Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Angela Bettis
Toolbox Murders (2004)
ဒီရုပ်ရှင်ကတော့ 1978 တုန်းကထွက်ရှိခဲ့တဲ့ Classic လူသတ် horror / mystery ရုပ်ရှင်ဖြစ်တဲ့ Toolbox Murders ကို remake ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က ကောင်းတယ်လည်းပြောရခက် ဆိုးတယ်လည်းပြောရခက်ပါတယ်။ဇာတ်လမ်းကတော့ ဂျက်လက်စ်မန်းလို့အမည်ရတဲ့ ဟောလီးဝုဒ်ဆယ်လီတစ်ယောက်တည်ဆောက်ခဲ့တဲ့ သမိုင်း၀င်အဆောက်အအုံကြီးမှာဇာတ်အိမ်တည်ထားပါတယ်။ လက်စ်မန်းမရှိတော့တဲ့နောက်မှာ ဒီတိုက်ကြီးကို အငှားချထားလိုက်ပြီး ဒုတိယကမ္ဘာစစ်အပြီးကတည်းကတည်ဆောက်ထားခဲ့တဲ့ဒီတိုက်ကြီးဟာ ပျက်စီးယိုယွင်းနေပြီဖြစ်တာကြောင့် ကန်ထရိုက်တာတွေက ပြုပြင်မွမ်းမံမှုတွေလုပ်နေကြပါတယ်။ ကံဆိုးချင်တော့ ဒီလိုပြုပြင်မွမ်းမံမှုတွေစလုပ်လိုက်တဲ့အချိန်မှာပဲ တိုက်ကြီးမှာ လူသေဆုံးမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာတာပါ။ကံဆိုးဖို့အကြောင်းဖန်လာတဲ့ စတီဗင်နဲ့ ဘာရိုလို့အမည်ရတဲ့လင်မယားနှစ်ယောက်ဟာ ဒီအချိန်မှာပဲ ဒီတိုက်ကြီးထဲကအခန်းတစ်ခန်းဆီပြောင်းလာခဲ့ကြပါတယ်။ ဘာရိုဟာ အိမ်နီးချင်းတွေ တစ်ဦးပြီးတစ်ဦး ပျောက်ချင်းမလှပျောက်လာတာ၊ ညဘက်တွေဆိုရင် ဘေးအခန်းတွေကနေ စူးစူးဝါးဝါးအော်ဟစ်သံတွေကိုကြားရတာ စသဖြင့် ဒီတိုက်ကြီးရဲ့ သဘာ၀လွန်လက္ခဏာတွေကို သတိထားမိလာတဲ့အခါ ဒီတိုက်ကြီးရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို စပ်စုမိလိုက်တဲ့နောက်မှာတော့ ကြမ္မာဆိုးဟာ သူမနောက်ကိုပါလိုက်လာပါတော့တယ်။ဒီလိုနဲ့ ဘာရိုနဲ့ စတီဗင်ဟာ ဒီတိုက်ကြီးထဲကလူသတ်မှုတွေရဲ့နောက်ကွယ်က တရားခံကိုဖော်ထုတ်နိုင်လိုက်ပြီး ဒီတိုက်ကြီးကနေ လွတ်မြောက်သွားကြမလား ဒါမှမဟုတ် သူတို့လင်မယားနှစ်ဦးလည်း လျှို့ဝှက်ဆန်းကြယ်တိုက်ကြီးရဲ့ သားကောင် ...
