Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anita Mui
6.7
Rumble in the Bronx (1995)
၁၉၉၅ ခုနစ်မှာရိုက်ကူးခဲ့တဲ့ မင်းသားကြီး Jackie Chan ရဲ့ဇာတ်လမ်းအဟောင်းလေးပါ ထုံးစံအတိုင်းပဲ ဟာသ အက်ရှင် စတန့်ပေါင်းများစွာနဲ့Jackie Chan ပရိတ်သတ်တွေအကြိုက်တွေ့ကြမှာကျိန်းသေပါတယ် ဒေါ်လာ ၇သန်းခွဲအကုန်အကျခံရိုက်ကူးခဲ့ပြီး သန်း ၃၂၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ နာမည်ကျော်ဇာတ်ကားကောင်းတခုလဲဖြစ်ပါတယ်ဟောင်ကောင်ကကွန်ဖူးချန်ပီယံကောင်လေးတယောက်ဟာအမေရိကန် နယူးယောက်မှာအခြေချနေတဲ့ဦးလေးဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုအလည်လာရင်း နယူးယောက် ရဲ့ ဘရွန့်စ်ရပ်ကွက်ထဲက လမ်းသူရဲများနဲ့ပြသနာဖြစ်မိရာကနေ ပိုကြီးတဲ့ ပြဿနာတောထဲရောက်သွားရာက သူဘယ်လို ရင်ဆိုင်မလဲဆိုတာ ကို စတန့်တွေ အထိုးအကြိတ် အက်ရှင်တွေ နဲ့ သွက်သွက်လက်လက် ရှုစားရမှာဖြစ်ပါတယ် File size…(1.65 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ye Wai Lynn Htut
movie
Rumble in the Bronx (1995)
1995
7.6
The Legend of Drunken Master (1994)
ဒီကားလေးကတော့ ၁၉၉၄ခုနှစ်က ထွက်ထားတဲ့ ဂျက်ကီချန်းရဲ့ ကားကောင်းလေးတွေထဲကတစ်ကားပါ......ဒီဇာတ်ကားမှာတော့ ဂျက်ကီချန်းက ခပ်ဆိုးဆိုးကောင်လေး လူလည်ကျတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ သူ့အဖေနဲ့အတူ ခရီးတစ်ခုကနေအပြန် ရထားဘူတာမှာ သူတို့ဝယ်လာတဲ့ ဂျင်ဆင်းဘူးကို အခွန်မဆောင်ချင်တာနဲ့ ပြီးမှပြန်လိုက်ရှာမယ်ဆိုပြီး သူများသေတ္တာထဲခိုးထည့်လိုက်ပါရော.....အဲဒီလိုနဲ့ ရထားပေါ်ရောက်တော့ သူတို့ခိုးထည့်လာတဲ့ ဂျင်ဆင်းဘူးကို လိုက်ရှာရင်း ထုံးစံအတိုင်းအလွဲတွေဖြစ်တာကနေ ဂျင်ဆင်းဘူးအစား ရှေးဟောင်းပစ္စည်းကြီးကို မှားသယ်မိသွားပါလေရော.....အဲဒီမှာပဲ သူတို့နိုင်ငံကနေ ရှေးဟောင်းအမွေအနှစ်တွေကို ခိုးထုတ်နေတဲ့ အဖွဲ့နဲ့ပတ်သက်မိပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့....... File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lyric Lynn Khant
movie
The Legend of Drunken Master (1994)
1994
5.8
The Heroic Trio 2: Executioners (1993)
