Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andrea Pennacchi
My Paper Dolls (aka) Le mie ragazze di carta (2023)
-ကျွန်တော်တို့ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ-ဒီဇာတ်လမ်းက တီဘာရီယိုဘိုတာချင်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်းကို ဇာတ်လမ်း တည်ထားတာပဲ ဖြစ်ပါတယ်။အလယ်တန်းအောင်ပြီးနောက် ရွာကနေ မြို့ပေါ်ကို မိသားစုနဲ့အတူတက်လာတဲ့ တီဘာရီယိုတစ်ယောက် အိမ်အနီးက ရုပ်ရှင်ရုံပိုင်ရှင်ရဲ့သားနဲ့ သူငယ်ချင်းဖြစ်ကာ ညစ်ညမ်းရုပ်ရှင်ဆိုတာကို ပထမဆုံးကြည့်ဖူးသွားပြီး ကြည့်မိလိုက်တဲ့ ညစ်ညမ်းရုပ်ရှင်ထဲက မင်းသမီးကိုမှ စွဲလမ်းသွားမိပါတော့တယ်။ အဲ့ဒီစွဲလမ်းစိတ်ကို “အချစ်”လို့မှားယွင်းပြီး ခေါင်းစဉ်တွေတပ် .... သူ့ကို ကြိုက်လို့ ကောင်မလေးဘက်က စကားတွေလိုက်ပြောတာကိုတောင် သတိမထားမိလောက်အောင်၊ ကျောင်းမှာ အမှတ်တွေကျလောက်အောင် ညစ်ညမ်းရုပ်ရှင်ထဲကမင်းသမီးကို စွဲလမ်း ..... အဲ့လိုတွေဖြစ်နေရာကနေ “ကျွန်တော်တို့ ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ” ဆိုတဲ့မေးခွန်းကို ထုတ်မေးလာရတဲ့အထိ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ ဘဝအချိုးအကွေ့လေးတွေကိုရိုက်ပြထားတာ ဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်ကို Nostalgic ဖြစ်စေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ...
movie
My Paper Dolls (aka) Le mie ragazze di carta (2023)
6.9
Rose Island (2020)
Rose Island (2020)================IMDb Rating - 6.9/10#UnicodeNetflix ကအသစ်ထွက်လာတဲ့ adventure/ comedy/ drama အမျိုးအစား အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို ရိုက်ကူးထားပြီး တော်တော်လေးကို ကြည့်လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျော်ဂျီရို ရိုဆာက အီတလီလူမျိုး အင်ဂျင်နီယာတစ်ယောက်ပေါ့...သူက အားအားရှိ ပစ္စည်းပေါင်းစုံ လျှောက်ထွင်ပြီးတစ်ချိန်လုံး အဖမ်းခံနေရတဲ့သူပါ...ဂတ်ဘရီအယ်လာက သူ့ရည်းစားဟောင်း ရှေ့နေမလေးပေါ့ တော်တယ် ထက်မြက်တယ်...ရိုဆာကို ချစ်ပေမယ့် လက်တွေ့ဆန်တဲ့ ဂတ်ဘီက ရိုဆာနဲ့တွဲရတာ စွန့်စားလွန်းရာကျတယ်ဆိုပြီး ပြတ်ခဲ့ကြတာပေါ့။တစ်ရက် သူတို့ပြန်ဆုံပြီး ကမောက်ကမတွေဖြစ်ကုန်တော့ ဂတ်ဘီက စိတ်ဆိုးပြီး ရိုဆာ့ကိုပြောတယ် သီးသန့်ကိုယ်ပိုင်ကမ္ဘာဆိုတာ မရှိကြောင်း လိုက်လျောညီထွေနေတတ်ဖို့လိုကြောင်းတွေပေါ့။ အဲဒီမှာ ရိုဆာက လက်မခံပဲ သီးသန့်ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြမယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ မော်ရီဇီရိုနဲ့အီတလီရေပိုင်နက်အပြင်မှာ နှင်းဆီကျွန်းလို့ အမည်ရတဲ့လူလုပ်ကျွန်းတစ်ခု ဆောက်ပြီး လွတ်လပ်တဲ့ပြည်ထောင်စုအဖြစ်ကြေငြာပစ်လိုက်တော့တယ်။ အဲဒီကျွန်းကို အီတလီအစိုးရက မျက်စိစပါးမွှေးစူးလာချိန်မှာတော့... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားကြပါနော်...ဒီဇာတ်လမ်းလေးမှာ တီထွင်မှုတွေ . ...
