Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
André Dussollier
Le Torrent (2022)
မုန်တိုင်းတိုက်မယ့် သောကြာနေ့ညတစ်ညမှာ အလဇန္ဒားက ဇနီးသည် ဂျူးလီယက် အိမ်ထောင်ရေးဖောက်ပြန်နေတာကို သိရှိသွားပြီး စကားအကြီးအကျယ်များ၊ ရန်ဖြစ်ကြကာ မိန်းမလုပ်သူကိုအိမ်ပေါ်ကနှင်ချလိုက်ပါတယ်။ ဂျူးလီယက်က ညဘက်ကြီးထွက်သွားပြီး သိပ်မကြာခင်မှာပဲ လျှိုမြောင်ထဲကို ပြုတ်ကျကာ သေဆုံးသွားပါတော့တယ်။ဒီလိုနဲ့ အချိန်ခဏအကြာ မုန်တိုင်းတိုက်လာတဲ့အခါ တောင်ကျရေနဲ့အတူ သူမရဲ့ အလောင်းက စီးမျောသွားပါတော့တယ်။ ရဲတွေကရှာဖွေရေးလုပ်နေတဲ့အချိန်မှာပဲ ဂျူးလီယက်ရဲ့ ဖခင်က သူတို့အိမ်ကိုရောက်ရှိလာကာ အလဇန္ဒားက အချို့အရာတွေကို လိမ်လည်နေမှန်း ရိပ်မိလာတဲ့အတွက် လိုက်လံစုံစမ်းပါတော့တယ်။ ဒီလိုနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအမျိုးအစားကတော့ Thriller/ Crime ဖြစ်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.2 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw
movie
Le Torrent (2022)
6.4
Vidocq (2001)
ဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံက သမိုင်းဝင်စုံထောက်ကြီးဖြစ်တဲ့ဗီဒေါခ့်ကိုစိတ်ကူးယဉ်ဇာတ်လမ်းနဲ့ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့စုံထောက်ကြီးဗီဒေါ့ခ်ကို ရဲတပ်ဖွဲ့ကအမှုတစ်ခုစုံးစမ်းခိုင်းတာဖြစ်ပါတယ်။အကြောင်းကတော့ ပြင်သစ်နိုင်ငံကိုကြီးကြီးမားမားကူညီပေးတဲ့ ဘယ်မွ့န် နဲ့ဘရာဒီတို့သေဆုံးသွားရတာကြောင့်ပါ။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုလို့ထင်တဲ့အတွက်ပဲရစ်မြို့အင်စပတ်ကြီး ဗီဒေါ့ကိုခပ်မြန်မြန်စုံးစမ်းဖို့အမိန့်ပေးလိုက်တယ်။ဘယ်မွန့် နဲ့ ဘရာဒီတို့နှစ်ယောက်သာ မိုးကြိုးပစ်ခံရပြီးမီးလောင်သေဆုံးသွားတဲ့အတွက်သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာသိပြီး လိုက်လံစုံစမ်းတဲ့အခါ မထင်ထားတဲ့အကြောင်းအရာတွေပေါ်ထွက်လာပါတော့တယ်။ File size…2.37 GB / 1.19GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Action , Crime , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Vidocq (2001)
6.6
The Crime Is Mine (2023)
The Crime is Mine (2023)၂၀၂၃ မှာ ထွက်ရှိလာတဲ့ Drama/ Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်။ IMDb rating 6.6 နဲ့ Rotten Tomatoes 100% ရရှိထားတာပါ။ တကယ်လည်း ရယ်ရသလို၊ တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမို့လို့ အချိန်ပေးရကျိုးနပ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပေါ်လင်းနဲ့ မက်ဒလိန်းတို့ဟာ ဘဝကို ရုန်းကန်နေရတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေး ငှားနေရင် ငှားခလည်းမပေးနိုင်၊ အကြွေးတွေလည်း တင်နေတာမို့ အကြွေးရှင်တွေကလည်း ပတ်ပတ်လည်ဝိုင်းနေပါတယ်။ မက်ဒလိန်းကတော့ နာမည်မကြီးတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပါ၊ ပေါ်လင်းကတော့ ရှေ့နေမလေးပါ။ မက်ဒလိန်းကို နာမည်ကြီး ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မွန်ဖဲအ်ဟုန်က ပြဇာတ်မှာ ဇာတ်ကောင်တစ်နေရာ ပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်ကာ မတော်တရားလုပ်ဖို့ ကြံပါတာမို့ မက်ဒလိန်းလည်း ထွက်ပြေးခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မက်ဒလိန်း ထွက်ပြေးပြီးမကြာခင် မွန်ဖဲအ်ဟုန် အသတ်ခံလိုက်ရကြောင်း သူတို့ သိသွားခဲ့ပါတယ်။ နာမည်ကြီးအောင်လို့ သူငယ်ချင်း ၂ ယောက်ပေါင်းပြီး ...