movie
Toolbox Murders (2004)
6.0
The Woman (2011)
ဒီဇာတ်လမ်းမှာတော့ တောတောင်ထဲမှာ တစ်ကိုယ်တည်းလျှောက်သွားပြီး ရှင်သန်နေတဲ့ မိန်းမတစ်ယောက်ကိုယဉ်ကျေးအောင်၊ လူမှုအဖွဲ့အစည်းနဲ့အံဝင်အောင် ကြိုးစားခဲ့တဲ့ရှေ့နေတစ်ယောက်နဲ့ သူ့မိသားစု အကြောင်းကို တင်ဆက်ထားပါတယ် ခရစ်စ်တို့မိသားစုဆီကို သူ့ကိုယ်ပိုင်စိတ်ဆန္ဒမပါဘဲ ရောက်လာတဲ့မိန်းမတစ်ယောက်. သူတို့တွေက “အမျိုးသမီး” လို့ ရည်ညွှန်းခဲ့ပေမယ့်သူကတော့ တိရစ္ဆာန်နဲ့ မခြားခဲ့ပါဘူး. ရိုင်းစိုင်းပြီးသားရဲဆန်တဲ့အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့တဲ့ ခရစ်စ်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်စမ်းသပ်မှုအဖြစ်အတင်းအကျပ်ထိန်းသိမ်းပြီး အရိုင်းဆန်စိတ်တွေ ပပျောက်အောင်ကြိုးစားခဲ့ပါတယ်.။ သူ့ရဲ့ မိသားစုကိုလည်း ဒီပရောဂျက်မှာမဖြစ်မနေ ပါဝင်စေခဲ့ပြန်ပါတယ်. တရားဥပဒေဘက်တော်သားဖြစ်သူခရစ်စ်ကိုယ်တိုင်က ဥပဒေနဲ့ဆန့်ကျင်စွာ အမျိုးသမီးတစ်ယောက်ကိုမတရားဖမ်းဆီး လူယဉ်ကျေးဇာတ်သွင်းနိုင်မလားအောင်မြင်ပြည့်စုံနေတဲ့ မိသားစုကြားမှာ ရိုင်းစိုင်းတဲ့အမျိုးသမီးတစ်ယောက် ဝင်ရောက်လာမှုကလည်း ဘယ်လို သက်ရောက်မှုတွေရှိလာမလဲ အမျိုးသမီးတစ်ယောက်ကို ယဉ်ကျေးအောင်သင်ပြပေးချင်သူ ခရစ်စ်ကိုယ်တိုင်က သူ့မိန်းမ၊ မိသားစု အပါအဝင် အမျိုးသမီးများကို မလေးစားတတ်သူ ဖြစ်နေသောအခါ..ထိုအမျိုးသမီးရဲ့ ရက်စက်တဲ့အမျက်ဒေါသကနေ လွတ်မြောက်နိုင်လမ်းရှိမလားဆိုတာကို ရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်. File size…1.82GB / 756MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ...
movie
The Woman (2011)
7.3
Girl, Interrupted (1999)
Girl, Interrupted (1999)~ IMDb - 7.3/10, Rotten Tomatoes - 53% ~Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ...
movie
Girl, Interrupted (1999)
1999
Ghosts of the Ozarks (2021)
တောအုပ်ထဲမှာ တစ္ဆေတွေရှိနေတယ်..။ ဦးလေးဖြစ်သူရှိရာ မြို့ကလေးတစ်မြို့ကို ထွက်လာခဲ့တဲ့ ဒေါက်တာ ဂျိမ်းမ် တစ်ယောက် ဘယ်လိုမျိုး လျှို့ဝှက်သည်းဖိုတွေနဲ့ တွေ့ကြုံရတော့မှာလဲ..? ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဆန်းတယ်..။ စိတ်ဝင်စားဖို့လည်း ကောင်းသေးရဲ့..။ သွေးထွက်သံယို ဇာတ်လမ်းပြကွက်တွေကလည်း ပီပြင်တာမို့ ကြိုက်တတ်ရင် ကောင်းတယ်..။ အဲ့ဒီလောက် ကြောက်ဖို့ကောင်းတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ကြောက်တတ်ရင်တော့ ဘေးမှာ အဖော်ခေါ်ပြီးသာ ကြည့်ပါလေ..။ ပြောပြရဦးမယ်..။ ဒီဇာတ်ကားထဲမှာ အမဲလည်း လိုက်တတ်ပြီး ဆေးလည်း ကုတတ်တဲ့ အာဂအမျိုးသမီးတစ်ဦးကိုလည်း နှောင်းခေတ်ရဲ့ အဝတ်အစားတွေနဲ့ ကြည်နူးစရာ တွေ့မြင်ရဦးမယ်..။ မမဟာ သေနတ်လည်း ကိုင်တတ်တယ်..။ အပ်ကိုင်ပြီးလည်း ဒဏ်ရာတွေကို ချုပ်ပေးတတ်သေးတယ်..။ အဲ့ဒါကြောင့် မမတွေ ကောင်းတယ်..။ ဇာတ်လမ်းအသွားအလာကို နည်းနည်း ပြောပြရင် လူမည်းတွေဟာ ကျွန်လူတန်းစားပဲလို့ သတ်မှတ်ထားတဲ့ ခေတ်ကြီးထဲမှာ အကြောက်တရားကို လူတွေရဲ့ ရင်ထဲမှာစနစ်တကျစိုက်ပျိုးထားပြီး လူတန်းစားမခွဲခြားတဲ့ ...
