Channel Myanmar

Andy Lau

Red Line ( 2023 ) 6
Red Line ( 2023 ) Andy Lau နဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေပါဝင်ထားတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ကားဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပြိုင်ကားဆိုတာ အစကတည်းကအသက်နဲ့ရင်းရတဲ့ပြိုင်ပွဲတစ်ခုပါ။ လူငယ်တွေဟာ အရှိန်ကိုခုံမင်ပြီး အသက်နဲ့ရင်းပြီးပြိုင်တဲ့ပြိုင်ပွဲမှာ အနိုင်ရပြီလို့ထင်ပေမယ့် ကားနက်တစ်စီးဟာ ရုတ်တရက်လိုက်လာပြီး အဆုံးအစွန်ထိရောက်အောင်တွန်းပို့တဲ့အတွက် ပြိုင်ကားမောင်းသူဟာ သေသွားခဲ့ပါတယ်။ဒါကိုသာမန်အရှိန်လွန်တဲ့ဖြစ်ရပ်တစ်ခုလို့ထင်ကြပေမယ့် ကြိမ်ဖန်များလာတဲ့အခါ အားလုံးHellCatလို့နာမည်ပေးထားတဲ့ ဒီကားနက်ဟာ တရားမဝင်မြေအောက်ပြိုင်ကားမောင်းတဲ့သူတွေကို ပစ်မှတ်ထားနေတာကို သတိထားမိလာကြတယ်။အဲဒီအကြောင်းကိုမသိသေးတဲ့ရှောင်လော့ဆိုတဲ့ကောင်လေးဟာ သူ့ အစ်ကိုကပြိုင်ကားမောင်းရင်းသေသွားတာကြောင့် ပြိုင်ကားမောင်းတာကိုစွန့်လွှတ်ပြီး လူတွေရဲ့အသက်ကိုကယ်ရတဲ့ အရေးပေါ်လူနာတင်ကားပြောင်းမောင်းနေခဲ့တယ်။ မထင်မှတ်ပဲ သူ့အစ်ကိုသေရတာ ဒီငရဲကြောင်ကြောင့်ဆိုတာသိလိုက်ရတော့ သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး လက်စားချေဖို့အစီအစဉ်စလိုက်ပါတော့တယ်။ Filesize : 1.40 GB / 752 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Action , Thriller , Adventure Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Red Line ( 2023 )

House of Flying Daggers (2004) 7.6
House of Flying Daggers (2004) House of Flying Daggers (2004)IMDb Rating (7.5) / Rotten Tomatoes (87%)Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ဇာတ်လမ်းကတော့ ...... ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် ...
movie

House of Flying Daggers (2004)

2004
Crisis Negotiators ( 2024 ) 6
Crisis Negotiators ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေ လက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့ တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာ လက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံး ညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲ တဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင် လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီး တည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီး လုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့ အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေ အလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီး နောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူ မည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့ တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ်။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပ်စွဲပြီးဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ရာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်း တည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက် ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲဆိုတာတော့ ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.7 GB / 1 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Crisis Negotiators ( 2024 )

The Movie Emperor ( 2024 ) 6
The Movie Emperor ( 2024 ) မင်းသားကြီး Andy Lau ရဲ့ဒရာမာရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အနုပညာသက်တမ်း နှစ်(၄၀)ကျော်ရှိတဲ့ အတ္တကြီးတဲ့ နာမည်ကြီးမင်းသားတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ သူဟာအောင်မြင်မှုတွေရရှိခဲ့ပြီး လူကြိုက်များတဲ့မင်းသားတစ်ယောက်ဖြစ်ပေမယ့် သူလိုချင်တဲ့ဆုကိုမရခဲ့ပါဘူး။ ရုပ်ရှင်လောကကနေအနားယူဖို့ အသင့်ဖြစ်နေပြီဆိုပေမယ့် ဂုဏ်သိက္ခာရှိရှိ ဆုရပြီးမှအနားယူချင်တဲ့သူ့ရဲ့ဆန္ဒကြောင့် လယ်သမားဇာတ်ကောင်နဲ့ရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့ပြင်းပြတဲ့စိတ်ကြောင့် အကြိုးစားလွန်ရာကနေ ကမောက်ကမတွေဖြစ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ သူလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်ပါ့မလား...... ဒီဇာတ်ကားမှာ အင်တာနက်ခေတ်ကို လူကြီးတစ်ယောက်ရဲ့အသားမကျပုံနဲ့ ရုပ်ရှင်လောကရဲ့သဘောတရားတွေအများကြီးကို ချပြထားပါတယ်။ သရုပ်ဆောင်ဘက်ကရှုထောင့်နဲ့ ဝေဖန်သူပရိသတ်တွေရဲ့ရှုထောင့် နှစ်မျိုးလုံးကိုမြင်ရမှာဖြစ်ပါတယ်။ Filesize : 1.28 GB / 743 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK   
movie

