Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andrea Ros
6.8
I Want You (2012)
စပိန်ရုပ်ရှင် I Want You ကတော့ ချောချောလှလှမင်းသား၊မင်းသမီးလေးတွေနဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့အချစ်ကားစစ်စစ်လို့ပြောရမှာပါ။ မတော်တဆမှုတစ်ခုမှာအချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အာချေဟာ လန်ဒန်မှာနှစ်အနည်းငယ်ကြာအောင်သွားနေခဲ့ပြီးတဲ့နောက် မိသားစုရှိရာဘာစီလိုနာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။သူငယ်ချင်းရဲ့သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ်ခွင့်မလွှတ်နိုင်သေးတဲ့အာချေဟာ ရည်းစားဟောင်းဘာဘီကိုလည်း အရမ်းတွေ့ချင်ပေမယ့် သွားမတွေ့နိုင်ခဲ့ပါဘူး။တစ်ရက်မှာတော့ ဓာတ်ဆီဆိုင်မှာ ဂျင်ဆိုတဲ့ကောင်မလေးနဲ့အမှတ်မထင်တွေ့ဆုံမိခဲ့ပါတယ်။ချောတယ်၊ ခေတ်ဆန်တယ်၊ သူများကိုဂရုမစိုက်ဘဲလွတ်လွတ်လပ်လပ်လုပ်ချင်တာလုပ်ဖို့သတ္တိအပြည့်ရှိတဲ့ဂျင်ဟာအာချေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်နဲ့အနာဂတ်ကိုခရီးဆက်ချင်တဲ့အာချေတစ်ယောက် အတိတ်ကိုရောလွှတ်ချထားနိုင်ခဲ့မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.48GB / 1.23GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
I Want You (2012)
7.0
REC 2. (2009 )
ဒီကားလေးကတော့ Rec (2007) လေးရဲ့အဆက်လေးပါ ပထမကားမှာ ရောဂါကူးစက်မှုတွေကြောင့် အဆောက်အအုံတစ်ခုကို ပိတ်ထားလိုက်ရပြီး အထဲမှာ နေထိုင်သူများနဲ့ ကယ်ဆယ်သူများရဲ့ အသက်ရှင်သန်နိုင်ဖို့ ရုန်းကန်လှုပ်ရှားမှုများကို တွေ့ခဲ့ရမှာဖြစ်ပြီး ဒီတစ်ပိုင်းမှာတော့ ဒီကူးစက်ရောဂါရဲ့ နောက်ကွယ်က ဇာတ်မြစ်ကို ရှာဖွေဖော်ထုတ်ကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကူးစက်ရောဂါ သက်သက်ပဲလား ဒါမှမဟုတ် အခြားရှုပ်ထွေးတဲ့ အကြောင်းအရင်းကြောင့်လား ဆိုတာကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio LA
movie
REC 2. (2009 )
4.9
The Cold Light of Day (2012)
ဘရုစ် ဝီလီ နဲ့ စူပါမန်းမင်းသား ဟင်နရီကဗေးလ်တို့ သားအဖအဖြစ် သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကို ကြည့်ဖူးပြီလား။ မကြည့်ဖူးသေးရင် ဒီမှာကြည့်လို့ရပါပြီ။ ဒီရုပ်ရှင်ထဲမှာ ဟင်နရီက ကုမ္ပဏီလေးတစ်ခုကို ဦးစီးနေတဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ သူ့အဖေ ဘရုစ်ကတော့ သံရုံးမှာ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းဆိုင်ရာကိုယ်စားလှယ်အနေနဲ့ အလုပ်လုပ်နေတဲ့သူပေါ့။ တစ်ရက်မှာတော့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ မိသားစုတွေ အားလပ်ရပ် အပမ်းဖြေဖို့ ချိန်းကြတာကြောင့် အဖေနဲ့မတည့်ပေမဲ့ မအားတဲ့ကြားက အရောက်လာပေးခဲ့ပါတယ်။ ရောက်လာပြီးတဲ့အချိန်မှာတော့ သူ့အဖေရဲ့ ဇာတ်ရှုူပ်တွေကြားထဲမှာကြားညပ်သွားပြီး ကြောက်စရာအဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရပါတော့တယ်File size…(1.82GB/(945MB)/(487MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
The Cold Light of Day (2012)
5.3
Who Would You Take to a Deserted Island?
