Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andrea Bruschi
6.3
Klem (2023)
Klem ( 2023 )ဒတ်ချ်ကားကိုမှ အီတလီမှာ ဇာတ်အိမ်တည်ထားပြီး ဝိုင်လုပ်ငန်းတွေ စပျစ်ခြံတွေနဲ့ အီတလီရဲ့ အလှတရားတွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ နယ်သာလန်က ပြောင်းလာတဲ့လူတွေ အီတလီမှာ အခြေချဖို့ကြိုးစားရင်း စပျစ်ခြံလုပ်ငန်းထဲ ဝင်ပတ်သက်မိရာကနေ စပျစ်ခြံကိုလိုချင်နေတဲ့ အီတလီမားဖီးယားတွေနဲ့ နယ်သာလန်က မိသားစုနှစ်စု ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။ မှုခင်းကားကိုမှ ဥပဒေရေးတွေပါ ရောပြီး သမထားတဲ့အပြင် ဒီမိသားစုနှစ်စုရဲ့ခင်မင်မှုကိုကြည့်ရတာလည်း ချစ်စရာကောင်းတာမို့ အငွေ့အသက်ပေါင်းစုံ ပေါင်းပြီးရနေမယ့် မှုခင်းကားပေမဲ့ စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါးကားလေးပါပဲ။ ဇာတ်ကလည်း အကွေ့တွေအကောက်တွေနဲ့ ထူးတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ကားတစ်ကားရှာနေရင်တော့ အရွေးမမှားလောက်ပါဘူး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie
Klem (2023)
6.8
Ferrari (2023)
Ferrari (2023) ============= IMDb Rating - 6.8/10ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို ...
movie
Ferrari (2023)
2023
4K HEVC
6.9
House of Gucci (2021)
လူအတော်များများမျှော်နေတဲ့ကားလေး လာပါပြီ။ ကမ္ဘာကျော် ဘရန်းတစ်ခုဖြစ်တဲ့ ဂူချီရဲ့ မူလအစမိသားစုအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို ကြားဖူးဖတ်ဖူးပြီးသားလူတွေကတော့ သိနှင့်မှာပါ။ မသိသေးတဲ့လူတွေအတွက်တော့ ကြည့်လို့ပိုကောင်းနေမှာပါပဲ။ ရှုပ်ထွေးတဲ့ လိမ်လည်မှုတွေ မှုခင်းတွေနဲ့ စိတ်ဝင်စားစရာဇာတ်လမ်းပါပဲ။ သရုပ်ဆောင်တွေကလည်း အဒမ်ဒရိုင်ဗာ၊ လေဒီဂါဂါ၊ အယ်ပါချီနို၊ ဂျားရတ်လယ်တို တို့ဖြစ်လို့ All Stars လို့ပဲ ပြောရမှာပါပဲ။ အားရပါးရကြည့်နိုင်ပါပြီFile size…(3.8 Gb)/(2.8 Gb)/(1 GB)/(700 Mb) Quality….Webrip 4K / 1080p / 720p / 480p Format…mp4 Duration….02:38:00 Genre...Drama, Crime, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
House of Gucci (2021)
4K HEVC Web-DL
6
Yara (2021)
ငယ်ရွယ်တဲ့ ကလေးတွေနဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေကို အပြင်သွားရင် ဂရုစိုက်ဖို့ သတိရှိဖို့ မှာကြတယ်ဆိုတာ အလကားရယ်တော့ မဟုတ်ပါဘူး ဘာကြောင့်ဆို အန္တရာယ်ဆိုတာ မမြင်နိုင်သလို အန္တရာယ်ကောင်တွေကလည်း ချိုနဲ့ မဟုတ်ဘူးဗျ ကျွန်တော်တို့ နေထိုင်တဲ့ လူ့ပတ်၀န်းကျင်မှာ ဒုက္ခတွေ ကံဆိုးမှုတွေဟာ အချိန်မရွေး ဘွားကနဲ ပေါ်လာနိုင်ပါတယ် ဒီဇာတ်လမ်းဟာ ၂၀၁၀ တုန်းက အီတလီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ သာမန် မိသားစုက ဆင်းသက်လာတဲ့ အမြဲ ပျော်နေတတ်တဲ့ ၁၃ နှစ်အရွယ် အီတလီ ဆယ်ကျော်သက်မလေး ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့တဲ့အကြောင်းပေါ့ ကိုက် ၇၀ဝ ပဲ ဝေးတဲ့ သွားနေကျ အားကစားခန်းမနဲ့ အိမ်ကြားက လမ်းမှာ သူဟာ တိတ်တဆိတ် ပျောက်ဆုံးသွားခဲပါတယ် ဒီကောင်မလေး ဘယ်ရောက်သွားလဲ ဘာတွေဖြစ်ခဲ့တာလဲ ဖြစ်ရပ်မှန်ဇာတ်လမ်းအပြင် ဒီဇာတ်လမ်းမှာ ဘယ်လောက်ပဲ အခြေအနေမပေး အခွင့်မသာပါစေ ရအောင် ကြိုးစား စုံစမ်းတဲ့ ရှေ့နေတွေ ရဲတွေရဲ့ လုပ်ရပ်ကို ချီးကျူးဖွယ်မြင်တွေ့ရမှာပါFile Size : (1.5 GB) & (900 Mb) Quality : ...
movie
Yara (2021)