Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Angela Sarafyan
6.6
The Immigrant (2013)
1921 မှာ Ewa Cybulska နဲ့သူ့အမဟာ သူတိုရဲ့ အမေရိကန်အိပ်မက်ကိုအကောင်အထည်ဖော်ဖိုအတွက် မွေးရပ်ပိုလန်မြေကနေပြီးတော့ New York မြိုကိုထွက်လာခဲ့ပါတယ်။ကံမကောင်းအကြောင်းမလှစွာပဲ Ellis ကျွန်းပေါ်ရောက်တဲ့အချိန်မှာတော့ သူ့အမဟာ နာမကျန်းဖြစ်နေတဲ့အတွက် ညီအမနှစ်ယောက်ခွဲရပါတော့တယ်။ မန်ဟန်တန်ရဲ့လမ်းမတွေပေါ်မှာသွားစရာနေရာမရှိချိန် နာမကျန်းဖြစ်လိုသီးသန့်ထားခံထားရတဲ့သူ့အမ Magda ကို ကယ်တင်ဖို ကြံရာမရဖြစ်နေချိန်မှာ Ewa ဟာBruno Weiss ရဲ့အကူအညီကိုရယူပြီး Bruno ရဲ့ ပြည့်တန်ဆာလုပ်ငန်းထဲ ဝင်ရောက်ရပါတော့တယ်။ပြင်သစ်မင်းသမီးချော Marion Cotillard , Joker မင်းသားJoaquin Phoenix နဲ့ Hawkeye မင်းသား Jeremy Renner တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၀၀ နှစ်အစောပိုင်းကာလများဆီကimmigrants တွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်...... File size…1.24GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
The Immigrant (2013)
5.5
The Twilight Saga: Breaking Dawn – Part 2 (2012)
စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ...
movie
The Twilight Saga: Breaking Dawn – Part 2 (2012)
2012
1080p HEVC
5.1
Run & Gun (2022)
Run and Gun (2022)မင်ဒဲလားသက်ရောက်မှု(Mindela effect) ဆိုတာ ကြားဖူးပါသလား မင်ဒဲလားက ထောင်ထဲမှာပဲ ၁၉၈၀ ခုနှစ်မှာသေဆုံးသွားတယ်လို့ လူသန်းပေါင်းများစွာက ယုံကြည်ကြတယ်တဲ့ ဒါပေမဲ့ မင်ဒဲလားက အမှန်တကယ်မှာ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတပါဖြစ်ခဲ့ပါသေးတယ် လူတွေအဲ့လိုအထင်မှားကြတာက ကောလဟာလကြောင့်လဲဖြစ်နိုင်သလို နောက်သီအိုရီတစ်ခုက ကျွန်တော်တို့စကြာဝဠာကြီးက အပြိုင်ယူနီဗာ့စ်တစ်ခုအဖြစ်ကွဲထွက်သွားပြီး အဖြစ်အပျက်တွေက ကွဲပြားနေရတာပါတဲ့ ကျွန်တော်အခုရေးပြနေတာတွေက ခုဇာတ်ကားရဲ့ plot နဲ့ ဘာမှမဆိုင်ပါဘူး ဇာတ်လမ်းက အရင်ကဆိုးသွမ်းခဲ့တဲ့လူမိုက်ကြီးတစ်ယောက်က မိသားစုနဲ့အေးချမ်းစွာနေထိုင်နေတဲ့အချိန်မှာပဲ အထုပ်တစ်ခုကိုသွားယူဖို့ လူမိုက်ဆရာကြီးတစ်ယောက်က လာခိုင်းစေပါတော့တယ် အဲ့မှာသောက်တလွဲတွေ ပြသနာတွေပေါင်းစုံနဲ့ အဲ့အထုပ်ထဲပါတာက မင်ဒဲလားသက်ရောက်မှုကို သက်သေပြနိုင်မဲ့အရာလားဘာလား စသည်ဖြင့် မရိုးရအောင်ကြည့်ရှုရမှာပါEntertainment ဖြစ်တဲ့ အပစ်အခတ်အက်ရှင်တွေလဲ ပါမယ် ကောင်းဘွိုင်အထာ ကန္တာရထဲ မိုက်ကြရမ်းကြတာတွေလဲပါမဲ့ ဒီဇာတ်ကားလေးက စိတ်အပန်းဖြေကြည့်ရှုဖို့အတွက်တော့ ကောင်းမွန်မှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynnပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.6GB | 792MB | 343MB Format… ...
