Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
André Holland
5.5
Bride Wars (2009)
IMDB: 5.5Rotten Tomatoes: 10%Genre: Comedy/Romanceဇာတ်ကားကောင်းကြည့်ချင်တယ်ဆိုရင်Rating အပေါ်ကိုပဲမမှီခိုနဲ့ဆိုပြီးကြားဖူးတယ်။တကယ်လည်း မှန်တယ်လို့ကျွန်တော်လက်ခံပါတယ်။Bride Wars (2009) ကသက်သေပါပဲ။တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီးမင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်အချစ်တော်တွေမလို့ကြည့်ရတာ တော်တော်လေးကိုတန်ပါတယ်။ ဇာတ်ညွှန်း သူငယ်ချင်းနှစ်ယောက် "အမ်မာ နဲ့ လစ်ဗ်" ဆိုပြီးရှိတယ်။နှစ်ယောက်လုံးရဲ့ အိမ်မက်လည်း ဇွန်လထဲ ပလာဇာဟိုတယ်ကြီးမှာမင်္ဂလာဆောင်ဖို့ အမ်မာရဲ့ကောင်လေးက လဖက်ချ်ချာ၊လစ်ဗ်ရဲ့ကောင်လေးက ဒန်နီယယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကလည်းနှစ် ၂၀ တောင်ရှိနေပြီမလို့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘာနဲ့မှဖျက်လို့မရခဲ့ပါဘူး။ဒါကတော့ အထင်ပေါ့လေ။ ဒီလိုနဲ့ နှစ်ယောက်ဟာရှေ့ဆင့်နောက်ဆင့်ပဲကောင်လေးတွေရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံရပြီး မင်္ဂလာဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ဇွန်လထဲ ပလာဇာဟိုတယ်မှာပဲဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမယ့်လည်း ဇွန်လအတွက် ပွဲချိန် သုံးခုစာပဲကျန်ပါတော့တယ်။ကံဇာတ်ဆရာ ရွဲ့တော့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲကတိုက်တိုက်ဆိုင်ဆိုင် ရက်သွားတူနေပါတော့မယ်။ကဲ အဲဒီမှာ အချစ်ဆုံးသူငယ်ချင်းကနေ၊ အမုန်းဆုံးသူငယ်ချင်းတွေဘယ်လိုများဖြစ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦး။အမ်မာ အဖြစ်မင်းသမီး Anne Hathaway (မကြာနု)လစ်ဗ်အဖြစ် မင်းသမီး Kate Hudsonဒန်နီယယ်အဖြစ် မင်းသား Steve Howeyဖလက်ချ်ဂျာအဖြစ် မင်းသား Chris ...
movie
Bride Wars (2009)
2009
Shirley (2024)
ဒီဇာတ်ကားလေးကတော့ ၁၉၇၂ မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သမိုင်းမှာ ပထမဆုံးသော လူမဲအမျိုးသမီး ရှာလီ ချီဆန်အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ ဗဟုသုတရဖွယ် သမိုင်းကြောင်းဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရှာလီချီဆန်ဟာ ဘရွတ်ကလင်က သာမန်လူမဲကျောင်းဆရာမလေးဘဝကနေ လူထုမေတ္တာခံယူရင်းနဲ့ နယူးရော့ခ်ရဲ့ ၁၂ ကြိမ်မြောက် ဗဟိုပြည်နယ်ညီလာခံမှာ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သူမဟာ လူဖြူတွေကြီးစိုးတဲ့ ကျားရဲတွင်းသဖွယ် လွှတ်တော်ထဲမှာ နိုင်ငံသားအခွင့်အရေး၊ ကျားမတန်းတူညီမျှရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှု အစရှိတဲ့ အဓိကပြဿနာတွေကို ရွပ်ရွပ်ချွံချွံ ဖြေရှင်းဖို့ ကြိုးစားရင်း ပြည်သူ့အကျိုးကို ဒီထက်ပိုပြီး ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပါတော့တယ်။ကျားမခွဲခြားမှု ပြင်းထန်နေသေးတဲ့ခေတ်ကာလမှာ လူမဲအမျိုးသမီးဖြစ်တဲ့ သူမဟာ သမိုင်းမှာ မကြုံစဖူး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဘယ်လိုအခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမလဲ၊ အနာဂါတ်မျိုးဆက်သစ်တွေကိ ဘယ်လို လမ်းစဖောက်ပေးခဲ့လဲဆိုတာက အားတက်ဖွယ် အတုယူဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ IMDb မှာ ...