movie
The Crime Is Mine (2023)
2023
6.8
Everything Went Fine (2021)
ဒီကားလေးကတော့ Emmanuèle Bernheim လို့ခေါ်တဲ့ပြင်သစ်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအထ္ထုပတ္တိကိုအခြေခံထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Everything Went Fine ဖြစ်ပြီးဘာလို့ဇာတ်ကားကို အားလုံးအဆင်ပြေခဲ့ပါတယ်ဆိုတဲ့နာမည်ကိုပေးထားလဲဆိုတာကိုဇာတ်သိမ်းမှာသိလာရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဧမန်နူရယ်နဲ့ ပါစကယ်တို့ညီအစ်မနှစ်ယောက်ရဲ့အဖေဖြစ်သူ မစ္စတာဘျာမိန်ကရုတ်တရက်ကြီး လေဖြတ်သွားခဲ့ပြီးဆေးရုံမှာအသည်းအသန်ကုသခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ သက်သာလာခဲ့ပေမဲ့လဲလူကြီးဖြစ်တာကလဲတစ်ကြောင်းလေဖြတ်ရောဂါ ဖြစ်တာကတစ်ကြောင်းကြောင့် အရှင်းကြီးတော့ပြန်မသက်သာလာခဲ့ပဲ လူမမာတစ်ယောက်အနေနဲ့ဆေးရုံမှာပဲနေနေရပါတယ်။အဲ့ဒီအချိန် ဆွစ်ဇာလန်မှာနာကျင်ဝေဒနာတွေမခံစားချင်ပဲ သက်တောင့်သက်သာနဲ့ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်ချင်နေတဲ့လူတွေအတွက် ဝန်ဆောင်မှုပေးတဲ့နေရာတစ်ခု အကြောင်းကိုမစ္စတာဘျာမိန်သိပြီးနောက်မှာ သူ့ကိုအဲ့ဒီကိုပို့ပေးဖို့အတွက်သူ့သမီးတွေကိုတောင်းဆိုခဲ့ပါတော့တယ်။ ဒီတော့သူ့သမီးဖြစ်သူတွေကလဲ အဖေဖြစ်သူရဲ့စကားကိုမလွန်ဆန်နိုင်တဲ့အတွက်ရင်နာနာနဲ့အဖေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတဲ့အကြောင်းတွေကိုအသေးစိတ်မြင်ရမှာပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဆီမှာသူတို့အဖေအဲ့ဒီဆန္ဒကိုပြန်ရုတ်သိမ်းဦးမလားဆိုတဲ့မျှော်လင့်ချက်ကတော့ရှိနေပါသေးတယ်။ဒီလိုနဲ့သူတို့ ဘယ်လိုအခက်အခဲတွေပြဿနာတွေ ကိုစိတ်ခံစားချက်တွေကိုကြုံတွေ့ခဲ့ရပြီးဘယ်လိုဇာတ်သိမ်းသွားမယ်ဆိုတာကို ကြည့်ရှူရမဲ့မိသားစုဒရာမာကားလေးပဲဖြစ်ပါတယ်။ File size…2.05GB / 704MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Everything Went Fine (2021)
7.6
A Very Long Engagement (2004)
A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ် File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie
A Very Long Engagement (2004)
Black Box (2021)
