Channel Myanmar

Andrej Polák

Her Body (2023) 5.7
Her Body (2023) Her Body (2023)ချက်ဇ်နိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ဇာတ်ကားကောင်းလေးပါ။ အပြင်မှာ တကယ်ရှိခဲ့တဲ့ ချက်ဇ်နိုင်ငံက ဒိုင်ဗင်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ (၁၈+ warning ဝတ်စလစ်အခန်းတွေ၊ လိင်ဆက်ဆံခန်းတွေ ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူး)ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရေယာ ဟာ ချက်ဇ်နိုင်ငံက နာမည်ကြီး ဒိုင်ဗင်သမား တစ်ယောက်ပါ။ သူဟာ ချက်ဇ်သမ္မတနိုင်ငံရဲ့ ချန်ပီယံဖြစ်ပြီးတော့ အတ္တလန်တာမှာ အိုလံပစ်အားကစား ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ အဲမတိုင်ခင် မက်ဒရစ်မြို့က ပြိုင်ပွဲ တစ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ကျောရိုးဒဏ်ရာရရှိသွားပြီး အားကစားလောက ကနေ အနားယူလိုက်ရပါတယ်။ ဒီလိုနဲ့ ဘဝမှာ ရည်မှန်းချက် ပျောက်သွားတဲ့ အန်ဒရေယာ ဟာ အဒမ်ရဲ့ အကူအညီနဲ့ အပြာကားလောကထဲကို ရောက်သွားပြီး နာမည်ကြီး အပြာမင်းသမီး ဖြစ်သွားပါတော့တယ်။ အပြာလောကထဲရောက်သွားတဲ့ အန်ဒရေယာ့ ဘဝမှာ ဘာတွေ ရုန်းကန်ရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ...
movie

Her Body (2023)

2023
Anthropoid(2016) 7.2
Anthropoid(2016) Anthropoid(2016)*****************၁၉၃၈ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်၊အီတလီ၊ဗြိတိန်မှ ခေါင်းဆောင်များနှင့် အက်ဒ်ဒေါဖ့်ဟစ်တလာဟာ မြူးနစ်မြို့၌ ညီလာခံတစ်ခုကျင်းပခဲ့ကြပါတယ်။ အဆိုပါ ညီလာခံမှာ ချက်ကိုစလိုဗားကီးယားကို ဂျာမဏီလက်သို့မအပ်ပါကအိမ်နီးချင်းနိုင်ငံများတွင် စစ်ဖြစ်လာနိုင်ကြောင်း ဟစ်တလာက ခြိမ်းခြောက်တယ်။ ဂျာမဏီကိုရင်ဆိုင်ရန် မဟာမိတ်မရှိသေးတဲ့ ချက်ကိုစလိုဗားကီးယားဟာအသာတကြည်လက်နက်ချခဲ့ရပြီး ဂျာမဏီဟာ သေနတ်ကျည်တစ်ချက်မျှ မဖောက်ရဘဲ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်သွားပါတယ်။ သို့ပေမဲ့ နာဇီအုပ်ချုပ်မှု ဆန့်ကျင်သူများကတော့ ဆက်လက်ခုခံတော်လှန်နေကြပြီး ဟစ်တလာက ထိုသူတွေကိုချေမှုန်းဖို့ ဗိုလ်ချုပ်ကြီးReinhard Heydrichကို Pragueမြို့ကိုစေလွှတ်ခဲ့ပါတယ်။ နာဇီအင်ပါယာမှာတော့ ဟစ်တလာနဲ့ ဟင်မလာပြီးရင် ထိုဗိုလ်ချုပ်ကြီးဟာ တတိယမြောက်အာဏာအရှိဆုံးလူပါ။ ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ Anthropoidဆိုတာက ထိုဗိုလ်ချုပ်ကြီးကိုလုပ်ကြံမယ့် ချက်ဇ်အစိုးရရဲ့ စစ်ဆင်ရေးနာမည်ပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဘက်မှ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံးလူဖြစ်ပါတယ်။ လုပ်ကြံမှုကို ဦးဆောင်ခဲ့သူနှစ်ယောက်အဖြစ် Fifty Shades မင်းသား Jamie Dornan နဲ့ Peaky Blindersမင်းသား Cillian Murphyတို့ နှစ်ယောက်ကသရုပ်ဆောင်ထားပါတယ်။ လုပ်ကြံမှုကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လိုပြီးဆုံးသွားလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ရဲ့ Cillian Murphyရဲ့မာစတာမိုင်းဆန်ဆန်သရုပ်ကိုတွေ့မြင်နိုင်သေးတဲ့ ကားကောင်းလေးဖြစ်ပါတယ်။File ...
movie

Anthropoid(2016)