Channel Myanmar

Andrew Simpson

Perrier’s Bounty (2009) 6.3
Perrier’s Bounty (2009)  ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက်ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီးသူ့ရဲ့ အဖေဖြစ်သူရယ် ..အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ်လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေးကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲတစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက်ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လိုမသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲသေချာပေါက် ပြောလိုက်ပါရစေ။  File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie

Perrier’s Bounty (2009)

Notes on a Scandal (2006) 7.4
Notes on a Scandal (2006) Notes on a Scandal (2006)ဇာတ်လမ်း အကျဥ်း‌ပြောရင် အိမ်ထောင်ရေးကို ငြီးငွေ့နေတဲ့ ဆရာမနဲ့ လက်တည့်စမ်းချင် အသက်မပြည့်သေးတဲ့ကျောင်းသားကားပါ။ ဆရာမဟာ ငယ်ရွယ်လှပပေမယ့် အသက်ကြီးတဲ့ ယောကျာ်းနဲ့အိမ်ထောင်တစ်ခုတည်ဆောက်ထားသူဖြစ်ပြီး ကလေးတွေကို ထိန်းကျောင်းရင်း ဇနီးသည်တာဝန်၊ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကြားထဲနစ်မြှုပ်နေကာ ဘဝကိုငြီးငွေ့မှန်းမသိငြီးငွေ့နေရပါတယ်။ဒီလိုနေထိုင်ရင်းနဲ့ပဲ စာသင်ကျောင်းတစ်ခုမှာ ဆရာမလုပ်ဖို့ရောက်ရှိသွားချိန် ၁၅နှစ်အရွယ်ကျောင်းသားလေးကြောင့် အနည်ထိုင်နေတဲ့ရင်ခုန်သံတွေ လှုပ်ခတ်လာပြီး အချစ်တွေတစ်ဖန်ဆန်းသစ်ခဲ့ရပါတယ်။မဖြစ်သင့်မှန်းသိကြပေမယ့် သောက်လေငတ်မပြေနဲ့ ရှေ့ဆက်တိုးရင်းတိုးရင်းက...ဇာတ်လမ်းက ဒီတစ်ပုဒ်တည်းမဟုတ်သေးပါဘူး။ ဒီဖောက်ပြားမှုကို အခြေပြုပြီး ဆရာမအပေါ် ကူညီသယောင်ယောင်၊ အားပေးသယောင်ယောင်နဲ့တိတ်တဆိတ် မေတ္တာသက်ဝင်နေသူလည်းရှိပါသေးတယ်။ ကိုယ်ချစ်တဲ့သူကို အပိုင်သိမ်းဖို့ အကြံကြီးကြံရင်း၊ အချစ်ကြီးရင် အမျက်ကြီးပြီး မျက်ကန်းဘဝရောက်နိုင်တာကိုလည်း ရိုက်ကူးပြထားပါတယ်။အချစ်ဟာ အသက်အရွယ်မရွေး၊ ကျားမမရွေးပေါက်ဖွားလာနိုင်သလို ပိုင်ဆိုင်လိုမှုတွေ၊ တပ်မက်မှုတဏှာတွေလည်း မျက်စိမရှိဘူးဆိုတာ ထုတ်ပြသွားတဲ့ဇာတ်ကားလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 3.2GB, 920MB, 456MB Quality  ...
movie

Notes on a Scandal (2006)

2006
Nightride (2021)
Nightride (2021) Nightride (2022) ============== Crime,ThrillerIMDb - 5.7/10ဒီဇာတ်ကားက အတော်တော့ ထူးဆန်းတယ်။ တစ်ကားလုံးရဲ့ 80 % လောက်ကို ကားတစ်စီးထဲမှာပဲ one-shot သဘောမျိုးရိုက်ပြထားတာဖြစ်ပါတယ်။ဘတ်ဂျ်ဟာ ၇ နှစ်တာ မူးယစ်အရောင်းအဝယ်လုပ်ပြီးနောက် နောက်ဆုံးတစ်ကြိမ်အနေနဲ့ ညတစ်ညမှာ ယူကရိန်းသားတွေနဲ့ ခွင်အချီကြီးတစ်ကြိမ်လုပ်မယ် ဆိုပြီး ကားပေါ်တက်ခဲ့ပါတယ် သူ့ရဲ့ နောက်ဆုံးတစ်ကြိမ်မှာပဲ ရဲတွေကလိုက်လာလို့ အပေးအယူကို သူ့ရဲ့လက်အောက်ငယ်သားတွေကိုပဲ ဖုန်းဆက်ပြီး ညွှန်ကြားလုပ်ခိုင်းရာကနေ တလွဲတွေအကုန်ဖြစ်လာကို ရိုက်ပြထားတာပါ။ကျွန်တော် စကြည့်တုန်းကလည်း တစ်ကားထဲမှာ ဇာတ်လိုက်ကဖုန်းခေါ်နေလို့ အရမ်းပျင်းဖို့ကောင်းမယ်လို့ထင်ခဲ့ဖူးပေမယ့် တကယ်ကြည့်တော့ One-shot ရိုက်ထားတဲ့ပုံစံအတိုင်း အချိန်နဲ့တပြေးညီဆက်တိုက်ဖြစ်ပျက်နေတာကို ပြသွားတာဖြစ်ပြီး ဖုန်း Call တွေကနေ ဇာတ်ကားအတက်အကျကို ဆွဲခေါ်သွားတာဖြစ်ပါတယ် ။ ဘက်ဂျ်ရဲ့ နောက်ဆုံးအကြိမ် Drug Deal လုပ်တာ အောင်မြင်သွားမလား.... အခက်အခဲတွေကြားကနေ ဘယ်လို ပြန်အဖတ်ဆယ်သွားမလဲဆိုတာကိုတော့ ဒီ Nightride ဆိုတဲ့ဇာတ်ကားမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama, Thriller Quality….WEB-DL 1080p and ...
movie