မီရှယ်ယို...မက်ဂီချောင်...အန်နီတာမွိုင်တို့ပါဝင်တဲ့ အံ့ဖွယ်အမျိုးသမီးသုံးယောက်ပေါင်း လောင်းကျော် ဟောင်ကောင်ဂျက်မသုံးဖော်ရဲ့ ဒုတိယကားလေး လာပါပြီဗျာ။ပထမကားကတော့ သုံးယောက်ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတာကို အသားပေးရိုက်ကူးထားပြီး အခုကားလေးမှာတော့ ပိုပြီးခိုင်မာလာတဲ့သူငယ်ချင်းသံယောဇဉ်နဲ့ တာဝန်ဝတ္တရားများအကြောင်းကို အလေးပေးရိုက်ကူးထားတာမို့ ခံစားမှုရသတစ်မျိုးပေးဦးမှာဖြစ်ပါတယ်။ နှစ်ကားစလုံးကို ကြည့်နိုင်ရင်ပိုအရသာရှိပြီး တစ်ကားစီခွဲကြည့်ရင်လည်း အဆင်ပြေပါတယ်။ကမ္ဘာကြီးရဲ့ဆုတ်ကပ်သင်္ကေတအဖြစ် အနုမြူဗုံးပေါက်ကွဲသွားတဲ့အချိန်ပေါ့။ အရာအားလုံးပျက်စီးသွားပြီး ပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်ပါ ညစ်ညမ်းသွားပါတယ်။ သန့်စင်တဲ့ရေကိုရအောင်ရှာပေးနိုင်တဲ့ အဖြူရောင်သူရိယအဖွဲ့ကို ပြည်သူတွေက တစ်ခနက်အားပေးထောက်ခံလာတဲ့အချိန် စစ်တပ်ကအရမ်းတုန်လှုပ်သွားပါတယ်။အဲ့ဒါကြောင့် အဖြူရောင်သူရိယအဖွဲ့ခေါင်းဆောင်ကို လုပ်ကြံလိုက်တဲ့အပြင် စွမ်းဆောင်မှုမရှိဘူးဆိုပြီး သမ္မတကိုဖြုတ်ချကာ စစ်အာဏာသိမ်းဖို့ပြင်ဆင်ပါတော့တယ်။ ရေသန့်ကိစ္စနဲ့ အဓိကရုဏ်းဖြစ်လာကြပြီး အာဏာတစ်ခုအတွက်နဲ့အသေခံရတဲ့သူတွေများလာတဲ့အခါ.. ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်သုံးယောက်က ဘယ်လိုမျိုးလှလှပပ ဖြေရှင်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်....။ ။IMDb Rating(5.8) ထိပဲ ရရှိထားတယ်ဆိုပေမယ့် ဇာတ်လမ်းသဘောလန်းသလို ဇာတ်ကောင်တွေကိုလဲ မညှာမတာကိုင်တွယ်ထားတဲ့ ဒီဇာတ်ကားက ခေတ်မီမှုသိပ်မရှိသေးတဲ့ CGI သဘောတွေကို ဖယ်ကြည့်မယ်ဆိုရင် တော်တော်ကို မိုက်တဲ့ အက်ရှင်ဇာတ်ကားပါ။ File size…(2.5 GB) / (950 MB) Quality….HDRip Uncut ...
movie
The Heroic Trio 2: Executioners (1993)
6.5
The Heroic Trio (1993)
Michelle Yeoh , Maggie Cheung , Anita တို့သုံးယောက်ပေါင်းလောင်းကျော်ထားတဲ့ ဟောင်ကောင်ဂျက်မသုံးဖော်ဇာတ်ကားလေးလာပါပြီ။သူတို့သုံးယောက်ငယ်နုတုန်းက ပုံရိပ်အလန်းတွေကိုတစ်ဝကြီးရှုစားရမယ့်အပြင် ၁၉၀၀ ခုနှစ်လောက်က ဟောင်ကောင်အက်ရှင်ကားအကြမ်းကိုကြည့်ရမှာဆိုတော့ ရွှေခေတ်ဇာတ်ကြမ်းတွေပေါ့...ဇာတ်လမ်းကတော့ သုံးလအတွင်း ကလေး (၁၈)ယောက်ပျောက်တာနဲ့စပါတယ်။ ဘယ်လိုမှရှာမတွေ့တဲ့အပြင် ရဲမှူးကြီးရဲ့ကလေးကိုလည်း ခိုးမယ်လို့ပေါ်တင်ပြောပြီး စိန်ခေါ်ပါတော့တယ်။ တစ်ခါတစ်လေ ဥပဒေဘောင်ထဲကလုပ်လို့အဆင်မပြေတဲ့အရာတွေ၊ မလုပ်ရဲတဲ့အရာတွေကို ပြည်သူ့သူရဲကောင်းတွေက မျက်နှာဖုံးတွေနောက်ကွယ်ကနေ ကူညီပေးတတ်ကြတယ်မလား....ဘယ်လိုသူရဲကောင်းတွေလဲဆိုတာ ဆက်လက်ရှုစားကြပါ။IMDb Rating (6.5)ထိ ရရှိထားပြီး တကယ်လဲ ကောင်းတဲ့အက်ရှင်ဇာတ်ကားမလို့ အက်ရှင်ပရိတ်သတ်တွေအတွက် အမိုက်စားပါပဲ။ File size…(1.8 GB) / (750 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:25:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JoJoVa
