Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anikha Surendran
7
PT Sir (2024)
PT Sir 2024 (ကာယဆရာ) IMDb - 7.6/10ကျောင်းတစ်ကျောင်းမှာ စာပေပိုင်းတင်မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ, အားကစားကျွမ်းကျင်မှုတွေပါ သင်ကြားပေးကြတာကတော့ ကျောင်းတိုင်းရဲ့ ထုံးစံပါပဲ။ ကျောင်းတစ်ကျောင်းကတော့ နှစ်အစပိုင်းမှာ သင်ရိုးညွှန်းတန်းကို သေချာမသင်ဘဲ ကျောင်းပိတ်ခါနီးပြီဆိုတော့မှ အတင်းတွေ ဇွတ်သင်ရင်း အချိန်မလောက်တဲ့အချိန်မှာ ကာယအတန်းချိန်ကိုပါ မျက်စောင်းထိုးလာကြရင်း ကျောင်းရဲ့နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ အားကစားနေ့ကိုပါ ဖျက်သိမ်းဖို့အတွက် ဆရာ/ဆရာမတွေစုပြီး ကျောင်းအုပ်ကြီးကို ပြောကြပါတော့တယ်။ဒီအချိန်မှာ ကာယဆရာဖြစ်တဲ့ ကာနာဂါဗယ်လ်ကတော့ အားကစားနေ့ဖျက်သိမ်းတာကို လက်မခံဘဲ ပြန်လည်တိုက်ခိုက်ပါတော့တယ်။ကာယဆရာရဲ့အကြောင်းလေးကိုလည်း ပြောပြချင်ပါတယ်၊ ဗယ်လ်ဟာ ထူးခြားတဲ့ဇာတာခွင်နဲ့လာသူဖြစ်ပြီးတော့ သူဟာ အိမ်ထောင်မကျခင်မှာ ဒုက္ခအကြီးကြီးနဲ့ တွေ့ကြုံရနိုင်တယ်လို့ ဗေဒင်ဆရာက ဟောကြားခဲ့ပါတယ်။ ဒီအတွက်နဲ့ပဲ မိခင်ဖြစ်သူဟာ သူ့သားကို မျက်စိအောက်က အပျောက်မခံနိုင်ဘဲ အိမ်ထောက်ဖက်ကောင်းတွေ့နိုင်ဖို့အတွက် အမြဲကြိုးစားနေသူပါ။ ထူးဆန်းတာကတော့ ဇာတာခွင်တွက်ကြည့်လိုက်တဲ့အခါမှာ ဗယ်လ်ဟာ ဘယ်သူနဲ့မှ လိုက်ဖက်မနေတာပါပဲ။ ဗယ်လ်ကတော့ သူတို့ကျောင်းက အင်္ဂလိပ်စာဆရာမဖြစ်တဲ့ ဗာနသီကိုတော့ စိတ်ဝင်စားနေပါတယ်။ ဒီလို သူ့ရဲ့ထူးခြားတဲ့ဇာတာနဲ့ သူစိတ်ဝင်စားတဲ့ ဆရာမလေးနဲ့တွေ့တဲ့အခါမှာရော ရှေ့ဆက်အဆင်ပြေနိုင်ပါ့မလား ....ကာယဆရာတစ်ယောက်အနေနဲ့ သူ့ကလေးတွေအတွက် အားကစားနေ့ပြန်လုပ်ဖြစ်အောင် ဘယ်လိုတိုက်ခိုက်သွားမလဲ ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ပေါ့ပေါ့ပါးပါး ...
movie
PT Sir (2024)
2024
6.6
King of Kotha (2023)
King Of Kotha (2023)IMDb - 6.6/10အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ်ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ် အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ်ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့ အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.....ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo, Zwe, Alex, ...