movie
Run & Gun (2022)
2022
5.6
King Knight (2021)
King Knight (2021)================2022 မှာ ထွက်ရှိလာတဲ့ Comedy, Horror ကားသစ်လေးပါ . သွန်းနဲ့ ဝတ်လိုးတို့ဟာ ခေတ်သစ်စုန်းအုပ်စုရဲ့ ယဇ်ပုရောဟိတ်နှင့် ယဇ်ပုရောဟိတ်မတို့ ဖြစ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ သွန်းရဲ့ ဖုံးကွယ်ထားတဲ့ အတိတ်တစ်ခုရှိနေပြီး တစ်နေ့မှာ အဲ့ဒီအတိတ် ဟာ ဖုံးမရဘဲ ပေါ်လာတဲ့နောက်ပိုင်း သူတို့ရဲ့ဘဝတွေ ဘယ်လို ကမောက် ကမဖြစ်ပြီး ဘယ်လိုရယ်စရာကောင်းတဲ့ ခရီးထွက်ရမလဲဆိုတာကို Horror, Comedy တို့ ထုံးစံအတိုင်း ကြောက်စရာကောင်းအောင်ရော ရယ်စရာကောင်းအောင်ပါ ရိုက်ထားတဲ့ ဇာတ်ကားအမျိုးအစားလေးမို့ CM ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Zaw Myo Thu, Roman Nox တို့ဖြစ်ပါတယ်)File Size - (1.23 GB) / (568 MB) / (367 MB) Quality – WebRip 1080p / 720p/480p Duration ...
movie
King Knight (2021)
2021
6.8
Extremely Wicked, Shockingly Evil and Vile
အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . .(သို့မဟုတ်)Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . ._________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ ...
movie
Extremely Wicked, Shockingly Evil and Vile
2019
7.1
Reminiscence (2021)
IMDb Rating (7/10)Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲအတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ...ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။ File size…(2 GB) / (1.1 GB) ...
movie
Reminiscence (2021)
4.9
Caged (2021)
Caged (2021)============IMDb Rating - 4.9/10အသစ်ထွက်တဲ့ Drama, Horror, Thriller ဇာတ်ကားပါ။ ကျွန်တော်တို့အခေါ်တော့ Psycho ကားလို့ပြောလို့ရတာပေါ့။ ဖောက်ပြန်တဲ့ ဇနီးကိုသတ်တဲ့အမှုနဲ့ ထောင်ကျခံနေရချိန်မှာ တိုက်ပိတ်ခံထားရတဲ့ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ရိတ် ရဲ့ တိုက်ပိတ်ခံရခြင်းအတွေ့အကြုံကို တွေ့ရပါလိမ့်မယ်။ အလုံပိတ်ခန်းထဲမှာ နေရတာ ဘာခက်တာလဲလို့သိချင်ရင် ဒါကိုကြည့်လိုက်ပါ။ သူကတော့ ရက် ၁၀၀ ကျော်နေသွားတဲ့အကြောင်းကို ပြသွားပါတယ်။ တစ်ယောက်တည်း တသီးတခြားနေရင်း ထင်ယောင်ထင်မှားဖြစ်ရပ်တွေနဲ့ တာဝန်ကျအရာရှိရဲ့ နှိပ်စက်မှုတွေကို ကြုံတွေ့ပြီးတဲ့နောက်မှာ ဒီဒဏ်တွေကို ကြံ့ကြံ့ခံနိုင်မလား ဒါမှမဟုတ် တိုက်ပိတ်ခံထားရသူ ဦးရေရဲ့ သုံးပုံတစ်ပုံ ဖြစ်သွားခဲ့တဲ့အတိုင်း ရူးရင်ရူး မရူးရင်သေဆိုတဲ့ အခြေအနေကို ရောက်သွားမှာလား။ ထင်ယောင်ထင်မှားဖြစ်ရပ်တွေ မဟုတ်ဘဲနဲ့ သူတို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ တစ်နည်းအားဖြင့် သတ်ခဲ့တဲ့သူတွေက ပြန်လည်ခြောက်လှန့်တတ်တယ်ဆိုတဲ့ သီးခြားချုပ်ဆောင်ရဲ့ ပါးစပ်ပြောရာဇဝင်အတိုင်း သူသတ်ခဲ့တဲ့ ဒါမှမဟုတ် သူသတ်ခဲ့ပါတယ်လို့ ...
