Channel Myanmar

Angel Sing

The Brave One (2007) 6.7
The Brave One (2007) ဒီတစ်ခါမှာတော့ မမဂျိုဒီဖို့စတာကို သေနတ်တစ်လက်နဲ့ မြင်ရမယ့်ဇာတ်ကားအဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။“Street Walk” လို့ခေါ်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူအဲရစ်ကာဘိန်းဟာ နယူးယောက်မြို့ကြီးကို ချစ်မြတ်နိုးသူဖြစ်ပြီးသိပ်မကြာခင်မှာပဲ ချစ်ရသူနဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ဘဝမှာ ပျော်မွေ့တဲ့အလုပ်အကိုင်ရယ် မြတ်နိုးရတဲ့လက်တွဲဖော်ရယ်ရှိပြီဆို ဘာများလိုအပ်ဦးမှာလဲ၊ အဲရစ်ကာအဖို့တော့ကမ္ဘာကြီးက သုခဘုံပါပဲ။ ဒီလို အဲရစ်ကာဘိန်းအတွက် တစ်ညတာကအရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ဒီနေရာလေးမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မပြောတော့ဘဲ၃ပတ်တာ ကိုမာဝင်နေရာကနေ ပြန်နိုးလာတဲ့အဲရစ်ကာအကြောင်းကနေ ပြန်ဆက်လိုက်ပါမယ်။အဲရစ်ကာ ပြန်သတိရတဲ့အချိန်မှာတော့ သူ့ချစ်သူကိုသင်္ဂြိုဟ်ပြီးသွားပါပြီ။ နယူးယောက်မြို့ကြီးဟာ သူ့အဖို့ အရင်လို ပျော်စရာမဟုတ်ဘဲကြောက်မက်ဖွယ်အတိဖြစ်လာတဲ့အလျောက်သေနတ်ဝယ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ အဲရစ်ကာဟာ နောက်ထပ် မတော်တဆမှုတစ်ခုမှာအခန့်မသင့် ပါဝင်ပတ်သတ်မိရင်း ပထမဆုံး လူတစ်ယောက်ကိုစသတ်မိရာကနေပြီးတော့ သူ့အတွက်ကောနယူးယောက်မြို့သားတွေအတွက်ပါအပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့ပြီး “စေတနာ့လူသတ်သမား”ဆိုတဲ့ နာမတစ်ခုဟာနယူးယောက်တစ်ခွင် ဟိန်းသွားပါတော့တယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတောတော့ဆက်ကြည့်လိုက်ကြပါဦး။ File size…    1.7 GB /  775MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Crime / ...
movie

The Brave One (2007)

My Super Ex-Girlfriend (2006) 5.2
My Super Ex-Girlfriend (2006) My Super Ex-Girlfriend (2006)Ghostbusters ဇာတ်ကားတွေနဲ့ No Strings Attached လို နာမည်ကျော်ဇာတ်မျိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်ပါ။ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ အူမာသာမန်းတို့လို တန်းရှိ သရုပ်ဆောင်တွေကို သုံးထားပါတယ်။ လုခ်ဟာ အိုဝင်လောက်တော့ လူသိမများပေမဲ့လည်း ဝက်စ်အန်ဒါဆန်ရဲ့ ပွဲဦးထွက်ကားတွေနဲ့ တခြားကားကောင်းတွေမှာ ပါဖူးတဲ့ သရုပ်ဆောင်ပါပဲ။ Ethan Hawke ရဲ့ မိန်းမ အူမာသာမန်းကတော့ မသိသူမရှိလောက်ပါဘူး။ တာရန်တီနိုရဲ့ Kill Bill, Pulp Fiction တို့မှာ သရုပ်ဆောင်ဖူးတဲ့သူပါ။ သူ့ရဲ့အကောင်းဆုံးလက်ရာကတော့ Maya Hawke ပါပဲ။စူပါပါဝါရှိတဲ့မိန်းကလေးတစ်ယောက်နဲ့တွဲမိရာကနေ အလွဲလေးတွေကြုံရပုံကို ကြည့်ရမှာပါ။ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Single ဖြစ်နေတာကြာပြီဖြစ်တဲ့ မက်က ရထားပေါ်မှာတွေ့တဲ့ ဂျန်နီဆိုတဲ့ကောင်မလေးကို သူငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့် ဖွင့်ပြောပြီး တွဲဖြစ်သွားပါတယ်။ နယူးယော့ခ်မှာ G-Girl ဆိုပြီး လူတွေကိုအန္တရာယ်တွေကနေကာကွယ်ပေးနေတဲ့ စူပါဟီးရိုးကောင်မလေးတစ်ယောက်ရှိပါတယ်။ ...
movie

My Super Ex-Girlfriend (2006)

2006
Pearl Harbor (2001) 6.2
Pearl Harbor (2001) Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie

Pearl Harbor (2001)

2001