Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Angélica Aragón
5.3
Unhappily Ever After (aka) Infelices para Siempre (2023)
"ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" တဲ့။ ဘယ်နှယ့် "ထာဝရပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" ပဲကြားဖူးပါတယ်။ ဟုတ်ပါတယ်။ ဒီရုပ်ရှင်ဟာ စပိန် Rom/Com ရုပ်ရှင်တစ်ခုဖြစ်ပြီး ကြည်နူးဖို့ကောင်းတဲ့ ဟာသအချစ်ဇာတ်လမ်းလေးနဲ့အလှဆင်ထားပါတယ်။အယ်ဖရက်ဒိုနဲ့ မာရီယာဟိုဆေးတို့ဟာအရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းကပေါ့လေ။ အိမ်ထောင်သက်ကြာလာတဲ့အမျှ ကလေးတွေလည်းမွေး အချစ်တွေလည်းပေါ့လာကြပြီး ကတောက်ကဆလေးတွေဖြစ်လာကြပါတယ်။ ဒီလိုဖြစ်နေတာတွေကို သူတို့ရဲ့ကလေးတွေဟာပြန်ပြင်ပေးဖို့ နှစ်ပတ်လည်နေ့မှာ ပျားရည်စမ်းထွက်တုန်းက ကမ်းခြေက ဟိုတယ်မှာအခန်းဖြတ်ပေးခဲ့ပါတယ်။ မသွားခင်လေးမှာ သမိီးလေး နီနာဟာ သူ(မ) ရဲ့မှောတုတ်တံလေးနဲ့ "နှစ်ယောက်ပြန်မချစ်မချင်းပြန်မလာခဲ့ကြနဲ့"ဆိုပြီးပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်မသိလိုက်တာက ဒီစကားလေးဟာ သူတို့နှစ်ယောက်အတွက် အတော်လေးကိုအကျိုးသက်ရောက်စေမယ့်စကားဆိုတာကိုပါပဲ။ အားလုံးကပုံမှန်ဖြစ်နေပေမယ့် နောက်ရက်နိုးလာတဲ့အခါမှာသူတို့ဟာ ရက်တစ်ရက်တည်းမှာပိတ်မိနေတာကိုသိသွားခဲ့ပါတယ်။မာရီယာနဲအယ်ဖရက်ဒိုတို့နှစ်ယောက် ဘယ်လိုများအချိန်လည်နေတာကိုရပ်တန့်မလဲ။ မျက်နှာမကြည့်ချင်အောင် ဖြစ်နေတဲ့နှစ်ယောက်ကဘယ်လိုမျိုး ဒါကိုပြန်ပြင်မှာလဲ။ တကယ်ပဲရုပ်ရှင်ခေါင်းစဥ်လို "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း"ဆိုပြီးဖြစ်သွားမှာလား။ အတော်လေးကိုကြည်နူးရတဲ့ Rom/Com ရုပ်ရှင်တစ်ခုမလို့ ကြည့်ဖို့အကြံပေးပါရစေ။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie
Unhappily Ever After (aka) Infelices para Siempre (2023)
The Casagrandes Movie (2024)
netflix က အသစ်ထွက်ရှိလာတဲ့ 2D ကာတွန်းကားလေးဖြစ်ပြီး အတော်လေးရယ်ရမယ့် family comedy ပါဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ် (နှစ်ပေါင်း ၁၂၀၀၀) သက်တမ်းရှိတဲ့ demigod မင်းသမီးလေး ပွန်ဂွာရီ က နတ်ဘုရားတစ်ပါး ဖြစ်ချင်ပေမယ့် သူ့မယ်တော်က မရင့်ကျက်သေးဘူးဆိုပြီး တားမြစ်တာကို လက်မခံပဲ မျက်နှာတစ်ထောင်မျက်နှာဖုံးကို ခိုးယူပြီး နတ်ဘုရားအသွင် ပြောင်းလိုက်ရာမှာကမ္ဘာမြေ ဟက်တက်ကွဲပြီး ကမ္ဘာပျက်မယ့် အရေးကနေ ကာကွယ်ဖို့အတွက် မင်းသမီးလေးကို မိခင်ဖြစ်သူက "တောင်တစ်လုံး" အသွင် ဖန်ဆင်းထားခဲ့တယ် ၁၂ နှစ်ပြည့်သွားတဲ့ ကောင်မလေး ရိုနီအန်းန်က ၁၂ နှစ်ပြည့်ပြီဆိုပြီး သူငယ်ချင်းနဲ့အတူ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ဖို့ ကြံရွယ်နေတဲ့ ဂျစ်ကန်ကန် ကောင်မလေး တစ်ယောက်ပါဒါပေမဲ့ သူ့အမေက သူတို့ Casagrandes တစ်မိသားစုလုံး မက္ကဆီကိုက မွေးရပ်မြေဒေသလေးကို ခရီးထွက်ဖို့ အမိန့်ချတာနဲ့ ရိုနီအန်းန် တစ်ယောက် မငြင်းသာပဲ ...
