာ အရမ်းပျော်နေကြပြီး အိမ်ပြန်လာတဲ့လမ်းမှာ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုဖြစ်လာပါတော့တယ်။ တီးဝိုင်းထဲက ကျောင်းသားလေးနှစ်ယောက်ဟာ အိမ်ပြန်ရင်း ...
movie
Little Love Song (2019)
6.6
Homestay (2022)
Homestay (2022) ------------- IMDB. - 6.5/10ဝိညာဉ်တစ်ခုဟာ သူများခန္ဓာကိုယ်ထဲ နိုးလာတယ်။ သူဘယ်သူလဲလည်း သူမသိဘူး။ သူ့မှာ ဘာမှတ်ဉာဏ်မှလည်း မရှိဘူး။ အစောင့်အရှောက်လို့ သူ့ကိုယ်သူပြောတဲ့သူက သူ့ကို တာ၀န်တစ်ခုပေးတယ်။ သူ၀င်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဘာလို့သတ်သေခဲ့လဲ သိအောင်လုပ်ရမယ်တဲ့။ ရက်တစ်ရာအတွင်း ဒီမေးခွန်းကို ဖြေနိုင်မှ လူပြန်၀င်စားခွင့် ရမယ်တဲ့။ ဒီလိုနဲ့ အဲဒီဝိညာဉ်ဟာ သူများခန္ဓာကိုယ်ထဲနေပြီး သူများအကြောင်းကို လေ့ လာဖို့ဖြစ်လာတယ်။ ရက်တစ်ရာပြည့်တဲ့ အခါမှာတော့.......။ Japan Animeဖြစ်တဲ့ Colorful(2010) ကိုမှီးပြီး 2018မှာ ထိုင်းက Homestayဆိုတဲ့ နာမည်နဲ့ Live Actionတစ်ကားရိုက်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းကိုပဲ Homestayနာမည်နဲ့ပဲ ဂျပန်က Live Action တစ်ခါထပ်ရိုက်ထားတာပါ။ သဘာ၀လွန် ဇာတ်ကြောင်းကောင်း ကောင်းနဲ့ ဆယ်ကျော်သက်ပညာပေး ရိုက်ထားတဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)File Size - (1.5 GB) /(699 MB) / (453 MB) Quality – ...
movie
Homestay (2022)
2022