Channel Myanmar

Angad Singh

Amar Singh Chamkila (2024)
Amar Singh Chamkila (2024) Amar Singh Chamkila (2024) (ချန်ကီလာကို ချေချွတ်တော်မူခန်း) April ၁၂ ရက်နေ့ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ ဘောလိဝုဒ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ။ဒီကားလေးကတော့ IMDb 8.4 အထိရရှိထားတဲ့ကားလေးဖြစ််ပြီး ပန်ဂျက်အဆိုတော်တစ်ဦးဖြစ်တဲ့ အမာဆင်းဂ် ချမ်ကီလာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူဟာ ၈၀ ခုနှစ်ဝန်းကျင်တွေမှာ အရမ်းကိုထူးချွန်တဲ့ အဆိုတော်တဦးဖြစ်ပြီး နာမည်ကြီးသလောက်ကို တစ်ဖက်မှာ သူရေးခဲ့တဲ့ ဘွင်းဘွင်းရှင်းရှင်းရှိလွန်းတဲ့ စာသားတွေကြောင့် အောင်မြင်သလောက်ကို လူမုန်းလည်းခံခဲ့ရတဲ့ အဆိုတော်တစ်ဦးပါ။ ဘာမဟုတ်တဲ့ တောသားကောင်လေးဘဝကနေ နာမည်ကြီးအဆိုတော်ဖြစ်လာရတဲသူ့ဘဝကလည်း အနိမ့်အမြင့်တွေများခဲ့တာပါပဲ။ဒါပေမဲ့ တကယ်တမ်းသူလိုချင်တဲ့နေရာကိုရောက်တဲ့အခါမှာတော့ သူရော သူချစ်ရတဲ့လူရော သူအားကိုးတဲ့ အဖွဲ့သားတွေရောပါ အတူတူလုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။ သေဆုံးချိန်မှာ အသက် ၂၇ ပဲရှိသေးတာမို့ ကြိုးစားပြီးရင်းခဲ့တဲ့အချိန်တွေနဲ့ မတန်လောက်အောင်ကို ကြွေချိန်စောတယ်ပဲပြောရမှာပါ။ သူ့ဘဝသူ့ဇာတ်ကြောင်းနဲ့ ဘဝအခြေအနေအထွေထွေကို မြင်သာအောင်ရိုက်ကူးတင်ဆက်ထားတာမို့ CM Bollywood Team က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…2.4GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Amar Singh Chamkila (2024)

2024