movie
The Casagrandes Movie (2024)
5.6
Los Habitantes (2023)
ကားမတော်တဆမှုဖြစ်ပြီးတဲ့နောက် ငါးနှစ်ကြာအတိတ်မေ့နေတဲ့ အမ်မလီယာနိုဟာ သူ့မိသားစုနဲ့အတူ မွန်တူရေးကို ပြောင်းရွှေ့လာခဲ့ပါတယ် အိမ်အသစ်ကိုရောက်ရောက်ချင်း အမ်မလီယာနိုတစ်ယောက် ဆက်တိုက်ခြောက်လှန့်ခြင်း ခံရတဲ့အခါ အိမ်ရဲ့ အကြောင်းကိုသေချာစုံစမ်းကြည့်တဲ့ပါတော့တယ် အိမ်အကြောင်းကိုစုံစမ်းရင်းကနေ ဘယ်လိုအကြောင်းတွေသိလာရမလည်းဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် File size…(1 GB)/(501 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Los Habitantes (2023)
6.1
My Brother’s Wife (2015)
My Brother Wife 2015 ----------------------ဒရာမာကားဆိုလဲ မမှားသလို အိမ်ထောင်ရေးပညာပေးကားဆိုလဲ မမှားပါဘူး.ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်ရေးသုခ ပြည့်ပြည့်ဝဝမရတဲ့ဇိုဝီဆိုတဲ့ မိန်းမလှလေး တစ်ယောက်အကြောင်းပေါ့. ဇိုဝီရဲ့ခင်ပွန်းဖြစ်တဲ့အီနာစီယိုက အဖက်ဖက်က ပြည့်စုံတဲ့ ခင်ပွန်းကောင်းဆိုပေမယ့်အကျင့်ဆိုးတစ်ခုတော့ ရှိပါတယ်. အဲ့ဒီအကျင့်က စနေနေ့ မဟုတ်ရင်သူ့မိန်းမဖြစ်တဲ့ ဇိုဝီနဲ့ လုံးဝ ချစ်ရည်လူးချင်းမရှိတာမျိုးပါ. ဇိုဝီအနေနဲ့ကြည့်တော့လဲ ၃၀ကျော်ဝန်းကျင်နဲ့အလှသွေးကြွယ်နေချိန် သွေးသားကတောင့်တမှုတွေက သိ်ပကိုမြင့်တက်နေတာပေါ့ဗျာ. အဲ့ဒါနဲ့ ငယ်ရွယ်ပြီးသန်မာတဲ့ အီနာစီယိုရဲ့မောင်ဖြစ်တဲ့သူနဲ့ မှားမိတာပေါ့. ပွင့်ပွင့်လင်းလင်းရေးရရင်ရည်ရွယ်ချက်ချက်ရှိရှိကို မှားလိုက်တာပါ. သူမရဲ့ သွေးသားဆန္ဒအပေါ် အလိုလိုက်မှုတွေသူမ ရလိုက်တဲ့ အသိတရားက ယှဉ်ကြည့်ရင်တော့ အရမ်းကွာပါတယ်. သူမမမှားသင့်တဲ့အမှားကို မှားမိပြီးနောက် ဘာတွေသိသွားရလဲဆိုတာကိုတော့ဆက်လက်ရှုစားကြပါခင်ဗျာ. တချို့ဇာတ်ဝင်ခန်းတွေဟာ လိင်ဆက်ဆံခန်းတချို့ပါတာကြောင့်အသက်၁၈နှစ်အောက်နဲ့ မိသားစုနဲ့အတူ မကြည့်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ် Translated and Reviewd by : Wet DreamEncoded by : YKFile SIze : 1.26 GB and ...
movie
My Brother’s Wife (2015)
2015
6.7
A Walk in the Clouds (1995)
[Unicode]action မင်းသားကြီး Keanu Reeves ရဲ့ ငယ်ငယ်က အချစ်ဇာတ်ကားလေးတွေ ကြည့်ချင်နေတဲ့ သူတွေအတွက် ဒီ A walk in the clouds ဆိုတဲ့ကားလေးကိုလက်တို့လိုက်ပါတယ်.. ဒုတိယ ကမ္ဘာစစ်ကြီးပြီးလို့ ချစ်ဇနီးထံ ပြန်လာတဲ့ Paul တစ်ယောက် ဇနီးသည်ရဲ့ ဆန္ဒအရ ချောကလက်ရောင်းဖို့ Sacramento မြို့လေးကို ရထားနဲ့ ခရီးနှင်ခဲ့ပါတော့တယ်...ကံကောင်းချင်လို့ပြောရမလား ကံဆိုးချင်လို့ပြောရမလား သွားနေတဲ့လမ်းမှာပဲကိုယ်ဝန်ရသွားပြီး ချစ်သူကပါပစ်သွားလို့ အိမ်မပြန်ရဲဖြစ်နေတဲ့ မက္ကစီကန် ကောင်မလေးနဲ့ဆုံပါတော့တယ်။ကောင်မလေးရဲ့ အခက်အခဲကိုကူညီဖို့ ဟန်ဆောင်ခင်ပွန်းအဖြစ် မိသားစုကိုလိုက်တွေ့ရာရနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့ချိန်ဟာ နှစ်ယောက်လုံးရဲ့အခက်ခဲဆုံးအချိန်ဖြစ်နေပြီး ဆိုင်သူရှိနေတဲ့ လူဖြူကောင်လေးနဲ့ တခြားသူရဲ့ရင်သွေးလေးကိုလွယ်ထားရတဲ့ စပျစ်ခြံပိုင်ရှင်သမီးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ..1995 ဝန်းကျင်က အဝတ်အစား အခင်းအကျင်းနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုရဲ့ ပုံရိပ်တွေအပြင် ကြည်နူးစရာ ဝမ်းနည်းစရာတွေနဲ့ရောပြွမ်းနေတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံဖော်ထားတာမို့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ ဒီကားလေးကို ညွှန်းလိုက်ရပါတော့တယ်။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် ...
movie
A Walk in the Clouds (1995)