movie
Caged (2021)
2021
7.8
Paranoia (2013)
ဒီကားလေးကတော့ တကယ့် Thrillerဇာတ်ကောင်းလေးပါ. ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ပရိသတ်ကို အဆုံးသတ်ထိဆက်ကြည့်စေချင်မယ့် ဇာတ်ကားလေးဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တဲ့ အဒမ်ကတ်စီဒီဟာ နာမည်ကြီး နည်းပညာကုမ္ပဏီဖြစ်တဲ့ ဝိုက်စ်မှာ ၀င်ရောက်လုပ်ကိုင်ဖို့ ပရောဂျက်ကို တင်ပြခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်. အဒမ်သာ လူငယ်ပီပီ မိုက်ရုးရဲဆန်စွာနဲ့ ပရောဂျက်လုပ်ဖို့ ကုမ္ပဏီကပေးထားတဲ့ ထောက်ပံ့ငွေကို သုံးပြီး သူငယ်ချငိးတွေနဲ့ ပျော်ပါးသောက်စားပစ်ခဲ့ပ့ါတယ်. အဲ့ကိစ္စကို ဝိုက်စ်ဖက်ဒ်က သိတဲ့အခါမှာ သူ့ကို ငွေအလွဲသုံးစားမှုနဲ့ တရားစွဲမယ် ငြိမ်းခြောက်ပြီး သူတို့ကုမ္ပဏီရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ အိုက်ကွန်ကုမ္ပဏီရဲ့နည်းပညာလျှို့ဝှက်ချက်တွေကို ခိုးယူဖို့ အတင်းအကြပ်ခိုင်းခဲ့ပါတယ်. အဒမ်ဟာ အိုက်ကွန်ကုမ္ပဏီရဲ့လူယုံဖြစ်လာတဲ့အခါမှာတော့ ကုမ္ပဏီနှစ်ဦးရဲ့လှည့်ကွက်တွေကို နားလည်ပြီး သူဟာဓားစာခံဖြစ်မှန်းမသိပဲ ဖြစ်နေခဲ့တာကိုပါနလည်ခဲ့ပါတယ်. အဒမ်ဟာ ကုမ္ပဏီနှစ်ခုရဲ့ယှဉ်ပြိုင်မှုကြားကနေ ဘယ်လိုလွတ်မြောက်အောင် ကြံစည်အားထုတ်သွားတယ်. ကုမ္ပဏီကြီးတွေရဲ့ပြိုင်ဆိုင်မှုက ဘယ်လောက်ထိနက်နဲတယ်ဆိုတာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါရစေဗျာ... File Size - 1gb Quality - bluray 1080p Subtitle - burmese Translator - YK Encoder - XCode
movie
Paranoia (2013)
2013
6.0
We Are Boats (2018)
ဒီတစ်ခေါက်ကတော့Channel Myanmarပရိသတ်ကြီးအတွက်Drama ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်က We are Boats (2019)ပါ။ဇာတ်လမ်းလေးရဲ့ အကျဉ်းကိုလဲ အနည်းငယ်တင်ပြလိုပါသေးတယ်။ဖရန်ချက်စကာဆိုတဲ့ ပြည့်တန်ဆာမလေးဟာ ညတစ်ညမှာ အသတ်ခံလိုက်ရပါတယ်။ဖြစ်ချင်တော့ အဲဒီနေ့ဟာ သူမရဲ့ သေနေ့မစေ့သေးပါဘူး။မတရားအသတ်ခံလိုက်ရတဲ့ သူမမှာ သမီးလေးတစ်ယောက်လဲ ရှိပါသေးတယ်။သမီးဖြစ်သူလေးကိုပြန်တွေ့နိုင်ဖို့အတွက် လူ့ဘဝကိုပြန်လာပြီးသေနေ့မစေ့သေးတဲ့လူသားတွေကို ကယ်တင်ပြီး လမ်းကြောင်းမှန်ကိုပြန်တင်ပေးတဲ့တာဝန်ကိုထမ်းဆောင်လိုက်ပါတော့တယ်။အဲဒီတာဝန်ကို ထမ်းဆောင်ရင်း ဘယ်လိုစိတ်ဝင်စာရစရာတွေသိလာရမလဲ?