Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andrew Muhlach
5.5
Rooftop (2023)
Rooftop (2023)===========မိုးအေးအေးလေးနဲ့စောင်ခြုံပြီးဇိမ်နဲ့ကြည့်ရမယ့် ရှယ်ကြမ်းတဲ့သရဲကားပါ။ အဆောင်ရဲ့အုပ်ထိန်းသူတွေကျောင်းအားလပ်ရက်ခရီးထွက်သွားတုန်း ပိတ်ရက်အိမ်မပြန်တဲ့အဆောင်နေကျောင်းသားတစ်စုကျန်ခဲ့ပါတယ်။ အဆောင်မှာသူတို့ချည်းပဲ လွတ်လွတ်လပ်လပ်ကျန်ခဲ့တာမို့ လူငယ်တွေပီပီ ခေါင်မိုးထပ်မှာသောက်ကြစားကြပျော်ကြပါးကြဖို့စီစဉ်ကြပါတယ်။တကယ်တမ်းတော့ခေါင်မိုးထပ်ဟာ တာဝန်ရှိသူတွေကလွဲလို့ဘယ်သူမှမတက်ရတဲ့တားမြစ်နယ်မြေပါ။ အဲ့ဒါကြောင့် သူတို့နဲ့ရွယ်တူကျောင်းစောင့်ကောင်လေးကို သိမ်းသွင်းပြီး သူ့ကိုပါအတူတူခေါ်ပြီး သောက်စားမူးယစ်ကြပါတယ်။အသောက်များလာ ညနက်လာတာနဲ့အမျှ အသိစိတ်တွေလွတ်ပြီးစကြနောက်ကြရာကနေ ကျောင်းစောင့် ပေါလ်ဟာခေါင်မိုးပေါ်ကလိမ့်ကျသေဆုံးသွားပါတော့တယ်။အဲ့ဒီကျမှ အမူးတွေပြေ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ သူတို့တစ်စုဟာ အဆောင်မှာ မသိသလိုနေလိုက်ပြီး မနက်လင်းအလောင်းကိုရှာတွေ့တဲ့သူနဲ့ချော်လဲရောထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့်လည်း အငြိုးကြီးလွန်း ဇပြင်းလွန်းတဲ့ ပေါလ်ကတော့ လိမ့်ကျသေတဲ့နေရာမှာမနေပဲ သူတို့တစ်အုပ်လုံးကိုကလဲ့စားချေတော့မှာပါ။ ခြောက်လှန့်ခန်းတွေ၊မိတ်ကပ်အထူးပြုလုပ်ချက်တွေ ပီပြင်ပြီး အစကနေအဆုံးအထိ ရင်မသည်းဖိုကြည့်ရမယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Rooftop (2023)
6.3
Wish You Were The One (2023)
Wish You Were The One (2023)~ IMDb - 6.3/10, MyDramaList - 7.5/10 ~လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ "အက်စရွတ်" ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။"အဲလစ်"ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှလေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ ...