Black Box (2021)==============IMDb Rating - 7.2/10ကြည့်ဖူးနေကြ အမေရိကန် ဇာတ်ကားတွေနဲ့ ကွဲထွက်နေတဲ့ rating မြင့် ပြင်သစ်နိုင်ငံမှ ထုတ်လုပ်ထားတဲ့ ဥရောပရုပ်ရှင်တစ်ခုကို တင်ဆက်ပေး လိုက်ပါတယ်။အဲလ်ပ်တောင်တန်းပေါ်မှာ လေယာဥ်တစ်စီး ပျက်ကျသွားခဲ့ပါတယ်။ ထို လေယာဥ်ဟာ ခရီးသည် ၃၀၀ ကို တင်ဆောင်ပြီး ဒူဘိုင်းကနေ ပဲရစ်မြို့ကို ဦးတည်ပြီး ပျံသန်းလာခဲ့တဲ့ အေထရီယန် ၈၀၀ လေယာဥ် ဖြစ်ပါတယ်။ ထိုအမှုကို ပြင်သစ်နိုင်ငံ စုံစမ်းရေးနှင့် စိစစ်ရေးဗျူရိုက တာဝန်ယူကိုင်တွယ် ခဲ့ပါတယ်။ တစ်ရက်မှာတော့ အဆိုပါ လေယာဥ်မှ လေယာဥ်မှူးအခန်းက အသံဖမ်းစက်ကို တာဝန်ယူ နားထောင်ရတဲ့ ဗစ်တာ ပိုလော့ ဆိုတဲ့ အရာရှိ တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားသည့်အတွက် မက်သရူး ဗက်ဆာ ဟာ တာဝန်ယူကိုင်တွယ်ဖို့ ဖြစ်လာပါတယ်။မက်သရူးဗက်ဆာ ဟာ အသံနားထောင်တဲ့နေရာမှာ အထူးကျွမ်းကျင်ပြီး နားထောင်ရုံထက်ပိုပြီး အမှုတွေကို ဖော်ထုတ်ချင်သူ တစ်ယောက်ပါ။ မက်သရူး ဗက်ဆာရဲ့ မိန်းမဖြစ်သူ နိုအဲမီ ဗက်ဆာ ကတော့ ပျက်ကျသွားတဲ့ ...
movie
Black Box (2021)
2021
5.5
Bigbug (2022)
Bigbug (2022) ===========ဒီတစ်ခါမှာတော့ Netflix က ထွက်ရှိထားတဲ့ Sci Fi Comedy ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် နည်းပညာတိုးတက်လာတာနဲ့အမျှ ဟင်းချက် သန့်ရှင်း ရေးလုပ်တာကအစ အိမ်တံခါးဖွင့်ပေးတာ အိမ်ထဲပစ္စည်းပျောက်ရှာတာအဆုံး လူတွေဟာ ကိုယ့်ကိုကိုယ်အားမကိုးတော့ဘဲ စက်ရုပ်တွေကို အသုံးချလာကြပါတယ်။ စက်ရုပ်မရှိတဲ့အိမ်ဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ တနေ့မှာ အဲလစ်တို့အိမ်မှာရှိတဲ့ စက်ရုပ်တွေက ရုတ်တရက်အပြင်မှာ ဘေးအန္တရာယ်ရှိပါတယ်ဆိုပြီး အဲလစ်တို့ကို အပြင်ထွက်ခွင့် ပိတ်လိုက်ပါတော့တယ်။ စက်ရုပ်တွေကတော့ သူတို့ဘေးကင်းဖို့အတွက်ကြောင့် ပိတ်ချလိုက်တာဖြစ်ပေမဲ့ လူသားတွေရဲ့အတွေးက သူတို့နဲ့ မတူဘဲ တစ်မျိုးဖြစ်တဲ့အခါ.... ဒီအထင်လွဲမှုကို လူသားတွေက နားလည်နိုင်မှာလား သူတို့ကိုစောင့်ကြိုနေတဲ့ အန္တရာယ်ကကော ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size - (1.98 GB) /(940 MB) / (580 MB) Quality – WebDL 1080p / 720p/480p Duration - 1h 51mins Subtitle – ...