The Movie Emperor ( 2024 )

Battle of the Warriors (2006) 6.7
Battle of the Warriors (2006)  စစ်သည်တို့ရဲ့တိုက်ပွဲလို့အမည်ရတဲ့ ဒီဟောင်ကောင်ရုပ်ရှင်က၂၀၀၆ ခုနှစ်ထွက်စစ်ပွဲရုပ်ရှင်ဖြစ်ပြီး ဂျပန်သမိုင်းဝင်မန်းဂစီးရီးတစ်ခုဖြစ်တဲ့ Bokkō ပေါ်အခြေခံထားပါတယ်။ ဒါရိုက်တာ Jacob Cheung ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andy Lau, Ahn Sung-ki, Wang Zhiwen, Fan Bingbing, Nicky Wu နဲ့ Choi Siwon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီပူးတွဲထုတ်လုပ်မှုမှာ တရုတ်ပြည်မြောက်ပိုင်း၊ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါဝင်ပါတယ်။ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ ...
movie

Battle of the Warriors (2006)

Railroad Tigers (2016) 5.8
Railroad Tigers (2016)  ဂျက်ကီရဲ့စတိုင် ဟာသအက်ရှင် ပြန်လာပါပြီ။ ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်(ဂျက်ကီချန်း) တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။ (တစ်ကယ်တော့ အဲဒီတံတားဟာ ၁၉၄၂ ကာလမှာ တိုင်ကျင်းကနေ နန်ကျင်းကိုသွားတဲ့ အဓိက စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ဖျက်ဆီးနိုင်ခဲ့ရင် ဂျပန်တွေရဲ့တိုက်ခိုက်နိုင်စွမ်းအတော်ကို ကျဆင်းသွားမှာ ဖြစ်လို့ တရုတ်တပ်တွေက ဖောက်ခွဲဖို့ကြိုးစားခဲ့တာပါပဲ)အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ.... File size…(2.75 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre... Action, Adventure, ...
movie

Railroad Tigers (2016)

2016
I Did It My Way ( 2024 ) 6.1
I Did It My Way ( 2024 ) ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။‌ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder "လောင်ပန်" အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့... ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime ...
movie

I Did It My Way ( 2024 )

The Goldfinger ( 2024 ) 6.2
The Goldfinger ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကို Liu De Hua ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Golden Finger လေးနဲ့တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ချန်ယိယန်ဆိုတဲ့သူကတော့ တောင်ပိုင်းပင်လယ်မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လူတွေကိုပြီးပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့ အိပ်မက် မက်ခဲ့ဖူးသူဖြစ်ပေမဲ့လုပ်ငန်းအရူံးပေါ်ပြီး ဒေဝါလီခံလိုက်ရတယ်။ ဒီလိုနဲ့အပတ်တကုတ်အလုပ်ကြိုးစားရှာရင်း တနေ့မှာတော့တစ်နယ်သားကုမ္ပဏီတစ်ခုမှာ ကြေးစားသူဌေးယောင်ဆောင်အဖြစ်လုပ်ရင်း တကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့တွေ့ဆုံခဲ့တယ်။ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကိုဝင်ရောက်ခဲ့ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေး ရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီးကျာဝန်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။ တစ်စတစ်စ တဖြည်းဖြည်းဟောင်ကောင်မှာ လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန်လုပ်ငန်းစုသူဌေးကြီးဖြစ်လာခဲ့တယ်။ကံတရားဆိုတာအတက်အကျရှိစမြဲဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ ချန်ယိယန်တစ်ယောက်သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICAC အဖွဲ့မျက်စိကျတာကိုခံခဲ့ရတာပေါ့။ အဲ့အဖွဲ့ထဲမှာ လျိုအရာရှိက ဒီအမှုကိုဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့တယ်။ အစပိုင်းမှာလျိုအရာရှိကရိုးရှင်းလှပြီ ထင်မိတဲ့အမှုတစ်ခုလေးက တကယ်တမ်းမှာအများကြီး ပါဝင်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဘယ်လိုတွေဖော်ထုတ်ကြမလဲ။စီးပွားရေးလောကရဲ့ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ။ လောဘသားတွေရဲ့လောဘငတ်မွတ်နေမှုတွေ၊ စည်းစိမ်ဥစ္စာချမ်းသာသူတွေရဲ့ ချမ်းသာမှုအပေါ် ပျော်မွေ့နေမှုစတာတွေကို Liu De Hua , Liang Chao Wei တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်တွေဟာ သာမာန်စီးပွားရေး နိုင်ငံရေးဇာတ်လမ်းများနှင့်မတူတမူထူးခြားစွာရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒီဇာတ်လမ်းလေးကို အတူတူကြည့်ရူအားပေးလိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 2h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

