Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anna Kłos
6.1
Horror Story (2023)
အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့Horror Story ဖြစ်ပြီး လက်ရှိ IMDb Rating 6.2 ရရှိထားပါတယ်။ဇာတ်ကားနာမည်ကိုကြည့်ပြီးတော့သရဲကား လူသတ်ကားဆိုပြီးတော့ ထင်လိုက်ရင်တော့မှားသွားပါလိမ့်မယ်။ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားထဲမှာသရဲတို့လူသတ်သမားတို့ထက်အများကြီး ပိုကြောက်ဖို့ကောင်းတဲ့လက်တွေ့ ဘ၀ထဲကအမှန်တရားတစ်ခုကို ဖော်ပြထားတာမလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ ကြောက်စရာကောင်းလွန်းတဲ့အရာကြီးက ဘာများလဲလို့ မေးရင်တော့ အလုပ်အကိုင်မရှိမှုလို့ ဒီဇာတ်ကားထဲမှာအဖြေပေးထားပါတယ်။ဒီအတိုင်း ကြားလိုက်ရရင်တော့ အလုပ်အကိုင်မရှိမှုကဘာမှ အရေးမကြီးသလို ဟာသတစ်ခုလိုဖြစ်နေလောက်ပေမဲ့သေချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်ဘ၀ကိုယ်ကျောင်းပြီး ရုန်းကန်နေရသူတွေအတွက်တော့ ဒါကြီးကသည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်လိုဖြစ်နေပါတယ်။အဲ့ဒီအကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမျက်စိထဲမြင်ယောင်လာအောင် ဒီဇာတ်ကားကတိုမက်ဆိုတဲ့လူတစ်ယောက်ကို အခြေခံပြီးရှင်းရှင်းလင်းလင်းရိုက်ကူးပြသထားပါတယ်။တိုမက်ဆိုတဲ့ လူကတော့ သိပ်မကြာခင်ကမှ ကောလိပ်ကျောင်းပြီးလို့ ဘွဲ့ရထားပြီး မိဘရင်ခွင်ကနေထွက်ခွာလာတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။စျေးသက်သာတဲ့ နေရာလေးတစ်ခုမှာ ငှားနေဖို့စီစဉ်ခဲ့ပြီး ပိုင်ရှင်ကောင်မလေးရဲ့ ဆွဲဆောင်မှုတွေကလည်း ကောင်းတဲ့အတွက် အဲ့ဒီတိုက်ခန်းမှာပဲ နေဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာစနေတဲ့ နေ့ကတည်းကစပြီး သူရထားတဲ့မာစတာဘွဲ့ကြီးနဲ့ အလုပ်ရဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ဒါပေမယ့် ဘွဲ့လက်မှတ်တွေဆိုတာက သိတဲ့အတိုင်းပဲတကယ့်တကယ်အပြင်လောကကြီးနဲ့ ထိတွေ့ပြီး လုပ်ငန်းခွင်ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါမှာ ဘာမှတန်ဖိုးမရှိတဲ့ စာရွက်လေးသာသာဖြစ်နေတဲ့အတွက် တိုမက်ခမျာအလုပ်ရဖို့တော်တော်အခက်အခဲတွေ့နေပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူအရမ်းချစ်ရတဲ့ ပိုက်ဆံတွေရှိလာရင် ပြန်ပိုင်ဆိုင်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားတဲ့ ရည်းစားဟောင်းလေးကလည်း ...
movie
Horror Story (2023)