movie
Bigbug (2022)
2022
7.2
Micmacs (2009)
Micmacs (2009)ဘာဇီးလ် ဆိုတဲ့ကောင်လေးရဲ့ ဖခင်စစ်သားဟာ မြေမြှုပ်မိုင်းကြောင့်သေဆုံးသွားပြီး ဘာဇီးလ်ရဲ့အမေလည်း ခင်ပွန်းဖြစ်သူကိုဆုံးရှုံးရတဲ့သောကကြောင့် စိတ်ကျန်းမာရေးဆေးရုံကိုရောက်သွားပါတယ်။ ဘာဇီးလ်ဟာ မိဘမဲ့ဂေဟာရောက်သွားပြီး တစ်နေ့မှာတော့ ဂေဟာကထွက်ပြေးသွားပါတယ်။ နှစ်၃၀အကြာမှာ ဗီဒီယိုအခွေဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေရင်း လမ်းပေါ်မှာ သေနတ်ပစ်ခတ်သံတွေကြားပြီး ဆိုင်ကိုလာမှန်လို့ ထွက်ကြည့်ရာကနေ ခေါင်းကိုကျည်ဆန်မှန်သွားပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေဘဲ ခေါင်းထဲမှာကျည်ဆန်ကျန်နေခဲ့ပြီး ဆေးရုံကဆင်းလာတဲ့အချိန်မှာတော့ သူ့ရဲ့အလုပ်နေရာကိုအစားထိုးခံလိုက်ရပါတယ်။ သူ့အစားဝင်လုပ်နေတဲ့မိန်းကလေးက ဆိုင်နားမှာပစ်ခတ်မှုဖြစ်တုန်းက ကျည်ဆန်တစ်တောင့်ကို ရထားကြောင်း ပြောပြီး ဘာဇီးလ်ကိုပေးလိုက်ပါတယ်။ နေစရာမရှိတော့တဲ့ဘာဇီးလ်ဟာ လမ်းပေါ်မှာလှည့်လည်ဖျော်ဖြေရင်း ပိုက်ဆံရှာနေခဲ့ရာက အဖိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး ဘာဇီးကို သူ့ရဲ့မိသားစုဆီခေါ်သွားခဲ့ပါတယ်။ အဖိုးကြီးရဲ့မိသားစုဟာ ကားသင်္ချိုင်းအပျက်အစီးတွေထဲ အိမ်ဖြစ်အောင်ဖန်တီးပြီး နေထိုင်နေကြတဲ့ အိမ်ခြေရာမဲ့တွဖြစ်ကြပေမယ့် သာမန်လူတွေမဟုတ်ဘဲ ပစ္စည်းအပျက်တွေသုံးပြီးစက်ပစ္စည်းတွေတီထွင်နိုင်သူ၊ ဘယ်အတိုင်းအတာပမာဏကိုမဆို မျက်လုံးနဲ့ကြည့်ရုံနဲ့တိုင်းထွာတတ်သူ၊ ခန္ဓာကိုယ်ကို ကောက်ကွေးနိုင်သူ စတဲ့ စွမ်းရည်ကိုယ်စီနဲ့ လူထူးဆန်းတွေစုနေကြတာဖြစ်ပါတယ်။ဘာဇီးဟာ အဲ့မိသားစုနဲ့အတူနေထိုင်ပြီး တွေပစ္စည်းအပျက်လိုက်ကောက်တဲ့အလုပ်ကိုလုပ်ရင်း လမ်းပေါ်မှာ သူရင်းနှီးနေတဲ့တံဆိပ်နှစ်ခုကိုတွေ့လိုက်ရပါတယ်။ သူ့အဖေကိုသေစေခဲ့တဲ့မြေမြှုပ်မိုင်းပေါ်က တံဆိပ်နဲ့၊ သူ့ခေါင်းထဲမှာဝင်နေတဲ့ ကျည်ဆန်ရဲ့ တံဆိပ်တွေကိုယ်စီနဲ့ မျက်နှာချင်းဆိုင်ရှိနေကြတဲ့ ကမ္ဘာ့ထိပ်တန်းလက်နက်ကုမ္ပဏီကြီးနှစ်ခုဖြစ်နေပါတယ်။ အဲ့လက်နက်ကုမ္ပဏီတစ်ခုထဲကိုခိုးဝင်ခဲ့ပြီးနောက် သူတို့ဖြန့်ချီနေတဲ့လက်နက်တွေကြောင့် လူတွေသေကြေဒုက္ခရောက်နေကြတာကို သိသွားရတဲ့ဘာဇီးလ်ဟာ သူ့ရဲ့လူထူးဆန်းမိသားစုကိုအကူအညီတောင်းပြီး လက်နက်ကုမ္ပဏီနှစ်ခုရဲ့ပိုင်ရှင်နှစ်ယောက်ကို သင်ခန်းစာပေးနိုင်ဖို့ အစီအစဥ်ဆွဲပါတော့တယ်။ဒီကားကတော့ ပြင်သစ်ဇာတ်ကားဖြစ်ပြီး၊ Comedy အမျိုးအစားဖြစ်တာမို့ ဟာသလေးတွေနဲ့ ဇာတ်လမ်းပုံစံ သွက်သွက်လက်လက်ပေါ့ပေါ့ပါးပါးဖြစ်ပါတယ်။ Hugo ဇာတ်ကားလို fantasy ဆန်ဆန်ကားမျိုး၊ Tim Burton ရဲ့ဇာတ်ကားတွေလို ကာတွန်းဆန်သလိုလို ထူးထူးဆန်းဆန်းကားမျိုးကြိုက်တဲ့သူတွေ သဘောကျမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size… 2.9GB and 753MB Quality…. ...
