Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andy Dick
Zoolander (2001)
IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie
Zoolander (2001)
4.8
Zoolander 2 (2016)
၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie
Zoolander 2 (2016)
2016
7.0
Old School (2003)
ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာကSuperbad တို့ American Pie တို့လိုကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေမဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်းလူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ အရိုးရဲ့ အော်ပရာသီချင်းကိုလက်တွေဘဝမှာကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်းအဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကိုမေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကိုအလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ဇာတ်ဆောင်တွေအနေနဲ့ကလဲcomedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie's Angel,Death at a funeral, Idiocracy တို့မှမင်းသားLuke Wilson ပါမက Step Brothers, Anchor Man,Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကိုWedding Crushers, The Watch, Zoo Lander တို့မှVince Vaughn တို့လို ဟာသကျော်ကြီးတွေသုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကိုကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size… 3 GB ...
movie
Old School (2003)
2003
5.5
Dude, Where’s My Car? (2000)
Dude, Where's My Car? (2000) ======================အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကား ကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000 ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ် ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်း အစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့ "ဂျက်စီနဲ့ ချက်စတာ" ဆိုတာပါပဲ။၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆို ပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ် နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချ လောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက် ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာ တို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက် ရှင်းရပါတော့တယ်။ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့် မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့ Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေ ကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်း အလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော် ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက် စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှု တွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie
Dude, Where’s My Car? (2000)
2000
6.1
The Cable Guy (1996)
The Cable Guy (1996)~ IMDb - 6.1/10, RT - 55%, Meta - 56% ~လူတွေဆိုတာ မွေးရာပါ အထီးကျန်ဆန်တဲ့ သတ္တဝါတွေပါတဲ့။ အဲဒါကြောင့် လူတွေက အထီးကျန်မနေရအောင် တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဘဝထဲမှာ ရှိနေအောင် ကြိုးစားကြတယ်။The Greatest Showman ဇာတ်ဝင်သီချင်းဖြစ်တဲ့ Never Enough ထဲက စာသားလေးလိုပဲပေါ့။ တစ်ကမ္ဘာလုံးကို ဆုပ်ကိုင်ထားနိုင်တဲ့ အစွမ်းရှိရင်တောင် ဝေမျှစရာလူမရှိရင် ဘယ်အရာကမှ မတင်းတိမ်နိုင်ဘူးလေ။ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ ကေဘယ်သမားလေးက လောကမှာ အရာရာကို လိုချင်တာရနိုင်နေတဲ့ အစွမ်းရှိနေပေမဲ့ ဝေမျှခံစားနိုင်တဲ့သူ မရှိတဲ့အတွက် သူ့ဘဝမှာ လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက သူနဲ့ဝေမျှခံစားပေးဖို့လူတစ်ယောက်ပါပဲ။ခုခေတ်လို အင်တာနက်တွေခေတ်မစားခင်က တီဗီဟာ တစ်ကမ္ဘာလုံးမှာ အကြီးဆုံး ဖျော်ဖြေရေးစနစ်ကြီးဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ တီဗီလိုင်းတွေဆိုတာ ခုခေတ် Netflix ...
movie
The Cable Guy (1996)
1996
7.0
Funny People(2009)
Funny People(2009)*******************လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလိုဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက"ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့်ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...............ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ reviewကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။File Size :(4.05 GB) (1.4 GB) and (445 ...
movie
Funny People(2009)
6.4
The Lion King II: Simba’s Pride(1998)
The Lion King 2******************** အားလုံးရဲ့ အချစ်တော် ခြင်္သေ့လေးစင်ဘာဟာ အရွယ်ရောက်လို့ဘုရင်ကြီးစင်ဘာအဖြစ် အုပ်စုကို တာဝန်ယူနေပါပြီ။ အရိုက်အရာဆက်ခံမယ့် ခီယာရာဆိုတဲ့ အဖေတူသမီးတော်လေး တစ်ယောက်လည်းရှိပါတယ်။ ခီယာရာလေးဟာ အရွယ်ရောက်လို့ အရာရာကို စူးစမ်းလိုစိတ်ပြင်းပြနေပါတယ်။ ဒီတော့ ငယ်ရာကကြီးလာတဲ့ စင်ဘာ စိတ်ပူရပါပြီ။တစ်ဘက်မှာလည်း နယ်နှင်ခံလိုက်ရတဲ့အုပ်စုက ခြင်္သေ့မ ဇီရာဟာစကားရဲ့အရိုက်အရာကို ဆက်ခံမယ့် ကိုဘူးလေးကို ပျိုးထောင်ပေးနေပါတယ်။ လက်စားချေဖို့ အမုန်းတရားတွေနဲ့ အပြင်းအထန်လေ့ကျင့်ပေးနေပါပြီ။ ဇီရာဟာ စင်ဘာကို အလစ်ချောင်း လုပ်ကြံဖို့ ကိုဘူးကိုအသုံးချပါတော့တယ်။ အစီအစဉ်အရ ကိုဘူးတစ်ယောက် စင်ဘာနဲ့နီးစပ်နိုင်ဖို့ သမီးဖြစ်သူ ခီယာရာကို အရင်ချဉ်းကပ်ရပါတယ်။ အသုံးချဖို့စခဲ့ပေမယ့် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် သူတို့နှစ်ဦး ချစ်မိသွားပါတော့တယ်။အမုန်းတရား လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ အုပ်စုနှစ်ခုကြားကချစ်သူနှစ်ဦးရဲ့ လမ်းခရီးလေး ဖြောင့်ဖြူးပါ့မလား အတူပေါင်းစည်းနိုင်ဖို့ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ မူဖာဆာပြောခဲ့တဲ့အတိုင်းတစ်သားတည်းဖြစ်အောင် ပေါင်းစည်းနိုင်ပါ့မလားဆိုတာကိုတော့… File Size : (1.14 GB) and (553 MB) Quality ...
