Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anita Cordell
6.1
unDEFILED (2024)
Undefiled ဟာ 2024 ခုနှစ်မှာ ထွက်ရှိထားတဲ့ဖြစ်ရပ်မှန် အခြေခံ ဒရာမာတစ်ကား ဖြစ်ပါတယ်။အသက်အရွယ်ရလာတဲ့ ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဂျန်းနင်းစ်ဟာအိမ်ထောင်ရေးကလည်း အဆင်မပြေ၊ အသက်မွေးဝမ်းကျောင်းအလုပ်ကလည်း အဆင်မပြေနေတဲ့အချိန်မှာပဲ Porn တွေစွဲလမ်းတတ်တဲ့ ပြဿနာကလည်း ရှိနေပါသေးတယ်။သူ့အသင်းကလူတွေကလည်း အသက်မပြည့်သေးတဲ့ကလေးမလေးတွေကို လိင်အမြတ်ထုတ်နေတဲ့အကြောင်းသိသွားပြီးတဲ့နောက် ဂျန်းနင်းစ်ဟာ အဲဒီလို ကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ဒါကြောင့် ဂျန်းနင်းစ်အနေနဲ့ ဘေ့စ်ဘောကစားသမားအလုပ်ကိုပဲအေးဆေးဆက်လုပ်မလား ဒါမှမဟုတ် ဒီလိုမကောင်းဆိုးဝါးလက်ထဲရောက်နေတဲ့ ကလေးမလေးကိုပဲ ကူညီမလားဆိုတာကိုကျဉ်းထဲကျပ်ထဲ အခြေအနေတစ်ခုမှာ ရွေးချယ်ရပါတော့တယ်။လူ့အဖွဲ့အစည်းမှာ ဆိုးဆိုးဝါးဝါး ရှုံ့ချကြပေမဲ့ မျက်ကွယ်မှာတော့လူတစ်စုက စနစ်တကျ ချိုးဖောက်နေကြတဲ့ ဒီလိုလုပ်ရပ်မျိုးတွေကို Undefiled မှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.82GB / 712MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 55m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thi Ri
movie
unDEFILED (2024)
Lotawana (2022)
ဖောရက်စ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ တခြားလူတွေနည်းတူ စားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်ပြီး စည်းစိမ်ဥစ္စာတွေ ခံစားရတဲ့ဘဝမျိုးကို တဖြည်းဖြည်း ငြီးငွေ့လာခဲ့တာကြောင့် Missouri က လိုတာဝါနာရေကန်ထဲမှာပဲ ကိုယ်ပိုင်ရွက်လှေလေးတစ်စင်းလွှင့်ပြီး သူ့ရဲ့လက်ကျန်အချိန်တွေကို သဘာဝတရားထဲမှာနစ်မြုပ်ရင်း ကုန်ဆုံးစေကာ အဆင်ပြေရုံတမယ် တစ်ယောက်တည်း နေထိုင်နေခဲ့ပါတယ်။ဒါပေမဲ့ တနေ့တော့ သူ့လိုပဲအတွေးတူတဲ့ နီကိုလာကော်လီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာလည်း အိမ်ကနေထွက်လာပြီး သူနဲ့အတူ ရေကန်ထဲက ရွက်လှေလေးထဲမှာပဲ အတူတူလိုက်နေဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချစ်သူနှစ်ဦး စိတ်တူကိုယ်တူ သဘာဝတရားထဲမှာပဲ အလိုလောဘနည်းနည်း အပူအပင်ကင်းကင်းနဲ့ လေလွင့်နေကြရင်း ကော်လီဆီမှာ ကိုယ်ဝန်ရှိလို့ လာခဲ့ပါတယ်။ ဖျက်ချဖို့လည်း မရွေးချယ်နိုင်ခဲ့တဲ့ နှစ်ယောက်သားဟာ နောက်ဆုံးတော့ တာဝန်များပြားလှတဲ့ မိသားစုဘဝလေးတစ်ခုအတွင်းဆီ ခြေစုံပစ်ဝင်နိုင်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုတင်ပြင်ဆင်ကြရပါတော့တယ်။ဒီလိုနဲ့ အနာဂတ်မှာ သူတို့နှစ်ယောက်ရဲ့ဘဝအပေါ် ခံယူချက်တွေကရော ဘယ်လိုအသီးသီးပြောင်းလဲသွားပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုရော ပိုင်ဆိုင်လာနိုင်မလားဆိုတာ Lotawana လို့အမည်ရတဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါ။ File size…(1.8 ...
movie
Lotawana (2022)
5
Running the Bases (2022)
Running the Bases (2022)ငယ်စဉ်ကတည်းက ဘေ့စ်ဘောကစားနည်းကို ဝါသနာကြီးသလို ကစားတာလည်းထူးချွန်တဲ့ ဂျော့ရှ်နဲ့လုခ်ဆိုပြီး ညီအစ်ကို၂ယောက် ရှိရာ ကံမကောင်းစွာပဲ အစ်ကိုဖြစ်သူ ဂျော့ရှ်က နှလုံးအားနည်းတဲ့ ရောဂါကြောင့် ကွင်းထဲမှာပဲ ရုတ်တရက်သေသွားသလို ညီဖြစ်သူ လုခ်လည်း အလားတူရောဂါမျိုးဆေးစစ်တွေ့ရှိခဲ့လို့ ဝါသနာကြီးတဲ့ ဘေ့စ်ဘောကစားခြင်းကို စွန့်လွှတ်လိုက်ရပါတယ်။ဒါပေမဲ့တစ်နေ့မှာ သူချစ်တဲ့ဘေ့စ်ဘောလောကထဲ တဖန်ပြန်ဝင်ဖို့ လမ်းစရပြီး ဘေ့စ်ဘောနည်းပြတစ်ဦးဖြစ်လာကာ ဇာတိမြို့ငယ်ရဲ့ ကျောင်းအသင်းလေးကို ဆုဖလား၉ကြိမ်ရအောင် ဦးဆောင်နိုင်သူ ဖြစ်လာပါတယ်။ ဒီလိုနဲ့တက္ကဆက်က ကျောင်းကြီးတစ်ကျောင်းက သူ့ကို နည်းပြလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ ရလာတဲ့အခွင့်အရေးကို လက်လွတ်မခံနိုင်ဖို့ လက်ခံလိုက်ပါတယ်။ဇာတိမြို့အသင်းကို ကိုင်တွယ်စဉ်က ဖိအားတွေ သိပ်မရှိခဲ့ပေမယ့် မြို့ကြီးပြကြီးမှာ ကျောင်းကြီးတစ်ကျောင်းရဲ့အသင်းကို ကိုင်တွယ် ရတဲ့အခါ ထင်သလောက်မလွယ်ဘဲ ဘက်ပေါင်းစုံက အခက်အခဲ များစွာ ကြုံလာရတဲ့အခါ လုခ်အနေနဲ့ ဘေ့စ်ဘောချစ်စိတ်တစ်ခုနဲ့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ပြမလဲ။ သူကိုင်တွယ်ရတဲ့ အသင်းကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မလား စောင့်ကြည့်ရမှာပါ။အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။Genre.....Drama, Family Quality…. 1080p | 720p | 480p File size…2.1GB | 1.1GB ...
movie
Running the Bases (2022)
2022