movie
Wish You Were The One (2023)
2023
Working Boys 2: Choose Your Papa (2023)
Working Boys 2 : Meet Your Papa (2023)အလုပ်တက်နေရတဲ့ ငြီးငွေ့ဖွယ်ကောင်းတဲ့အလုပ်ဖွင့်ရက်မှာ ပင်ပန်းသမျှဖြေဖျောက်နိုင်မယ့် အခွီတစ်လိုင်းကားလေးဖြစ်တဲ့ Working Boys 2ဆိုတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဖိလစ်ပိုင်ဆိုပေမဲ့ ဒရာမာတွေလျှော့ထားပြီး ဟာသဘက်ကိုပိုထားတာဆိုတော့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေလည်း အဆင်ပြေပါကြောင်း။ပျင်းတာမှ ပျင်းပါတယ်ဆိုတဲ့သူကပါ အဘခေါ်ရလောက်အောင် သွားတိုက်ဖို့တောင်ပျင်းနေလို့ အမြဲခံတွင်းအနံ့ဆိုးနေတဲ့ ဘုရားစူးညစ်ပတ်အိုးလေး ဒရာမာကင်းဘီဘွိုင်း ရင်သားကြီးနေတဲ့အစ်ကိုကို ဆေးကုပေးချင်ပေမဲ့ ပိုက်ဆံမရှိလို့ ရရာအလုပ်ကို အရလုပ်မယ့် အလုပ်သရဲလေး မက်ကွိုင်း အစ်ကိုအိမ်မှာ အလုပ်မလုပ် ခိုကပ်စားသောက်ရေသာခိုအချောင်လိုက်နေလို့ မရီးဖြစ်သူရဲ့အမြဲဆဲဆိုခံနေရတဲ့ အချောင်နေအချောင်စား ရွိုင် အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးနဲ့အဘွားကို ပြန်လုပ်ကျွေးချင်လို့ အလုပ်ရှာချင်တဲ့ မြေးလိမ္မာလေး မက်စ် ချမ်းသာပေမဲ့ ကိုယ့်အားကိုယ်ကိုးချင်တဲ့ မာမားဘွိုင်းလေးဖြစ်တဲ့ ဘီဂျေ ဒီလူလေးယောက် အလုပ်ရှာရင်းနဲ့ ဆန္ဒပြပွဲမှာ ရုန့်ရင်းဆန်ခတ်မှုထဲပါသွားပြီး အချုပ်ခန်းထဲမှာ ဖူးစာဆုံကြတဲ့အခါ... စခန်းကအရာရှိကြီးကို ဟင်းလာပို့တဲ့ သူတို့အားလုံးနဲ့ ဆွေနီးမျိုးစပ်တော်တဲ့ ဦးလေးပါပီတို့လင်မယားနဲ့ တွေ့ရပြီးတော့ ဦးလေးကောင်းမှုနဲ့ အချုပ်ကလွတ်ပြီး သဘောကောင်းတဲ့ဦးလေးအိမ်မှာ ဦးလေးရဲ့မွေးစားသားဖြစ်တဲ့ အားလုံးက ဇွတ်ကျားလေး လို့ထင်နေတဲ့ နီကီနဲ့အတူနေရဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ထူးဆန်းတဲ့အကျင့်စရိုက်ကိုယ်စီနဲ့ ...
movie
Working Boys 2: Choose Your Papa (2023)
2023
6.7
Adik Sa’Yo(2023)
Adik Sa'Yo(2023)*************** လူတွေဟာ တစ်ခုခုကို စွဲလမ်းတတ်ကြတာ သဘာဝပါ၊ နေ့စဉ်ကြုံတွေ့ခံစားရတဲ့ လောကဓံပင်လယ်ရဲ့ကံကြမ္မာလှိုင်းလုံးကြားမှာ မြုပ်ချည်ပေါ်ချည် ရုန်းကန် ရှင်သန်ရင်း စိတ်ထွက်ပေါက် စိတ်သက်သာရာ ရှာတဲ့အခါ မတူညီတဲ့ရွေးချယ်မှုတွေအမျိုးမျိုးနဲ့ပေါ့ တစ်ချို့က ဂိမ်းကစားရင်း စိတ်ထွက်ပေါက်ရှာတယ် တစ်ချို့က လောင်းကစားတွေလုပ်ပြီး စိတ်ပျော်ရွှင်မှု ရှာကြတယ် တစ်ချို့ကအရက်ဘီယာသောက်စားပြီး စိတ်ကိုအပန်းဖြေ ထွက်ပေါက်ရှာကြတယ် ဒီဇာတ်ကားထဲမှာ ကောင်လေးက