Who would you take to a deserted island (2019) ပူလောင်လွန်းတဲ့ နွေရာသီရက်တစ်ရက်မှာ ကိုယ့်အိပ်မက်ဆီကို အရောက်သွားကြရတော့မယ့် လူငယ်လေးယောက်ရဲ့နှုတ်ဆက်ပွဲကနေ အစပြုခဲ့တဲ့ ဒီဇာတ်လမ်း။ ရှစ်နှစ်ကြာ ခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းလေးယောက်၊ စုံတွဲနှစ်တွဲရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲ။ မတော်တဆ ကစားမိကြတဲ့ "မင်း ဘယ်သူ့ကို ကန္တာရကျွန်းကို ခေါ်သွားမှာလဲ" ဆိုတဲ့ ကစားနည်းကြောင့် သူတို့ကြားက လျှို့ဝှက်ချက်တွေ ပွင့်အံလျှံကျလာခဲ့ကြတယ်။ အဲ့လျှို့ဝှက်ချက်က ဘာတွေလဲ? အဲ့လျှိ့ဝှက်ချက်ကြောင့် သူတို့ကြားမှာ ဘာတွေဖြစ်ကြဦးမလဲ? စပိန်ကားတွေရဲ့ ထုံးစံအတိုင်း Twist တွေက တကယ့်ကို အကြီးကြီးတွေပါပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်ရမှာတွေလည်း ပါပါတယ်။ ဇာတ်လမ်းကို ဒီလောက်ပဲ ပြောပြချင်ပါတယ်။ ဒီ့ထက်ပြောပြလိုက်ရင် Plot Twist တွေ ပေါ်ကုန်မှာစိုးလို့ မပြောပြတော့ပါဘူး။ Plot Twist တွေက ကြည့်နေရင်းနဲ့ အရသာရှိလာပါလိမ့်မယ်။ ရုပ်ရှင်ကားကောင်းကောင်းကြိုက်ရင်တော့ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါ။ Money Heist နဲ့ Elite မှာ ပါဝင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေလည်း ပါတယ်ဆိုတော့ Money Heist နဲ့ Elite ကို ကြည့်ဖူးတဲ့ ပရိသတ်တွေအတွက်တော့ အရမ်းညွှန်းမနေတော့ပါဘူး။ စိတ်ချလက်ချသာ ကြည့်လိုက်ပါ။ IMDb Rating ကတော့ ...
movie
2019
6.0
The Laws of Thermodynamics(2018)
The Laws of Thermodynamics(2018) IMDb ....6.0 Relationship တစ်ခုကို တည်ဆောက်တဲ့အခါ သိပ္ပံနည်းကျ တည်ဆောက်ဖူးကြပါသလား။ ကိုယ့်ရဲ့ relationship ကို ရူပဗေဒရဲ့ ဥပဒေသတွေနဲ့ နှိုင်းယှဉ်ကြည့်ဖူးပါသလား။ လူတစ်ရာမှာ တစ်ယောက်လောက်တောင်ရှိဖို့ ရှားပါတယ်။ အဲ့လိုလူမျိုးတစ်ယောက်ရှိတယ်။ သူကတော့ မန်နဲပါ။ သူက နက္ခတ္တရူပဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး သာမိုဒိုင်းနမစ်ရဲ့ ဥပဒေသတွေအကြောင်းကို စာတမ်းရေးနေသူပါ။ တွဲတဲ့ရည်းစားတိုင်းကိုလည်း ရူပဗေဒပုံစံခွက်ထဲဆွဲထည့်ပြီး ယှဉ်ထိုးချိန်ဆနေလေ့ရှိတယ်...တစ်ခါတစ်လေ ဟာသဆန်နေပေမယ့် မန်နဲနဲ့တွဲတာကြာလာတဲ့သူတွေအဖို့တော့ စိတ်ပျက်စရာပါပဲ.... ခပ်ကြောင်ကြောင်နိုင်တယ်လို့ယူဆလို့ရတဲ့ မာနဲအဖို့ အချစ်စစ်များတွေ့မလားဆိုတာတော့ဆက်စောင့်ကြည့်ပေါ့ဗျာ... ဒီဇာတ်ကားမှာ ရှုပ်ထွေးတဲ့ ရူပဗေဒရဲ့ ဥပဒေသတွေ၊ သာမိုဒိုင်းနမစ်ရဲ့ ဥပဒေသတွေ စသည်ဖြင့် ပါရှိပါတယ်။ ကြည့်ရတာ အနည်းငယ် ရှုပ်ထွေးနေသယောင်ရှိပါတယ်။ သို့သော်လည်း ထိုဥပဒေသတွေနဲ့ ဖြစ်တတ်တဲ့ လူ့စိတ် လူ့သဘာဝကို နှိုင်းယှဉ်ပုံဖော်သွားတာတော့ လေးစားဖွယ်ပါပဲ။ ဒါကြောင့်မလို့ ဘယ်နေရာမှာ ဘယ်ဥပဒေသနဲ့ နှိုင်းယှဉ်သွားသလဲဆိုတာ ကြည့်လိုက်ကြစို့လားဗျာ။ စာကြွင်း။ ။ ရူပဗေဒ၏ ရှုပ်ထွေးသော ဥပဒေသများ သဘောသဘာဝများကို လူအများနားလည်အောင် ကြိုးစားဘာသာပြန်ထားသော်လည်း အမှားအယွင်း ...
movie
The Laws of Thermodynamics(2018)
2018