The Goldfinger ( 2024 )

Moscow Mission ( 2023 ) 6.3
Moscow Mission ( 2023 ) 1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့...... အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Moscow Mission ( 2023 )

Island of Fire – The Prisoner (1990)
Island of Fire – The Prisoner (1990)   ဒီကားလေးကတော့ ဟောင်ကောင်စတားတွေဖြစ်တဲ့ Jackie Chan ရယ် Andy Lau ရယ် Sammo Kam-Bo Hung (ဖက်တီးမင်းသား)တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပါပဲ........ဇာတ်လမ်းလေးထဲမှာတော့ သူတို့တွေဟာ အကြောင်း အမျိုးမျိုးနဲ့ ထောင်ထဲကို ရောက်သွားကြတဲ့သူတွေပါ။ တစ်ယောက်ကို ပြဿနာတစ်ခုကြုံနေကြရတဲ့ သူတွေပေါ့။ ထောင်မှူးနဲ့ ထောင်စောင့်တွေကလည်း ထောင်သားတွေအပေါ် အနိုင်ကျင့်နှိပ်စက်လာဘ်စားနေကြတာပါ.... ဒီလိုနဲ့ ပြဿနာပေါင်းစုံတဲ့ ထောင်ကြီးထဲမှာ ပြဿနာပေါင်းစုံဖြစ်ကြပြီး တစ်ယောက်ပြီးတစ်ယောက် သေမိန့်ပေးခံလိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့........ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield
movie

Island of Fire – The Prisoner (1990)

The Legend of Drunken Master (1994) 7.6
The Legend of Drunken Master (1994)   ဒီကားလေးကတော့ ၁၉၉၄ခုနှစ်က ထွက်ထားတဲ့ ဂျက်ကီချန်းရဲ့ ကားကောင်းလေးတွေထဲကတစ်ကားပါ......ဒီဇာတ်ကားမှာတော့ ဂျက်ကီချန်းက ခပ်ဆိုးဆိုးကောင်လေး လူလည်ကျတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ သူ့အဖေနဲ့အတူ ခရီးတစ်ခုကနေအပြန် ရထားဘူတာမှာ သူတို့ဝယ်လာတဲ့ ဂျင်ဆင်းဘူးကို အခွန်မဆောင်ချင်တာနဲ့ ပြီးမှပြန်လိုက်ရှာမယ်ဆိုပြီး သူများသေတ္တာထဲခိုးထည့်လိုက်ပါရော.....အဲဒီလိုနဲ့ ရထားပေါ်ရောက်တော့ သူတို့ခိုးထည့်လာတဲ့ ဂျင်ဆင်းဘူးကို လိုက်ရှာရင်း ထုံးစံအတိုင်းအလွဲတွေဖြစ်တာကနေ ဂျင်ဆင်းဘူးအစား ရှေးဟောင်းပစ္စည်းကြီးကို မှားသယ်မိသွားပါလေရော.....အဲဒီမှာပဲ သူတို့နိုင်ငံကနေ ရှေးဟောင်းအမွေအနှစ်တွေကို ခိုးထုတ်နေတဲ့ အဖွဲ့နဲ့ပတ်သက်မိပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့....... File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lyric Lynn Khant
movie

The Legend of Drunken Master (1994)

1994
Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie

Twinkle, Twinkle, Lucky Stars (1985)

Detective Dee and the Mystery of the Phantom Flame (2010) 6.6
Detective Dee and the Mystery of the Phantom Flame (2010) Detective Dee and the Mystery of the Phantom Flame (2010)IMDb Rating (6.6) / Rotten Tomatoes (80%)စုံထောက် ဒီး ...တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ...
movie

Detective Dee and the Mystery of the Phantom Flame (2010)

