Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Angus Scrimm
6.0
I Sell the Dead (2008)
I Sell the Dead (2008)=================ဒီဇာတ်ကားဟာ သူ့နာမည်အတိုင်း အလောင်းတွေခိုးတူးပြီးရောင်းတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ (2008)ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6/10, Rotten Tomatoes 71% ရထားတာဖြစ်လို့ Rating နည်းတတ်တဲ့ ဟော်ရာရုပ်ရှင်တွေထဲ အခြေအနေကောင်းတဲ့ကားလို့ ပြောလို့ရပါတယ်။ ဟော်ရာကားတွေရိုက်လေ့ရှိတဲ့ မင်းသားကြီး Larry Fessendenက ဆရာနေရာ၊ The Lord of the Rings ထဲမှာ Merry Brandybuck အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသား Dominic Monaghanက တပည့်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Sons of Anarchyတို့ Hellboy တို့ထဲက မင်းသားကြီး Ronald N. Perlman ကလည်း ဘုန်းတော်ကြီးနေရာကနေ ပါဝင်ထားပါသေးတယ်။ကားက ဗစ်တိုးရီယားခေတ် (1820-1910)ကို အခြေတည်ထားတာဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက ခေါင်းဖြတ်သတ်တဲ့သေဒဏ်စနစ်ရှိသေးတော့ ဒီကားရဲ့စစလာချင်းအခန်းမှာ ...
movie
I Sell the Dead (2008)
5.8
Wishmaster (1997)
Genre – Fantasy, Horrorမီးခွက်စောင့်ဘီလူး ဂျင်နီနဲ့ တောင်းဆု ၃ ဆိုတာ ကျွန်တော်တို့တွေနဲ့သိပ်မစိမ်းတဲ့ ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။အာလာဒင်တို့ရှိမယ် ဟိုးအရင်တုန်းက မီးခွက်စောင့်ဂျင်နီမလေးဇာတ်လမ်းတွဲတွေ ရှိကြမယ်။ ဒါပေမဲ့ ဒါတွေဟာ အနောက်တိုင်းကပြန်လည်မွမ်းမံထားတဲ့ ချစ်စရာ ရယ်မောစရာ ဇာတ်ကောင်လေးပါ။တကယ့် အာရေဗျကျမ်းစာတွေအရ ဂျင်ဆိုတဲ့ နတ်ဆိုးဟာတမန်တော်တွေနဲ့ ခေတ်အပြိုင် တည်ရှိခဲ့တဲ့ နတ်ဆိုး ဖြစ်ပြီးကမ္ဘာမြေကို ပျက်သုဉ်းသွားနိုင်အောင်ထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တကယ်ကို ဆိုးသွမ်းရက်စက်ပြီးယုတ်မာကောက်ကျစ်တဲ့ ဂျင်နတ်ဆိုးပဲ ပါဝင်ပါတယ်။ဆု ၃ ဆုတောင်းရတာတော့ မှန်ပါတယ် ဒါပေမဲ့ တောင်းဆုတွေကိုဖြည့်ပေးတဲ့နေရာမှာ တကယ်ဖြည့်ပေးပေမဲ့လည်း လှည့်ကွက်တွေ ရှိနေပါတယ်။နောက်ပြီး ၃ ဆုမြောက်တောင်းပြီးသွားတဲ့အချိန်ဆို သူ့အနေနဲ့ကမ္ဘာပေါ်ကို တံခါးပွင့်လာပြီး အုပ်စိုးလို့ရနိုင်တဲ့ အခြေအနေထိ ရောက်သွားမှာပါ။ ဇာတ်လမ်းအရ ပြောရမယ်ဆို ရှေးခေတ်ပါရှားခေတ်တုန်းက၃ ဆု ပြည့်မြောက်တော့မယ့်အချိန် မှော်ဆရာတစ်ပါးကြောင့်ဂျင်ဟာ မဟူရာကျောက်နီထဲကို ပိတ်လှောင်ခံလိုက်ရပါတယ်။ဒီလိုနဲ့ ၂၀ ရာစုကို ရောက်လာခဲ့ချိန်မှာတော့ ဒီ မဟူရာကျောက်ကိုမင်းသမီးက ...