movie
The Heroic Trio (1993)
5.8
Behind the Yellow Line (1984)
Behind The Yellow Line (1984)ကြိတ်မှိတ်ပြီး အစောကြီးအိပ်ခဲ့မိတဲ့ မနေ့ညက နာရီပြန်၂ချက်ကြီး အိပ်မက်မပြီးသေးခင် ကိုယ်လန့်နိုးလာခဲ့တယ်။ စီးကရက်ကို မီးညှိရင်း အိပ်မက်ကို ပြန်တွေးကြည့်တော့ နိုးလာမှ ကိုယ့်မှာ ပိုနာကျင်ရပြန်တာပါပဲ။ ဘဝတွေက အိပ်မက်ထဲမှာတောင် ဝေးမြဲဝေးဆဲ။ ဒီလို ဆွေးမြေ့မြေ့ညမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ကိုယ်ဟာ ကြည့်မယ်တွေးထားပြီး မကြည့်ဖြစ်သေးတဲ့ ရုပ်ရှင်တစ်ကားကို ကောက်ဖွင့်မိလိုက်တယ်။ ကြည့်မယ်လုပ်ထားမိတာကလည်း ထွေထွေထူးထူး အကြောင်းကြောင့်မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ လတ်စလီချောင်နဲ့ မက်ဂီချောင်ပါတဲ့ ရုပ်ရှင်မို့ Trailer ကြည့်ကြည့်ရာက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ်ထင်လို့ စိတ်ပြေလက်ပျောက်ရှိချင်တဲ့အခါ ကြည့်ဖို့သိမ်းထားလိုက်တာပါပဲ။ တော်တော်တောင်ကြာပါပြီ။ မနေ့ညကတော့ ကိုယ်ကြည့်ဖြစ်ခဲ့တယ်။ရုပ်ရှင်ဖွင့်လိုက်တယ်ဆိုရင်ပဲ လတ်စလီချောင်သရုပ်ဆောင်တဲ့ အူကြောင်ကြောင်စာကြမ်းပိုးလေး ဇာတ်ရုပ်ကို ကိုယ်မြင်ရတော့တာပါပဲ။ အူကြောင်ကြောင်နဲ့ လမ်းလျှောက်တာတောင် ဗရုတ်သုတ်ခဖြစ်နေတတ်တဲ့ကောင်ပေါ့။ ဒီလိုသာ မင်းဘေးမှာပြောမိခဲ့ရင် "သူများကိုပြောပြန်ပြီ သူကရော ဘာထူးလို့လဲ"လို့ မင်းပြောမှာ ကိုယ်ပြေးမြင်မိသေးတယ်။ ဟောင်ကောင်အချစ်ဟာသကားတွေရဲ့ ...
movie
Behind the Yellow Line (1984)
1984
5.9
A Better Tomorrow III: Love and Death in Saigon (1989)
A Better Tomorrow III: Love and Death in Saigon (1989) A Better Tomorrow Trilogy ရဲ့ နောက်ဆုံးကား ဖြစ်တဲ့ A Better Tomorrow III ကိုတော့ ရှေ့နှစ်ကားရဲ့ ဒါရိုက်တာ ဂျွန်ဝူးဟာ ပရိုဂျူဆာဖြစ်တဲ့ Tsui Hark နဲ့ သဘောထားကွဲလွဲရာကနေ ဆက်မရိုက်ဖြစ်ခဲ့ပါဘူး။ ပရိုဂျူဆာ Tsui Harkကပဲ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တယ်။Tsui Hark ဟာ A Better Tomorrow III နဲ့တော့ အောင်မြင်မှုအပြည့်အ၀ မရခဲ့ပေမဲ့ သူလည်း ဟောင်ကောင် စီနီမာရဲ့ အရေးပါတဲ့သူပါပဲ။ ဂျက်လီရဲ့ Once Upon A Time In China ၄ကားအပါအ၀င် Green Snake, Tide and ...