movie
Shirley (2024)
7.5
Selma (2014)
၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်းခွဲခြားမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်တောင်ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်ရပ်ကွက်တွေ လူမည်းမဝင်ရတဲ့ စားသောက်ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူးကန် စာသင်ကျောင်းနဲ့ ဘတ်စ်ကားတွေအထိ လူဖြူတွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကားပေါ်ကလူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ လူဖြူသီးသန့်ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကားရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကားဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa Park က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲကဖမ်းဆီးခဲ့ရာမှ Montogomery ဘတ်စ်ကားသပိတ်ကြီးပေါ်ပေါက်လာပြီး သမိုင်းဝင် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုကြီး (Civil Rights Movement) ပေါ်ပေါက်လာပါတော့တယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိကခေါင်းဆောင်ကတော့ ဒေါက်တာမာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစကို ဒေါက်တာမာတင်လူသာကင်း ...
movie
Selma (2014)
6.6
Black or White (2014)
ဒီဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါအဲလီရော့တ်အန်ဒါဆန်ဟာ သူ့မြေးမလေး အဲလူဝီးစ်ကိုတစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လာပါတယ်။အဲလူဝီးစ်ရဲ့ အမေ၊ အဲလီရော့တ်ရဲ့သမီးကတော့ နှလုံးရောဂါအခံနဲ့ ကလေးမွေးဖွားစဉ်က ဆုံးပါးသွားခဲ့တာဖြစ်ပြီးအဖေဖြစ်သူကတော့ မူးယစ်ဆေးမှုတွေနဲ့ ပြစ်မှုမှတ်တမ်းတွေရှိပြီး သတင်းအစအနတောင် မကြားရတဲ့သူပါ။အဲလီရော့တ်က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင်ဇနီးဖြစ်သူကိုပါ ဆုံးရှုံးရပြန်တော့ အရက်သောက်နေတဲ့အရက်သမားကြီးလို ဖြစ်နေပေမယ့် သူ့မြေးမလေးကိုတော့ဘယ်နေရာမှလစ်ဟင်းမှုမရှိအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ အဲလူဝီးစ်လေးရဲ့ တစ်ဖက်ကအဘွား ရိုဝီနာကတော့ သူ့မြေးမလေးကို အဘိုးဖြစ်သူအဲလီရော့တ် စောင့်ရှောက်တာကို စိတ်မချဖြစ်ပါတယ်။ဒီလိုနဲ့ ရိုဝီနာက သူ့မောင် ရှေ့နေနဲ့အတူ ကလေးအုပ်ထိန်းစောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်ပါတော့တယ်။ဒီနေရာမှာ ပြဿနာကတော့ အဲလူဝီးစ်လေးရဲ့ အဘိုးအဲလီရော့တ်ကလူဖြူဖြစ်ပြီး အဖေဘက်၊ အဘွားဝီဝီဘက်ကတော့ လူမဲတွေဖြစ်နေတာပါ။ ကလေး အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ကြတဲ့အခါ အဘိုးဖြစ်သူ အဲလီရော့တ်ကပဲ အုပ်ထိန်းခွင့်ရသွားမလား၊အဘွားဝီဝီကပဲ အုပ်ထိန်းခွင့်ရသွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်လမ်းလေးဟာ မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့အပြင် လူမဲ လူဖြူဆိုတာ အသားအရောင်သာကွာခြားတဲ့လူသားအချင်းချင်းပါပဲ ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie
Black or White (2014)
7.5
42 (2013)
ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… 1.82 GB / 894 ...