movie
King of Kotha (2023)
2023
4K HEVC
5.5
Oh My Darling (2023)
IMDb - 6.9 /10 Oh my darling (2023)ဒီတစ်ခေါက်မှာကတော့မင်းသမီးချောလေး Anikha Surendran ပါဝင်သရုပ်ဆောင်ထားပြီး Malayalamအမျိုးအစားဖြစ်တဲ့အပြင် ရိုမန့်လည်းဆန် ရယ်လည်းရယ်ရတဲ့ Oh my darlingဆိုတဲ့ ၂၀၂၃ထွက်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းနာမည်နဲ့တင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာကို ခန့်မှန်းမိကြမှာပါ ဒီဇာတ်လမ်းလေးကတော့ လူငယ်တွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းလေးတွေကိုသဘာဝကျကျထည့်သွင်းပေးထားပါတယ်ဂျိုရယ်နဲ့ဂျန်နီက သိပ်ချစ်ကြတဲ့လူငယ်စုံတွဲလေးဖြစ်ပြီး သူတို့နှစ်ဦးကြားမှာလည်း ရိုဆန်ဆန်ဖြစ်ရပ်တွေ အချစ်တွေနဲ့ပြည့်နှက်နေတာပါ ဂျိုရယ်ကသူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့လူငယ်တစ်ယောက်ဖြစ်ကာ ဂျန်နီကတော့ ကိုရီးယားကားတွေကိုရူးသွပ်တဲ့ခေတ်မိန်းမပျိုလေးတစ်ယောက်ဖြစ်ပါတယ် ရိုးရှင်းနေတဲ့ သူတို့ရဲ့ဘဝထဲကို ရှုပ်ထွေးတဲ့ဇာတ်လမ်းလေးတစ်ပုဒ်က ဂျန်နီရဲ့မွေးနေ့ကိုအစပြုပြီး ထွက်လာပါတော့တယ် ဂျန်နီရဲ့မွေးနေ့ကနေထွက်လာတဲ့ဇာတ်လမ်းလေးက သူတို့နှစ်ဦးကိုဘယ်လိုပြောင်းလဲသွားစေမလဲ သူတို့ကရောဒီဖြစ်ရပ်ကိုဘယ်လိုမျိုးတွေ ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို ဟာသဇာတ်နှောပြီးရင်ခုန်စွာကြည့်ရှူ့လိုက်ရအောင် File size…1.87GB/ 801MB Quality…1080p WEB DL /720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ZweYan~Yunni~KhinKhin
movie
Oh My Darling (2023)
2023
6.8
Butta Bomma (2023)
Butta Bomma 2023 Drama/ Romance IMDb 7.8/10အာရ်ပူက ရွာလေးတစ်ရွာမှာ ဆသ်ရာခေါ်တဲ့မိန်းမလှလေးတစ်ယောက်ဟာ အိမ်အလုပ်တွေကူပေးရင်း ငြိမ်းချမ်းစွာနေထိုင်နေပါတယ်။ ၂၁ရာစုရောက်နေပြီး စမတ်ဖုန်းတွေနဲ့ တိုးတက်နေတဲ့ခေတ်မှာတောင် အားလုံးနဲ့အဆက်အသွယ်လုပ်ဖို့ ဆသ်ရာမှာ ကီးပတ်ဖုန်းလေးတစ်လုံးသာရှိပါတယ်။တစ်ဖက်မှာလည်း မူရ်လီဆိုတဲ့ကောင်လေးဟာ သုံးဘီးမောင်းရင်း ဘဝကိုရိုးသားစွာနဲ့ ကြိုးစားရုန်းကန်နေပါတယ်။ တစ်ရက်မှာ ဆသ်ရာတစ်ယောက် ဖုန်းနံပါတ်မှားခေါ်မိရာကနေ မူရ်လီဆီကို ရောက်သွားပါတော့တယ်။ အသံချိုချိုသာသာလေးတွေကို သဘောကျတဲ့မူရ်လီဟာလည်း လူချင်းမမြင်ရပဲ ဖုန်းထဲကနေတစ်ဆင့် ဆသ်ရာကို ကြွေမိသွားပါတော့တယ်။ဒီလိုနဲ့ ဖုန်းထဲကနေပဲ အချစ်ဇာတ်လမ်းလေးစတင်ခဲ့ပြီး အပြင်မှာတွေ့ကြဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ချင်နီဆိုတဲ့သူဌေးသားတစ်ယောက်က ဆသ်ရာကိုကြိုက်နေကာ လိုက်ပိုးပန်းပေမယ့် သူ့အမေသူဌေးမကြီးကတော့ မောက်မာပြီး ဆသ်ရာတို့မိသားစုကို အထင်သေးစွာဆက်ဆံပါတယ်။ မူရ်လီနဲ့ဆသ်ရာ တွေ့ဆုံကြတော့မယ့်အချိန်မှာ အာကေဆိုတဲ့သူတစ်ယောက်ရုတ်တရတ်ပေါ်လာပါတော့တယ်။ ဒီလိုဆို ဆသ်ရာ မူရ်လီ အာကေ နဲ့ ချင်နီတို့ရဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဘယ်သူကအနိုင်ရသွားမလဲ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အာကေကရောဘာကြောင့်ပေါ်လာရတာလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.5GB / 1.05GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~ ...
