Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andrea Jeremiah
8.4
Vada Chennai (2018)
Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များIMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်းလေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ်လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့... ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 2.8GB / ...
movie
Vada Chennai (2018)
2018
5.3
Aranmanai (2014)
Aranmanai (2014) "ကျိန်စာသင့်ကလဲ့စား"IMDb 5.3ရုံတင်ငွေ သန်း ၂၂၀ ရခဲ့တဲ့ နာမည်ကြီး တမီးလ် ဟာသသရဲကား လေးကားမှ ပထမဆုံးရုပ်ရှင်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်မြို့စွန်တစ်နေရာက ခမ်းနားလှတဲ့ ဘိုးဘွားပိုင်စံအိမ်ကြီးတစ်လုံးရှိတယ် ဘယ်သူမှမနေတာကြာပြီဖြစ်တဲ့ ဒီအိမ်ကြီးကို အိုက်ယာနာ ဆိုသူက ဝယ်ဖို့လုပ်လာတော့စံအိမ်ကြီးရဲ့ အမွေခံသားသမီးသုံးယောက်ရဲ့ သဘောတူလက်မှတ်ရဖို့ လူလိုက်စုရတယ် တစ်ချိန်က မခေါ်မပြောတဲ့ မောင်နှမတွေလည်း အိမ်ကြီးကို ပြန်လာရတာရှိသလို ဘယ်ကမှန်းမသိတဲ့ စံအိမ်ပိုင်ရှင်အဘိုးကြီးရဲ့ မယားငယ်ရဲ့ မြေးဆိုသူကလည်း ပေါ်လာပါလေရောအမျိုးတွေစုံစုံလင်လင် စုဝေးနေတဲ့ အိမ်ကြီးမှာ ထူးဆန်းတဲ့ သဘာဝလွန်ခြောက်လှန့်မှုတွေ ဆက်တိုက် ကြုံလာရတဲ့အခါမှာ အိမ်ကိုရောင်းဖို့အရေး တစ္ဆေမရဲ့ အတိတ်ဇာတ်လမ်းကို အားလုံးပြန်လည်တူးဖော်ဖို့လုပ်ရင်းက …ဘယ်လိုတွေဆက်ဖြစ်မှာလဲ တမီးလ်သရဲကားတို့ရဲ့ ထုံးစံအတိုင်း အကြောက်တစ်ခါ အဖောက်တစ်လှည့်တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Zwe Yan ~ KKKZ တို့ ဖြစ်ပါတယ် File size… 4.74GB / 2.23GB Quality…WEB ...
movie
Aranmanai (2014)
2014
5.3
Poojai (2014)
Poojai (2014)"ဆုတောင်းပွဲ" ======================တမီလ်နာမည်ကျော်မင်းသား ဗစ်ရှယ်နဲ့ မင်းသားကြီး ကာမယ်လ်ဟာဆန်ရဲ့သမီး ရှရူတီဟာဆန်တို့ရဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ကားဟောင်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗာဆူဟာ အတိုးနင်းကန်တောင်းပြီး ငွေတိုးချေးစားတဲ့ တက်သစ်စ စီးပွားရေးသမားလေးပါ။ သူဟာ ဇာတ်လိုက်တွေရဲ့ထုံးစံ မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး ထောင့်လည်းမကျိုးတာကြောင့် နယ်ခံဂိုဏ်းစတားတွေ မျက်မုန်းကျိုးတာခံနေရတဲ့သူပေါ့။အလိုလိုမှ မျက်မုန်းကျိုးခံနေရတဲ့ဗာဆူဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို သဝာ်ဖို့ကြိုးစားတဲ့ လုပ်ကြံရေးဂိုဏ်းတစ်ခုရဲ့အစီအစဉ်ကို မတော်တဆ ဖျက်မိသွားတဲ့အတွက် တစ်နွယ်ငင် တစ်စင်ပါဆိုသလို နောက်ဆက်တွဲပြဿနာတွေကြုံလာရတဲ့အတွက် ဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…5.3GB / 2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Poojai (2014)