movie
A Better Tomorrow III: Love and Death in Saigon (1989)
1989
7.6
Days of Being Wild (1990)
[Unicode]IMdb Rating. = 7.6/10"အရိုင်းဆန် နေ့ရက်များ"၁၉၆၀ ဧပြီလ၁၆ရက်နေ့ သုံးနာရီထိုးဖို့ တစ်မိနစ်အလို ဇာတ်ကောင်ဟာ မိန်းကလေးနဲ့အနီးဆုံးရပ်နေပြီး နာရီရဲ့စက္ကန့်လက်တံ သုံးနာရီအတိထိ တစ်ချက်ချင်းသွားတာကို သူတို့အတူကြည့်နေကြတယ်။ ဒီတစ်ခေါက် စက္ကန့်လက်တံ ရှေ့တွန်းလိုက်တာဟာ မိနစ်လက်တံတစ်ချောင်းတည်းတော့မဟုတ်ဘူး။ ကြားဖူးတယ်မလား တစ်ခါတလေကျ တစ်မိနစ်ဆိုတာ တစ်ဘဝလုံးလောက်လည်း ရှည်ကြာနိုင်တယ်။ဇာတ်ကောင်ဟာ မိန်းကလေးကိုပြောလိုက်တယ်။ " မင်းကြောင့်ငါ ဒီတစ်မိနစ်ကို အမြဲအမှတ်ရနေတော့မှာ"တဲ့။ တစ်မိနစ်တာစတင်မှုဟာ အခုတော့ မိန်းကလေးအတွက် သူနဲ့တစ်နေ့တစ်နာရီ နှီးနှောမှုအသွင်ပြောင်းလဲသွားခဲ့ပြီ။ တစ်လွှာချင်းပြန်ဝတ်ရတဲ့ အဝတ်အစားတွေအတွက် မိန်းကလေးမှာ မေးစရာစကားလုံးနှစ်လုံးရှိတယ်။ လက်....ထပ်....။ ဇာတ်ကောင်ဟာ ရဲတင်းတယ်။ ထီမထင်ဘူး။ ဇာတ်ကောင်ဟာ လက်ထပ်ယူတတ်တဲ့စရိုက်မျိုးမရှိဘူး။ ဒီတော့ မိန်းကလေးဟာဒီကိုပြန်လာစရာအကြောင်းမရှိဘူး။ ဇာတ်ကောင်ဟာ အပူအပန်မရှိဘူး။ လွမ်းဆွေးမှုမရှိဘူး။ သွေးအေးတယ်။ "ရှင် ကျွန်မကို တကယ်ချစ်ခဲ့ဖူးလား"တဲ့ မိန်းကလေးက ဇာတ်ကောင်ကိုမေးတယ်။ ဇာတ်ကောင်ဟာအေးစက်တယ်။ခံစားချက်မဲ့တယ်။ " ငါ့ဘဝမှာ နောက်ထပ်မိန်းမ ဘယ်နှယောက်ကို ချစ်မိဦးမလဲ ငါမသိနိုင်ဘူး ငါ့ဘဝနောက်ဆုံးအချိန်မရောက်သေးခင်အထိ ငါ့အချစ်ဆုံးက ဘယ်တစ်ယောက်လဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့ ဖြေတယ်။ ဒီလိုနဲ့ သူတို့ကျောခိုင်းသွားကြပြီ။စစလာကတည်းကိုက ဘဝဟာဝေဒနာပဲမဟုတ်လား။ ဇာတ်ကောင်ဟာဒဏ်ရာများတယ်။ ဇာတ်ကောင်ဟာ ငှက်ကလေးတစ်ကောင်ဖြစ်တယ်။ ဇာတ်ကောင်မှာ အသိုက်မရှိဘူး။ ဒါဆို ဘယ်လိုငှက်မျိုးလဲ။ ဇာတ်ကောင်ပြောတာကတော့..... "ခြေထောက်မရှိတဲ့ ငှက်တစ်မျိုးရှိတဲ့အကြောင်း ကျုပ်ကြားဖူးတယ်။ သူလုပ်နိုင်တာဆိုလို့ ပျံပြီးရင်းပျံဖို့ပဲရှိတယ်။သူမောပန်းလာတဲ့အခါကျ လေထဲမှာ အိပ်တယ်။အဲ့ဒီငှက်က ...
