Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anjo Yllana
7.6
Men Are From QC, Women Are From Alabang (2023)
Men Are From QC, Women Are From Alabang (2023)====================================IMDb Rating - 7.6/10Long Distance Relationship ဇာတ်ကားတွေကြည့်ဖို့ ရှာနေကြတယ်ဆိုရင်တော့ ဒီကားက သင့်အတွက် တကယ်ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားပါQC ကကောင်လေးနဲ့ Alabangက ကောင်မလေး တို့က ကောလိပ်ကတည်းက အတူရှိခဲ့ကြပြီး အနေေ၀းတာတွေနဲ့ အခြားပြဿနာတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြတယ်ဒါပေမယ့် အခု သူတို့ လုပ်ငန်းခွင် လက်တွေ့ဘ၀မှာ စတင်လုပ်ဆောင်နေပြီ ဖြစ်တဲ့ အတွက် လောကကြီးရဲ့ တကယ့် အခြေအနေအရှုပ်အထွေးတွေက သူတို့ကို ေ၀းကွာအောင် တွန်းပို့လာတဲ့အချိန်မှာတော့...သူတို့နှစ်ယောက် ဘယ်လိုတွေဆက်လုပ် မလဲဆိုတာကို ကြည့်ရှု့လိုက်ကြရအောင်နော် File size_(1.3GB)/(740MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:47:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Men Are From QC, Women Are From Alabang (2023)
Hello, Universe! (2023)
အခုတစ်ခေါက်မှာတော့ 2023 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့ကြည့်လို့သင့်တော်မယ့် ကားကောင်းလေးတစ်ကားပါ။ ဒီကားထဲမှာဆိုရင်တော့ ဘတ်စကက်ဘောကို ချစ်မြတ်နိုးသူတွေအနေနဲ့ ကြည့်သင့်တဲ့ အားကစားအခြေခံ ဟာသ ဒရာမာကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း အေရီရယ်ဆိုတဲ့ သက်လတ်ပိုင်း ဘတ်စကက်ဘောကစားသမားဟောင်းတစ်ယောက်ဟာ သူငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ပြိုင်ပွဲမှာ သူလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် သူ့ဘဝကြီး အဲ့အချိန်ကတည်းကစလို့ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သူ့ကိုယ်သူ အပြစ်တင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူက သာမန် ကုမ္ပဏီဝန်ထမ်းဘဝနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေပေမယ့် သူ ဝါသနာပါတဲ့ ဘတ်စကက်ဘောကစားနည်းကိုတော့ နည်းနည်းလေးမှ လက်လွတ်မခံခဲ့ပါဘူး။တစ်နေ့တော့ သူ့ဘဝသူ ညည်းညူနေရင်းနဲ့ ဂျက်ဆီဆိုတဲ့ လူထူးဆန်းတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲဒီ့ လူထူးဆန်းက ဘယ်သူလဲဆိုတာကို သူမသိပေမယ့် ဂျက်ဆီနဲ့အတူတူ ထူးဆန်းတာတွေကို လျှောက်လုပ်မိရင်း ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲဆက်ပြီး ကြည့်ရှုပေးကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Jo Joe မှရေးသားပြန်ဆိုထားပါတယ်File size…(1.6 ...
movie
Hello, Universe! (2023)
5.3
My Zombabe (2024)
ဒီဇာတ်ကားကိုစကြည့်ကြည့်ချင်း ပထမဆုံးသတိရမိတာက 90s kids တွေရဲ့ အသည်းစွဲဖြစ်တဲ့ (အချစ်ဆုံးသူငယ်ချင်း) ဆိုတဲ့ music video လေးပါပဲ။ ဘာကြောင့်သတိရမိလဲဆိုရင်တော့ ဇာတ်ကားကိုကြည့်ရင် သိကြပါလိမ့်မယ်။ ဒီကားမှာတော့ ဖုတ်ကောင်/ဇွမ်ဘီတွေ ကြိးစိုးနေပြီဖြစ်တဲ့ လောကကြီးရဲ့အလယ် ဖိလစ်ပိုင်က ကမ်းခြေအပန်းဖြေစခန်းလေးတစ်ခုမှာ အုပ်ချုပ်သူတစ်ဦးနဲ့လူစစ်စစ်အဖြစ် ကျန်နေသေးတဲ့သူတစ်ချို့နဲ့ဇာတ်လမ်းကိုဖွင့်ထားပါတယ်။ သူကြီးက လက်ရှိကျန်နေတဲ့သူ လက်တစ်ဆုပ်စာကိုအုပ်ချုပ်ပြီး အဲ့ဒီလူတွေထဲက ဇွမ်ဘီဖြစ်နေနိုင်တဲ့အငွေ့အသက်ပါရင် မညှာမတာ တန်းသတ်လေ့ရှိပါတယ်။ သူ့အကြောင်းပြချက်ကလည်း မှန်ပါတယ်။ ဒီတစ်ယောက်ကိုညှာလိုက်ရင် ကျန်တဲ့သူတွေအတွက် အန္တရာယ်တကယ်ရှိနေနိုင်လို့ပါပဲ။ မင်းသားငနဲကတော့ အဲ့ဒီလိုအခြေအနေကြားထဲက တစ်ချိန်က သူငယ်ချင်းချစ်သူလေးကို အမြဲတမ်း သတိရနေလေ့ရှိပြီး စိတ်မထိန်းနိုင်တဲ့တစ်နေ့မှာ ဇွမ်ဘီဖြစ်နေနိုင်တာသိသိရက်နဲ့ အလောင်းကိုပြန်ဖော်ပြီး သူ့အိမ်မှာဝှက်ထား၊ တစ်ချိန်က သူနဲ့ အမှတ်တရတွေကို ပြန်အစဖော်ပေးပြီး လူပြန်ဖြစ်လာဦးမလားဆိုတဲ့ မျှော်လင့်ချက်ကို အကောင်အထည် ဖော်ပါတော့တယ်။ လူ့ဘ၀ကတည်းက သူ့ကို သူငယ်ချင်းလိုသဘောထားခဲ့တဲ့၊ အခုချိန်မှာဇွမ်ဘီတစ်ပိုင်းဖြစ်နေပြီးဖြစ်တဲ့ကောင်မလေးက အခုလိုဘ၀မှာမှ သူ့မေတ္တာတွေကို နားလည်နိုင်လာဦးမှာလား? တက်ကြွနေတဲ့ ကြက်ဖရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ အိမ်မက်ထဲက နတ်သမီးလေးပဲဖြစ်နေဦးမှာလား?ဇွမ်ဘီမလေးတစ်ယောက်ကို ချစ်မိတဲ့ ဇာတ်လမ်းဆိုတော့ Warm Bodies နဲ့တူနေမလားဆိုရင် ...