movie
Rose Island (2020)
2020
6.4
The Man Without Gravity (2019)
The Man Without Gravity (2019) IMDb - 6.4/10_____Rotten - 76% အခု အသစ်ထွက်ရှိလာတဲ့ ဆန်းဆန်းပြားပြားကားလေးကို CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ The Man Without Gravity(2019)ပါ။ မြန်မာလိုဆိုရင် မြေဆွဲအားမသက်ရောက်တဲ့လူသားပေါ့။ နာမည်အတိုင်းပါပဲ ဒီဇာတ်ကားလေးဟာ မွေးလာကတည်းက လေပေါ်ပေါ်နေတဲ့ ကောင်လေးတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ။ မိုးသည်းတဲ့တစ်နေ့မှာမွေးဖွားလာတဲ့ကောင်လေးတစ်ယောက်က အမိဝမ်းကထွက်ထွက်ချင်း လေပေါ်ကိုပျံသွားပါတယ်။ သူ့ကိုအဖွားဖြစ်သူနဲ့ အမေဖြစ်သူက ဒီအကြောင်းကို အများသူငှာသိသွားခဲ့ရင်အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် အိမ်ထဲမှာပဲ သိုဝှက်နေထိုင်ခဲ့ပါတယ်။ တစ်နေ့တော့ အဲဒီ အော်စကာဆိုတဲ့ကောင်လေးဟာအိမ်ကနေထွက်သွားပြီး အပြင်လောကကြီးကိုခြေဆန့်ပါတော့တယ်။ သူဘာတွေဆက်ဖြစ်မလဲ? အများသူငှာကရော သူ့အစွမ်းကိုဘယ်လိုတုံ့ပြန်မလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ ကြည့်လို့ကောင်းတဲ့ကားလေးပါ။ စူပါဟီးရိုးတစ်ယောက်ကို မြင်တွေ့နေကြရှုထောင့်ကမဟုတ်ပဲ ရှုထောင့်အသစ်ကနေ ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပါ။ ဇာတ်ကားလေးနာမည်ကတော့ The Man Without Gravity (2019)ပါ။ File Size : ( 1 GB ) Quality : WEB-DL 720p Running Time : 1 hr 47 min Format : Mp4 Genre : Comedy , Drama , Fantasy Subtitle : ...
movie
The Man Without Gravity (2019)
2019
7.4
Suburra (2015)
Suburra (2015) မြန်မာစာတန်းထိုးဒီကားတော့ အီတလီရုပ်ရှင်ကားပါ IMDB rating 7.5 ရှိတဲ့ကားလေးပါဇာတ်လမ်းကတော့နိုင်ငံရေးအရှုပ်အရှင်းတွေ ဂိုဏ်းစတားတွေအကြောင်းကိုရိုက်ထားတာပါဂိုဏ်းစတားတွေဆိုတော့အခြားကားတွေလိုတစ်ကားလုံးပစ်ခတ်နေတာမဟုတ်ပါဘူးဒီကားမှာတော့သေနတ်ပစ်ခန်းသုံး လေးခန်းပဲပါတယ် ဇာတ်လမ်းရဲ့အစမှာတော့ပါလီမန်အဖွဲ့ဝင်နိုင်ငံရေးသမား Malgradiတစ်ယောက်ဟိုတယ်မှာကောင်မလေးတွေနဲ့ပျော်ပါးနေတာ အဲ့ထဲကကောင်မလေးတစ်ယောက်မတော်တဆသေဆုံးသွားတာကစတာပဲ အလောင်းကိုဖျောက်ဖို့အတွက်Manfredi Anacleti ရဲ့ညီကိုအကူအညီတောင်းတယ် Manfredi Anacleti ရဲ့ညီဟာအဲ့ကိစ္စနဲ့ Malgradi ကိုခြိမ်းခြောက်ပြီးအခွင့်ရေးတောင်းတော့တာပဲMalgradi ဟာလုပ်မပေးချင်တာနဲ့ သူ့ပါလီမန်အဖွဲ့ဝင်တစ်ယောက်ဆီကအကူအညီတောင်းခဲ့တယ်အဲ့လူက OstiaကAureliano Adami ဆိုတဲ့လူကိုခေါ်ပြီးဆုံးမခိုင်းတဲ့အခါလက်လွန်သွားတယ်Manfredi Anacleti ဟာသူ့ညီသေဆုံးမှုအတွက်လက်စားချေဖို့လုပ်ပါတော့တယ်အဲ့အချိန်မှာ Ostiaမြစ်နားမှာရှိတဲ့မြို့မှာအလုပ်လုပ်နေတဲ့Samurai ဆိုတဲ့လူဟာသူ့လုပ်ဖော်ကိုင်ဖက် Malgradi နဲ့သူ့လူ Aureliano Adamiကိုကာကွယ်ဖို့လုပ်ပါတော့တယ်Samurai ကသူ့လုပ်ငန််းတွေကိုထိခိုက်လာမှာစိုးတဲ့အေးဆေးတည်ငြိမ်စွာဘယ်လိုဖြေရှင်းမလဲဆိုတာကတော့……Aureliano Adami ကရောသေမှာလား………Manfredi Anacleti ကရောလက်စားချေခွင့်ရမှာလား……………CM ပရိတ်သတ်ကြီးဆက်လက်ကြည့်ပေးပါဦးQty - 720p BlurayGern - Crime / ThrillerDuration-2 hr 14minSubtitle -MyanmarTranslator-Tin Myo LwinEncoder - Kyaw Ye Aung
movie
Suburra (2015)
2015