movie
Days of Being Wild (1990)
1990
6.2
Fight Back to School 3 (1993)
စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားကတော့ IMDb Rating (6.2) ထိရရှိထားတဲ့ Action/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားက Fight Back to School (1) နဲ့ (2) ဇာတ်ကားတို့ရဲ့အဆက်ဖြစ်ပါတယ်။တတိယကားမှာတော့ စတီဖင်ချောင်တစ်ယောက် ရာထူးပြန်ရပြီးနောက် လျို့ဝှက်ထောက်လှမ်းရေးအလုပ်ကို ပြန်မလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမယ့် အလွဲတို့ထုံးစံအတိုင်း လူသတ်မှုတစ်ခုထဲက အသတ်ခံရသူဟာ စတီဖင်ချောင်နဲ့ ကံဆိုးစွာရုပ်ချင်းတူနေခဲ့ပါတယ်။ ဒီမှာပဲ ရဲဌာကနေ သေဆုံးသူနေရာကနေ ဟန်ဆောင်ပြီး လူသတ်သမားကိုဖော်ထုတ်ပေးဖို့ စတီတင်ချောင်ကို စေခိုင်းလိုက်ပါတော့တယ်။ အသတ်ခံရသူနေရာကနေ ဟန်ဆောင်ပြီး ရှုပ်ထွေးလှတဲ့ လူသတ်မှုကိုဖော်ထုတ်ရင်း စတီဖင်ချောင်တစ်ယောက် ဘာတွေနဲ့ကြုံတွေ့ရမလဲဆိုတာ...။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။ File size…(2 GB) and (1.1 GB) Quality….BluRay 1080p 5.1CH and 720p Format…mkv Duration….01:29:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lyric Lynn ...
movie
Fight Back to School 3 (1993)
1993
7.0
Justice, My Foot! (1992)
Justice, My Foot ဇာတ်ကားဟာ ၁၉၉၂ ခုနှစ်ကထွက်ရှိထားတဲ့နှစ်ချို့ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။IMDb rating 7/10 ထိရရှိထားပြီး ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ ဟာသမင်းသားကြီး စတီဖင်ချောင်နဲ့Anita Mui တို့ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... Sung ဟာဘယ်လိုနည်းနဲ့ဖြစ်ဖြစ်အမှုအနိုင်ရအောင်လုပ်တက်တဲ့ကွမ်တုန်းနယ်က နာမည်ကြီးရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လဲ သူ့သားသမီးတွေဟာ ဘေးရန်ကျရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ အသက်ဆုံးရှုံးရရှာပါတယ်။၁၃ယောက်မြောက်ကလေးသေဆုံးပြီးနောက်တော့ စိတ်ပျက်ပြီး အလုပ်မှနားကာ ရေနွေးကြမ်းဆိုင်ဖွင့်လိုက်ပါတော့တယ်။ဒါပေမယ့် မစွန့်လွှတ်နိုင်တဲ့ဝါသနာအရ မိန်းမတစ်ဦးရဲ့ခင်ပွန်းအသတ်ခံရတဲ့အမှုတစ်ခုကိုပါဝင်ပက်သက်မိရာက........နောက်ကွယ်ကနေ အမှုမှန်ဖုံးကွယ်ဖို့ကြိုးစားနေတဲ့အရာရှိတွေနဲ့ ထိပ်တိုက်တွေ့လာသောအခါ...။ဇာတ်လမ်းစဆုံး စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် comedy,drama ဇာတ်ကားကောင်းလေးပါ။++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။ File size…(2.2 GB) and (1 GB) Quality….BluRay 1080p 5.1CH and 720p Format…mkv / mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ei Pyae
movie
Justice, My Foot! (1992)
1992
6.2
The Mad Monk (1993)
The Mad Monk (1993)IMDB(6.2)+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ...
movie
The Mad Monk (1993)
1993