Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andrzej Konopka
7.8
The Peasants (2023)
The Peasants ဇာတ်ကားဟာ ၁၉၄၂ ခုနှစ်မှာ စာပေဆိုင်ရာနိုဘယ်ဆုရရှိခဲ့တဲ့ ပိုလန်ဝတ္ထုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ဘောင်ဝင်တန်းဝင် ဇာတ်ကားကြီး ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်. အခုလို ရိုက်ကူးထွက်ရှိလာတဲ့အခါမှာလည်း ဆုတွေအများကြီးဆန်ကာတင်စာရင်းတွေထဲ အများကြီးဝင်ထားတဲ့ အရမ်းကိုအနုပညာဆန်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်..ဒီဇာတ်ကားက သူများနဲ့ မတူတာကတော့ တစ်ကားလုံးကိုrotoscoped oil painting စတိုင်မျိုးနဲ့ ပြုလုပ်ထားတာဖြစ်လို့ဇာတ်ကားရဲ့ ဘယ်နေရာကိုပဲ pause pause ပန်းချီကားတစ်ချပ်ကိုခံစားနေရသလိုမျိုး မြင်နေရမှာ ဖြစ်ပါတယ်. ဇာတ်လမ်းကိုတော့ ကြည့်ရပေါ့သွားမှာစိုးလို့ အများကြီးမပြောတော့ဘူးနော်. အဓိကကတော့ Jagna ဆိုတဲ့ ပိုလန်ရွာလေးတစ်ရွာက အရမ်းချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဇာတ်ကြောင်းပါ. ချောမောသူဖြစ်တဲ့အလျှောက် ရွာထဲက လူပျိုလူအို မုဆိုးဖို စတဲ့သူ အကုန်လုံးက သူနဲ့ လက်ဆက်ချင်ကြပါတယ်.ပိုလန်ရိုးရာတွေကို အသားပေးရိုက်ပြထားပြီး သူမရဲ့ အချစ်ရေးအိမ်ထောင်ရေး ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ထွေးမလဲ...အဆုံးသတ်မှာ သူဘယ်လိုဖြစ်သွားမလဲဆိုတာကို ပန်းချီပြခန်းထဲလမ်းလျှောက်သွားသလို ကြည့်ရှုခံစားနေရမှာဖြစ်လို့ကြည့်ကိုကြည့်ရမဲ့ကားလေး ဖြစ်ကြောင်း အသိပေးပါရစေ... File size…2.3 GB / 1.13 GB Quality…WEB-Rip 1080p ...
movie
The Peasants (2023)
6.4
The Lure
ယုံတမ်းပုံပြင်တွေတော့ အများကြီးရှိခဲ့ပါတယ်ရေသူမလေးဟာ မင်းသားလေးကို ချစ်လို့ရေထဲကနေ ကုန်းပေါ်တက်လာ မနာလိုသူတွေကရေနဲ့ ၀ိုင်းဖြန်းလို့ အမှီးထွက်လာပြီး လူတွေသိလို့မင်းသားလေးနဲ့ ဝေးသွား ဘလာ ဘလာအချစ်ဇတ်လမ်းလေးတွေ နတ်သမီးပုံပြင်တွေပေါ့တကယ်တမ်း ရေသူမတွေဆိုတာ အသားစားသတ္တဝါတွေဖြစ်ပြီး ဆန့်ကျင်ဘက်လိင် ကိုသီချင်းဆိုပြပြီး စွဲဆောင်ကာ သတ်ဖြတ်စားသောက်သူပါကဲ မကြောက်ကြဘူးလား ?ဒီဇတ်လမ်းလေးက နည်းနည်းထူးဆန်းတယ်ဗျဂိုးလ်ဒန်း နဲ့ ဆေးလ်ဗား (ရွှေနဲ့ငွေ) ဆိုတဲ့ရေသူမ ညီအစ်မ ၂ ယောက်ဟာတစ်ရက်မှာတော့ ကမ်းခြေမှာ သီချင်းတိုက်နေတဲ့နိုက်ကလပ် တစ်ခုက အဆိုတော် အဖွဲ့ကိုတွေ့မြင်ချောင်းကြည့်ခဲ့ပါတယ်...ပြီးနောက် လူတွေနောက် လိုက်ချင်လို့စွဲဆောင်ပြီး ကုန်းပေါ်တက် ပါသွားပါတယ်ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူးသူတို့ ညီအစ်မ ကို စင်တင်မှာ သီချင်းဆိုတဲ့အဖွားကြီးက ဖော်ချွတ် ကလပ် တစ်ခုမှာအလုပ်သွင်းပေးလိုက်ပါတော့တယ်...ဖော်ရချွတ်ရ ယောကျင်္ားတွေကို စွဲဆောင်ရတာ၀ါသနာပါတဲ့ ရေသူမ ညီအစ်မ ၂ ယောက်နဲ့ရေသူမတွေ အကြောင်း သေချာ မသိတဲ့သူတွေ ကြားမှာ ဘယ်လို ထိတ်လန့်စရာတွေဖြစ်ပျက်လာမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ပါအုံးဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Shain Htet Naing ဖြစ်ပြီး Thit San Khant မှတင်ဆက်ပေးထားပါတယ်
movie
The Lure
2015