Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anna Mouglalis
5.5
Kiss of the Damned (2012)
ပါလိုဆိုတဲ့ဇာတ်ညွှန်းရေးဆရာလေးဟာ နယ်မြို့လေးတစ်ခုကို ပရောဂျက်အသစ်တစ်ခုအတွက် အေးအေးဆေးဆေးစာရေးဖို့ရောက်လာခဲ့ပါတယ်။မိုးတွေသည်းတဲ့ ညတစ်ညမှာတော့ မြို့ခံတစ်ဦးဖြစ်တဲ့ ဒီယွန်နာဆိုတဲ့ မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီးဇာတ်လမ်းအရှိန်တက်တော့မယ့်အချိန်မှာ ဒီယွန်နာက ရှောင်ဖယ်ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ပါလိုဟာ ဒီယွန်နာကိုမှ အရူးအမူးဖြစ်သွားခဲ့ပြီး ဘာတွေပဲဖြစ်လာဖြစ်လာ လက်ခံရင်ဆိုင်ပါတော့မယ်ဆိုတဲ့ အနေအထားနဲ့ သူ့ဘ၀တစ်ခုလုံးကိုပုံအပ်လိုက်ပါတော့တယ်။အဲ့ဒီမှာပဲ သူ့အတွက်အသစ်အဆန်းဖြစ်နေတဲ့လောကတစ်ခုနဲ့တွေ့ဆုံခဲ့ရတော့တာပါပဲ။ ဒီယွန်နာဟာသွေးစုပ်ဖုတ်ကောင် တစ်ဦးဖြစ်ပြီး သူတို့လိုသွေးစုပ်ဖုတ်ကောင်တွေဟာလည်းမြေအောက်လောကတစ်ခုလို ကမ္ဘာအနှံ့စိမ့်ဝင်ပျံ့နှံ့ပြီးလူတွေကြားထဲမှာ ရောနှောနေထိုင်ကြပါတယ်။သွေးစုပ်ဖုတ်ကောင် အများစုက လူတွေကိုရန်မရှာတော့ပဲ တိရိစ္ဆာန်သွေးလူလုပ်သွေးတွေနဲ့ အသက်ဆက်နေကြပေမယ့် စိတ္တဇဆန်ဆန် လူသားတွေကိုအုပ်စိုးလိုတဲ့၊ ရန်မူလိုတဲ့ အနည်းစုကလည်းရှိနေပြန်ပါသေးတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့ ဒီယွန်နာရဲ့ညီမ မီမီဖြစ်ပြီး သူတို့လက်ရှိနေထိုင်နေတဲ့ စံအိမ်ကြီးကိုရောက်လာပြီး သူတို့ကိုဒုက္ခပေးပါတော့တယ်။မြင်ဖူးနေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ကားတွေနဲ့ကွဲထွက်ပြီး ပုံစံအသစ်နဲ့ချဉ်းကပ်ထားတဲ့ drama/horror ဇာတ်လမ်းကောင်းလေးတစ်ခုပါ။ Heroes မင်းသား Milo Ventimiglia နဲ့ အရမ်းမိုက်တဲ့ ပြင်သစ် မင်းသမီးချောတွေဖြစ်တဲ့ Joséphine de La Baume နဲ့ Roxane Mesquida တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ခံစားကြည့်ကြပါဦး။ (မိသားစုနဲ့ကြည့်ဖို့အဆင်မပြေတဲ့ အဖော်အချွတ်ခန်းအနည်းငယ်ပါဝင်ပါတယ်)( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, ...
movie
Kiss of the Damned (2012)
6.4
Jealousy (2013)
Jealousy (2013) =============== IMDb Rating - 6.4/10လူးဝစ်ဆိုတဲ့ ကောင်လေးက သူ့ဇနီးနဲ့ သူ့သမီးလေးကို ထားခဲ့ပြီး အပြင်မှာ ကလော်ဒီယာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွဲနေခဲ့ ပါတယ်။လူးဝစ်က ပြဇာတ်က သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကလော်ဒီယာကလည်း အရင်က ပြဇာတ်သရုပ်တစ်ယောက်ဖြစ်ပြီး လက်ရှိအလုပ်လက်မဲ့တစ်ယောက်ပါ။ဒီဇာတ်လမ်းမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ့ဖြစ်ကြလဲ......သူတို့ နှစ်ယောက်နဲ့ ဆက်ဆံရေးကရော ရေရှည်တည်မြဲမှာလားဆိုတာကို ကြည့်ရှုရမယ့်အပြင် . လူးဝစ်နဲ့သမီးလေး ဆက်ဆံရေးကရော ရေရှည် ခိုင်မြဲမှာလား ဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ဒီဇာတ်လမ်းက ပြင်သစ်အဖြူအမည်းရုပ်ရှင်ကားဟောင်းဖြစ်ပြီး ပြစ်သစ်လူနေမှုဘဝနဲ့ မိသားစုတစ်စုရဲ့ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်လို့ Drama ကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ကားလေးလို့ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.96 GB) / (675 MB) / (348 MB) Quality............Web-Rip 1080p / 720p / 360p Duration.........1Hr 17mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Parris Encoder..........SWM
movie
Jealousy (2013)
2013
7.4
Happening (2021)
Happening (2021)ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ...အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး ...
movie
Happening (2021)