2014
6.2
Saindhav (2023)
Saindhav (2024) IMDb - 6.2/10ဒီတစ်ခေါက်မှာတော့ အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် အခုခေတ်လူငယ်တွေဟာ PUBG လို ဂိမ်းမျိုးကို ကစားပြီးတော့ လက်နက်တော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါတယ်။ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ Cartelအုပ်စုက လူငယ်လေးတွေ (အထူးသဖြင့် မိဘမဲ့ကလေးတွေ)ကို စုဆောင်း လေ့ကျင့်ရေးပေးပြီးတော့ အကြမ်းဖက်မှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပါတော့တယ်။ ဒီလို ကလေးတွေကို လေ့ကျင့်ပေးပြီးတော့ သေနတ်တွေကိုင်ခိုင်းပြီး သူတို့ရဲ့ ဖောက်သည်တွေဆီကို ရောင်းချဖို့လုပ်နေပါတယ်။ဒီအုပ်စုရဲ့ခေါင်းဆောင်ဟာ ခြင်သတ်တာကမှ လူသတ်တာကမှ ပိုခက်ခဲနေပါဦးမယ်ဆိုသလိုမျိုး သူ့သားရဲ့၂၅နှစ်မြောက်မွေးနေ့မှာတောင် သူ့ရဲ့အယောက်၅၀မြောက်လူကို သတ်ပြီးတော့ မွေးနေ့လက်ဆောင်ပေးတဲ့ အကောင်ကြီးကြီးလူမျိုးပါ။ စိုင်းဒါ့ဗ်လို့ခေါ်တဲ့ အရင်ကအတိတ်ကိုမေ့ပျောက်ထားပြီးတော့ ချစ်စရာသမီးလေးနဲ့အတူ ဇာတ်မြှုပ်ထားတဲ့သူတစ်ယောက်၊ ဒီလိုလူနဲ့ Cartelအုပ်စုနဲ့ ဘယ်လိုတွေ ဆုံမိသွားကြမလဲ …….Cartelအဖွဲ့အစည်းကရော ဘယ်လိုအကြမ်းဖက်မှုတွေ လုပ်ဆောင်သွားမလဲ ……. ဆိုတာတွေကို ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Zwe Yan~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
movie
Saindhav (2023)
2023
4K HEVC
7.8
Nanban (2012)
Nanban (2012) ****************** ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့ မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်း သူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက် ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.5GB / 1.63GB Quality…WEB DL 1080p /720p Format…mp4 Duration….3h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie
Nanban (2012)
2012
6.9
Anel Meley Pani Thuli (2022)
Anel Meley Panithuli 2023 IMDb-6.9/10 အဓိကဇာတ်လိုက်ကျော် မာသီဆိုတဲ့မိန်းကလေးဟာ အားကစားပစ္စည်းဆိုင်ကြီးတစ်ခုရဲ့ လက်ထောက်မန်နေဂျာရာထူးနဲ့ အလုပ်လုပ်နေတဲ့ ရိုးသား ဖြောင့်မှန်တဲ့ဝန်ထမ်းတစ်ယောက်ပါသူ(မ)ဟာ အတူတူအလုပ်လုပ်နေတဲ့ စီနီယာဝန်ထမ်းတွေအပေါ် လေးစားရိုသေသလို အောက်လက်ငယ်သား ဂျူနီယာဝန်ထမ်းတွေအပေါ်မှာလည်း ဖေးမကူညီပေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဆိုလည်း မမှားပါဘူး။တစ်ရက် သူ့လက်အောက်က ဝန်ထမ်းကောင်မလေးရဲ့ချစ်သူဟောင်းက လိုက်နှောင့်ယှက်နေလို့ သူ(မ)က ကြားဝင်ဖြေရှင်းပေးလိုက်တဲ့အခါအဲဒီကောင်လေးက မာသီ့ကို အခဲမကျေဖြစ်သွားခဲ့တယ် ။တစ်ခါ ဆိုင်ကဝန်ထမ်းကောင်လေးက သူငယ်ချင်းဖြစ်သူနဲ့ပူးပေါင်းပြီး ပစ္စည်းခိုးတာကို မာသီသိသွားတော့ အလုပ်ထွက်ခိုင်းလိုက်ပါတယ်။ အဲဒီလိုနဲ့ မာသီဟာ မရည်ရွယ်ဘဲနဲ့ လူနှစ်ယောက်ဆီက မကျေနပ်ချက်ရန်ငြိုးတွေ ရရှိခဲ့ရပါတယ်။တစ်ရက် အဲဒီဝန်ထမ်းကောင်မလေးရဲ့ မင်္ဂလာဆောင်ပွဲလုပ်တဲ့ ကျေးရွာလေးကိုသွားရင်းမာသီတစ်ယောက်မသမာတဲ့လူယုတ်မာသုံးယောက်ဆီက မတော်မတရားပြုကျင့်ခြင်း ခံလိုက်ရပါတယ်။ ဖြစ်သမျှကုန်စင်ကို ရဲစခန်းသွားတိုင်ပြီး သူထင်ကြေးပေးတဲ့သူတွေကို ရဲကဖမ်းဆီးစစ်ဆေးကြည့်တဲ့အခါ....တရားခံတွေက သူထင်ထားတဲ့ သူတွေမဟုတ်ဘဲ မထင်မှတ်ထားတဲ့သူတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။ နောက်သုံးလနေရင် ချစ်တဲ့သူနဲ့လက်ထပ်ပြီး အားကစားဆိုင်က လက်ထောက်မန်နေဂျာ ဝန်ထမ်းဘဝနဲ့ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားတဲ့ မာသီတစ်ယောက် ကြုံလာရတဲ့ လောကဓံဆိုးတွေကို ဘယ်လို ကျော်လွှားအံတုပြီးနေသွားမလဲ ဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုခံစားပေးလိုက်ကြပါဦး...(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH ~ BpL ~ ToMo ~ ...
movie
Anel Meley Pani Thuli (2022)
2023
4.3
Aranmanai 3 (2021)
Aranmanai 3 (2021)Aranmanai ဇာတ်ကားတွေဟာ sequel အနေနဲ့ထွက်လာတာဟာဆိုရင် အခုဆို ၃ ကားမြောက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ တမီးလ်လူထုရဲ့လူကြိုက်များသဘောကျတဲ့သရဲကားကောင်းဖြစ်တာနဲ့အညီ တစ်ကားပြီးတစ်ကားရိုက်ထုတ်ရတဲ့ ကားကောင်းလေးဖြစ်တာနဲ့အညီ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်အိမ်ဟာ သိပ်ပြောစရာမရှိတဲ့ကားလေးဖြစ်ပါတယ်။တမီးလ်ရုပ်ရှင်လောကရဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားသလို တမီးလ်သရဲကားတိုင်းရဲ့ဇာတ်လိုက်ကျော် ကိုဘရိတ်ကီးပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုညွှန်းရမယ်ဆိုရင်ဖြင့် သရဲခြောက်တဲ့ဟော်နန်းကြီးတစ်ဆောင်နဲ့ ဘယ်လိုခြောက်လို့ ဘာကြောင့်ခြောက်မှန်းမသိရတဲ့ပုစ္ဆာတစ်ခု၊ ဟော်နန်းကြီးမှာသရဲခြောက်တယ်ပြောလို့ငယ်စဉ်ကတည်းက ဟော်နန်းပိုင်ရှင်ဖခင်ဖြစ်သူရဲ့ဖယ်ကြည်ခြင်းကိုခံရတဲ့ကောင်မလေးတစ်ယောက်၊ ထိုကောင်မလေးလိုကိစ္စရပ်မျိုး ထိုဟောနန်းကြီးမှာနောက်ထပ်မွေးဖွားလာတဲ့ကလေးမငယ်လေးမှာလည်းကြုံတွေ့လာရတဲ့အခါ ဟော်နန်ကြီးကို သရဲခြောက်တယ်ပြောပြီးရောင်းစားဖို့ကြံနေတဲ့ဦးလေးဖြစ်သူနဲ့ မည်သို့မည်ပုံစခန်းဆက်ရမယ်၊ သရဲဘာလို့ခြောက်ရတယ်၊ ဇာတ်ရှုပ်တွေအကုန်ဘယ်လိုဇာတ်ထုတ်ပြေသွားမယ်ကိုတော့ ၂၀၂၁ ခုနှစ်မှာထွက်ရှိလာတဲ့ Aranmanai ဇာတ်ကားကောင်းလေးထဲမှာခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်ကားကို အညွှန်းရေးပေးထားသူကတော့ San Thu Aung ဖြစ်ပြီး ဘာသာပြန်ဆိုရေးသားပေးထားသူကတော့ Alias နဲ့ San thu Aung ပဲ ဖြစ်ပါတယ်)Size - 2.3 GB, 1.3GB Quality - 1080p HEVC, 720p IMDb Rating - 4.3/10 Format - mp4 Duration ...