2010
1080p HEVC
The Wandering Earth II (2023)
The Wandering Earth II (2023) ဒီတရုတ်ရုပ်ရှင်ကတော့ သိပ္ပံစိတ်ကူးယာဉ် အာကာသစွန့်စားခန်းရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ မူရင်းနာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ထားတာမို့ ဇာတ်အိမ်ကလည်း ကြီးပါတယ်။ ပြသချိန်ကလည်း ၃ နာရီတောင်ရှိပါတယ်။ ဒီရုပ်ရှင်က တရုတ်ရဲ့ ပထမဆုံး Full-scale သိပ္ပံရုပ်ရှင်လို့ သတင်းတွေမှာတောင် ရေးကြပါတယ်။ ဒီရုပ်ရှင်ရဲ့အဓိက မင်းသား ဝူကျင်းဆိုရင်လည်း ပထမဆုံးအနေနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပဲ ပါဖို့သဘောတူထားပေမဲ့ ဒါရိုက်တာက သူ့ကိုသဘောကျလို့ သူပါတဲ့အခန်းတွေ ဆက်တိုက်ထည့်သွင်းရိုက်ကူးခဲ့ရပါတယ်။ နောက်ဆုံးမှာ သရုပ်ဆောင်ကြေးက ဒေါ်လာ ၁၀ သန်းကျော်လာပြီး ရုပ်ရှင်ကိုလည်း အရမ်းကောင်းမွန်အောင် မွန်းမံရင်းနဲ့ ဘက်ဂျက်ကျော်သွားတာမို့ ဒါရိုက်တာက ဝူကျင်းကို ပိုက်ဆံမယူဘဲ ဆက်ရိုက်ပေးဖို့ အကူအညီတောင်းခဲ့ရတဲ့အထိပါပဲ။ ဝူကျင်းက ရုပ်ရှင်ကို အရမ်းသဘောကျနေပြီမို့ ပိုက်ဆံမယူတဲ့အပြင် အိတ်ထဲကနေ ၉ သန်းပါ ထပ်စိုက်ပြီး ရိုက်ကူးစေခဲ့ပါတယ်။ အခုချိန်မှာတော့ သန်း ၁၀၀ နီးပါးရင်းခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း ၅ ရာကျော် ဝင်သွားပြီး အတော်မြတ်သွားခဲ့ပြီဖြစ်ပါတယ်။ ...
movie

The Wandering Earth II (2023)

Infernal Affairs III (2003) 6.9
Infernal Affairs III (2003) Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းအရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။တစ်ဖက်မှာကတော့ ...
movie

Infernal Affairs III (2003)

Infernal Affairs (2002) 8.0
Infernal Affairs (2002) Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းအရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။တစ်ဖက်မှာကတော့ ...
movie

Infernal Affairs (2002)

Future Cops (1993) 5.9
Future Cops (1993) Future Cops (1993)~ IMDb - 5.9/10, MyDramaList - 7.5/10 ~ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie

Future Cops (1993)

1993
A Moment of Romance (1990) 7.4
A Moment of Romance (1990) A Moment of Romance (1990)~ IMDb rating - 7.4/10 ~" ဒီတိုတောင်းလွန်းတဲ့ ဘဝမှာတောင် မင်းထွက်သွားတဲ့နားပဲ ကိုယ်ရပ်တန့်နေခဲ့တယ်။ မချစ်ခဲ့မိရင် အကောင်းသားလို့ နောင်တမရချင်တာကလည်း ငါတို့ရဲ့ ရိုးရှင်းစွာတုံးအခဲ့ခြင်းတွေပေါ့။ အရှိန်အဟုန်တွေ ဘယ်လောက်ပြေးပြေး အလှမ်းဝေးလွန်းတဲ့မြစ်ကို တို့မရောက်နိုင်ခဲ့။ မင်းမျက်ရည်စတွေ ငါတို့ရဲ့နေ့တွေ အကုန်မြန်လွန်းတဲ့ ခန်းခြောက်မြစ်တွေ ဖြစ်စေ...။ မိုးသားထဲ ပျံသန်းကြည့်ခဲ့ကြတယ်။ အရှိန်အဟုန်တွေ တို့ကိုခေါ်နိုင်စေသားပေါ့ အားလုံးမဲ့တဲ့ အရပ်ဆီ။ တိမ်တွေဟာ ရေမှုန်ကို မိုးသားထဲ သယ်ဆောင်နိုင်သွားလည်း ခဏတာ။ တစ်စစီ တစ်စစီ။ အသက်နဲ့ဆက်ဆက် ဘဝနဲ့ဆက်ဆက် ဒီအချစ်ရဲ့ အခိုက်တန့်လေး ကိုယ်လဲယူချင်ခဲ့တာ။ ဝေးလွန်းတယ်ဆိုပေမဲ့ လှမ်းကြည့်ရင် အစဉ်မြင်ဆဲ..."မင်းသားက အန်ဒီလောင်ဆိုတော့ ဒီရုပ်ရှင်က ၁၉၉၀ ဝန်းကျင်မှာ အန်ဒီလောင်အရိုက်များခဲ့တဲ့ တခြားဇာတ်တွေလိုပဲ အပေအတေ ဂိုဏ်းစတားလူငယ်လေးနဲ့ ဂိုဏ်းအရှုပ်အထွေးတွေကြားက ညီအစ်ကိုသံယောဇဉ်နဲ့ ချစ်ခြင်းရဲ့ကားပါပဲ။ ...
movie

A Moment of Romance (1990)

1990