သူဘယ်လိုကိုင်တွယ်ဖြေရှင်းပေးမလဲ?သူ့သမီးလေူနဲ့ရော ပြန်ဆုံတွေ့နိုင်မလား?ဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ လူ့သဘာဝကို ရှုထောင့်တစ်မျိုးကနေ ရှိုက်ကူးတင်ဆက်ထားတာမလို့မပျင်းမရိ အဆုံးထိကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ။Ratingတွေ အနေနဲ့ကတော့ Imdb Rating 5.9/10 Rotten Tomatoes 60%ရရှိထားပါတယ်။ File Size : (1 GB) & ( 384 MB)Quality : WEB-DL 720pRunning Time : 1 hr 31 minFormat : Mp4 ...
movie
We Are Boats (2018)
2018
The Informers (2008)
မင်းသမီးချော Amber Heard ရဲ့အလန်းစားနောက်တစ်ကား လာပါပြီ။The Informers ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ Gregor Jordan ကရိုက်ကူးခဲ့ပါတယ်။1980 အစောပိုင်း ဟောလီးဝုဒ်ကလူတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ဘဝနဲ့ လူမှုဆက်ဆံရေးတွေကို သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။နာမည်ကြီး လူကုံထံအသိုင်းအဝိုင်းတွေရဲ့ လိင်မှုကိစ္စ၊ မူးယစ်ဆေးကိစ္စ အရှုပ်အထွေးတွေကိုသာ အသားပေးရိုက်ကူးထားတဲ့အတွက် ဇာတ်လမ်းအညွှန်းလို့ညွှန်းဆိုရအောင် ထွေထွေထူးထူးရယ်လို့မရှိပါဘူး။သို့ပေမယ့် မင်းသားကြီး Johnny Depp ရဲ့ဇနီးဟောင်းဖြစ်ပြီးတော့ မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ Justice League Movie မှာ Mera အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ငယ်သွေးကြွယ်နေတဲ့ အလှပုံရိပ်တွေကိုတော့ ဖောဖောသီသီကြီးမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ရုပ်ရှင်ဝေဖန်ရေးတွေကြားထဲမှာ ဇီးသီးဘန်းမှောက်ခဲ့ပေမယ့် Amber Heard ကိုချစ်ကြတဲ့ အမျိုးသားထုကြီးအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။File size…(800 MB) and (360MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Thant Kyaw
movie
The Informers (2008)
5.9
The Promise (2016)
ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ အများစုက မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့် အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie
The Promise (2016)
2016