movie
Wishmaster (1997)
Subspecies (1991)
ဒီတစ်ခါ ပရိသတ်ကြီးကို ၁၉၉၁ခုနှစ်ကထွက်ထားတဲ့ Subspecies: The.Awakening ကားလေး တင်ဆက်ပေးလိုက်ပါတယ်ရုပ်ရှင် ၅ကားမှာ ပထမဆုံးထွက်ရှိထားတဲ့ကားဖြစ်ပြီး ၁၉၉၁ခုနှစ်က ထွက်ထားဖြစ်တဲ့အတွက် ဒီဘက်ခေတ်အမြင်နဲ့တော့ ယှဉ်မကြည့်ဖို့ အရင်တောင်းဆိုပါရစေ။ ဇာတ်လမ်းလေးကတော့ မီရှဲလ် နဲ့ မာရာ တို့ သူငယ်ချင်းနှစ်ယောက်က ရိုးရာဓလေ့ဘာသာရပ်သုတေသနလုပ်ဖို့အတွက် သူတို့သူငယ်ချင်း လီလီယန် ရှိရာ မြို့လေးကို ရောက်ရှိသွားပါတယ်။ သူတို့နေမဲ့ ရွာနားလေးမှာ ဟိုတယ်တစ်လုံးမှ မရှိတာနဲ့ အနီးနားက သမိုင်းဝင် ခံတပ်ကြီးမှာ သွားတည်းလိုက်ကြရတာပါ။ အဲဒီမှာပဲ သူတို့တွေ ရှေးရိုးဓလေ့တွေကို လေ့လာရင်းနဲ့ ထူးဆန်းတဲ့ ဗလက်ဒီဆလက် ခံတပ်ကြီးကို သတိထားမိသွားကြတာပါ။ထူးဆန်းတယ်ဆိုတာက အဲဒီခံတပ်ကြီး ရှေးဟောင်းသမိုင်းဝင်ဖြစ်နေပြီး အရမ်းခန့်ညားနေလျက်ရဲ့ ဘယ်ဘာသာ ဘယ်စာပေမှာမှ အဲဒီခံတပ်ကြီးအကြောင်းထည့်မရေးထားတာပါပဲ။ အဲဒါနဲ့ သူတို့ကလည်း သိချင်စိတ်အရမ်းပြင်းပြတာနဲ့ သုတေသနလုပ်ရင်း ဘာတွေရှာတွေ့သွားမလဲ လူတွေက ဘာလို့ အဲဒီရဲတိုက်အကြောင်းဘာမှမပြောတာလဲ သိသွားရင် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစားကြပါဦးလို့.......File ...
movie
Subspecies (1991)
6.3
John Dies at the End (2013)
ဒီဇာတ်လမ်းလေးဟာအမေရိကန်နာမည်ကျော် စာရေးဆရာကြီးDavid-Wong ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္တုတစ်ပုဒ်ကို ဝတ္တုရဲ့နာမည်အတိုင်းပဲ ပြန်လည်ရိုက်ကူးထားတဲ့Horror-Comedy အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးထဲမှာတော့ ..... ပဲငံပြာရည်လို့သူတို့နာမည်ပေးထားတဲ့ မူးယစ်ဆေး တစ်မျိုးကြောင့်ဖြစ်လာခဲ့ရတဲ့ဂျွန်နဲ့ ဒေးဗစ်သူငယ်ချင်းနှစ်ယောက်ရဲ့ အလွဲလေးတွေကြားကနေအမှတ်မထင် လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့အကြောင်းဖန်လာတဲ့အခါဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ပြီး ဘယ်လိုကျော်ဖြတ်ကြမလဲ..ပဲငံပြာရည်ဆိုတဲ့ မူးယစ်ဆေးအရည်တစ်မျိုးဟာ လူ့ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါ သဘာဝလွန်စွမ်းအားတွေပေးနိုင်ပြီး အလွန်အကျွံသုံးစွဲမိတဲ့အခါမှာတော့ အသက်အန္တရာယ်ကိုထိခိုက်ပြီး သေသွားကြတဲ့လူငယ်လေးတွေနဲ့ မရည်ရွယ်ပဲ ဒီမူးယစ်ဆေးကိုအကျိုးရှိရှိပြန်အသုံးချဖြစ်သွားကြမယ့် ဂျွန်နဲ့ ဒေးဗစ် သူငယ်ချင်း နှစ်ယောက် ... ပဲငံပြာရည်ရဲ့အစွမ်းနဲ့ အပြိုင်စကြာဝဠာတွေဆီကူးလူးသွားလာနိုင်ပြီး ကမ္ဘာမြေပေါ်ကျရောက်လာမယ့်ကပ်ဆိုးတွေ ဘေးအန္တရာယ်ဆိုးတွေကိုဘယ်လိုတားဆီးလိုက်နိုင်မလဲ အဆုံးသတ်ဇာတ်သိမ်းပိုင်းမှာရော ဘယ်သူတွေကိုကယ်တင်လိုက်နိုင်ပြီးတော့ ဘယ်သူတွေကတော့ အသက်ရှင်ဖို့အခွင့်အရေးဆုံးရှုံးခဲ့ရမလဲ.... ဂျွန်ကရော ဇာတ်လမ်းအဆုံးမှာ တကယ်ပဲသေသွားရမှာလား.. ဆိုတာဒီဇာတ်လမ်းလေးထဲမှာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမှာပါ File size…(1.7 GB)/(880 MB)/(510 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein ...
movie
John Dies at the End (2013)