Nightride (2021)

2022
Saving the Titanic (2012) 7.3
Saving the Titanic (2012) Saving the Titanic (2012)==================IMDb Rating - 7.3/10၁၉ရာစုဦးလောက်မှာ သမိုင်းမှာ အကြီးကျယ်ဆုံးသင်္ဘောတစ်စီး ပေါ်ပေါက်ခဲ့တယ်။ ဘယ်လိုမှ မနစ်မြုပ်နိုင်ဘူးဆိုပြီး ကြွေးကြော်ပြီး ပထမဆုံးခရီးမှာတင် နစ်မြုပ်သွားခဲ့တယ်။ အားလုံးသိကြတဲ့အတိုင်း အဲ့ဒီသင်္ဘောဟာ တိုက်တန်းနစ်ပါပဲ။တိုက်တန်းနစ်ဘာလို့ မြုပ်သွားလဲဆိုတဲ့ ပါးစပ်ရာဇ၀င်တွေက အတော်ကို ပေါများခဲ့ပါတယ်။ မဆီမဆိုင် ကျွန်တော်တို့ မြန်မာပြည်မှာတောင် အာနန္ဒာဘုရားကနေ ခိုးသွားခဲ့ကြတဲ့ ကျိန်စာသင့်နေတဲ့ ဟုပ် ခေါ် မနူဟာ စိန်ပြာကြီးကို သယ်သွားလို့ မြုပ်ရပါတယ်ဆိုပြီး ပါးစပ်ရာဇ၀င်‌တောင် ရှိသေးပါတယ်။‌နောက်တိုက်တန်းနစ်က ဘာလို့ တန်းမြုပ်မသွားဘဲ တစ်နာရီခွဲကြာအောင် တဖြည်းဖြည်းချင်း မြုပ်ခဲ့တာလဲ။ ဘာလို့ ထက်ပိုင်းကျိုးကျပြီး မြုပ်ခဲ့တာလဲဆိုတဲ့ ပဟေဠိတွေလည်း ရှိပါတယ်။ တိုက်တန်းနစ်ဟာ စထွက်ကတည်းက ၀မ်းပေါက်နေတယ်ဆိုတဲ့ စကားတွေလည်း ရှိပါတယ်။ဒီရုပ်ရှင်ဟာ မိုင်းလုပ်သားသပိတ်ကြောင့် ‌ကျောက်မီးသွေးကောင်း ရှားတာလို အသေးစိတ်အချက်ကလေးတွေနဲ့ပါ ဆက်စပ်ပြီး တိုက်တန်းနစ်နစ်မြုပ်ရခြင်း အကြောင်းရင်းကို သေချာပြထားတယ်။ နောက် လူသိနည်းခဲ့ကြတဲ့ တိုက်တန်းနစ်ရဲ့ ကုန်းပတ်အောက်က အင်ဂျင်ခန်းတွေထဲက လူတွေရဲ့ တိုက်တန်းနစ် တန်းမမြုပ်ရလေအောင် ကြိုးပမ်းအားထုတ်ခဲ့ကြမှုတွေကို သေချာ ရှင်းပြထားတဲ့ ဒိုကူဒရာမာ အမျိုးအစားရုပ်ရှင်ပါပဲ။Factsတွေကို Docu ဆန်ဆန် ချက်ကျလက်ကျ ထည့်ထားပေမဲ့ ဇာတ်သွားက Docu ထက် ဒရာမာ ရုပ်ရှင်တစ်ကားလိုဘက် ပိုသွားလို့ Factsတွေလည်းသိရပြီး ပျင်းဖို့လည်းမကောင်းစေမယ့် ရုပ်ရှင်ပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality – ...
movie

Saving the Titanic (2012)

2012