ငယ်ငယ်ထဲက အဖေက စွန့်ပစ်သွားတဲ့အချိန်အမေနဲ့ ကျန်ရစ်တဲ့ ညီလေးနဲ့အတူ ဘဝကိုရှင်သန်နေထိုင်လာခဲ့တယ် မိသားစုရဲ့ဝင်ငွေကိုရှာဖွေဖို့ အမေဖြစ်သူက ကြိုးစားရင်း မိသားစုဝင်အချင်းချင်း နားလည်မှုဖေးမမှုနဲ့ဝေးကွာလာတဲ့အချိန် ကောင်လေးက ကျောင်းမှာ သူငယ်ချင်းတစ်ချို့နဲ့ Band တစ်ခုမှာ ဂီတအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တယ် ,,,စိတ်ထွက်ပေါက်အတွက်ပဲဆိုဆို မြည်းစမ်းချင်လို့ပဲဆိုဆို အချိန်တစ်ခုရောက်တဲ့အချိန်မှာ ကောင်လေးဟာ ဆေးစသုံးကြည့်ပြီး တစ်ဖြည်းဖြည်း ဆေးစွဲတဲ့အထိ ဖြစ်လာခဲ့တယ် ...သူ့မှာ ငယ်စဉ်ထဲက အရင်းနှီးဆုံး သူငယ်ချင်းမလေး တစ်ယောက်ရှိတယ် ကောင်လေးအနားမှာ တစ်ကောက်ကောက်လိုက် သူလုပ်သမျှလိုက်ထိန်းရင်း ကောင်မလေးအတွက်တော့ကောင်လေးဟာ သူ့ဘဝမှာ မရှိမဖြစ် စွဲလမ်းချစ်ခင်နေရသူပါ ကောင်လေးရဲ့ မိသားစုနဲ့တိုင်ပင် ဆေးဖြတ်စခန်းကို ရောက်အောင်ပို့ပြီးလမ်းမှန်ပေါ်ပြန်ရောက်အောင် တွန်းတင်ပေးရင်းသူ့အချစ်ကိုပြခဲ့တယ် ...
movie
Adik Sa’Yo(2023)
Babaylan (2023)
Babaylan (2023)Babaylan ဆိုတဲ့ဝေါဟာရဟာ ဖိလစ်ပိုင်နတ်ဆရာတွေကိုရည်ညွန်းတဲ့စကားလုံးဖြစ်ပြီး အဆိုပါနတ်ဆရာတွေဟာသဘာဝတရားကြီးကိုအသုံးချနိုင်စွမ်းရှိတဲ့သူတွေပါ။ ဖိလစ်ပိုင်နိုင်ငံကိုလိုနီခေတ်မှာ နယ်ချဲ့တွေကိုစတင်တော်လှန်ခဲ့ကြသူတွေက Babaylan နတ်တွေပဲဖြစ်ပါတယ်။ ဒီ Babaylan(2023)ကို ဒါရိုက်တာဘိုနာဖာဂျာဒိုကနေရိုက်ကူးတင်ဆက်ထားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ နတ်ဆရာတွေဟာသူတို့အစွမ်းတွေကိုလက်ဆင့်ကမ်းသယ်လာပြီး နယ်ချဲ့တွေကိုတော်လှန်ရာ နတ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုဝီဟာ သူချစ်တဲ့သူရဲ့သစ္စာဖောက်တာကိုခံရမှန်းသိလိုက်ရတော့ ဒဏ်ရာတွေနဲ့ထွက်ပြေးရင်း ရန်သူတွေသူ့အလောင်းကိုမရပါစေနဲ့လို့ ဘုရားမှာတိုင်တည်ဆုတောင်းလိုက်တယ်။ အဲ့မှာ ဆန်းကြယ်စွာပဲ သူ့ဟာအစွမ်းတွေရရှိသွားခဲ့တယ် ။ ဒီအစွမ်းတွေကဘာတွေလဲ။လူတွေက ဘာလို့သူ့ကိုလိုချင်ရတာလဲဆိုတာတွေတော့ ဇာတ်လမ်းလေးမှာပဲဆက်ပြီးရှူစားတော်မူကြပါခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre.....Action, Drama, Fantasy Quality…. 1080p | 720p File size… 1.3GB | 663MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie
Babaylan (2023)
2023
6.7
[19+]Salamat Daks(2023)