movie
Ghosts of the Ozarks (2021)
5.3
12 Hour Shift (2020)
12 Hour Shift (2020)=================IMDb Rating - 5.3/10#Unicode၂၀၂၀ ခုနစ်ထွက် Drama, Thriller အမျိုးအစားဖြစ်ပါတယ် ...ဇာတ်လမ်းအရတော့ မန်ဒီက ဆေးရုံတစ်ခုမှာ အစမ်းခန့်ကာလဆင်းနေတဲ့ သူနာပြုတစ်ယောက်ပါ သူ့အချစ်ဆုံးသူငယ်ချင်းကတော့ ကာရန်ပေါ့... သူတို့နှစ်ယောက်မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်... အဲဒါကတော့ သူတို့နှစ်ယောက်ဟာ သေခါနီးလူနာတွေ မျှော်လင့်ချက်မရှိတော့တဲ့လူနာတွေကို သတ်ပြီး ကလီစာတွေထုတ်ရောင်းနေကြတာပါပဲ... တစ်ညတော့ ကလီစာတွေကို တစ်ဆင့်ခံပို့ပေးရတဲ့ ရဂ်ဂျီနာကြောင့် ကျောက်ကပ်တစ်လုံးပျောက်သွားတဲ့အခါ.... ရဂ်ဂျီနာတစ်ယောက် လုပ်မိလုပ်ရာနဲ့ ဆေးရုံမှာ ဘယ်လိုမွှေမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...IMDB 5.3/10 ရရှိထားပြီး မင်းသမီးကြီး Angela Bettis က မန်ဒီအဖြစ် ခပ်မိုက်မိုက်သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyi၂၀၂၀ ခုနစ်ထွက် Drama, Thriller အမျိုးအစားဖြစ်ပါတယ် ...ဇာတ်လမ်းအရတော့ မန်ဒီက ဆေးရုံတစ်ခုမှာ အစမ်းခန့်ကာလဆင်းနေတဲ့ သူနာပြုတစ်ယောက်ပါ သူ့အချစ်ဆုံးသူငယ်ချင်းကတော့ ကာရန်ပေါ့... သူတို့နှစ်ယောက်မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်... အဲဒါကတော့ သူတို့နှစ်ယောက်ဟာ သေခါနီးလူနာတွေ မျှော်လင့်ချက်မရှိတော့တဲ့လူနာတွေကို သတ်ပြီး ကလီစာတွေထုတ်ရောင်းနေကြတာပါပဲ... တစ်ညတော့ ကလီစာတွေကို တစ်ဆင့်ခံပို့ပေးရတဲ့ ရဂ်ဂျီနာကြောင့် ကျောက်ကပ်တစ်လုံးပျောက်သွားတဲ့အခါ.... ရဂ်ဂျီနာတစ်ယောက် ...
movie
12 Hour Shift (2020)
2020