movie
The Lion King II: Simba’s Pride(1998)
6.9
Knocked Up (2007)
Knocked Up (2007) IMDb 6.9 Rotten Tomatoes 89%Comedy ဇာတ်ကားတစ်ကား ဒီလောက် Rating မြင့်မားနေရင် မှတ်ထားလိုက်ပါတော့...ရှယ်ကောင်းလို့ပါပဲ။မင်းသား Seth Rogen ,Paul Rudd,Jonah Hill,Jay Baruchel တို့လို ဟာသသရုပ်ဆောင်တွေမြိုင်ဆိုင်သလို မင်းသမီး Katherine Heigl,Leslie Mann တို့ဆိုတာကလဲ ဒီလိုဇာတ်ကားနဲ့ သိပ်လိုက်ဖက်လှတာပေါ့။ဇာတ်လမ်းကလဲ R Rated ဆိုတဲ့အတိုင်း တကယ့်ဗရုတ်သုတ်ခပါပဲ...မူးမူးရူးရူးနဲ့ ဖြစ်မိတဲ့ တစ်ညတာ one night stand က မထင်မှတ်ဘဲ ကိုးလလွယ်ဆယ်လအထိကြာအောင်ခံရမယ့် ဒုက္ခအဖြစ်သို့ ပြောင်းလဲသွားသောအခါ.....အယ်လီဆင် စကော့ ဟာ ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးကြီး အိပ်မက်လှလှလေးတွေမက်နေတဲ့ မိန်းမပျိုလေးပါ ။ တစ်နေ့မှာတော့ အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးလိုက်တော့ ပျော်လွန်းလို့ သူ့အစ်မ ဒက်ဘီ နဲ့အတူ ကလပ်တစ်ခုမှာ သွားပြီး အောင်ပွဲခံပါတော့တယ်။ အဲဒီမှာ ...
movie
Knocked Up (2007)
6.4
[18+] Road Trip (2000)
IMDb Rating (6.4)Euro Trip ကိုကြည့်ဖူးလို့ကြိုက်ရင် ဒါလေးလဲထပ်ကြည့်ဖို့တိုက်တွန်းပါတယ်..ကျောင်းသားဘဝ လူငယ်ဘာဝ ရဲရင့်ရိုးသားတဲ့အလွဲတွေနဲ့ ခွီနေရမယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့... ဂျော့ရှ် နဲ့ တစ်ဖနီ တို့ဟာ ငယ်ငယ် ကတည်းက အတွဲညီလာခဲ့တဲ့ သူတွေပါ အသက်တွေ ကြီးလာတော့လည်း ချစ်သူတွေဘဝကို ရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ အထက်တန်း အောင်ပြီး ကောလိပ်တက် ရတဲ့အခါ တနယ်စီဝေးကွာ ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ အချင်းချင်းနေ့စဉ်ကြုံရသမျှတွေကို အချင်းချင်း ဖုန်းနဲ့ ပြန်ပြောဖို့ ကတိထားခဲ့ပါတယ်။ဂျော့ရှ်ကလဲ တစ်ဖနီရဲ့ အပေါ်သစ္စာစောင့်သိခဲ့ပါတယ် ဒီလိုနဲ့ တစ်နေ့မှာ သူက တစ်ဖနီကို သူရဲ့ ချစ်စကားတွေ ပြောပြထားတဲ့ ဗီဒီယိုခွေလေးကို ပို့ပေးဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ အဲ့ညမှာပဲ ဂျော့ရှ်က ကောင်မလေးတစ်ယောက်နဲ့ ပျော်ပါးမိပါတယ်။ အဲ့လို ပျော်ပါးတာကိုလည်း ဗီဒီယို ရီကော့ဒ်လုပ်ထားပါတယ်။တကယ်တမ်း တစ်ဖနီ့ဆီကို ဗီဒီယို ပို့တဲ့အခါမှာ အခွေချင်းမှားပို့မိပါတော့တယ်။ဒါပေမဲ့ သူကံကောင်းတာက တစ်ဖနီက ကျောင်းကို နောက်သုံးရက်နေမှ ပြန်ရောက်မှာဖြစ်တဲ့အတွက် တိပ်ခွေက ကျောင်းသားရေးရာ ဋ္ဌာနမှာပဲရှိပါသေးတယ်။ဒီလိုနဲ့ ဂျော့ရှ်ဟာ တစ်ဖနီ ပြန်မရောက်ခင် တိပ်ခွေ ပြန်ရဖို့ မိုင်ပေါင်းထောင်ချီတဲ့ ခရီးကို သူငယ်ချင်းတွေနဲ့ ...
movie
[18+] Road Trip (2000)
2000