[19+]Salamat Daks(2023)***********************အိပ်ရာခန်းအမိုက်စားတွေ လွန်စွာများပြားလွန်းသဖြင့် မိသားစုနဲ့အတူမကြည့်သင့်ပါ... မာရီကာ ဆိုတဲ့အသက်ငါးဆယ်အရွယ်အမျိုးသမီးကြီးဟာ သူ့ဘဝတစ်လျှောက်လုံးမိခင်ဖြစ်သူကိုပြုစုစောင့်ရှောက်ရင်းကုန်ဆုံးခဲ့ရပြီး သူ့မိခင်ဆုံးပါးသွားတဲ့နောက်မှာတော့ အဓိပ္ပါယ်မဲ့လမ်းပျောက်သွားသလိုအထီးကျန်စိတ်ဓာတ်ကျနေရပါတယ်။သူငယ်ချင်းဖြစ်သူရဲ့ အားပေးမှုနဲ့ပျော်စရာ စိတ်တက်ကြွစရာတွေကိုရှာဖွေရင်းသူ့ဘဝရဲ့အဓိပ္ပါယ်သစ်လေးတစ်ခုအဖြစ်တွေ့ရှိခဲ့ရတာကတော့ တစ်တော့ဆယ်လီ မစ်ကိုဆိုတဲ့လူငယ်လေးတစ်ယောက်ပါပဲ။ တကယ်တမ်း မစ်ကိုဘဝထဲဝင်တိုးဖို့ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့အတွက်ကြံရာမရဖြစ်နေရင်းက ကြေငြာကောင်းတဲ့ ပလက်စတစ်ဆာဂျရီဆေးခန်းတစ်ခုကိုတွေ့ခဲ့မိပါတယ်။အဲ့ဒီမှာပဲ အရူးအမူးဖြစ်နေတဲ့ မာရီကာဟာရှိသမျှစည်းစိမ်တွေပုံအောပြီး သူ့ထက်အသက်ထက်ဝက်လောက်ငယ်ရွယ်တဲ့ တက်သစ်စမင်းသမီးလေးအယန်နာမီဆိုလာနဲ့တူအောင်အသွင်ပြောင်းလိုက်ပါတော့တယ်။ ဒီလိုပဲ သူတွက်ဆမိတဲ့အတိုင်းပြောင်းယူထားတဲ့အသွင်သစ်နဲ့ မစ်ကိုရဲ့အချစ်ကိုလည်းရရှိခဲ့ပြီးမိုးမမြင်လေမမြင်ဖြစ်နေခဲ့တဲ့နောက်မှာတော့..။ သူ့ရဲ့အိမ်မက်လေး ဘယ်လောက်အထိတည်မြဲနိုင်မလဲ?အသက်ချင်းကွာခြားလွန်းတဲ့ လူငယ်လေးမစ်ကိုရဲ့အလိုဆန္ဒတွေကို စိတ်သွားတိုင်းကိုယ်ပါနိုင်ပါ့မလား? မုသားနဲ့စခဲ့တဲ့ အချစ်တစ်ခုဟာ အစစ်အမှန်ဖြစ်နိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။ Vivamax မင်းသမီးချောလေး ayanna misola (Bugso,Bula)ကိုယ်တိုင်ကပဲ ayanna misola /carrie အဖြစ်ခေါင်းဆောင်ပါဝင်ထားပါတယ်။ File Size :(1.4GB) and (685MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:31:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by sd Encoded by ds
movie
[19+]Salamat Daks(2023)
[18+] La Querida (2023)
La Querida (2023)ဂျိုဝယ်ဟာ မိခင်စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကိုလက်မခံပဲ တစ်သက်တာအတူဖြတ်သန်းရမယ့် မိန်းမဟာ သူတကယ်မြတ်နိုးတဲ့ အမျိုးသမီးတစ်ဦးသာဖြစ်စေရမယ်ဆိုပြီး ကြွေးကြော်ရင်း အိမ်ပေါ်ကဆင်းလာခဲ့တဲ့သူ။ မကြာခင်မှာပဲ သူရှာဖွေနေတဲ့ အချစ်စစ်ကို သမိုင်းမေဂျာကျောင်းသူ မာရီယာဆိုတဲ့ မိန်းမလှလေးတစ်ဦးဆီမှာရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မာရီယာဟာ တရားလွန်ချုပ်ချယ်လွန်းတဲ့ ဖခင်တစ်ဦးရဲ့သမီး၊ နောက်ကွယ်မှာမပြီးပြတ်သေးတဲ့အတိတ်တစ်ခုရှိနေခဲ့တာကို သူသိလိုက်ရပြီးနောက် သူတို့ပြတ်စဲသွားခဲ့ကြတယ်။ဆယ်စုနှစ်တစ်ချို့ကြာပြီးတဲ့နောက်မှာ လီယိုဆိုတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဟာ သူအိမ်ထောင်ရှိနေတယ်ဆိုတာ သိသိရက်နဲ့ လိုက်လံတွယ်ကပ်နေတဲ့ ကော်နီဆိုတဲ့သက်တူရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ တိတ်တခိုးချစ်ကြိုးသွယ်မိခဲ့ပါတယ်။ မချစ်ပဲလက်ထပ်ခဲ့ရတဲ့၊ သမီးလေးသံယောဇဉ်ကြောင့်သာ ပေါင်းဖက်နေရဆဲဖြစ်တဲ့ မသာယာတဲ့အိမ်ထောင်ရေးကနေ ကော်နီနဲ့ဆုံတွေ့မိချိန်ဟာ သူ့ဘ၀ တစ်ဖန်ပြန်လည်ရှင်သန်လာသလို ဖြစ်ခဲ့ရပါသတဲ့။ပထမဇာတ်လမ်းလေးဟာ အလွမ်းနဲ့အဆုံးသတ်ခဲ့ရသလို ဒုတိယဇာတ်လမ်းလေးမှာ ပျော်စရာဇာတ်သိမ်းရနိုင်ပါ့မလား။ ဂျိုဝယ်၊ မာရီယာ၊ လီယို နဲ့ ကော်နီတို့ကြားက ဆက်နွယ်မှုတွေက ဘာဖြစ်လေမလဲဆိုတာကို ဇာတ်လမ်းလေးမှာအဖြေရှာကြပါ။ 18 နှစ်အထက်ဇာတ်ကားမဆန်ပဲ အချစ်ဒရာမာ ကားလေးတစ်ကားလိုဇာတ်အိမ်မျိုးပေမယ့် ထုံးစံအတိုင်း အချစ်ခန်းတွေကတော့ ကြမ်းကြမ်းရမ်းရမ်းပါဝင်ထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ...
movie
[18+] La Querida (2023)
2023
[18+] Kara Krus (2022)
Kara Krus (2022)အန်ဒယ်လာဟာ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ သူ့အပေါ် အရိပ်အကဲကြည့် အလိုလိုက် အောင်မြင်တဲ့ရှေ့နေ ခင်ပွန်းသည်၊ ချစ်စဖွယ်သမီးငယ်လေးနဲ့ အတူနေမိခင်တို့ကြောင့် သူ့ဘဝမှာ လိုလေသေးမရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ဘယ်သူမှမသိပဲ အန်ဒယ်လာတစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ဘယ်သူမှအနားမရှိချိန်မှာ ရောက်လာတတ်တဲ့ လယ်နာဆိုတဲ့ သူနဲ့ တစ်ထေရာတည်းတူတဲ့ မိန်းမငယ်တစ်ယောက်ပါပဲ။လယ်နာဟာ သူသတိလွတ် မိန်းမောချိန်တွေမှာ သူ့ခန္ဓာကိုယ်ကို ဝင်ရောက်ပြီး ကလပ်တက် လျှောက်သွား ယောက်ျားတကာနဲ့ ပျော်ပါးတာမျိုးတွေ လုပ်တတ်ပါတယ်။ အဆိုးဆုံးအချက်ကတော့ သူနဲ့ဆက်ဆံပြီးတဲ့ယောက်ျားတွေကို မထင်ရင်မထင်သလို သတ်ပစ်တဲ့အထိ သောင်းကျန်းတာပါပဲ။ ဒါတွေကို သူအမျိုးမျိုးဟန့်တားပေမယ့် မအောင်မြင်ပဲ တစ်နေ့မှာတော့ လယ်နာက ဒီလိုတစ်လှည့်စီမနေနိုင်တော့ပဲ သူ့ခန္ဓာကိုယ်ကိုအမြဲတမ်းအပိုင်စီးတော့မှာဖြစ်ကြောင်း ခြိမ်းခြောက်လာပါတော့တယ်။လယ်နာဟာ သူ့အနားမှာစွဲကပ်နေတဲ့ မကျွတ်လွတ်တဲ့ ဝိညာဉ်တစ်ခုလား...? ဒါမှမဟုတ် သူ့ကိုယ်တိုင်ရဲ့စရိုက်ခွဲတစ်ခုလား...? အတိတ်ရဲ့ခြောက်လှန့်မှုတစ်စုံတစ်ရာများလားဆိုတာတော့ ကိုယ်တိုင်ပဲ ခန့် "မှန်း" ရင်း ဆက်လက်အဖြေရှာလိုက်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias ...