movie
42 (2013)
2013
7.3
Bones and All (2022)
Call Me by Your Name ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Luca Guadagnino ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်မှာလည်း တင်မိုးသီးကိုပဲ ပြန်သုံးထားပါတယ်။ လူငယ်ဒရာမာကိုမှ ဟော်ရာနဲ့ သွေးသံရဲရဲတွေထည့်သွင်းထားတဲ့အပြင် လူသားစားတဲ့ဇာတ်လမ်းဖြစ်လို့ အသည်းငယ်သူတွေမကြည့်သင့်သလို မိသားစုနဲ့မကြည့်သင့်တာတွေလည်းပါဝင်နေပါတယ်။မူရင်းစာအုပ်တုန်းက နာမည်ကျော်ခဲ့သလို အခုရုပ်ရှင်မှာလည်း စာအုပ်ထဲကဇာတ်လမ်းကိုအနည်းငယ်သာပြောင်းပြီး ရိုက်ကူးထားခဲ့တာပါပဲ။ ဇာတ်ပို့အနေနဲ့လည်း Bridge of Spies နဲ့ အော်စကာရခဲ့တဲ့ မင်းသားကြီး Mark Rylance ပါဝင်ထားပါသေးတယ်။လူငယ်တွေရဲ့ လူ့အသိုင်းအဝိုင်းနဲ့ဝင်မဆန့်ပုံတွေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရတာတွေရှာဖွေရတာတွေကို နိမိတ်ပုံအနေနဲ့ ဒီလူသားစားစုံတွဲကို ကြောက်စရာ အချစ်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးပြထားတာမျိုးပဲဖြစ်ပါတယ်။ ရသမျိုးစုံခံစားရတာကလွဲရင် ဘာမှတော့ ပညာယူစရာ ဗဟုသုတယူစရာမပေးပါဘူး။ ဖီးချင်ရာဖီးဖို့သက်သက်ပဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲမှာ သူတို့ကိုယ်သူတို့ Eater လို့ ခေါ်ပါတယ်။ စားသူပေါ့။ ဒါကို ပါဠိလို အဒ လို့ပဲ ပြန်ပေးထားပါတယ်။ ပေါရိသာဒဆို (ပုရိသ-ယောက်ျား၊ အဒ-စားသူ ပေါင်းထားသလိုပေါ့) File size…1.85GB / 895MB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated ...
movie
Bones and All (2022)
2022
6.6
Passing(2021)
Passing(2021)ဒီရုပ်ရှင်ဟာ အဖြူအမည်းရုပ်ရှင်တွေရဲ့ခေတ်မှာနေရာယူထားပြီး အဲ့ခေတ်ရုပ်ရှင်တွေရဲ့စတိုင်ရိုက်ထားတာမို့အဖြူအမည်းကာလာနဲ့ Snyder cut လို 4:3 ဘောင်နဲ့ဖြစ်နေမှာပါ။မင်းသမီးကိုတော့ Thor 3ထဲက ဗယ်ကရီအဖြစ်ရင်းနီးကြမှာပါ နယူးယောက်မြို့က လူမည်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အိုင်ရင်းဟာသူ့သားအတွက် မွေးနေ့လက်ဆောင်ရှာဝယ်ဖို့လူဖြူတွေနေတဲ့အရပ်ကိုလာရာကနေလူဖြူဟန်ဆောင်နေရင်း လူဖြူမိသားစုရနေတဲ့ငယ်သူငယ်ချင်းဖြစ်သူနဲ့တွေ့လိုက်ရပါတော့တယ်။လျှို့ဝှက်ချက်ကြီးတစ်ခုနဲ့ ကလဲရ်ဟာအိုင်ရင်းရဲ့ဘဝထဲကို ရောက်လာတဲ့အခါအရာရာရှုပ်ထွေးလာပါတော့တယ်။ 1920ပိုင်း နယူးယောက်မြို့က လူမည်းတွေရဲ့လူနေမှုပုံစံတွေ အခက်အခဲတွေကိုအဓိကထားတဲ့ဇာတ်လမ်းဖြစ်ပြီးထူးထူးခြားခြား ရှေးရုပ်ရှင်စတိုင်အတိုင်းပီပီပြင်ပြင်ပုံဖော်ပြထားတာမို့သရုပ်ဆောင်အသားပေးဇာတ်လမ်းနှစ်သက်ရင်တစ်ချိန်က အဖြူအမည်းရုပ်ရှင်တစ်ကားရဲ့အရသာကိုမြည်းစမ်းကြည့်ချင်ရင်လုံးဝလက်လွှတ်မခံဖို့ ပြောလိုက်ပါရစေ File size…1.6GB / 800MB Quality… 1080p AAC 5.1Ch / 720p Format…Mp4 Duration….1h 38mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Pyi T Nyein