movie
Aranmanai 3 (2021)
1080p HEVC
7.6
Thupparivaalan
Thupparivaalan (2017) မြန်မာစာတန်းထိုး Imdb Ratings : 7.8 ဒီကားလေးက ကြည့်ဖူးနေကျ တေလဂူကားတွေနဲ့ လုံး၀ကွဲထွက်နေတဲ့ မင်းသားချော Vishal ရဲ့ Mysteryဆန်တဲ့ကားလေးစုံထောက်ကြီးရှားလော့ဟုမ်းကို ကြိုက်ခဲ့လို့လား မသိတေလဂူ စုံထောက်ကားကို အရသာတွေ့နေမိပါတယ် ညွှန်းတယ်လို့ပဲ ဆိုဆို ဒီကားက တေလဂူ(ကောလိဝုဒ်)မဆန်တဲ့ကား လို့ ပြောပါရစေတေလဂူမဆန်ဘူးဆိုတာ့တစ်ခြားပြောတာ မဟုတ်ပါ သီချင်းတွေလုံး၀မပါတာ၊ စကားတွေအများကြီး မပြောတာ ဇာတ်လမ်း အရမ်းကြီးမရှည်တာတွေကို ပြောတာပါမင်းသားကလည်း နာမည်ကြီး မင်းသား အရင်ဇာတ်ရုပ်တွေနဲ့လုံး၀ကို မတူပဲ တစ်ခေတ်ဆန်းထားတဲ့ကားလို့ပဲ ဆိုချင်တယ်ဇာတ်ကြောင်းက...အလွတ်စုံထောက်တစ်ယောက် အမှုလိုက်စရာမရှိလို့ ငြီးတွားနေရာက စပါတယ် လာအပ်တဲ့အမှုတွေကလည်း သာမာန်အမှုတွေမို့သူ့အတွက် ပျင်းဖို့ကောင်းနေတာပေါ့ ပျင်းရင် စောင်ခြုံအိပ်လိုက် စာအုပ်တွေဖတ်လိုက်နဲ့ မာနကြီးပြီး စကားတွေအများကြီးမပြောတတ်တဲ့ ဂွတီးဂွကျ စုံထောက်ပေါ့ (Sherlock charactorကို မှီငြမ်းထားတာကိုး)အမှုမရှိချင်နေ..ပိုက်ဆံတွေ ဘယ်လောက်ပုံပေးပါစေ သူစိတ်မပါရင် ဘယ်အမှုကိုမှ လက်မခံတတ်တဲ့ ခေါင်းမာတဲ့စုံထောက်နာမည်က ကာနီယန်းတဲ့တစ်နေ့တော့ သူတို့မြို့လေးရဲ့ ပင်လယ်ကမ်းခြေနားမှာနေတဲ့ကောင်လေး တစ်ယောက် သူ့ဆီကို အမှုတစ်ခုလာအပ်တယ်အမှုက အဲ့ဒီကောင်လေး မွေးထားတဲ့ခွေးလေး ပျောက်ဆုံးတဲ့အမှုကောင်လေးနာမည်က နာဗီးတဲ့အမှုကိုကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းပေမယ့် အကြောင်းစုံသိလိုက်ရတဲ့အခါ ဆန်းကြယ်တဲ့အမှုတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်ဒါနဲ့အဲ့ဒီခွေးပျောက်တဲ့အမှုကို လက်ခံပြီး ...