movie
Butta Bomma (2023)
2023
7.2
Naanum Rowdydhaan (2015)
Naanum Rowdy Dhaan (2015) IMDb 7.2 နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni
movie
Naanum Rowdydhaan (2015)
2015
6.6
The Ghost (2022)
The Ghost (2022)အခုတစ်ခါမှာတော့ တေလဂူမင်းသားကြီး နာဂဂျွန်နာအခီနယ်နီရဲ့ Action/Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်မင်းသမီးချောလေး ဆိုနလ်ချောင်ဟန်ပါဝင်အားဖြည့်ပေးထားပါတယ်...ဗစ်ကရမ်နဲ့ ပရီယားတို့ဟာ ဒူဘိုင်းမှာ တာဝန်ကျနေတဲ့ အင်တာပိုလ်အရာရှိနှစ်ယောက်ပါ.. ချစ်သူရည်းစားတွေလည်း ဖြစ်ကြသေးတယ်...ဗစ်ကရမ်က သူ့ဒေါသကို မထိန်းနိုင်ခဲ့ဘူး...ဘာမဆိုခံစားချက်ကို ဦးစားပေးလုပ်တတ်ပြီး ပေါက်ကွဲလွယ်တတ်တယ်ပေါ့ ဒီလိုဖြစ်ရခြင်းကလည်း သူ့အတိတ်က ဖြစ်ရပ်ဆိုးကြီးကြောင့်ပါ...သူတို့နှစ်ဦး တာဝန်တစ်ခုကို ထမ်းဆောင်နေတုန်း လွဲချော်မှုလေးတစ်ခုဖြစ်ခဲ့ပါတယ် အဲ့ဒီလွဲချော်မှုလေးတစ်ခုကနေ စတင်ပြီး သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီး ဗစ်ကရမ်ရဲ့စိတ်အာရုံထဲမှာ ဒုစရိုက်လောကကို အမြစ်လှန်ဖို့ဆိုရင် ဒီဒုစရိုက်လောကကြီး မရှိတော့မှဖြစ်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားလိုက်ပါတယ်...ဒီလိုနဲ့ ဒီကိစ္စကို စတင်အကောင်အထည်ဖေါ်နေတုန်းမှာပဲ သူ့မိသားစုဟာ အန္တရာယ်နဲ့ ကြုံလာရပြီး အသက်ကိုခြိမ်းခြောက်ခံလာရပါတော့တယ်...ကဲ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော်...IMDb ကလည်း 6.7/10 အထိ ရရှိထားတာဆိုတော့ ကြည့်ကောင်းတဲ့ကားလေးပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော် File size…2.5GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Yunni
movie
The Ghost (2022)
2022
7.3
Maamanithan (2022)
ဒီတစ်ခေါက်တော့ IMDB မှာ 7.7 ရရှိထားပြီးတောင်ပိုင်းနာမည်ကြီးမင်သား ဗီဂျေးစည်သူပသီပါဝင်သရုပ်ဆောင်ထားတဲ့ Maamanithan ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကရစ်ရှနာဆိုတာ ရွာလေးတစ်ရွာမှာ သုံးဘီးလေးမောင်းရင်းအသက်မွေးဝမ်းကြောင်းတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ စိတ်ကူးအိမ်မက်လေးကတော့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ပြီး သူကိုယ်တိုင်စိတ်ကြိုက်ဆောက်လုပ်ထားတဲ့ စိတ်ကူးယဉ်အိမ်လေးထဲမှာ နေချင်သူဖြစ်ပါတယ်။ဒီလိုနဲ့ သဘောကျတဲ့ အမျိုသမီးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးကိုတည်ထောင်တဲ့အခါမှာ သူအနေနဲ့ အလုပ်ကိုပိုကြိုးစားဖို့ဖြစ်လာပါတော့တယ်။သုံးဘီးမောင်းရင် တစ်ဖက်တလမ်းကနေပြီး ပွဲစားအလုပ်ကိုတွဲဖက်လုပ်ကိုင်တဲ့အခါမှာတော့ သူ့ရဲ့ဘဝမှာထင်မှတ်မထားတဲ့ အပြောင်းလဲနဲ့ကြုံရပါတော့တယ်။ယုံကြည်လို့ရမယ်ထင်ထားသူရဲ့ သစ္စာဖောက်မှုကြောင့်သူရဲ့သာယာတဲ့မိသာစုလေးဟာ နေ့ချင်းညချင်းပဲလောကဒဏ်ရဲ့ ရိုက်ချက်တွေကို ခံရပါတော့တယ်။ကရစ်ရှနာတစ်ယောက် လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ?သူ့ရဲ့မိသားစုကရော ပြသနာတွေကို ဖြေရှင်းရာမှာသူ့ဘက်က ရပ်တည်ပေးမှာလား?သစ္စာဖောက်တဲ့သူကရော ဘယ်သူလဲ?အစရှိတဲ့ မေးခွန်းတွေကို အဖြေရှာရင်းကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.93GB / 800MB Quality…1080p WEB DL AAC5.1H / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa & HM
movie
Maamanithan (2022)
2022
7.1
Viswasam (2019)
Genre - Drama/Mystery IMDb Rating - 7.1/10 Google user - 88%တမီးလ်မင်းသားကြီး အာဂျီးကူးမားရဲ့ ယခုနှစ်မှာရုံတင်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။မတင်တော့ဘူးလို့ ထားပေမဲ့ တောင်းဆိုသူတွေလည်းရှိနေတာမို့ တင်ဆက်ပေးလိုက်တာပါ။ဇာတ်လမ်းအကျဉ်း --------------------------သူကူးဒူရိုင်းဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်...လူရမ်းကားကြီးတော့ မဟုတ်ရှာ။ဒါပေမဲ့ အားလုံးက ကြောက်ချစ်ရိုသေရသူပေါ့။ရွာဘုရားပွဲမှာလည်း သူအစီအစဉ် ချပေးမှ...ရွာသားတွေ အပေါ်လည်း ဩဇာညောင်းချက်ကနှစ်ယောက် မရှိ။ဘုရားပွဲကာလ ကျရောက်လာတော့....သူ့ဇနီးကို သွားခေါ်ဖို့ ပတ်ဝန်းကျင်က တိုက်တွန်းလာကြတယ်။"တချိန်က နင်တို့အတူ ဘုရားပွဲမှာ ပျော်ရွှင်ခဲ့ကြသလိုခုနေ ငါ မသေခင် မြင်သွားခဲ့ချင်သေးတယ်" တဲ့။သူ့အဖွားက ပြောရှာတယ်။မျက်နှာကိုသာ ပြုံးထားရတာရင်ထဲမှာတော့ မိုးတွေ ထစ်ချုန်းနေတာကို.. သူ ကိုယ်တိုင်ပဲ သိပါတယ်။နေရာဒေသတစ်ခုကို ခရီးထွက်ဖို့ ယူစရာတွေ လိုပေမဲ့အတိတ်ကအချိန်ကို ခရီးထွက်ဖို့တော့ ရင်ဘတ်တစ်ခုရှိရင် ရတယ်မဟုတ်လား။ရင်ထဲ ပူမိသမျှကို လူသိခံရမှာလည်း ခက်ပါရဲ့။တချိန်က ရပ်ရွာကို လာပြီး အခမဲ့ဆေးကုခန်းလေးလာဖွင့်ခဲ့တဲ့ အရမ်းလှတဲ့ ဆရာဝန်မလေး။ရပ်ရွာကို လာပြီး ဆေးကုခန်းလေး လာဖွင့်ခဲ့တာကသူကူးဒူရိုင်းရဲ့ ...
movie
Viswasam (2019)
2019