Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andrew Pleavin
8.8
Inception (2010)
Inception (2010)IMDb Rating (8.8) / Rotten Tomatoes (87%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်း....ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ ...
movie
Inception (2010)
2010
4K HEVC
8.2
Batman Begins (2005)
Batman Begins (2005)=================IMDb Rating 8.2/10 ရထားပြီး voting အရေအတွက်ဟာ 1,257,970 ထိရှိနေခဲ့ပါတယ်။June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇတ်ကောင်ကို အခြေခံထားတဲ့ super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။The Dark Knight Trilogy ရဲ့ပထမဆုံးကားဖြစ်ပါတယ်။ဇတ်လမ်းအကျည်းကတော့ Bat Man ဖြစ်လာမယ့် ...
movie
Batman Begins (2005)
2005
4K HEVCHDR
5.3
Blood: The Last Vampire (2009)
ဒီကားလေးကတော့ Japanese Animation ဇာတ်ကား Blood: The Last Vampire ကို အခြေခံ ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အားလုံးသိကြတဲ့ ကိုရီးယားမင်းသမီးချော Jun Ji-hyun လည်း ပါ၀င်ထားပါတယ်ဆာယာဆိုတဲ့ ကောင်မလေးကတော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပြီး ခတိုဆိုတဲ့ ဆာမူရိုင်းဂျပန်အဘိုးကြီး တစ်ယောက်က မွေးစားထားတာပေါ့ သူ့ အဖေကိုသတ်ခဲ့တဲ့ အိုနီဂန်ဆိုတဲ့ မကောင်းဆိုး၀ါး ကို ပြန်ကလဲ့စားချေဖို့ ကိုယ်ခံပညာကို သင်ခဲ့တယ် ဆာယာက လူတ၀က် မကောင်းဆိုး၀ါးတစ်၀က်နဲ့ မွေးလာတာကြောင့် နှစ်၄၀၀ကြာတဲ့အထိ အသက်ကြီး မသွားခဲ့ဘူးသွေးစုပ်ကောင်တွေ ကို ပြည်သူလူထု မသိစေဘဲ နှိမ်နှင်းနေတဲ့ အမေရိကန် အဖွဲ့အစည်းတစ်ခုကို ဆာယာ၀င်ယောက်လာခဲ့တယ် သူ့ အဖေကို သတ်တဲ့ မကောင်းဆိုး၀ါးကို ရှာရင်း သူကိုယ်တိုင် မကောင်းဆိုး၀ါးနီးနီး ဖြစ်လာတဲ့အခါ...ဓားရှည်တစ်ချောင်းနောက်ပစ်ပြီး ကြမ်းတမ်းပေမယ့် လှပနေတဲ့ မင်းသမီး Jun Ji-hyun ပါတာနဲ့ တင် ကြည့်ဖို့တန်နေတာမို့ လက်မလွှတ်တမ်း ...
movie
Blood: The Last Vampire (2009)
6.2
300: Rise of an Empire (2014)
300: Rise of an Empire (2014) IMDb - 6.2/10_____Rotten - 44% #ရုပ်ရှင်မိတ်ဆက်ဒီကားကတော့ 2006 ခုနှစ် တုန်းက ထွက်ခဲ့တဲ့ 300 ဇာတ်ကားရဲ့အဆက် အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက 300 လောက်သိပ်မကောင်းပါဘူး။ အထူးသဖြင့် ဒီကားမှာ စစ် ပွဲကောင်းကောင်းတွေ တွေ့ရမယ်လို့ မျှော်လင့်ထားတဲ့ ကျွန်တော်အတွက်တော့ စိတ်ပျက်စရာဖြစ် ခဲ့ပါတယ်။ဇာတ်လမ်းကတော့ Themistokles ဆိုတဲ့ အေသင် မြို့က စစ်သူကြီး က ပထမဆုံးအကြိမ် Persian တွေ စစ်ချီလာကတည်းက ရင်ဆိုင်တွေ့ခဲ့ဖူးသလို၊ Xerxes ရဲ့ အဖေဖြစ်တဲ့ (အဲ့ဒီအချိန်တုန်းက စစ်ချီလာတဲ့ Persian ဘုရင်) Darius ကို ပါ မြှားနဲ့ပစ်ခွင်းပြီး သတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဘုရင့်သားတော် Xerxes ကိုတော့ မသတ်ပဲ လွှတ်ပေးမိရာကနေ Xerxes က နောက်တစ်ကြိမ် ပြန်ပြီး စစ်ချီလာတာဖြစ်ပါတယ်။၃၀၀ မှာတုန်းက Sparta ကို Messenger ...
movie
300: Rise of an Empire (2014)
2014
7.6
300 (2006)
300 (2006)IMDb - 7.6/10_____Rotten - 61%ဒီဇာတ်ကားက တကယ့်အဖြစ်အပျက်ရာဇဝင်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်ကားရဲ့ အသက်ကတော့ စကားအသုံးအနှုန်းနှင့် Graphic Effect တွေပါ။ စကားအသုံးအနှုန်းတွေ တကယ်အသက်ဝင်ပြီး မာန်ပါလှပါတယ်။ ဇာတ်ညွှန်းဆိုတာထက် သမိုင်းက တကယ့်အဖြစ်အပျက်ကိုတော့ အနည်းငယ်ပြောပြချင်ပါတယ်။***300 (သို့မဟုတ်) Battle of Thermopylae***ဘီစီ ၄၈၀ ခုနှစ် သြဂုတ်လတွင် ပါရှားဘုရင် ဇပ်ဇီး(စ်) (Xerxes) သည် ဂရိပြည်အား တိုက်ခိုက် ရန်အတွက် စစ်သည် နှစ်သိန်း ၊ စစ်သဘောၤတထောင်မျှ ပါဝင်သည့် ဧရာမ တပ် ကြီးနှင့် ချီ၍ လာသည်။ ထိုစဉ်က ဂရိတို့သည် (City state ) မြို့တမြို့ တနိုင်ငံ စံနစ်ဖြင့် သီးခြားစီ ရပ်တည်နေထိုင်လျက် ရှိကြသည်။ သို့သော် တမျိုးနွယ်လုံး၏ ရန်သူ ပါရှန်တို့ စစ် ချီလာပြီ ...