movie
Thupparivaalan
2017
7.5
Master(2021)
Master(2021)အညွှန်း*******************IMDb...7.5အနည်းငယ်နောက်ကျသွားပေမဲ့လို့ စောင့်နေပေးလို့ကျေးဇူးတင်ပါတယ်....အများသိဗီဂျေးနဲ့ 96ရဲ့မင်းသားဗီဂျေးစည်သူပသီတို့နှစ်ဦး အားပြိုင်ထားတဲ့ Master ရုံတင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ခဏခဏ မူးနေတတ်တဲ့ ဆရာဂျေဒီဟာ ကျောင်းသားတွေရဲ့ အချစ်တော်ပဲ။ကျောင်းသားတွေအတွက်ဆို အမြဲဦးဆောင်တတ်သူမို့ တခြားဆရာ၊ဆရာမတွေက အမြင်မကြည်ကြပါဘူး။ကျောင်းသားတွေအတွက်ဆို အသက်ကိုတောင် စွန့်ဝံ့တဲ့ ဆရာပါ။ ဒါက ဗီဂျေးရဲ့ အကြောင်းပါပဲ။ဗီဂျေးစည်သူပသီကတော့ လော်ရီကားအသင်းမှာ အာဏာအရှိဆုံး ခေါင်းဆောင်ပါ။ သူဟာ ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး ငွေရှာ နေသူပေါ့။သူ့အတွက် မှောင်ခိုလောကမှာ ခက်ခဲတာ မရှိသလောက် ရှားတယ်။ တပည့်လက်သား များတယ်။ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ တနေ့တော့ ထိပ်တိုက် ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။နယ်ပယ်ချင်းမတူကြပေမဲ့ သူတို့နှစ်ယောက်မှာ တစ်ယောက်က ခြေချမှားသွားခဲ့တယ်။ကဲ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိသတ်တို့ကိုယ်တိုင် ခံစားကြည့်ပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့Myint Thu ,Thaik San & Nyi Koe တို့ပဲြဖစ်ပါတယ်.....File Size :(3.4GB)(1.4GB) and (561 MB) Quality : WEB-DL1080P5.1CH.HEVC, 720p Format…mp4 Duration…02:59:00 Genre : Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu ...
movie
Master(2021)
HEVC 1080p 5.1
7.4
Aval (2017)
တာဝန်ကျရာ ဇာတ်ကားတစ်ကားကို စ,ရေးတော့မယ်လို့ ကြည့်လိုက်တော့ Kollywood(Tamil) ကားတစ်ကား ဖြစ်နေတယ်။ အမှန်တိုင်းပြောရရင် Tamilကားတွေဆို သိပ်အထင်မကြီးတတ်တော့ Google မယ်ဒီကားနာမည်လေး ရေးရှာကြည့်တော့ BEST KOLLYWOOD MOVIES OF 2017 မှာ နံပါတ် ၂ ချိတ်ထားသလို Rating တွေအနေနဲ့ကလည်း IMDB - 7.2/10 နဲ့ Rotten Tomatoes - 100% အပြည့်ဆိုပဲ ဒီအချက်ကြောင့် ဒီဇာတ်ကားကို ကြည့်ချင်စိတ်ဖြစ်လာပြီး အလုပ်တွေပြီးလို့ အားတဲ့အချိန်ကလည်း ည၁၁ထိုး၊ မနက်ထိ မဆိုင်းတော့ပဲ လက်တော့လေးဖွှင့်ကာ ရုပ်ရှင်ကားကို စကြည့်မိပါတော့တယ်ကုလားကားသာ ပြောတယ် စလာတော့ ၁၉၃၅ ခုနှစ်၊ ကိုလိုနီခေတ်က တရုတ်သားအမိနှစ်ယောက်နဲ့ သူတို့အိမ်ကိုပြပြီး ပျော်ရွှင်နေတဲ့ သားအမိနှစ်ယောက်ရဲ့ အိမ်မှာ ရုတ်တရက်ဆိုသလို အော်ငြီးသံကြီးတစ်ခုနဲ့ ၂၀၁၆ကို မောင်းနှင်သွားပါတော့တယ်။၂၀၁၆ ခုနှစ် အေးချမ်းတဲ့ဆောင်းရာသီလေးမယ် အိမ်လေးတစ်လုံးထဲက ညားခါစဇနီးမောင်နှံနှစ်ဦးရဲ့ အပျော်တွေကို ကျွန်တော်တို့ဆီ မျှဝေလိုက်ပြီး ဘေးခြံကို မိသားစု အသစ်တွေပြောင်းလာတာကို အသိပေးလိုက်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်အတွက်ကတော့ အိမ်နီးချင်းအသစ်တွေ ရမှာဖြစ်သလို ယောက်ျားအလုပ်သွားတဲ့အချိန် ပြင်းခြောက်ခြာက်ဖြစ်နေမယ့် ဇနီးသည်အတွက်တော့ပိုပျော်ရွှင်ရမယ့် လက္ခဏာပါပဲထင်ထားတဲ့အတိုင်းပါပဲ ဘေးအိမ်ကို ပြောင်းလာတဲ့ ...
movie
Aval (2017)
2017