movie
Micmacs (2009)
2009
8.3
Amélie (2001)
Amélie(2001)========================IMDb Rating- 8.3/10 Rotten Tomatoes- 89% "အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ" "ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? " -Amélie(2001) ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူးဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ်အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှုတွေကို စိတ်ကူးယဉ်မှုတွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ်ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ်အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ်အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူးလွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါအဲ့ဘူးလည်း တွေ့တော့ Amélieက ...
movie
Amélie (2001)
2001
7.2
36th Precinct(2004)
36th Precinct(2004) IMDb...7.2,,,Rotten..100% ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေအများအပြားကျူးလွန်နေလျက်ရှိပြီး ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလို ဒုက္ခပေးတာကြာပြီ... ဒီမြို့မှာပဲ လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန် ဆိုတဲ့ရဲအရာရှိနှစ်ယောက်ဟာ ရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ရဲနှစ်ယောက်ဖြစ်တယ် ...သူတို့မြို့ကနာမည်ကြီးဆုံးလူဆိုးဂိုဏ်းအဖွဲ့ရဲ့သတင်းကိုရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်.. ၂ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ... လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင် တကယ့်လက်ရဲဇက်ရဲတွေ... သူတို့ ၂ယောက်စုံစမ်းတာအောင်မြင်မလား.... ကြားထဲမှာ ဘယ်လိုပြသနာပေါင်းစုံကြုံတွေ့ရမလဲဆိုတာကိုတော့ Action , Crime တွေကိုမှ ကြိုက်တဲ့သူတွေအဖို့ ဒီကားက နင်းကန်လန်းတယ်လို့သတင်းကောင်းပါးပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်... File Size : (875 MB) and (345 MB) Quality : Blu-Ray 720p Format…mp4 Duration…01:51း00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
36th Precinct(2004)
2004