movie
300 (2006)
2006
6.5
American Assassin (2017)
ဒါရိုက်တာမိုက်ကယ်ကူစ် တာရဲ့ လက်ရာဖြစ်ပြီး ဒီလန်အို ဘရိုင်ယန်၊ မိုက်ကယ်ကီတန်၊ ဆန်နာလေသန်၊ ရှီဗာနီဂါ၊ တေ လာကစ္စချ် စတဲ့ သရုပ်ဆောင်များစွာ အားဖြည့်ထားတာဖြစ်ပါ တယ်။မစ်ချ်ရက်ပ်နဲ့ သူ့ချစ်သူဟာ စပိန်ကို အပန်းဖြေခရီးထွက်ကြ ရင်း ကမ်းခြေမှာ အစ္စလာမ်မစ် ဂျီဟတ် အကြမ်းဖက်သမားတွေနဲ့ ဆုံမိပြီး ပစ်ခတ်ကြရင်း ရက်ပ်ရဲ့ချစ်သူ သေဆုံးခဲ့ရပါတယ်။ဒီလိုနဲ့ ၁၈ လလောက်ကြာ အပြီးမှာတော့ သူ့ချစ်သူကိုသတ် တဲ့ အကြမ်းဖက်သမားကို လက် တုံ့ပြန်ဖို့ အခွင့်အရေး ပေါ်လာခဲ့ ပေမယ့် အမေရိကန်အထူးတပ်ဖွဲ့ တွေက ချေမှုန်းလိုက်တာကြောင့် ရက်ပ်ရဲ့ အစီအစဉ်တွေ ပျက်ခဲ့ ပါတယ်။အဲဒီနောက်မှာတော့ ရက်ပ် ဟာ စီအိုင်အေရဲ့ လျှို့ဝှက်စစ် ဆင်ရေးအတွက် စီအိုင်အေအကြီး အကဲ အိုင်ရင်းကနေဒီရဲ့ ခေါ်ယူ ခြင်းခံခဲ့ရပြီး အမေရိကန်စစ်ပြန် ကြီး စတန်ဟာလေရဲ့ လက် အောက်မှာ လက်တွဲတာဝန်ထမ်း ...
movie
American Assassin (2017)
2017
5.9
London Has Fallen (2016)
London Has Fallen (2016)________IMDb - 5.9/10 ၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့...... လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။ IMDb Rating (5.9/10) ရရှိထားတဲ့ Action, Thriller ဇာတ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားကို Carey Nyein မှဘာသာပြန်တင်ဆက်ထားတာပါ။) Olympus Has Fallen (2013) ကြည့်ရှုရန် နှိပ်ပါ Angel Has Fallen (2019) ကြည့်ရှုရန် နှိပ်ပါ File size…(905 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung နမူနာကြည့်ရန်
movie
London Has Fallen (2016)
6.4
High Strung (2016)
High Strung (2016) IMDb - 6.4/10_____Rotten - 75% High Strung ဇာတ်ကားသည် IMDb(6.4) ရရှိထားပြီး ပရိတ်သတ်များ မထင်မှတ်ထားလောက်သော အမြင်မှ ရိုက်ကူးပြထားသည်။ ဘဲလေးအကပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပုံများ ၊ ဘဲလေး အကတင်သာမက ခေတ်ပေါ်အကများပါ ကျွမ်းကျင်အောင်လေ့ကျင့်ရသော အနောက်နိုင်ငံများမှ ဘဲလေး အကပညာရှင်များ လေ့ကျင့်ပုံများကို အသေးစိတ်ရိုက်ကူးပြထားသည်။ Street Dance သမားများ၏ ဘဝ အခက်အခဲများ ကြိုးစားကြပုံများ ၊ Street Dance ဟုခေါ်ဆိုရလောက်အောင် အကပြိုင်ပွဲများ လေ့ကျင့်ပုံများကို ရိုက်ကွက်လှလှများနှင့် အသေအချာ အကျအန ရိုက်ပြသွားသည်။ တယောပညာကို ပြန်လည်ဖော်ဆောင်ထားသည်။တယော ပညာရှင်နှစ်ဦး၏ ပြိုင်ပွဲကိုလည်း သံစဉ်များနှင့် ယှဉ်ပြိုင်ကာ ရိုက်ကူးပြထားသည်။ တယောသံနှင့် ခေတ်ပေါ်ဂီတပေါင်းစပ်လို့ရကြောင်းကိုလည်း idea အသစ်တစ်မျိုးနှင့်ဖော်ပြထားသည်။ ထိုသို့မထင်ထားသောအရာများကို ပေါင်းစပ်ပြီး ရိုက်ကူးပြထားသော High Strung ဇာတ်ကားသည် အရင်က Street Dance ဇာတ်ကားများနှင့်မတူပဲ ...
movie
High Strung (2016)
2016