movie
Passing(2021)
2021
6.3
High Flying Bird (2019)
ကဲ ဒီတစ်ခါတော့ Netflix ကထုတ်တဲ့High Flying Bird ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Rating 6.3 ရရှိထားပြီးတော့အမေရိကန်မှာ ဘတ်စကက်ဘောလောကရဲ့ အဖွဲ့ချုပ်နဲ့ကစားသမား သမဂ္ဂနဲ့ အသင်းပိုင်ရှင်တွေ မသင့်မမြတ်ဖြစ်ပြီးသပိတ်မှောက်ထားတဲ့ကာလအတွင်းကို ဇာတ်လမ်းဖွဲ့တင်ပြ ထားပါတယ်။အမေရိကန်တို့ရဲ့ လှည့်စားလုပ်ဆောင်တတ်တဲ့အတတ်ပညာတွေကို ထုတ်ပြရိုက်ကူးထားပါတယ်။ကျွန် တော်တို့ဆီမှာဆိုရင်ရော ဒီလိုလုပ်နိုင်သူဒီလိုတွေးခေါ်နိုင်သူ ရှိပါ့မလား တွေးစရာပါ။စိတ်ဝင်စားဖို့ကောင်းပြီး ပညာယူရမယ့်ဇာတ်ကားတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်... File Size : (847 MB) & ( 321 MB)Quality : WEB-DL 720pRunning Time : 1 hr 30 MinFormat : Mp4Genre : Drama , SportSubtitle : ...
movie
High Flying Bird (2019)
2019
4.1
A Wrinkle in Time (2018)
A Wrinkle in Time(2018) ဒီ A Wrinkle in Time ဆိုတဲ့ကားလေးကိုနာမည်ကျော် Walt Disney Studioကနေရိုက်ကူးထားတာပါ.. . Walt Disneyရဲ့ ထုံးစံအတိုင်း သီချင်းကောင်းကောင်းလေးနဲ့ ဇာတ်လမ်းဇာတ်အိမ်ကလည်း ဆန်းဆန်းလေးဖြစ်လို့ မငြီးမငွေ့ကြည့်ရှုရမယ့်ကားတစ်ကားပါပဲ... Oprah Winfrey,Reese Witherspoon,Chris Pineစတဲ့ နာမည်ကျော်အနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးရဲ့ အကျဉ်းချုပ်လေးကတော့ ဖခင်ဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားပေမယ့် တစ်နေ့ပြန်လာမယ်ဆိုပြီး မျှော်လင့်ချက်လေးနဲ့ မက်ဂ် နဲ့ ချားလ်ဝေါလေ့စ်ဆိုတဲ့ မောင်နှစ်မနှစ်ယောက်ဟာ အချိန်တွေကိုဖြတ်ကျော်နေပါတယ်... တစ်ညမှာတော့ ထူးဆန်းစွာ နတ်သမီးတွေလို့ထင်ရလောက်တဲ့အမျိုးသမီးတွေနဲ့ တွေ့ဆုံမိပါတော့တယ်။ ဒီအမျိုးသမီးသုံးယောက်ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ အဖေဖြစ်သူဟာ မသေဆုံးသေးပဲ တစ်နေရာရာမှာပိတ်မိနေတာကို သိရှိလာရပါတယ်။ ဒီကလေးတွေ သူ့အဖေဖြစ်သူကိုဘယ်လိုကယ်တင်မလဲ... ဘယ်လိုအခက်အခဲတွေကရော ရှေ့ မှာစောင့်ကြိုနေမလဲ... ဖခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ရင်တစ်ထိတ်ထိတ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။ သဲထိတ်ရင်ဖို ကားကောင်းလေးတွေစိတ်ဝင်စားတဲ့ လူတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ ရှယ်ဇာတ်ကါးလေးလို့ပဲပြောချင်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ်JtheKoalaဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Adventure, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
A Wrinkle in Time (2018)
2018