movie
[18+] Kara Krus (2022)
2022
7
(18+) Boy Bastos (2022)
Boy bastos 2022 Comedy/ 18+၂၀၂၂ ခုနှစ်ထွက် အင်ဒိုဟာသကားကောင်းလေးတစ်ကားလေးနဲ့မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် Boy bastos ဆိုတဲ့ကားလေးကိုပဲရှေ့ဆုံးမှာထား ညွှန်းပေးရပါလိမ့်မယ်။ အင်ဒို၊ ဖိလစ်ပိုင်ကားလေးတွေဟာအာရှမျက်လုံးကြည့်ပျော်၊ရှုကောင်းရှိလှတာမို့ နောက်ပိုင်းခေတ်စားလာတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဟာသကားကောင်းလေးဆိုပေမဲ့ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်အခန်းတွေကလည်းရှင်းရှင်းလင်းလင်း သုံးလေးခန်းလောက်ပါ၊ ရိုးတိုးရိတ်တိတ်လေးတွေလည်းခဏခဏပါတာမလို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘဲ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်ကားမျိုးလေးပါ။ ဘောလိဝုဒ်နဲ့ K drama ဖက်ကနေ အာရှကားလေးတွေဖက်ပြောင်းကြည့်ပြီး အမောပြေအပန်းပြေ၊ ဟိုဟိုဒီဒီလည်းကြည့်ချင်တဲ့အခါ ကြည့်ရမယ့်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ငယ်စဉ်ကတည်းက အဖေနဲ့အမေကွဲကွာသွားတဲ့မိသားစုတစ်စုမှာရှင်သန်နေထိုင်ခဲ့ရတဲ့ ဖီးလစ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဦးတည်းသောသားဖြစ်ရတဲ့ကြားအဖေဖြစ်သူက မိသားစုကိုပစ်ထား၊ အမေဖြစ်သူက ဂျပန်မှာသာအခြေချနေတဲ့အခါအဒေါ်ဖြစ်သူနဲ့သာ ကြီးပြင်းနေရတဲ့ဒီကောင်လေးဟာ မဆိုလည်း ယင်မမပြောနဲ့၊ခြင်မသွေးစုပ်တာတောင် မခံရဖူးတဲ့ကောင်လေးပါ။ သူ့အိမ်မှာခြင်လုံဇကာတွေတပ်ထားတာကိုး။ဒီလိုရိုးအလှတဲ့ကောင်လေးကို ကေတီဆိုတဲ့ ကျောင်းဆရာမ လုံးကြီးပေါက်လှလေးနဲ့ကေသီဆိုသူအတန်းဖော်အပျိုချော်လေးကြား၊ နာမည်တူ အလှပဂေးလေးနှစ်ယောက်ကြားဗျာများရတဲ့အခါ၊ ဆရာမကေတီရဲ့အတိတ်ဇာတ်ကြောင်းတွေ၊ အပျိုချောလေးကေသီရဲ့အကြပ်ကိုင်မှုတွေ၊ ပေါတောတောသူငယ်ချင်းနှစ်ယောက်နဲ့ကြောင်တောင်တောင်ဖီးလစ်တို့ကြား ဘယ်လိုမျိုး ဟာသအလွဲလေးတွေခံစားရမယ်၊၁၈ အပေါင်းအခန်းတွေ ဘယ်လိုနေမယ်ဆိုတာကတော့ Boy bastos 2022 ကားလေးထဲမှာပဲ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျား။ File size…1.6GB / ...
movie
(18+) Boy Bastos (2022)
2022