movie
My Zombabe (2024)
6.2
My Zombabe (2024)
My Zombabe (2024) IMDb - 6.2/10နာမည်ကျော် ဖိလစ်ပိုင်ဟာသမင်းသား Empoy Marquez ရဲ့ ခပ်ဆန်းဆန်း ဇွမ်ဘီဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗိုင်းရပ်စ်တစ်မျိုးကြောင့် လူတွေအကုန်လုံးနီးပါး ဇွမ်ဘီတွေဖြစ်ကုန်ပြီး ကမ္ဘာပျက်ကိန်းကြီးကြုံနေရပေမဲ့ ပင်လယ်ကြီးဘေးမှာ လက်တစ်ဆုပ်စာရှင်ကျန်ဆဲဖြစ်တဲ့လူတွေထဲက ပွန်ဂ်ဆိုတဲ့ ကောင်လေးကတော့ သူ့ဘ၀ကို ခဏတာခိုဝင်လာဖူးတဲ့ ယာစမင်းဆိုတဲ့အမျိုးသမီးလေးကို တမ်းတနေတုန်းပါပဲ။ သူတို့အဖွဲ့လေးထဲမှာ ခေါင်းဆောင်တစ်ယောက်ရှိပြီး ဗိုင်းရပ်စ်ကူးခံရပြီထင်တာနဲ့ သတ်ပစ်တတ်ပါတယ်။ တစ်ညမှာတော့ ဇွမ်ဘီမလေးဖြစ်သွားတဲ့ ယာစမင်းကို ပွန်ဂ်တစ်ယောက်တွေ့လာခဲ့ပါတော့တယ်။ ချစ်ရတဲ့ဇွမ်ဘီမလေးကို အသတ်ခံရမှာစိုးတဲ့အတွက် ပွန်ဂ်တစ်ယောက် ညီဖြစ်သူကို အကူအညီတောင်းပြီး ဘယ်သူမှမတွေ့အောင်ဝှက်ထားဖို့ ကြိုးစားပါတော့တယ်။ဇွမ်ဘီတွေပါတာမို့ ထိတ်လန့်သည်းဖိုလည်းဖြစ်ပေမဲ့ အချစ်တွေဖြန်းပက်ထားတဲ့ အလွမ်းဇာတ်လမ်းလေးမို့ ခံစားကြည့်ရှုကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance, Horror Quality…. 1080p | 720p File size… 1.3GB | 730MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
My Zombabe (2024)
2024
5.7
Itutumba Ka Ng Tatay Ko (2024)
Itutumba Ka Ng Tatay Ko [2024] (IMDb - 5.7/10)တီတန်နဲ့ တင်တင်တို့က အဖေတစ်ခု သမီးတစ်ခု... သူတို့နှစ်ယောက်သာ ရှိတဲ့ ဘဝလေးမှာ တီတန်ဟာ ဖခင်ကောင်းတစ်ယောက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေမယ့် သူ့သမီးလေးကို အနိုင်ကျင့်ဗိုလ်ကျနေသူတွေဆီကနေတော့ အပြည့်အဝ မကာကွယ်ပေးနိုင်ရှာဘူး.. အကြောင်းကတော့ တီတန်ဟာ လူကြောက် ဖြစ်နေလို့ပါ... ဒါကိုလည်း သမီးဖြစ်သူက မုန်းတီးလို့ နေခဲ့ပါတယ်... တီတန်ဟာ ဆုံးပါးသွားတဲ့ အမေကိုသာ သူ့အဖေ လူဆိုးလူမိုက်လို မဖြစ်စေရပါဘူးလို့ ကတိမပေးခဲ့ရင် သူဟာ အခုလို လူကြောက်ကြီးဖြစ်နေမှာ မဟုတ်ပါဘူး...ဒီလိုနဲ့ ဒါရိုက်တာတစ်ယောက်ဆီမှာ လက်တိုလက်တောင်း လုပ်ရင်း အသက်ဆက်နေရတဲ့ တီတန်တစ်ယောက်... ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ဦးနှောက်မှာ အကျိတ်ရှိနေပြီး ခုနှစ်ရက်သာ အသက်ရှင်ရတော့မယ်လို့ ကြားသိလိုက်ရပါတော့တယ်... သိပ်မကျန်တော့တဲ့ သူ့ရဲ့ လူ့သက်တမ်းမှာ သူ့သမီးလေးအတွက် တီတန်တစ်ယောက် ဘာတွေဘယ်လိုမျိုးများ လုပ်ပေးသွားလိမ့်ဦးမလဲဆိုတာ ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ...
movie
Itutumba Ka Ng Tatay Ko (2024)
2024